စစ္ေကာင္စီ ပ်က္ကြက္တဲ႔ လူထုက်န္းမာေရးေစာင္႔ေရွာက္မႈ ကန္ ျဖည့္ဆည္းမည္
{{Zawgyi/Unicode}}
ဒီမိုကေရစီ နည္းက် လြတ္လပ္ခြင့္ေတြ ၿပိဳလဲ ပ်က္စီးလာေနၿပီး လူသားခ်င္း စာနာမႈဆိုင္ရာ လိုအပ္ခ်က္ေတြ တိုးလာတဲ႔ ျပႆနာႀကီး ၂ ရပ္ၾကား အမ်ားျပည္သူဆိုင္ရာ ၀န္ေဆာင္မႈ လိုအပ္ခ်က္ေတြ အႀကီးအက်ယ္ မ်ားလာ ေပမယ့္လည္း ျမန္မာႏုိင္ငံတြင္း စစ္အာဏာသိမ္းမႈေၾကာင့္ အမ်ားျပည္သူဆိုင္ရာ ၀န္ေဆာင္မႈေတြ ထိခုိက္ပ်က္စီးေနေၾကာင္း အေမရိကန္ ႏုိင္ငံတကာ ဖြံ႔ၿဖိဳးေရး ေအဂ်င္စီ USAID ရဲ႕ အာရွဆိုင္ရာ ဒုတိယ လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး Craig Hart က လႊတ္ေတာ္ ၾကားနာမႈမွာ ေျပာဆိုခဲ႔ပါတယ္။
၂၀၂၁ ခုႏွစ္ ဧၿပီလအတြင္း အမ်ားျပည္သူ က်န္းမာေရး ေစာင့္ေရွာက္မႈ က႑က က်န္းမာေရး လုပ္သား ေလးပံု သံုးပံုဟာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ဆႏၵျပခဲ႔ၾကၿပီး စစ္ေကာင္စီဘက္ကလည္း ဆႏၵျပၾကတဲ႔ ရာနဲ႔ခ်ီတဲ႔ က်န္းမာေရး ၀န္ထမ္းေတြကို ဖမ္းဆီး ၿဖိဳခြဲေရး လုပ္ခဲ႔ပါတယ္။ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ အထိ က်န္းမာေရး ၀န္ထမ္း ၅၀,၀၀၀ ဆက္လက္ ဆႏၵျပခဲ႔ၾကပါတယ္။
အထူးသျဖင့္ အမ်ားျပည္သူဆိုင္ရာ ၀န္ေဆာင္မႈေတြ ပိတ္လိုက္တာေၾကာင့္ ဆိုးဆိုးရြားရြား ထိခိုက္ရတဲ႔ လူမႈ အသိုင္းအ၀ိုင္းေတြ အတြင္း က်န္းမာေရးဆိုင္ရာ ၀န္ေဆာင္မႈ ေပးႏုိင္ေရး အတြက္ USAID ဟာ NGO ေတြ၊ တိုင္းရင္း က်န္းမာေရး အဖြဲ႔အစည္းေတြ၊ ေနာက္ ပုဂၢလိက က႑တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။ Covid-19 အေရးမွာေတာ့ အေရွ႕ေတာင္ အာရွ ေဒသတြင္း ျမန္မာႏုိင္ငံဟာ ကာကြယ္ေဆး အျပည့္အ၀ ထိုးႏွံၿပီးသူ အေရအတြက္ အခ်ိဳးအစား အနည္းဆံုး ႏုိင္ငံ ျဖစ္ပါတယ္။ Covid-19 အိုမီခရြန္ မ်ိဳးကြဲ ကူးစက္ ပ်ံ႕ႏွံ႔မႈဟာလည္း တိုးလာေနပါတယ္။
Covid-19 ကာကြယ္ေဆး ပူးေပါင္းေဆာင္ရြက္မႈ- COVAX က ျမန္မာႏုိင္ငံ အတြက္ ခြဲေ၀ ခ်ထားၿပီး ျဖစ္ေပမယ့္လည္း ကာကြယ္ေဆး အလံုးေရ ၁၀ ဒသမ ၇ ကို ဒီကေန႔အထိ မပို႔ေဆာင္ရေသးပါဘူး။
စစ္ေကာင္စီကေတာ့ ကာကြယ္ေဆး အလံုးေရ သန္း ၆၀ ကို တရုတ္ ျပည္သူ႔သမၼတ ႏိုင္ငံ၊ အိႏၵိယနဲ႔ ရုရွားတို႔ထံက ရရွိထားၿပီး ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔ အထိ လူဦးေရရဲ႕ ၃၈ ရာခုိင္ႏႈန္းေလာက္ကို ကာကြယ္ေဆး ၂ လံုး ထိုးႏွံေပးၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္လညး္ စစ္ေကာင္စီရဲ႕ စာရင္းေတြကို စိစစ္ အတည္ျပဳဖို႔ေတာ႔ မျဖစ္ႏုိင္ပါဘူး။
