စွမ်းအင် ကဏ္ဍ အသွင်ကူးပြောင်းရေးမှာ အမျိုးသမီးတွေ အရေးပါ
အမျိုးသမီးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဥတုရာသီပြောင်းလဲမှုဒဏ်နဲ့ ပိုပြီးရင်ဆိုင်ကြရပါတယ်။ သူတို့ဟာ အမျိုးသားတွေတွေထက်လည်းပိုပြီးဆင်းရဲနွမ်းပါးကြပြီး သဘာဝ အရင်းအမြစ်တွေကိုပဲ မှီခိုအားထားကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဥတုရာသီပြောင်းလဲမှုကြောင့် ရာသီဥတုအခြေအနေတွေပါ ပုံမှန်မဟုတ်ပဲ သဘာဝဘေးဒဏ်တွေ ပိုပြီးဆိုးရွားပြင်းထန်လာတဲ့အတွက် အမျိုးသမီးတွေနဲ့ကလေးငယ်တွေဟာ စားနပ်ရိက္ခာတွေ ရှားပါးမှုနဲ့ ပိုမိုရင်ဆိုင်လာကြရပါတယ်။ တချိန်ထဲမှာပဲ ကျား-မခွဲခြားမှုတွေကြောင့်လည်း အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်တွေချကြရတဲ့ ခေါင်းဆောင်ပိုင်းမှာ သိပ်ပြီးနေရာမရကြပါဘူး။