Accessibility links

Breaking News

အတ္တလန်တိတ် သမုဒ္ဒရာအသိုက်အဝန်း တည်ဆောက်ရေး (အမေရိကန်အစိုးရအာဘော်)


GLOBAL-ENVIRONMENT/AVIAN-INFLUENZA
GLOBAL-ENVIRONMENT/AVIAN-INFLUENZA

ဧပြီလလယ်မှာ ဂရိ Greece အစိုးရက ၉ ကြိမ်မြောက် ပင်လယ်သမုဒ္ဒရာညီလာခံကိုကျင်းပပါတယ်။ ဒီညီလာခံဟာ ကျွမ်းကျင်သူတွေ၊ နိုင်ငံပေါင်းစုံကကိုယ်စားလှယ်တွေစုဝေးပြီး ကမ္ဘာ့ပင်လယ်သမုဒ္ဒရာတွေကိုကာကွယ်ဖို့ ကြိုးပမ်းတဲ့ နိုင်ငံတကာလှုပ်ရှားမှုတခုဖြစ်ပါတယ်။

ဒီညီလာခံကနေ ပင်လယ်သမုဒ္ဒရာတွေညစ်ညမ်းလာတာကိုကာကွယ်ဖို့၊ တရားမဝင် ငါးဖမ်းတာတွေကိုကာကွယ်ဖို့၊ ပင်လယ်ပြင်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေတွေ တိုးပြီးသတ်မှတ်နိုင်ဖို့ စတာတွေအပါအဝင် ပင်လယ်သမုဒ္ဒရာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ရေရှည်တည်တန့်မယ့်နည်းလမ်းတွေကို တိုးမြှင့်သွားဖို့ ဖြစ်ပါတယ်။ ဒီနှစ်ဆောင်ပုဒ်ကိုတော့ အစွမ်းရှိတဲ့ပင်လယ်သမုဒ္ဒရာလို့ ပေးထားပါတယ်။

ပင်လယ်သမုဒ္ဒရာတွေ ရေရှည်တည်တံ့အသုံးပြုနိုင်ဖို့ အဓိကထားလုပ်ဆောင်ပါတယ်။ ဒီအရေးပါတဲ့ သဘာဝအရင်းအမြစ်ကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို အဓိကထားပါတယ်လို့ အတ္တလန်တစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Jessye Lapenn ကပြောပါတယ်။
အတ္တလန်တစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ အတ္တလန်တစ်သမုဒ္ဒရာကမ်းခြေတလျောက်ကနိုင်ငံပေါင်း ၃၉ နိုင်ငံပါဝင်ပြီး ဥရောပ၊ အာဖရိကနဲ့အမေရိကတိုက်ကနိုင်ငံတွေဖြစ်ပါတယ်။ ဒီနိုင်ငံတွေပူးပေါင်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ဖို့၊ အတ္တလန်တိတ်သမုဒ္ဒရာမှာ ကြုံတွေနေရတဲ့ ပြဿနာတွေကိုစုပေါင်းဖြေရှင်းသွားဖို့ဖြစ်ပါတယ်။

မကြာသေးမီကမှ အတ္တလန်တစ်ပူးပေါင်းဆောင်ရွက်ရေးဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားတွေကို အလွတ်သဘော စစ်တမ်းကောက်ယူခဲ့ရာမှာ၊ ပင်လယ်သမုဒ္ဒရာတွေကိုအခြေခံတဲ့ blue economic growth အပြာရောင်စီးပွားရေး ဖွင့်ဖြိုးတိုးတက်မှုအစီအစဉ်ကို အရေးအကြီးဆုံးဦးစားပေးအစီစဉ်တခုအဖြစ်မြင်ကြပါတယ်။ အပြာရောင်စီးပွားရေးဖွံ့ဖြိုးမှုဆိုတာကတော့ ပင်လယ်သမုဒ္ဒရာတွေရဲ့ အရင်းအမြစ်တွေကို ရေရှည်သုံးစွဲနိုင်အောင်စီမံပြီး စီပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့၊ ပင်လယ်သမုဒ္ဒရာတွေရဲ့ ဂေဟစနစ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ စတာတွေပါဝင်တဲ့အစီစဉ်ဖြစ်ပါတယ်။
သံအမတ်ကြီး Jessye Lapenn ကအခုလိုပြောပါတယ်။

