Accessibility links

Breaking News

အဂတိမႈတိုက္ဖ်က္ေရး အေမရိကန္ ခ်ဥ္းကပ္ပုံသစ္ခ်မွတ္


Samantha Power
Samantha Power

[[Zawgyi/Unicode]]

အဂတိလိုက္စားမႈဟာ ေဘးဆိုးတခုျဖစ္ပါတယ္။ အဂတိလိုက္စားမႈက ယုံၾကည္မႈကိုပ်က္ျပားေစၿပီး တိုးတက္မႈအားနည္းေစသလို ဒီမိုကေရစီအေျခခံအေဆာက္အအုံေတြအေပၚ အယုံၾကည္ကင္းမဲ့တာနဲ႔ စီးပြါးေရးတိုးတက္မႈအတြက္ အတားအဆီးျဖစ္ပါတယ္။ အဂတိလိုက္စားမႈကေန ကုန္ေဈးႏႈန္းျမင့္မားတာ၊ အမ်ားျပည္သူအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ သိပ္မရွိေတာ့တာနဲ႔ သဘာဝဝန္းက်င္ဆိုင္ရာ ဆုတ္ယုတ္မႈေတြ ပါရွိလာတာေၾကာင့္ ေနာက္ဆုံးမွာ ျပည္သူေတြပဲ ဒဏ္ခံၾကရတာ ျဖစ္ပါတယ္။

အဂတိလိုက္စားမႈလို႔ေျပာလိုက္ရင္ လူအမ်ားစုကေတာ့ တခုခုလိုခ်င္လို႔ လာဘ္ေပးတာ ဒါမွမဟုတ္ ေငြထုပ္ကိုင္ထားတဲ့ အရာရွိေတြကို ျမင္လာၿပီး ပုံေဖၚၾကတယ္။ ဒါေပမယ့္ အဂတိလိုက္စားမႈဟာ အာဏာရွင္ေတြက သူတို႔ႏိုင္ငံ့ဘ႑ာကို ခိုးယူၿပီး သူတို႔ႂကြယ္ဝေအာင္ လုပ္တာမ်ိဳးမဟုတ္ေတာ့ဘဲ အုပ္ခ်ဳပ္မႈစနစ္တခုလုံးကိုပါဝင္လာေစၿပီး သူတို႔ကိုပံ့ပိုးေပးသူေတြရဲ႕အကူအညီနဲ႔ တျခားႏိုင္ငံေတြအထိပါ ပါဝင္လာေစတယ္လို႔ အေမရိကန္အစိုးရ ႏိုင္ငံတကာ အေထာက္အကူေပးအဖြဲ႕ USAID တာဝန္ခံ Samantha Power က ေျပာပါတယ္။

“ပြင့္လင္းမႈမရွိတဲ့ ကမာၻ႔ေငြေၾကးစံနစ္ကိုအခြင့္ေကာင္းယူၿပီး သူတို႔ႂကြယ္ဝေရးအတြက္ ႏိုင္ငံတကာအတိုင္းအတာနဲ႔ပါ လုယူဖို႔ သူတို႔ကို ေနာက္ကြယ္က ပံ့ပိုးေနသူေတြရဲ႕ လုပ္ငန္းအကူအညီေတြနဲ႔ လုပ္ေဆာင္ေနတာပါ။ ဒါ့ျပင္ လာဘ္ေပးၿပီး တျခားႏိုင္ငံေတြရဲ႕ ႏိုင္ငံေရး နဲ႔ မူဝါဒဆိုင္ရာေတြမွာ လႊမ္းမိုးဖို႔ႀကိဳးစားသလို သူတို႔ အက်ိဳးစီးပြါးအတြက္ အဖြဲ႕စည္းမ်ိဳးစုံကို ၾသဇာလႊမ္းမိုးဖို႔နဲ႔ ကမာၻ႔အေနထားကို ပုံသြင္းဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။”

အင္အားႀကီးအိမ္နီးခ်င္းႏိုင္ငံရဲ႕ အကူအညီနဲ႔ ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အဂတိလိုက္စားတဲ့ ႏိုင္ငံေရးသမားက သူ႔ရဲ႕ ရာထူးကို အသုံးခ်ၿပီး စီးပြါးေရးက႑အားလုံးမွာ ဂတိလိုက္စားမႈ အျမစ္တြယ္မယ့္ စံနစ္တခုကို ဖန္တီးတာျဖစ္ပါတယ္။

