Accessibility links

Breaking News

 ျမန္မာျပည္သူေတြကုိ အားေပးကူညီသြားမယ့္ USAID


USAID
USAID

ျမန္မာျပည္သူေတြကုိ အားေပးကူညီသြားမယ့္ USAID

{{Zawgyi/Unicode}}

ျမန္မာ စစ္တပ္ စစ္အာဏာသိမ္းခဲ့တာေၾကာင့္ ျမန္မာႏုိင္ငံရဲ႕ ဖြင့္လွစ္ခါစ ဒီမိုကေရစီ တံခါးလည္း ပိတ္သြားပါတယ္။ ဒီကေန႔ အခ်ိန္မွာေတြ႔ျမင္ရတဲ႔ ျမန္မာႏုိင္ငံဟာဆိုရင္ လြန္ခဲ႔တဲ႔ တႏွစ္ေက်ာ္က ေတြ႔ျမင္ခဲ႔ရတဲ႔ ႏုိင္ငံနဲ႔ လံုး၀ ကြာျခားသြားပါၿပီလို႔ အေမရိကန္ ႏုိင္ငံတကာ အကူအညီေပးေရး ေအဂ်င္စီ USAID ရဲ႕ အာရွဆိုင္ရာ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး Craig Hart က မၾကာခင္က လုပ္ခဲ႔တဲ႔ လႊတ္ေတာ္ ၾကားနာပြဲမွာ ထြက္ဆိုခဲ႔ပါတယ္။

သိသာထင္ရွားတဲ႔ အခက္အခဲ အတားအဆီးေတြ ရွိေပမယ့္ ျမန္မာ ျပည္သူေတြ အရံႈးမေပးၾကသလို က်ေနာ္တို႔ဟာလည္း ဒီမိုကေရစီကို ပံ႔ပိုးမႈမွာ သူတို႔နဲ႔ အတူ ရပ္တည္ေနပါတယ္။ စစ္အာဏာသိမ္းၿပီး ေနာက္မွာေတာ့ အစိုးရ အက်ိဳးခံစားရမယ့္ လုပ္ငန္းေတြကို ပံ႔ပိုးကူညီမယ့္ ေဒၚလာ ၄၂ ဒသမ ၄ သန္းကို ျမန္မာ ျပည္သူေတြ အတြက္ တိုက္ရိုက္ ပံ႔ပိုးမႈ အျဖစ္ USAID က ေျပာင္းလဲခဲ႔ပါတယ္။ ဒီထဲမွာ ဆိုရင္ COVID-19 ၊ ငွက္ဖ်ားနဲ႔ TB အဆုတ္နာ လူနာေတြ အတြက္ အသက္ကယ္ ၀န္ေဆာင္မႈေတြလည္း ပါ၀င္ပါတယ္။ ဘက္မလိုက္တဲ႔ လူသားခ်င္း စာနာကူညီမႈဆိုင္ရာ အဖြဲ႔အစည္းေတြ သြားေရာက္ခြင့္ကို စစ္အာဏာရွင္က တင္းတင္းၾကပ္ၾကပ္ ကန္႔သတ္ထားတာေၾကာင့္ အခက္အခဲ ျဖစ္ရတဲ႔ ျမန္မာႏုိင္ငံတ၀န္းက သိန္းခ်ီရွိတဲ႔ ပဋိပကၡဒဏ္သင့္ၿပီး အိုးအိမ္စြန္႔ ထြက္္ေျပးရသူေတြထံကိုလည္း USAID က လူသားခ်င္း စာနာမႈ ဆိုင္ရာ အေရးေပၚ အေထာက္အပံ႔ေတြ ေပးေနပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာဏာရွင္က လူေပါင္း ၁,၆၀၀ ေက်ာ္ကို သတ္ျဖတ္ခဲ႔ၿပီး ဒီထဲမွာ ကေလးငယ္ေတြ၊ သတင္းသမားေတြနဲ႔ အကူအညီေပးေရး လုပ္သားေတြလည္း ပါ၀င္ၿပီး ေထာင္နဲ႔ခ်ီ ဖမ္းဆီး ထားပါတယ္။ အၾကမ္းဖက္မႈေတြ တိုးလာေနပါတယ္။ စစ္အာဏာရွင္နဲ႔ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ႔ အဖြဲ႔ေတြၾကားမွာ သေဘာထား ကြဲျပားမႈက ပိုၿပီး ျပင္းထန္လာေနပါတယ္လို႔ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး Hart က သတိေပးပါတယ္။

