ပဋိပကၡ ဟာ စာနာမႈအကူအညီ လိုအပ္ခ်က္ျဖစ္လာရတဲ႔ အဓိကအေၾကာင္းရင္းျဖစ္တယ္

usaid

ပဋိပကၡ ဟာ စာနာမႈအကူအညီ လိုအပ္ခ်က္ျဖစ္လာရတဲ႔ အဓိကအေၾကာင္းရင္းျဖစ္တယ္

{{Zawgyi/Unicode}}

၂၀၂၂ ခုႏွစ္အတြင္း အကူအညီလိုအပ္သူ သန္းေပါင္း ၂၅၀ အထိရွိမွာျဖစ္တဲ့အတြက္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီ အကူအညီလိုအပ္မႈေတြဟာ ဒီႏွစ္မွာ အျမင့္ဆုံးကို ေရာက္ရွိလာတယ္လို႔ USAID ေအမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရး ေအဂ်င္စီ အႀကီးအကဲ Samantha Power က ေျပာပါတယ္။

“ကာလရွည္ၾကာစြာ အႀကိမ္ႀကိမ္ ျဖစ္ေပၚေနတဲ့ ကပ္ေရာဂါေၾကာင့္ လူေေတြေသဆုံးၾကရတာအျပင္၊ စီးပြားေရးပါ ထိခိုက္ေနတာေတြၾကာင့္ စာနာမႈဆိုင္ရာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ ကမာၻ႔လူဦးေရရဲ႕ ၁% ဟာ ေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရပါတယ္။ စားနပ္ရိကၡာ မလုံေလာက္မႈဟာလည္း မႀကဳံဘူးေလာက္ေအာင္ ႀကီးမားေနပါတယ္။ ပဋိပကၡေတြ ကာလရွည္ၾကာ ျဖစ္ေပၚေနတာ၊ ပိုမိုခက္ခဲရႈပ္ေထြးတဲ့အေရးေပၚ အေျခအေနေတြ ျဖစ္ေပၚတာနဲ႔ ဥတုရာသီေျပာင္းလဲမႈေတြဟာ ဆုံးရႈံးမႈေတြ ျဖစ္ေပၚေစၿပီး တိုးတက္ ေအာင္ျမင္ခဲ့မႈေတြကို ေနာက္ျပန္ ဆုတ္သြားေစပါတယ္။”

ကုလသမဂၢကဦးစီးက်င္းပတဲ့ ၂၀၂၂ ခုႏွစ္အတြက္ ကမာၻလုံးဆိုင္ရာ စာနာမႈအကူအညီလိုအပ္ခ်က္ေအပၚ သုံးသပ္တဲ့ အြန္လိုင္း ညီလာခံမွာ USAID အႀကီးအကဲ Samantha Power က အဲဒီလို ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ လက္ရွိ ကမာၻတဝန္းလိုအပ္ေနတဲ့ အကူအညီေတြဟာ ကပ္ေရာဂါနဲ႔ သဘာေဝဘးဒဏ္ေေတြၾကာင့္မဟုတ္ဘဲ ပဋိပေကၡေတြၾကာင့္ ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ကူညီေပးတဲ့ အရင္းအျမစ္ေတြ လိုအပ္တယ္ဆိုတာထက္ေက်ာ္လြန္ၿပီး ေျပာင္းလဲ သုံးသပ္ၾကဖို႔ လိုအပ္ေၾကာင္း သူက ေျပာပါတယ္။