ဒီအတြက္ သူျပန္ရတာကေတာ့ သူ႔အတြက္ အကူညီေပးသူကို အျမတ္ထုတ္ခြင့္ေပးရတာျဖစ္သလို သူ႔ကိုထိန္းခ်ဳပ္ခြင့္လည္း အတိုင္းအတာ တခုေပးရတာပါ။ ေခတ္သစ္ အဂတိလိုက္စားမႈမွာေတာ့ ႏိုင္ငံရပ္ျခားမွာ ႏိုင္ငံေရးအရ အက်ိဳးအျမတ္ရေစမယ့္ စနစ္က်မႈ၊ လြယ္ကူေခ်ာေမာေစမႈနဲ႔ အေရးပါမႈဆိုတဲ့ အရည္အေသြးေတြရွိတဲ့ အဂတိလိုက္စားမႈမ်ိဳး ျဖစ္ေနတယ္လို႔လည္း Power က ေျပာပါတယ္။

“ဖြံ႕ၿဖိဳးဆဲကမာၻမွာ တႏွစ္ကို အဂတိလိုက္စားမႈက အေမရိကန္ေဒၚလာ ၁.၂၆ ထရီလီယံ ေလာက္ရွိမယ္လို႔ ကုလသမဂၢက ခန႔္မွန္းပါတယ္။ ဒါဟာ ဖြံ႕ၿဖိဳးေရးအတြက္ တရားဝင္ေပးအပ္တဲ့ အကူအညီေပးေငြ အားလုံးရဲ႕ ၉ ဆ ျဖစ္ပါတယ္။ တႏွစ္ကို ၉ ဆ ေလာက္ရွိတာပါ။”

ဒါကို တုန႔္ျပန္ေဆာင္႐ြက္ဖို႔ ေခတ္သစ္ အဂတိလိုက္စားမႈကို ရင္ဆိုင္ဖို႔ အေမရိကန္အစိုးရက ခ်ဥ္းကပ္ပုံကို ေျပာင္းလဲလိုက္တယ္ လို႔လည္း ေျပာပါတယ္။

“ပထမအေနနဲ႔ ျပည္တြင္းမွာေရာ ႏိုင္ငံတကာမွာပါ အဂတိလိုက္စားႏိုင္မယ့္ အခြင့္အလန္းေတြကို က်မတို႔ ေလွ်ာ့ခ်ဖို႔ပါ။ ဒုတိယကေတာ့ အဂတိလိုက္စားမႈ ေပၚေပါက္လာႏိုင္တဲ့ေနရာေတြ တိုးမလာေအာင္ တားဆီးဖို႔လုပ္ရမွာပါ။ အဲဒီမွာ ႏိုင္ငံစုံမွာလုပ္ေဆာင္ေနတဲ့ ရႈပ္ေထြးတဲ့အဂတိလိုက္စားေနမႈေတြကိုေဖၚထုတ္ႏိုင္တဲ့ ကမာၻ႔ကြန္ယက္ေတြက စုံစမ္းေထာက္လွန္းတဲ့ သတင္းေထာက္ေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြကို ရံပုံေငြခ်ထားေပးတာ ပါဝင္ပါတယ္။
တတိယအခ်က္ကေတာ့ အဂတိမလိုက္စားပဲ ေကာင္းတဲ့ အမူအက်င့္ေတြ အတြက္ဆုခ်ီးျမႇင့္ တာမ်ိဳးပါ။ လူထုဝန္ေဆာင္မႈလုပ္ငန္းမွာ အဂတိမလိုက္စားသူေတြကို ဆုခ်ီးျမႇင့္တာ၊ ပုဂၢလိက လုပ္ငန္းေခါင္းေဆာင္ေတြကိုလည္း အဂတိလိုက္စားတာထက္ မလိုက္စားေအာင္ လုပ္မယ့္ ဆုံးျဖတ္ခ်က္ေတြ ခ်ေစတာ ျဖစ္ပါတယ္။”

