အေမရိကန္သမိုင္းမွာ အေရးပါတဲ႔ Columbus ေန႔

Columbus Day

{{Zawgyi/Unicode}}

Christopher Columbus ရဲ႕ ေခါင္းေဆာင္မႈနဲ႔ စပိန္ႏိုင္ငံက သေဘၤာ ၃ စီးဟာ ဒီေန႔ေခတ္မွာ ဘဟာမားစ္လို႔ ေခၚတဲ့ ကြၽန္းကေလးကို ၁၄၉၂ ခုႏွစ္ ေအာက္တိုဘာလ ၁၂ ရက္ေန႔မွာ ဆိုက္ေရာက္ခဲ့ၾကပါတယ္။ ဒါ့ေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ ႏွစ္စဥ္ ေအာက္တိုဘာလ ၁၂ ရက္ေန႔ ကို Columbus Day အျဖစ္ ဂုဏ္ျပဳ သတ္မွတ္ထားပါတယ္။ ကမာၻတဝန္း စားနပ္ရိကၡာေတြ၊ တိရိစာၦန္ေတြ၊ သစ္ပင္ပန္းမာလ္၊ လူေတြနဲ႔ ေရာဂါဘယေတြပါမက်န္ အႀကီးအက်ယ္၊ ကူးလူးဆက္ဆံ ဖလွယ္ၾကတာကို အဲဒီေန႔က အစပ်ိဳးခဲ့တဲ့အတြက္ Columbian Exchange ေန႔ရယ္လို႔ ဒီေန႔အထိ လူသိမ်ားပါတယ္။

ဒီလို ကူးလူးဆက္သြယ္ခဲ့ၾကတဲ့အတြက္ ေခတ္သစ္ကမာၻ႔သမိုင္းမွာ ၁၄၉၂ ခုႏွစ္ဟာ အထူးျခားဆုံးႏွစ္ရယ္လို႔ သမိုင္းပညာရွင္အေတာ္မ်ားမ်ားက သေဘာထားၾကတာျဖစ္ပါတယ္။ ၁၆၅၀ ကေန ၁၈၅၀ ျပည့္ႏွစ္အတြင္း ကမာၻ႔လူဦးေရဟာ ၁၄၉၂ ခုႏွစ္ကထက္ ၄ ဆ တိုးလာခဲ့ပါတယ္။

လူဦးေရအမ်ားအျပားတိုးလာရတဲ့ အေၾကာင္းရင္းေတြအမ်ားႀကီးရွိေပမဲ့ အထူးျခားဆုံးကေတာ့ စားနပ္ရိကၡာ ျဖန႔္ျဖဴးမႈ တိုးလာတဲ့အခ်က္က အသိသာဆုံးျဖစ္ပါတယ္။ စားနပ္ရိကၡာေတြထဲမွာအေမရိကန္ဌာေနေဒသခံေတြရဲ႕ ေျပာင္း၊ အာလူး၊ ခရမ္းခ်ဥ္သီး၊ ေျမပဲ၊ ပေလာပီနံ၊ နာနတ္သီး၊ ျငဳတ္ေကာင္းနဲ႔ ကိုကိုးေစ့ေတြျဖန႔္ျဖဴးမႈက အထူးျခားဆုံးစားေသာက္ကုန္ေတြျဖစ္ပါတယ္။

စားေသာက္ကုန္ေတြအနက္၊ အာလူးဟာ ဥေရာပအလယ္ပိုင္းနဲ႔ အေရွ႕ပိုင္းေဒသက ဆင္းရဲ႕ခ်ိဳ႕တဲ့သူေတြအတြက္ အေရးအပါဆုံး စားနပ္ရိကၡာျဖစ္လာခဲ့ပါတယ္။ ၁၆ ရာစုအတြင္း ေျပာင္းနဲ႔ ပေလာပီနံကိုလည္း အာဖရိကတိုက္ကို ျဖန႔္ျဖဴးခဲ့ရာမွာ ေဒသထြက္ ႐ိုးရာသီးႏွံေတြအစား၊ ေျပာင္းနဲ႔ ပေလာပီနံကို အဓိကစားကုန္အျဖစ္ အစားထိုး စားသုံးခဲ့ၾကပါတယ္။

ကမာၻ႔သီးႏွံေတြအနက္ အထူးသျဖင့္ အာလူး၊ ေျပာင္းနဲ႔ ေျမပဲေတြ၊ တ႐ုတ္ျပည္ကိုတင္ပို႔ခဲ့တာေၾကာင့္ ၁၅၀၀ နဲ႔ ၁၆၅၀ ျပည့္ႏွစ္ေတြအတြင္း လူဦးေရ ပိုတိုးလာခဲ့ပါတယ္။ Columbian Exchange ေခၚ ကမာၻ႔စားနပ္ရိကၡာဖလွယ္မႈကေန၊ စားစရာအသစ္ေတြကို ကမာၻ႔ေနရာအႏွံ႔ မိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္။ ၁၄၉၂ ခုႏွစ္မတိုင္မွီက Florida ျပည္နယ္မွာ လိေမၼာ္သီးမရွိခဲ့ပါဘူး၊ အီေကြေဒါႏိုင္ငံမွာ ငွက္ေပ်ာသီးမရွိေသးပါဘူး။ ဟန္ဂရီႏိုင္ငံမွာလည္း Paprika ျငဳတ္သီးမရွိခဲ့ပါဘူး။