ကာကြယ္ေဆး ထိုးႏွံမႈႏႈန္း ျမႇင့္တင္ႏုိင္ေရး အတြက္ COVAX အေနနဲ႔ ကာကြယ္ေဆးေတြကို လြတ္လပ္ၿပီး ယံုၾကည္ရတဲ႔ လမ္းေၾကာင္းေတြကေန ပို႔ေဆာင္သင့္ေၾကာင္း၊ ဒီထဲမွာ ဆိုရင္ အရပ္ဘက္ အဖြဲ႔အစည္း၊ တိုင္းရင္း က်န္းမာေရး အဖြဲ႔အစည္းေတြ၊ အစိုးရ မဟုတ္တဲ႔ အဖြဲ႔အစည္းေတြနဲ႔ ပုဂၢလိက က႑တို႔ အပါအ၀င္ ျဖစ္ေၾကာင္း ဒုတိယ လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး Hart က ေျပာပါတယ္။
ျမန္မာႏုိင္ငံကို Covid-19 ကာကြယ္ေဆး ျဖန္႔ေရး အတြက္ USAID အေနနဲ႔ ရန္ပံုေငြ အဆင့္သင့္ ရွိသလို ျပင္ဆင္ထားၿပီးလည္း ျဖစ္ပါတယ္။ ဒါ႔အျပင္ ကာကြယ္ေဆး ထိုးႏွံေပးမယ့္သူေတြ အတြက္ ေလ႔က်င့္မႈ၊ ကာကြယ္ေဆးထိုးဖို႔ တုံ႔ဆိုင္းမႈေတြကို ေလွ်ာ့ခ်ေရး၊ Covid-19 ကာကြယ္ေရး၊ ရပ္ရြာ အသိုင္းအ၀ိုင္း ေဆးခန္းေတြမွာ စမ္းသပ္မႈနဲ႔ ကုသမႈေတြကိုလည္း USAID က ေထာက္ပံ႔ထားပါတယ္။
ဒါေပမယ့္လည္း ျမန္မာႏုိင္ငံရဲ႕ က်န္းမာေရးဆိုင္ရာ ျပသနာက Covid-19 တခုတည္းတင္ မဟုတ္ပါဘူး။ ႏုိင္ငံတြင္း TB အဆုတ္နာ ေရာဂါဟာ လူေပါင္း ၁၀၀,၀၀၀ မွာ ၃၃၈ ဦး ျဖစ္ပြားေနၿပီး ဒီအေရအတြက္ဟာဆိုရင္ ေဒသတြင္း ပ်မ္းမွ်ႏႈန္းရဲ႕ ၂ ဆ ျဖစ္ၿပီး ကမၻာလံုးဆိုင္ရာ ပ်မ္းမွ်ႏႈန္းရဲ႕ ၃ ဆ ျဖစ္ေနေၾကာင္း ကမၻာ့က်န္းမာေရး အဖြဲ႔ႀကီး WHO က ေဖာ္ျပပါတယ္။
ၿပီးခဲ႔တဲ႔ႏွစ္ေတြ အတြင္း USAID က ျမန္မာႏုိင္ငံတြင္း TB ေရာဂါ ျဖစ္ပြားသူေတြကို စစ္ေဆး ေဖာ္ထုတ္ၿပီး ကုသေရးကို တိုးျမႇင့္ ေဆာင္ရြက္ခဲ႔ၿပီး ၿပီးခဲ႔တဲ႔ ၁၀ ႏွစ္တာ ကာလ အတြင္း ၅၀ ရာခိုင္ႏႈန္း ေလ်ာ့က်မႈမွာ ပံ႔ပိုးေဆာင္ရြက္ခဲ႔ပါတယ္။
ဒါေပမယ့္လည္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း TB ကုသမႈနဲ႔ ျဖစ္ပြားမႈ အေၾကာင္းၾကားမႈ ထက္၀က္ က်ဆင္းခဲ႔ပါတယ္။ အမ်ားျပည္သူ ဆိုင္ရာ ၀န္ေဆာင္မႈေတြနဲ႔ လက္လွမ္းမမီတဲ႔ လူနာေတြကို TB ေရာဂါ စမ္းသပ္မႈနဲ႔ ကုသေရး ၀န္ေဆာင္မႈေတြကို လာမယ့္ႏွစ္ေတြ အတြင္း USAID က တိုးခ်ဲ႕ ေဆာင္ရြက္မွာ ျဖစ္ပါတယ္။
ျမန္မာႏုိင္ငံတြင္း က်န္းမာေရး ေစာင့္ေရွာက္မႈ တိုးတက္ေစေရး အတြက္ USAID က မိတ္ဖက္ NGO ေတြနဲ႔ ဆက္လက္ ေဆာင္ရြက္ေနပါတယ္။ ျမန္မာ လူထုရဲ႕ လိုအပ္ခ်က္ေတြကို စစ္ေကာင္စီဘက္က ျဖည့္ဆည္း ေဆာင္ရြက္ဖို႔ ပ်က္ကြက္ေနခ်ိန္မွာ အေမရိကန္ ျပည္ေထာင္စုဘက္က ဘာမွ မလုပ္ဘဲ ေနမွာ မဟုတ္ပါဘူး။
..........................................................
စစ်ကောင်စီ ပျက်ကွက်တဲ့ လူထုကျန်းမာရေးစောင့်ရှောက်မှု ကန် ဖြည့်ဆည်းမည်