“ယီမင္၊ ဆီးရီးယား၊ ဆိုမားလီးယားနဲ႔ ေတာင္ဆူဒန္ႏိုင္ငံေတြကိုၾကည့္မယ္ဆိုရင္ သူတို႔ဆီမွာ ကာလရွည္ၾကာျဖစ္ေနတဲ့ စစ္ပြဲေတြက ႏိုင္ငံသားေတြကို ဒုကၡေရာက္ေစရုံတင္မကဘဲ တျခားႏိုင္ငံေတြအထိပါ ကူးစက္ေနပါတယ္။ မႏွစ္ကလည္း ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းတာကို က်မတို႔ ျမင္ေတြ႕ခဲ့ၾကရတဲ့အျပင္ အာဖဂန္နစၥတန္ႏိုင္ငံ တာလီဘန္ေတြလက္ထဲ က်သြားတာ၊ ဆူဒန္မွာ စစ္အာဏာသိမ္းတာနဲ႔ အီသီယိုးပီးယားႏိုင္ငံမွာ ႐ုတ္တရက္ျဖစ္ေပၚခဲ့တဲ့ ကပ္ေဘးေတြ ျဖစ္ခဲ့ပါတယ္။ အဲဒီလို ပဋိပကၡျဖစ္တဲ့ ႏိုင္ငံေတြကို ၾကည့္လိုက္မယ္ဆိုရင္ အဲဒီႏိုင္ငံေတြက အစိုးေရေတြဟာ သူတို႔ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို မျဖည့္ဆည္းေပးႏိုင္ဘူးဆိုတာ ေတြ႕ရပါတယ္။ အဲဒီအစိုးေရေတြဟာ အာဏာကို ခြဲေဝအုပ္ခ်ဳပ္တာ၊ အမ်ားစုရဲ႕ အခြင့္အေရးကို ေလးစားလိုက္နာတာေတြ မလုပ္ေဆာင္ဘဲ အၾကမ္းဖက္တဲ့လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။”

ဒါဟာ ဘာကိုျပသေနသလဲဆိုေတာ့ “ဒီပဋိပကၡေတြရွိေနတဲ့ တခ်ိန္ထဲမွာပဲ အဲဒီရဲ႕ေနာက္ဆက္တြဲျဖစ္ေပၚလာတဲ့ အက်ိဳးဆက္ေတြကို လူ႔အခြင့္အေရးအဖြဲ႕အစည္းေတြက မမွ်တစြာ လုပ္ေဆာင္ေပးၾကရတဲ့ ေအျခေအနကို ေရာက္သြားခဲ့တယ္လို႔ USAID အႀကီးအကဲ Samantha Power က ေျပာပါတယ္။

ဒါေတြရဲ႕အေျဖဟာ ႏိုင္ငံေရးအရ ေျဖရွင္းတဲ့နည္းလမ္းျဖစ္ေၾကာင္း၊ ဒါေၾကာင့္လဲ သမၼတ ဘိုင္ဒန္ေျပာသလို ေအမရိကန္ျပည္ေထာင္စုနဲ႔ တျခားႏိုင္ငံေတြအေနနဲ႔ သံတမန္ေရးနည္းလမ္းကို မဆုတ္မနစ္ လက္ကိုင္ထား လုပ္ေဆာင္ၾကဖို႔ လိုအပ္ပါတယ္လို႔ Samantha Power က ေျပာပါတယ္။

“ပဋိပေကၡတြ ျဖစ္တဲ့အခါ၊ ဆိုး၀ါးတဲ့ ရာသီဥတုဒဏ္ ခံၾကရတဲ့အခါ အေမရိကန္က ကူညီေပးသြားမွာျဖစ္သလို အကူအညီေတြရေအာင္လည္း လုပ္ေဆာင္ေပးသြားမွာပါ။ ဒါေပမယ့္ ေျပာင္းလဲလာေနတဲ့ ကမာၻႀကီးနဲ႔အတူ လိုအပ္ခ်က္ေတြလည္း တိုးမ်ားလာေနတာေၾကာင့္ အရင္ေတာင္းဘူးတဲ့ အကူအညီေတြဘဲ ဆက္ေတာင္းခံၿပီး ပိုပိုၿပီးမ်ားတဲ့ ေငြၾကးေထာက္ပံ့မႈေတြ အႀကိမ္ႀကိမ္ေပးျခင္းကေန မတူညီတဲ့ ရလဒ္ေတြ ထြက္ေပၚလာလိမ့္မယ္လို႔ ေမ်ာ္လင့္လို႔ မရႏိုင္ပါဘူး။”