အစားအစာဖလွယ္မႈေၾကာင့္ အီတလီႏိုင္ငံကို ခရမ္းခ်ဥ္သီး၊ ကိုလံဘီယာနဲ႔ အင္ဒိုနီးရွားႏိုင္ငံကို ေကာ္ဖီေစ့၊ ဟဝိုင္ယီကို နာနတ္သီး၊ အာဖရိကတိုက္ကို ရာဘာပင္၊ ထိုင္း၊ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံေတြကို ျငဳတ္သီး၊ ဆြစ္ဇာလန္ကို ေခ်ာကလက္စသျဖင့္ ျဖန္႔ျဖဴးခဲ့ၾကတာျဖစ္ပါတယ္။

သေဘၤာငယ္ ၃ စီး၊ ဘဟာမားစ္ကၽြန္းကေလးကို ဆိုက္ကပ္ႏိုင္ခဲ့တဲ့ျဖစ္စဥ္ေၾကာင့္ ကမ႓ာ့သမိုင္းမွာ မၾကံဳးစဖူး အေျပာင္းအလဲႀကီးေျပာင္းလဲခဲ့တာျဖစ္ပါတယ္။ ဒီျဖစ္စဥ္က ရာစုႏွစ္ေတြနဲ႔ခ်ီရွိခဲ့တဲ့ လူသားသမိုင္းရဲ႕ အနာဂတ္ကိုေျပာင္းလဲ ပံုေဖၚေပးခဲ့တာလည္းျဖစ္ပါတယ္။ ကမ႓ာေပၚမွာ တိုက္သစ္ႀကီးတခု ရွာေဖြေတြ႕ရွိခဲ့ရံုတင္မကပါဘူး။ ကမ႓ာ့ေတာင္နဲ႔ေျမာက္ျခမ္း၊ အေရွ႕နဲ႔ အေနာက္ပိုင္းအၾကား ကုန္သြယ္ေရး၊ စိတ္ကူးၾကံဆခ်က္ေတြ၊ တီထြင္မႈေတြနဲ႔ ယဥ္ေက်းမႈေတြပါ မက်န္၊ အျပန္အလွန္ ပံုမွန္ဆက္သြယ္ ဖလွယ္ႏိုင္ခဲ့ၾကပါတယ္။ ၁၄၉၂ ခုႏွစ္ကတည္းက ကမ႓ာ့ျပည္သူေတြဟာ ကမ႓ာ့လူ႔ေဘာင္အသိုင္းအဝိုင္းအျဖစ္ စတင္စုစည္းႏိုင္ခဲ့ၾကတာ ျဖစ္ေၾကာင္းပါခင္ဗ်ား။

........................................................

{{Unicode}}

Christopher Columbus ရဲ့ ခေါင်းဆောင်မှုနဲ့ စပိန်နိုင်ငံက သင်္ဘော ၃ စီးဟာ ဒီနေ့ခေတ်မှာ ဘဟာမားစ်လို့ ခေါ်တဲ့ ကျွန်းကလေးကို ၁၄၉၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဆိုက်ရောက်ခဲ့ကြပါတယ်။ ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် အောက်တိုဘာလ ၁၂ ရက်နေ့ ကို Columbus Day အဖြစ် ဂုဏ်ပြု သတ်မှတ်ထားပါတယ်။ ကမ္ဘာတဝန်း စားနပ်ရိက္ခာတွေ၊ တိရိစ္ဆာန်တွေ၊ သစ်ပင်ပန်းမာလ်၊ လူတွေနဲ့ ရောဂါဘယတွေပါမကျန် အကြီးအကျယ်၊ ကူးလူးဆက်ဆံ ဖလှယ်ကြတာကို အဲဒီနေ့က အစပျိုးခဲ့တဲ့အတွက် Columbian Exchange နေ့ရယ်လို့ ဒီနေ့အထိ လူသိများပါတယ်။

ဒီလို ကူးလူးဆက်သွယ်ခဲ့ကြတဲ့အတွက် ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ ၁၄၉၂ ခုနှစ်ဟာ အထူးခြားဆုံးနှစ်ရယ်လို့ သမိုင်းပညာရှင်အတော်များများက သဘောထားကြတာဖြစ်ပါတယ်။ ၁၆၅၀ ကနေ ၁၈၅၀ ပြည့်နှစ်အတွင်း ကမ္ဘာ့လူဦးရေဟာ ၁၄၉၂ ခုနှစ်ကထက် ၄ ဆ တိုးလာခဲ့ပါတယ်။