“အခုဆိုရင် ကျမတို့ဟာ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ နည်းလမ်းတွေ ဖလှယ်တာတွေကိုစလုပ်နေကြပါပြီ။ ဘယ်သူတွေက ဘာတွေလုပ်နေကြလဲ၊ ဘယ်လိုလုပ်နေကြလဲ ဒါတွေကို ဖလှယ်ပါတယ်။ အတ္တလန်တစ် ဒေသတခုလုံးနဲ့ပတ်သက်ပြီး အတ္တလန်တစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုအသုံးပြုပြီး ဘယ်လိုပူးပေါင်းဖလှယ်သွားနိုင်မလဲ ဆိုတာတွေကိုလုပ်ဆောင်နေပါတယ်။”

ဒီနေရာမှာပင်လယ်သမုဒ္ဒရာဆိုင်ရာအစီအစဉ်တွေပါလာပါတယ်။

“ဒါကြောင့် ဒီသမုဒ္ဒရာကြီးရဲ့ဘယ်အပိုင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်သင့်တော်မလဲဆိုတာကို ကျမတို့က တွက်ချက်စဉ်းစားပါတယ်။ သမုဒ္ဒရာကြီးရဲ့ ဘယ်အပိုင်းက ရေရှည်တည်တံ့တဲ့ငါးဖမ်းလုပ်ငန်းအတွက် သင့်တော်မလဲ။ ဘယ်အပိုင်းက ကမ်းလွန် ပြန်ပြည့်မြဲစွမ်းအင်အတွက်သင့်တော်မလဲ။ ဘယ်အပိုင်းက ခရီးသွားလုပ်ငန်းနဲ့ အားကစားအတွက်သင့်တော်မလဲ၊ သမုဒ္ဒရာရဲ့ဘယ်အပိုင်းကတော့ ဇီဝမျိုးကွဲတွေကိုကာကွယ်စောင့်ရှောက်ဖို့လိုမလဲ။ ဘယ်အပိုင်းတွေကိုကာကွယ်ထိန်းသိမ်းထားမလဲ။ ဒါတွေကိုတွက်ချက်စဉ်းစားပါတယ်။”

နိုင်ငံတိုင်းကတော့ သူနည်းသူ့ဟန်နဲ့လုပ်ကြတာပါဘဲ။ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ ကိုယ်ပိုင်ဗဟုသုတတွေ၊ ကိုယ်ပိုင်တန် ဘိုးတွေအရလုပ်ကြတာပါဘဲ။ ဒါပေမယ့် သိပ္ပံဆိုင်ရာစည်းမျဉ်းတွေအရကတော့ အားလုံးဆက်စပ်နေကြတာပါဘဲလို့ သံအမတ်ကြီး Lapenn ကပြောပါတယ်။

“သူတို့ဟာ အကောင်းဆုံး သိပ္ပံနည်းပညာတွေနဲ့အချက်အလက်တွေကိုအသုံးပြုချင်ကြပါတယ်။ ဒီအရေးပါတဲ့ သဘာဝအရင်းအမြစ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံးအသုံးချမလဲဆိုတာကို စဉ်းစားတဲ့နေရာမှာ တာဝန်ရှိသူအားလုံးကိုသူတို့ကပါစေ့ချင်ကြပါတယ်။ ရပ်ရွာလူမှုအသိုင်းဝိုင်းကအစ၊ စက်မှုလုပ်ငန်းရှင်တွေဆုံး အကုန်ပါစေ့ချင်ပါတယ်။ ဒါကြောင့် အတွေ့အကြံတွေကို ဖလှယ်နိုင်ကြပါတယ်။ အောင်မြင်မှုတွေ၊ ဒါမှမဟုတ် ကျရှုံးမှုတွေ၊ နည်းပညာတွေစတာတွေကိုဖလှယ်နိုင်ကြပါတယ်။”

ဒီအရေးပါလှတဲ့ သမုဒ္ဒရာကြီးကိုအားလုံးအတူတကွပိုင်ဆိုင်ကြပါတယ်။ ဒါကြောင့် ဒီသမုဒ္ဒရာကြီကို သုံးပြုဖို့တာဝန်ရှိ ပါတယ် လို့အကြီးတန်းညှိနှိုင်းဆောင်ရွက်ရေးမှုး Jessye Lapenn ကပြောပါတယ်။ ရေရှည်ခံမယ့်နည်းလမ်းတွေနဲ့ အသုံးပြုဖို့လိုသလို၊ ရေရှည်ခံမယ့်လက်တွေ့ကျင့်သုံးမှုတွေလိုအပ်ပါတယ်။ ဒါ့အပြင် အတွေ့အကြုံနဲ့ ဗဟုသုတတွေ ဖလှယ်ဖို့လည်းတာဝန်ရှိပါတယ်။ ဒါတွေဟာ အတူပူးပေါင်းလုပ်ဆောင်တဲ့မဟာမိတ်တွေကျင့်သုံးလုပ်ဆောင်ရမှာ တွေဖြစ်ပါတယ်။

XS
SM
MD
LG