ျမန္မာႏုိင္ငံ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္လည္ ေရာက္ရွိေစေရး ဟာ USAID ရဲ႕ အဓိက ဦးစားေပး ျဖစ္ပါတယ္။ အားလံုး ပါ၀င္တဲ႔ ပါတီစံု ဒီမိုကေရစီ ျဖစ္ေရး ဘံုရည္မွန္းခ်က္ကို တည္ေဆာက္ေနၾကတဲ႔ ဒီမိုကေရစီ နည္းက် အဖြဲ႔အစည္းေတြ၊ ပုဂၢိဳလ္ေတြနဲ႔႔ USAID က မိတ္ဖက္ ျဖစ္ပါတယ္။ ဒီ မိတ္ဖက္ေတြထဲမွာ ဒီမိုကေရစီ လိုလားတဲ႔ လႈပ္ရွားမႈ၊ တိုင္းရင္း အဖြဲ႔အစည္းမ်ား၊ အရပ္ဘက္ အဖြဲ႔အစည္းမ်ား၊ အစိုးရ မဟုတ္တဲ႔ အဖြဲ႔အစည္းေတြ၊ ဘာသာေရးနဲ႔ ကင္းလြတ္သူေတြေရာ ဘာသာေရးဆိုင္ရာ ေတြေရာ၊ ေနာက္ စိတ္သေဘာထား တူညီတဲ႔ ပုဂၢလိက က႑က ပုဂၢိဳလ္ေတြလည္း ပါ၀င္ပါတယ္။

လက္က်န္ ဒီမိုကေရစီ နယ္ပယ္ အနည္းငယ္ကို ဆက္လက္ ထိန္းထားႏုိင္ေရး အတြက္ မီဒီယာ အသိုင္းအ၀ိုင္းမွာ ဆုတ္ယုတ္ က်ဆင္းမႈေတြၾကားကေန သတင္းအခ်က္အလက္ လြတ္လပ္စြာ ဆက္လက္ စီးဆင္းႏုိင္ေရး လြတ္လပ္တဲ႔ မီဒီယာအဖဲြ႔အစည္းေတြ၊ သတင္းေထာက္ေတြကိုလည္း USAID က ေထာက္ပံ႔ေၾကး ေပးအပ္ေနပါတယ္။ အနာဂတ္ ဒီမိုကေရစီ အတြက္ ဒီမိုကေရစီေရး တက္ၾကြလႈပ္ရွားသူေတြ၊ လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူေတြ၊ သတင္းသမားေတြနဲ႔ လူနည္းစု တိုင္းရင္းသားေတြရဲ႕ ၿငိမ္းခ်မ္းစြာ ႀကိဳးပမ္းမႈေတြ ပိုၿပီး အားေကာင္းခုိင္မာေရးကို ေထာက္ပံ႔ဖို႔ အတြက္လည္း ေဒသဆိုင္ရာ လူမႈ အသိုင္းအ၀ိုင္းေတြနဲ႔ USAID မိတ္ဖက္ေတြ အတူ ပူးေပါင္းေဆာင္ရြက္ေနၾကပါတယ္။

လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူေတြနဲ႔ ဒီမိုကေရစီ လိုလားသူ အဖြဲ႔ေတြကို USAID က ပံ႔ပိုးေနပါတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ ေနာက္ အနာဂတ္မွာ လူထု အေပၚ ၾကမ္းၾကဳတ္ရက္စက္မႈေတြကို ကာကြယ္တားဆီးေရး တုံ႔ျပန္ေဆာင္ရြက္ရာႏုိင္ေအာင္ အရပ္ဘက္ အဖြဲ႔အစည္းေတြကိုလည္း ဒီလုပ္ငန္းစဥ္ကေန တဆင့္ USAID က ကူညီ ေဖာ္ေဆာင္ေပးေနပါတယ္။