လူဦးရေအများအပြားတိုးလာရတဲ့ အကြောင်းရင်းတွေအများကြီးရှိပေမဲ့ အထူးခြားဆုံးကတော့ စားနပ်ရိက္ခာ ဖြန့်ဖြူးမှု တိုးလာတဲ့အချက်က အသိသာဆုံးဖြစ်ပါတယ်။ စားနပ်ရိက္ခာတွေထဲမှာအမေရိကန်ဌာနေဒေသခံတွေရဲ့ ပြောင်း၊ အာလူး၊ ခရမ်းချဉ်သီး၊ မြေပဲ၊ ပလောပီနံ၊ နာနတ်သီး၊ ငြုတ်ကောင်းနဲ့ ကိုကိုးစေ့တွေဖြန့်ဖြူးမှုက အထူးခြားဆုံးစားသောက်ကုန်တွေဖြစ်ပါတယ်။

စားသောက်ကုန်တွေအနက်၊ အာလူးဟာ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသက ဆင်းရဲ့ချို့တဲ့သူတွေအတွက် အရေးအပါဆုံး စားနပ်ရိက္ခာဖြစ်လာခဲ့ပါတယ်။ ၁၆ ရာစုအတွင်း ပြောင်းနဲ့ ပလောပီနံကိုလည်း အာဖရိကတိုက်ကို ဖြန့်ဖြူးခဲ့ရာမှာ ဒေသထွက် ရိုးရာသီးနှံတွေအစား၊ ပြောင်းနဲ့ ပလောပီနံကို အဓိကစားကုန်အဖြစ် အစားထိုး စားသုံးခဲ့ကြပါတယ်။

ကမ္ဘာ့သီးနှံတွေအနက် အထူးသဖြင့် အာလူး၊ ပြောင်းနဲ့ မြေပဲတွေ၊ တရုတ်ပြည်ကိုတင်ပို့ခဲ့တာကြောင့် ၁၅၀၀ နဲ့ ၁၆၅၀ ပြည့်နှစ်တွေအတွင်း လူဦးရေ ပိုတိုးလာခဲ့ပါတယ်။ Columbian Exchange ခေါ် ကမ္ဘာ့စားနပ်ရိက္ခာဖလှယ်မှုကနေ၊ စားစရာအသစ်တွေကို ကမ္ဘာ့နေရာအနှံ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ၁၄၉၂ ခုနှစ်မတိုင်မှီက Florida ပြည်နယ်မှာ လိမ္မော်သီးမရှိခဲ့ပါဘူး၊ အီကွေဒေါနိုင်ငံမှာ ငှက်ပျောသီးမရှိသေးပါဘူး။ ဟန်ဂရီနိုင်ငံမှာလည်း Paprika ငြုတ်သီးမရှိခဲ့ပါဘူး။

အစားအစာဖလှယ်မှုကြောင့် အီတလီနိုင်ငံကို ခရမ်းချဉ်သီး၊ ကိုလံဘီယာနဲ့ အင်ဒိုနီးရှားနိုင်ငံကို ကော်ဖီစေ့၊ ဟဝိုင်ယီကို နာနတ်သီး၊ အာဖရိကတိုက်ကို ရာဘာပင်၊ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ငြုတ်သီး၊ ဆွစ်ဇာလန်ကို ချောကလက်စသဖြင့် ဖြန့်ဖြူးခဲ့ကြတာဖြစ်ပါတယ်။

သင်္ဘောငယ် ၃ စီး၊ ဘဟာမားစ်ကျွန်းကလေးကို ဆိုက်ကပ်နိုင်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ကမ္ဘာ့သမိုင်းမှာ မကြုံးစဖူး အပြောင်းအလဲကြီးပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်က ရာစုနှစ်တွေနဲ့ချီရှိခဲ့တဲ့ လူသားသမိုင်းရဲ့ အနာဂတ်ကိုပြောင်းလဲ ပုံဖေါ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တိုက်သစ်ကြီးတခု ရှာဖွေတွေ့ရှိခဲ့ရုံတင်မကပါဘူး။ ကမ္ဘာ့တောင်နဲ့မြောက်ခြမ်း၊ အရှေ့နဲ့ အနောက်ပိုင်းအကြား ကုန်သွယ်ရေး၊ စိတ်ကူးကြံဆချက်တွေ၊ တီထွင်မှုတွေနဲ့ ယဉ်ကျေးမှုတွေပါ မကျန်၊ အပြန်အလှန် ပုံမှန်ဆက်သွယ် ဖလှယ်နိုင်ခဲ့ကြပါတယ်။ ၁၄၉၂ ခုနှစ်ကတည်းက ကမ္ဘာ့ပြည်သူတွေဟာ ကမ္ဘာ့လူ့ဘောင်အသိုင်းအဝိုင်းအဖြစ် စတင်စုစည်းနိုင်ခဲ့ကြတာ ဖြစ်ကြောင်းပါခင်ဗျား။