{{Unicode}}
ဒီမိုကရေစီ နည်းကျ လွတ်လပ်ခွင့်တွေ ပြိုလဲ ပျက်စီးလာနေပြီး လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေ တိုးလာတဲ့ ပြဿနာကြီး ၂ ရပ်ကြား အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လိုအပ်ချက်တွေ အကြီးအကျယ် များလာ ပေမယ့်လည်း မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုကြောင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ထိခိုက်ပျက်စီးနေကြောင်း အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ရဲ့ အာရှဆိုင်ရာ ဒုတိယ လက်ထောက် အုပ်ချုပ်ရေးမှူး Craig Hart က လွှတ်တော် ကြားနာမှုမှာ ပြောဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလအတွင်း အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍက ကျန်းမာရေး လုပ်သား လေးပုံ သုံးပုံဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီဘက်ကလည်း ဆန္ဒပြကြတဲ့ ရာနဲ့ချီတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီး ဖြိုခွဲရေး လုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အထိ ကျန်းမာရေး ဝန်ထမ်း ၅၀,၀၀၀ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
အထူးသဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ပိတ်လိုက်တာကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ရတဲ့ လူမှု အသိုင်းအဝိုင်းတွေ အတွင်း ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်ရေး အတွက် USAID ဟာ NGO တွေ၊ တိုင်းရင်း ကျန်းမာရေး အဖွဲ့အစည်းတွေ၊ နောက် ပုဂ္ဂလိက ကဏ္ဍတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ Covid-19 အရေးမှာတော့ အရှေ့တောင် အာရှ ဒေသတွင်း မြန်မာနိုင်ငံဟာ ကာကွယ်ဆေး အပြည့်အ၀ ထိုးနှံပြီးသူ အရေအတွက် အချိုးအစား အနည်းဆုံး နိုင်ငံ ဖြစ်ပါတယ်။ Covid-19 အိုမီခရွန် မျိုးကွဲ ကူးစက် ပျံ့နှံ့မှုဟာလည်း တိုးလာနေပါတယ်။
Covid-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု- COVAX က မြန်မာနိုင်ငံ အတွက် ခွဲေ၀ ချထားပြီး ဖြစ်ပေမယ့်လည်း ကာကွယ်ဆေး အလုံးရေ ၁၀ ဒသမ ၇ ကို ဒီကနေ့အထိ မပို့ဆောင်ရသေးပါဘူး။
စစ်ကောင်စီကတော့ ကာကွယ်ဆေး အလုံးရေ သန်း ၆၀ ကို တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၊ အိန္ဒိယနဲ့ ရုရှားတို့ထံက ရရှိထားပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အထိ လူဦးရေရဲ့ ၃၈ ရာခိုင်နှုန်းလောက်ကို ကာကွယ်ဆေး ၂ လုံး ထိုးနှံပေးပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ စာရင်းတွေကို စိစစ် အတည်ပြုဖို့တော့ မဖြစ်နိုင်ပါဘူး။