အဂတိလိုက္စားသူ ေတြဟာ သူတို႔နည္းသူတို႔ဟန္နဲ႔ ဆက္ၿပီး အဂတိလိုက္စားဖို႔ လုပ္ေဆာင္တတ္ပါတယ္။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအတြက္ အဂတိလိုက္စားတဲ့ အစိုးရေတြကို အျမစ္လွန္ေျခဖ်က္ဖို႔ ရလာတဲ့ သမိုင္းေပးအေျခေနေပးေနတာကို တုံ႔ျပန္ေရးအတြက္ ေကာင္းျမတ္တဲ့ ျပည္သူေတြကို ေရခံေျမခံေကာင္းေတြ ခ်ေပးဖို႔ သႏၷိဌာန္ခ်ထားၾကတဲ့ အေမရိကန္ရဲ႕မိတ္ေဆြေတြကို ဖိတ္ေခၚပါတယ္။

==============

[[Unicode]]

အဂတိမှုတိုက်ဖျက်ရေး အမေရိကန် ချဉ်းကပ်ပုံသစ်ချမှတ်

အဂတိလိုက်စားမှုဟာ ဘေးဆိုးတခုဖြစ်ပါတယ်။ အဂတိလိုက်စားမှုက ယုံကြည်မှုကိုပျက်ပြားစေပြီး တိုးတက်မှုအားနည်းစေသလို ဒီမိုကရေစီအခြေခံအဆောက်အအုံတွေအပေါ် အယုံကြည်ကင်းမဲ့တာနဲ့ စီးပွါးရေးတိုးတက်မှုအတွက် အတားအဆီးဖြစ်ပါတယ်။ အဂတိလိုက်စားမှုကနေ ကုန်ဈေးနှုန်းမြင့်မားတာ၊ အများပြည်သူအတွက် ရင်းနှီးမြှုပ်နှံမှု သိပ်မရှိတော့တာနဲ့ သဘာဝဝန်းကျင်ဆိုင်ရာ ဆုတ်ယုတ်မှုတွေ ပါရှိလာတာကြောင့် နောက်ဆုံးမှာ ပြည်သူတွေပဲ ဒဏ်ခံကြရတာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုလို့ပြောလိုက်ရင် လူအများစုကတော့ တခုခုလိုချင်လို့ လာဘ်ပေးတာ ဒါမှမဟုတ် ငွေထုပ်ကိုင်ထားတဲ့ အရာရှိတွေကို မြင်လာပြီး ပုံဖေါ်ကြတယ်။ ဒါပေမယ့် အဂတိလိုက်စားမှုဟာ အာဏာရှင်တွေက သူတို့နိုင်ငံ့ဘဏ္ဍာကို ခိုးယူပြီး သူတို့ကြွယ်ဝအောင် လုပ်တာမျိုးမဟုတ်တော့ဘဲ အုပ်ချုပ်မှုစနစ်တခုလုံးကိုပါဝင်လာစေပြီး သူတို့ကိုပံ့ပိုးပေးသူတွေရဲ့အကူအညီနဲ့ တခြားနိုင်ငံတွေအထိပါ ပါဝင်လာစေတယ်လို့ အမေရိကန်အစိုးရ နိုင်ငံတကာ အထောက်အကူပေးအဖွဲ့ USAID တာဝန်ခံ Samantha Power က ပြောပါတယ်။

“ပွင့်လင်းမှုမရှိတဲ့ ကမ္ဘာ့ငွေကြေးစံနစ်ကိုအခွင့်ကောင်းယူပြီး သူတို့ကြွယ်ဝရေးအတွက် နိုင်ငံတကာအတိုင်းအတာနဲ့ပါ လုယူဖို့ သူတို့ကို နောက်ကွယ်က ပံ့ပိုးနေသူတွေရဲ့ လုပ်ငန်းအကူအညီတွေနဲ့ လုပ်ဆောင်နေတာပါ။ ဒါ့ပြင် လာဘ်ပေးပြီး တခြားနိုင်ငံတွေရဲ့ နိုင်ငံရေး နဲ့ မူဝါဒဆိုင်ရာတွေမှာ လွှမ်းမိုးဖို့ကြိုးစားသလို သူတို့ အကျိုးစီးပွါးအတွက် အဖွဲ့စည်းမျိုးစုံကို သြဇာလွှမ်းမိုးဖို့နဲ့ ကမ္ဘာ့အနေထားကို ပုံသွင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။”

အင်အားကြီးအိမ်နီးချင်းနိုင်ငံရဲ့ အကူအညီနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အဂတိလိုက်စားတဲ့ နိုင်ငံရေးသမားက သူ့ရဲ့ ရာထူးကို အသုံးချပြီး စီးပွါးရေးကဏ္ဍအားလုံးမှာ ဂတိလိုက်စားမှု အမြစ်တွယ်မယ့် စံနစ်တခုကို ဖန်တီးတာဖြစ်ပါတယ်။

