ကမ္ဘာတဝှမ်း လူ့အခွင့်အရး ချိုးဖေါက်တဲ့ နိုင်ငံတွေ တာဝန်ခံမှုရှိလာအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖေါ်ထုတ်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့သဘောထားအမြင်အယ်ဒီတာ့အာဘော်ကို တင်ပြပါမယ်
ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် ညှင်းပမ်း သတ်ဖြတ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာ ရောက်တယ်ဆိုပြီး အမေရိကန် အစိုးရက သတ်မှတ်ထားပါတယ်။ ဒီအကြောင်း အမေရိကန်အစိုးရရဲ့ သဘောထားအမြင် အာဘော်ကို တင်ပြပေးပါမယ်။
မြန်မာနိုင်အတွင်း စစ်တပ်က အာဏာသိမ်းပြီး ပြိုယွင်းပျက်ဆီးလာတဲ့ အများပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီ၊ အမေရိကန် အစိုးရရဲ့ အယ်ဒီတာအာဘော်ကို ထုတ်လွှင့်ပါတယ်။
မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုကြောင့် အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုတွေ ထိခိုက်ပျက်စီးနေကြောင်း အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ရဲ့ အာရှဆိုင်ရာ ဒုတိယ လက်ထောက် အုပ်ချုပ်ရေးမှူး Craig Hart က လွှတ်တော် ကြားနာမှုမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေတာဝန်ခံရေးအတွက် နိုင်ငံတကာက အားထုတ်နေရာမှာ အမေရိကန် ပြည်ထောင်စုက ဦးဆောင် နေပါတယ်။ အာဏာသိမ်း တနှစ်ပြည့် နှစ်ပတ်လည် မှာ မိတ်ဘက် ယူကေ နဲ့ ကနေဒါ နိုင်ငံတို့ နဲ့ လက်တွဲပြီး နောက်ဆုံး ပိတ်ဆို့ အရေးယူတာတွေ ကို ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလတွေတုံးက (Social Media) ဟာ အာရပ်နွေဦးမှာ အာဏာရှင်တွေကို ဖြုတ်ချရေးမှာ အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ USAID အကြီးအကဲ Samantha Power ကပြောခဲ့ပါတယ်။ ဒီနေ့ကာလမှာတော့ ဒါနဲ့ပြောင်းပြန်ဖြစ်လာပြီး ဒီမိုကရေစီဆုတ်ယုတ်ကျဆင်းမှုတွေမှာ ဖြစ်လာတယ်လို့ Samantha Power ကပြောပါတယ်။
ဒီဂျစ်တယ်နည်းပညာရေးတွေကို လူထုဖိနှိပ်ရေး ယန္တယား တခုအဖြစ် အသုံးချနေတဲ့ အာဏာရှင်နိုင်ငံတွေရဲ့ ထိန်းချုပ်မှုတွေ ဆန့်ကျင်တိုက်ဖျက်ရေး အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုအကြောင်း အမေရိကန် အစိုးရရဲ့ အယ်ဒီတာ အာဘော်ကို တင်ပြချင်ပါတယ်။
မြန်မာနိုင်ငံသားတွေ ဇန်နဝါရီလ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ ဆင်နွဲကြတဲ့ အခါသမယမှာဘဲ မြန်မာပြည်သူတွေကို ထောက်ခံ အားပေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Load more