လူမႈ လူတန္းစား အလႊာအသီးသီးက ျမန္မာ စစ္တပ္ရဲ႕ ရက္စက္တဲ႔ ဖိႏွိပ္မႈကို ဆန္႔က်င္ၾက သူေတြကို တရားဥပေဒမဲ႔ ဖမ္းဆီးမႈ၊ စစ္တပ္ရဲ႕ အၾကမ္းဖက္မႈ၊ စစ္အာဏာသိမ္းမႈကို ကမၻာတလႊား ဆန္႔က်င္ရႈတ္ခ်မႈမွာလည္း USAID ပူးေပါင္းပါ၀င္ပါတယ္။ လြတ္လပ္မႈ ျပန္လည္ ရရွိေရး ႀကိဳးစားေနၾကတဲ႔ ျမန္မာ ျပည္သူေတြကို ပံ႔ပိုးႏုိင္မယ့္ အခြင့္အလမ္းသစ္ေတြကိုလည္း USAID က ဆက္လက္ ရွာေဖြသြားမွာ ျဖစ္ပါတယ္။

...........................................

မြန်မာပြည်သူတွေကို အားပေးကူညီသွားမယ့် USAID

{{Unicode}}

မြန်မာ စစ်တပ် စစ်အာဏာသိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ဖွင့်လှစ်ခါစ ဒီမိုကရေစီ တံခါးလည်း ပိတ်သွားပါတယ်။ ဒီကနေ့ အချိန်မှာတွေ့မြင်ရတဲ့ မြန်မာနိုင်ငံဟာဆိုရင် လွန်ခဲ့တဲ့ တနှစ်ကျော်က တွေ့မြင်ခဲ့ရတဲ့ နိုင်ငံနဲ့ လုံး၀ ကွာခြားသွားပါပြီလို့ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ရဲ့ အာရှဆိုင်ရာ ဒုတိယ အုပ်ချုပ်ရေးမှူး Craig Hart က မကြာခင်က လုပ်ခဲ့တဲ့ လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုခဲ့ပါတယ်။

သိသာထင်ရှားတဲ့ အခက်အခဲ အတားအဆီးတွေ ရှိပေမယ့် မြန်မာ ပြည်သူတွေ အရှုံးမပေးကြသလို ကျနော်တို့ဟာလည်း ဒီမိုကရေစီကို ပံ့ပိုးမှုမှာ သူတို့နဲ့ အတူ ရပ်တည်နေပါတယ်။ စစ်အာဏာသိမ်းပြီး နောက်မှာတော့ အစိုးရ အကျိုးခံစားရမယ့် လုပ်ငန်းတွေကို ပံ့ပိုးကူညီမယ့် ဒေါ်လာ ၄၂ ဒသမ ၄ သန်းကို မြန်မာ ပြည်သူတွေ အတွက် တိုက်ရိုက် ပံ့ပိုးမှု အဖြစ် USAID က ပြောင်းလဲခဲ့ပါတယ်။ ဒီထဲမှာ ဆိုရင် COVID-19 ၊ ငှက်ဖျားနဲ့ TB အဆုတ်နာ လူနာတွေ အတွက် အသက်ကယ် ဝန်ဆောင်မှုတွေလည်း ပါဝင်ပါတယ်။ ဘက်မလိုက်တဲ့ လူသားချင်း စာနာကူညီမှုဆိုင်ရာ အဖွဲ့အစည်းတွေ သွားရောက်ခွင့်ကို စစ်အာဏာရှင်က တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတာကြောင့် အခက်အခဲ ဖြစ်ရတဲ့ မြန်မာနိုင်ငံတဝန်းက သိန်းချီရှိတဲ့ ပဋိပက္ခဒဏ်သင့်ပြီး အိုးအိမ်စွန့် ထွက်ပြေးရသူတွေထံကိုလည်း USAID က လူသားချင်း စာနာမှု ဆိုင်ရာ အရေးပေါ် အထောက်အပံ့တွေ ပေးနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်က လူပေါင်း ၁,၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဒီထဲမှာ ကလေးငယ်တွေ၊ သတင်းသမားတွေနဲ့ အကူအညီပေးရေး လုပ်သားတွေလည်း ပါဝင်ပြီး ထောင်နဲ့ချီ ဖမ်းဆီး ထားပါတယ်။ အကြမ်းဖက်မှုတွေ တိုးလာနေပါတယ်။ စစ်အာဏာရှင်နဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အဖွဲ့တွေကြားမှာ သဘောထား ကွဲပြားမှုက ပိုပြီး ပြင်းထန်လာနေပါတယ်လို့ ဒုတိယ အုပ်ချုပ်ရေးမှူး Hart က သတိပေးပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိစေရေး ဟာ USAID ရဲ့ အဓိက ဦးစားပေး ဖြစ်ပါတယ်။ အားလုံး ပါဝင်တဲ့ ပါတီစုံ ဒီမိုကရေစီ ဖြစ်ရေး ဘုံရည်မှန်းချက်ကို တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ နည်းကျ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ USAID က မိတ်ဖက် ဖြစ်ပါတယ်။ ဒီ မိတ်ဖက်တွေထဲမှာ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှု၊ တိုင်းရင်း အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဘာသာရေးနဲ့ ကင်းလွတ်သူတွေရော ဘာသာရေးဆိုင်ရာ တွေရော၊ နောက် စိတ်သဘောထား တူညီတဲ့ ပုဂ္ဂလိက ကဏ္ဍက ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။