ကာကွယ်ဆေး ထိုးနှံမှုနှုန်း မြှင့်တင်နိုင်ရေး အတွက် COVAX အနေနဲ့ ကာကွယ်ဆေးတွေကို လွတ်လပ်ပြီး ယုံကြည်ရတဲ့ လမ်းကြောင်းတွေကနေ ပို့ဆောင်သင့်ကြောင်း၊ ဒီထဲမှာ ဆိုရင် အရပ်ဘက် အဖွဲ့အစည်း၊ တိုင်းရင်း ကျန်းမာရေး အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကဏ္ဍတို့ အပါအဝင် ဖြစ်ကြောင်း ဒုတိယ လက်ထောက် အုပ်ချုပ်ရေးမှူး Hart က ပြောပါတယ်။
မြန်မာနိုင်ငံကို Covid-19 ကာကွယ်ဆေး ဖြန့်ရေး အတွက် USAID အနေနဲ့ ရန်ပုံငွေ အဆင့်သင့် ရှိသလို ပြင်ဆင်ထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး ထိုးနှံပေးမယ့်သူတွေ အတွက် လေ့ကျင့်မှု၊ ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းမှုတွေကို လျှော့ချရေး၊ Covid-19 ကာကွယ်ရေး၊ ရပ်ရွာ အသိုင်းအဝိုင်း ဆေးခန်းတွေမှာ စမ်းသပ်မှုနဲ့ ကုသမှုတွေကိုလည်း USAID က ထောက်ပံ့ထားပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာက Covid-19 တခုတည်းတင် မဟုတ်ပါဘူး။ နိုင်ငံတွင်း TB အဆုတ်နာ ရောဂါဟာ လူပေါင်း ၁၀၀,၀၀၀ မှာ ၃၃၈ ဦး ဖြစ်ပွားနေပြီး ဒီအရေအတွက်ဟာဆိုရင် ဒေသတွင်း ပျမ်းမျှနှုန်းရဲ့ ၂ ဆ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းရဲ့ ၃ ဆ ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေ အတွင်း USAID က မြန်မာနိုင်ငံတွင်း TB ရောဂါ ဖြစ်ပွားသူတွေကို စစ်ဆေး ဖော်ထုတ်ပြီး ကုသရေးကို တိုးမြှင့် ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလ အတွင်း ၅၀ ရာခိုင်နှုန်း လျော့ကျမှုမှာ ပံ့ပိုးဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း TB ကုသမှုနဲ့ ဖြစ်ပွားမှု အကြောင်းကြားမှု ထက်ဝက် ကျဆင်းခဲ့ပါတယ်။ အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ လက်လှမ်းမမီတဲ့ လူနာတွေကို TB ရောဂါ စမ်းသပ်မှုနဲ့ ကုသရေး ဝန်ဆောင်မှုတွေကို လာမယ့်နှစ်တွေ အတွင်း USAID က တိုးချဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်စေရေး အတွက် USAID က မိတ်ဖက် NGO တွေနဲ့ ဆက်လက် ဆောင်ရွက်နေပါတယ်။ မြန်မာ လူထုရဲ့ လိုအပ်ချက်တွေကို စစ်ကောင်စီဘက်က ဖြည့်ဆည်း ဆောင်ရွက်ဖို့ ပျက်ကွက်နေချိန်မှာ အမေရိကန် ပြည်ထောင်စုဘက်က ဘာမှ မလုပ်ဘဲ နေမှာ မဟုတ်ပါဘူး။