ဒီအတွက် သူပြန်ရတာကတော့ သူ့အတွက် အကူညီပေးသူကို အမြတ်ထုတ်ခွင့်ပေးရတာဖြစ်သလို သူ့ကိုထိန်းချုပ်ခွင့်လည်း အတိုင်းအတာ တခုပေးရတာပါ။ ခေတ်သစ် အဂတိလိုက်စားမှုမှာတော့ နိုင်ငံရပ်ခြားမှာ နိုင်ငံရေးအရ အကျိုးအမြတ်ရစေမယ့် စနစ်ကျမှု၊ လွယ်ကူချောမောစေမှုနဲ့ အရေးပါမှုဆိုတဲ့ အရည်အသွေးတွေရှိတဲ့ အဂတိလိုက်စားမှုမျိုး ဖြစ်နေတယ်လို့လည်း Power က ပြောပါတယ်။

“ဖွံ့ဖြိုးဆဲကမ္ဘာမှာ တနှစ်ကို အဂတိလိုက်စားမှုက အမေရိကန်ဒေါ်လာ ၁.၂၆ ထရီလီယံ လောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ ဒါဟာ ဖွံ့ဖြိုးရေးအတွက် တရားဝင်ပေးအပ်တဲ့ အကူအညီပေးငွေ အားလုံးရဲ့ ၉ ဆ ဖြစ်ပါတယ်။ တနှစ်ကို ၉ ဆ လောက်ရှိတာပါ။”

ဒါကို တုန့်ပြန်ဆောင်ရွက်ဖို့ ခေတ်သစ် အဂတိလိုက်စားမှုကို ရင်ဆိုင်ဖို့ အမေရိကန်အစိုးရက ချဉ်းကပ်ပုံကို ပြောင်းလဲလိုက်တယ် လို့လည်း ပြောပါတယ်။

“ပထမအနေနဲ့ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အဂတိလိုက်စားနိုင်မယ့် အခွင့်အလန်းတွေကို ကျမတို့ လျှော့ချဖို့ပါ။ ဒုတိယကတော့ အဂတိလိုက်စားမှု ပေါ်ပေါက်လာနိုင်တဲ့နေရာတွေ တိုးမလာအောင် တားဆီးဖို့လုပ်ရမှာပါ။ အဲဒီမှာ နိုင်ငံစုံမှာလုပ်ဆောင်နေတဲ့ ရှုပ်ထွေးတဲ့အဂတိလိုက်စားနေမှုတွေကိုဖေါ်ထုတ်နိုင်တဲ့ ကမ္ဘာ့ကွန်ယက်တွေက စုံစမ်းထောက်လှန်းတဲ့ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ရံပုံငွေချထားပေးတာ ပါဝင်ပါတယ်။
တတိယအချက်ကတော့ အဂတိမလိုက်စားပဲ ကောင်းတဲ့ အမူအကျင့်တွေ အတွက်ဆုချီးမြှင့် တာမျိုးပါ။ လူထုဝန်ဆောင်မှုလုပ်ငန်းမှာ အဂတိမလိုက်စားသူတွေကို ဆုချီးမြှင့်တာ၊ ပုဂ္ဂလိက လုပ်ငန်းခေါင်းဆောင်တွေကိုလည်း အဂတိလိုက်စားတာထက် မလိုက်စားအောင် လုပ်မယ့် ဆုံးဖြတ်ချက်တွေ ချစေတာ ဖြစ်ပါတယ်။”

အဂတိလိုက်စားသူ တွေဟာ သူတို့နည်းသူတို့ဟန်နဲ့ ဆက်ပြီး အဂတိလိုက်စားဖို့ လုပ်ဆောင်တတ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဂတိလိုက်စားတဲ့ အစိုးရတွေကို အမြစ်လှန်ခြေဖျက်ဖို့ ရလာတဲ့ သမိုင်းပေးအခြေနေပေးနေတာကို တုံ့ပြန်ရေးအတွက် ကောင်းမြတ်တဲ့ ပြည်သူတွေကို ရေခံမြေခံကောင်းတွေ ချပေးဖို့ သန္နိဌာန်ချထားကြတဲ့ အမေရိကန်ရဲ့မိတ်ဆွေတွေကို ဖိတ်ခေါ်ပါတယ်။

XS
SM
MD
LG