လက်ကျန် ဒီမိုကရေစီ နယ်ပယ် အနည်းငယ်ကို ဆက်လက် ထိန်းထားနိုင်ရေး အတွက် မီဒီယာ အသိုင်းအဝိုင်းမှာ ဆုတ်ယုတ် ကျဆင်းမှုတွေကြားကနေ သတင်းအချက်အလက် လွတ်လပ်စွာ ဆက်လက် စီးဆင်းနိုင်ရေး လွတ်လပ်တဲ့ မီဒီယာအဖွဲ့အစည်းတွေ၊ သတင်းထောက်တွေကိုလည်း USAID က ထောက်ပံ့ကြေး ပေးအပ်နေပါတယ်။ အနာဂတ် ဒီမိုကရေစီ အတွက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေ၊ သတင်းသမားတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းစွာ ကြိုးပမ်းမှုတွေ ပိုပြီး အားကောင်းခိုင်မာရေးကို ထောက်ပံ့ဖို့ အတွက်လည်း ဒေသဆိုင်ရာ လူမှု အသိုင်းအဝိုင်းတွေနဲ့ USAID မိတ်ဖက်တွေ အတူ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေနဲ့ ဒီမိုကရေစီ လိုလားသူ အဖွဲ့တွေကို USAID က ပံ့ပိုးနေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နောက် အနာဂတ်မှာ လူထု အပေါ် ကြမ်းကြုတ်ရက်စက်မှုတွေကို ကာကွယ်တားဆီးရေး တုံ့ပြန်ဆောင်ရွက်ရာနိုင်အောင် အရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း ဒီလုပ်ငန်းစဉ်ကနေ တဆင့် USAID က ကူညီ ဖော်ဆောင်ပေးနေပါတယ်။

လူမှု လူတန်းစား အလွှာအသီးသီးက မြန်မာ စစ်တပ်ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုကို ဆန့်ကျင်ကြ သူတွေကို တရားဥပဒေမဲ့ ဖမ်းဆီးမှု၊ စစ်တပ်ရဲ့ အကြမ်းဖက်မှု၊ စစ်အာဏာသိမ်းမှုကို ကမ္ဘာတလွှား ဆန့်ကျင်ရှုတ်ချမှုမှာလည်း USAID ပူးပေါင်းပါဝင်ပါတယ်။ လွတ်လပ်မှု ပြန်လည် ရရှိရေး ကြိုးစားနေကြတဲ့ မြန်မာ ပြည်သူတွေကို ပံ့ပိုးနိုင်မယ့် အခွင့်အလမ်းသစ်တွေကိုလည်း USAID က ဆက်လက် ရှာဖွေသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG