ပဲ့ထိန်းတပ်ဒုံးကျည်၊ အသံထက်လွန် ဒုံးကျည်၊ ခရုဇ် ဒုံးကျည်တွေ နဲ့ တခြား ခေတ်မီလေကြောင်း တိုက်ခိုက်မှု အန္တရာယ်တွေ ဟာ အမေရိကန် ရင်ဆိုင်နေရတဲ့ ကြီးမားလှတဲ့ ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်အောင် အမေရိကန်အတွက် သံကွန်ချာ အမိုးခုံး တည်ဆောက်မိန့်ကို သမ္မတ ဒေါ်လ်နယ်ထရမ့်က လက်မှတ်ထိုးလိုက်ပါတယ်။
ပဲထိန်းတပ်၊ အသံထက်လွန်၊ ခေတ်မီ ခရုဇ်ဒုံးကျည်တွေ ကို တိုက်နိုင်တဲ့ နောက်မျိုးဆက် ဒုံးကျည်တွေနဲ့ ကာကွယ်ရေး ဒိုင်းတရပ်ကို အကောင်အထည်ဖော်ဖို့ သမ္မတ အမိန့်က ညွှန်ကြားလိုက်ပါတယ်။ သံကွန်ချာ အမိုးခုံးလို့ တင်စားပြောတဲ့ အဲဒီလို ကာကွယ်ရေး ဒုံးကျည်ဒိုင်း ဖြစ်လာအောင် လိုအပ်တဲ့ အစိတ်အပိုင်းအားလုံး ထုတ်လုပ်မှု ကွင်းဆက်တခုလုံးကို ဒီအမိန့်က ဖန်တီးပေးမှာ ဖြစ်ပါတယ်။
နိုင်ငံခြား မှာ ချထားတဲ့ အမေရိကန် တပ်တွေကို ကာကွယ်ဖို့ ဒုံးကျည်ကာကွယ်ရေး အနေအထားကိုလည်း ပြန်လည် သုံးသပ်ဖို့ သမ္မတ အမိန့်က ညွှန်ကြားလိုက်ပါတယ်။ ဒုံးကျည် ကာကွယ်ရေး နည်းပညာ ဖွံဖြိုးတိုးတက်မှု၊ စွမ်းဆောင်ရည် .. နဲ့ မိတ်ဘက်တွေ မဟာမိတ်တွေနဲ့ လက်တွေ့လုပ်ဆောင်ကြရာမှာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ကိုလည်း သမ္မတ အမိန့်က ညွှန်ကြားထားပါတယ်။
ကျွန်တော်တို့ ရန်ဘက်တွေ က နောက်မျိုးဆက် စစ်ရေးစနစ်တွေကို ဖွံဖြိုးတိုးတက်အောင် လုပ်လာတာနဲ့အမျှ၊ အသံထက်လွန် ဒုံးကျည်တွေ အပါအဝင် နောက်မျိုးဆက် မဟာဗျူဟာ လက်နက်တွေ ရဲ့ ခြိမ်းခြောက်မှုက လျော့မသွားတဲ့ပြင် ပြီးခဲ့တဲ့ အနှစ် ၄၀ မှာ ပိုလို့ ရှုပ်ထွေးလာခဲ့ပါတယ်။
ညူကလီယာ တိုက်ခိုက်မှုတွေကို ထိရောက်အောင် ကာကွယ်နိုင်ဖို့ သမ္မတ ရော်နယ် ရေဂင်က စိတ်အားသန်ခဲ့ပါတယ်။ ဒါပေမဲ့ ရည်မှန်းချက် မရောက်မီ ဖျက်သိမ်း လိုက်ကြပါတယ်။ ပဲ့ထိန်းတပ် ဒုံးကျည် ဆန့်ကျင်ရေး စာချုပ်ကနေ အမေရိကန် ပြည်ထောင်စုက ၂၀၀၂ ခုနှစ်မှာ ထွက်ပြီး၊ အကန့်အသတ်နဲ့ အမိမြေ ဒုံးကျည်ကာကွယ်ရေး ဖွံဖြိုးတိုးတက်မှုကို စခဲ့ကတည်းက အမေရိကန် ပြည်ထောင်စုရဲ့ အမိမြေ ဒုံးကျည်ကာကွယ်ရေး မူဝါဒက ရှေ့ပြေး ဖြစ်နေရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ကို ခြိမ်းခြောက်တဲ့ နိုင်ငံတွေထက် ရှေ့ပြေး ဖြစ်နေဖို့နဲ့ မတော်တဆနဲ့ အမိန့်အရမဟုတ်ဘဲ ပစ်မိတဲ့ ဒုံးကျည် အန္တရာယ်တွေ ကာကွယ်ရေးမှာ ရှေ့ပြေး ဖြစ်နေဖို့ ဖြစ်ပါတယ်။
သမ္မတ အမိန့်အရ၊ မကြာခင်က ကာကွယ်ရေး ဝန်ကြီးသစ် အဖြစ် ကျမ်းကျိန်ခဲ့သူ Pete Hegseth ဟာ အဲဒီလို ကာကွယ်နိုင်မယ့် တည်ဆောက်ပုံတရပ်၊ စွမ်းဆောင်ရည် အခြေပြု လိုအပ်ချက်တွေ နဲ့ လာမယ့်မျိုးဆက် ဒုံးကျည်ကာကွယ်ရေး ဒိုင်း အကောင်အထည်ဖော်မယ့် စီမံကိန်းတရပ်ကို ရက်ပေါင်း ၆၀ အတွင်း တင်ပြဖို့ လိုအပ်ပါတယ်။
သံကွန်ချာ အမိုးခုံးက အင်အားနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်တာပါ။ ညူကလီယာ တိုက်ခိုက်မှုကို ညူကလီယာလက်နက်နဲ့ ပြန်တိုက်ခိုက် တုံ့ပြန်စွမ်းရည်နဲ့ အမေရိကန်ကို အားသစ်အင်သစ် ဖြည့်ဆည်းလိုက်ခြင်းအားဖြင့် သံကွန်ချာ အမိုးခုံး ကာကွယ်ရေးဟာ ရန်ဘက်တွေ က အမိမြေအပေါ် တိုက်ခိုက်လာမှာကို တားဆီးပေးပါလိမ့်မယ်။
“အမေရိကန် ကို ပထမ ထားရပါလိမ့်မယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး” လို့ ဝန်ကြီး ဟဂ်ဆက် က ကတိပြုပါတယ်။ “ကျွန်တော်တို့ရဲ့ ရှင်းလင်းတဲ့ တာဝန်ဝတ္တရားကို သမ္မတ က ပေးလိုက်ပါတယ်။ အားနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပါ။ နည်းလမ်းသုံးသွယ်နဲ့ ကျွန်တော်တို့ လုပ်ပါမယ်။ တိုက်ပွဲဝင် စိတ်ဓာတ်တွေ ပြန်မြင့်မားစေခြင်း အားဖြင့်၊ စစ်တပ်ကို ပြန်လည် တည်ဆောက်ခြင်းအားဖြင့်၊ အားနဲ့တားနိုင်စွမ်း ပြန်မြှင့်ခြင်းအားဖြင့် လုပ်ကြပါမယ်။”