ဒီပဋိပကၡေတြ အဆုံးသတ္ေရးအတြက္ တကမာၻလုံးက သံတမန္ေရး နည္းလမ္းနဲ႔ ဝိုင္းဝန္း လုပ္ေဆာင္ၾကဖို႔ လိုအပ္ေၾကာင္း၊ သံတမန္ေရးနည္းလမ္းနဲ႔ အေျဖရွာမႈေတြကို ေဒသတြင္းတင္မကဘဲ ကုလသမဂၢအထိ သယ္ေဆာင္ၿပီး ႏွစ္ဦးႏွစ္ဘက္ အျပန္အလွန္ လုပ္ေဆာင္တာအျပင္ ဒီပဋိပကၡေတြ အဆုံးသတ္ေရးအတြက္ မဟာမိတ္ဖြဲ႕ၿပီး အားလုံးက ဝိုင္းဝန္း လုပ္ေဆာင္ၾကဖို႔ လိုအပ္ေၾကာင္း USAID အႀကီးအကဲ Samantha Power က ေျပာၾကားခဲ့ပါတယ္ခင္ဗ်ား။

....................................................

ပဋိပက္ခ ဟာ စာနာမှုအကူအညီ လိုအပ်ချက်ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်

{{Unicode}}

၂၀၂၂ ခုနှစ်အတွင်း အကူအညီလိုအပ်သူ သန်းပေါင်း ၂၅၀ အထိရှိမှာဖြစ်တဲ့အတွက် ဆယ်စုနှစ်တွေနဲ့ချီ အကူအညီလိုအပ်မှုတွေဟာ ဒီနှစ်မှာ အမြင့်ဆုံးကို ရောက်ရှိလာတယ်လို့ USAID အေမရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ Samantha Power က ပြောပါတယ်။

“ကာလရှည်ကြာစွာ အကြိမ်ကြိမ် ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြောင့် လူေတွေသေဆုံးကြရတာအပြင်၊ စီးပွားရေးပါ ထိခိုက်နေတာတွေကြာင့် စာနာမှုဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁% ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုဟာလည်း မကြုံဘူးလောက်အောင် ကြီးမားနေပါတယ်။ ပဋိပက္ခတွေ ကာလရှည်ကြာ ဖြစ်ပေါ်နေတာ၊ ပိုမိုခက်ခဲရှုပ်ထွေးတဲ့ အရေးပေါ် အခြေအနေတွေ ဖြစ်ပေါ်တာနဲ့ ဥတုရာသီပြောင်းလဲမှုတွေဟာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပြီး တိုးတက် အောင်မြင်ခဲ့မှုတွေကို နောက်ပြန် ဆုတ်သွားစေပါတယ်။”

ကုလသမဂ္ဂကဦးစီးကျင်းပတဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စာနာမှုအကူအညီလိုအပ်ချက်အေပါ် သုံးသပ်တဲ့ အွန်လိုင်း ညီလာခံမှာ USAID အကြီးအကဲ Samantha Power က အဲဒီလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် လက်ရှိ ကမ္ဘာတဝန်းလိုအပ်နေတဲ့ အကူအညီတွေဟာ ကပ်ရောဂါနဲ့ သဘာဝေဘးဒဏ်ေတွေကြာင့်မဟုတ်ဘဲ ပဋိပက္ခေတွေကြာင့် ဖြစ်ကြောင်း၊ ဒါကြောင့် ကူညီပေးတဲ့ အရင်းအမြစ်တွေ လိုအပ်တယ်ဆိုတာထက်ကျော်လွန်ပြီး ပြောင်းလဲ သုံးသပ်ကြဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။

“ယီမင်၊ ဆီးရီးယား၊ ဆိုမားလီးယားနဲ့ တောင်ဆူဒန်နိုင်ငံတွေကိုကြည့်မယ်ဆိုရင် သူတို့ဆီမှာ ကာလရှည်ကြာဖြစ်နေတဲ့ စစ်ပွဲတွေက နိုင်ငံသားတွေကို ဒုက္ခရောက်စေရုံတင်မကဘဲ တခြားနိုင်ငံတွေအထိပါ ကူးစက်နေပါတယ်။ မနှစ်ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ကျမတို့ မြင်တွေ့ခဲ့ကြရတဲ့အပြင် အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်တွေလက်ထဲ ကျသွားတာ၊ ဆူဒန်မှာ စစ်အာဏာသိမ်းတာနဲ့ အီသီယိုးပီးယားနိုင်ငံမှာ ရုတ်တရက်ဖြစ်ပေါ်ခဲ့တဲ့ ကပ်ဘေးတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလို ပဋိပက္ခဖြစ်တဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် အဲဒီနိုင်ငံတွေက အစိုးရေတွေဟာ သူတို့ပြည်သူတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုတာ တွေ့ရပါတယ်။ အဲဒီအစိုးရေတွေဟာ အာဏာကို ခွဲဝေအုပ်ချုပ်တာ၊ အများစုရဲ့ အခွင့်အရေးကို လေးစားလိုက်နာတာတွေ မလုပ်ဆောင်ဘဲ အကြမ်းဖက်တဲ့လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။”

ဒါဟာ ဘာကိုပြသနေသလဲဆိုတော့ “ဒီပဋိပက္ခတွေရှိနေတဲ့ တချိန်ထဲမှာပဲ အဲဒီရဲ့နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက မမျှတစွာ လုပ်ဆောင်ပေးကြရတဲ့ အေခြအေနကို ရောက်သွားခဲ့တယ်လို့ USAID အကြီးအကဲ Samantha Power က ပြောပါတယ်။

ဒါတွေရဲ့အဖြေဟာ နိုင်ငံရေးအရ ဖြေရှင်းတဲ့နည်းလမ်းဖြစ်ကြောင်း၊ ဒါကြောင့်လဲ သမ္မတ ဘိုင်ဒန်ပြောသလို အေမရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေအနေနဲ့ သံတမန်ရေးနည်းလမ်းကို မဆုတ်မနစ် လက်ကိုင်ထား လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်လို့ Samantha Power က ပြောပါတယ်။

“ပဋိပက္ခေတွ ဖြစ်တဲ့အခါ၊ ဆိုးဝါးတဲ့ ရာသီဥတုဒဏ် ခံကြရတဲ့အခါ အမေရိကန်က ကူညီပေးသွားမှာဖြစ်သလို အကူအညီတွေရအောင်လည်း လုပ်ဆောင်ပေးသွားမှာပါ။ ဒါပေမယ့် ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးနဲ့အတူ လိုအပ်ချက်တွေလည်း တိုးများလာနေတာကြောင့် အရင်တောင်းဘူးတဲ့ အကူအညီတွေဘဲ ဆက်တောင်းခံပြီး ပိုပိုပြီးများတဲ့ ငွေကြးထောက်ပံ့မှုတွေ အကြိမ်ကြိမ်ပေးခြင်းကနေ မတူညီတဲ့ ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျော်လင့်လို့ မရနိုင်ပါဘူး။”

ဒီပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် တကမ္ဘာလုံးက သံတမန်ရေး နည်းလမ်းနဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း၊ သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာမှုတွေကို ဒေသတွင်းတင်မကဘဲ ကုလသမဂ္ဂအထိ သယ်ဆောင်ပြီး နှစ်ဦးနှစ်ဘက် အပြန်အလှန် လုပ်ဆောင်တာအပြင် ဒီပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် မဟာမိတ်ဖွဲ့ပြီး အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း USAID အကြီးအကဲ Samantha Power က ပြောကြားခဲ့ပါတယ်ခင်ဗျား။