Accessibility links

Breaking News

အာဏာရွင္စနစ္ ေၾကာင္႔ ကမ႓ာလူ႔အခြင္႔အေရး အလားအလာ ဆုတ္ယုတ္ က်ဆင္း


U.S. Secretary of State Blinken hosts U.S.-African Union High Level Dialogue at State Department
U.S. Secretary of State Blinken hosts U.S.-African Union High Level Dialogue at State Department

အာဏာရွင္စနစ္ ေၾကာင္႔ ကမ႓ာလူ႔အခြင္႔အေရး အလားအလာ ဆုတ္ယုတ္ က်ဆင္း

{{Zawgyi/Unicode}}
ကမာၻ႔ေနရာအေတာ္မ်ားမ်ားမွာ အာဏာရွင္စံနစ္နဲ႔ ဖိႏွိပ္ခ်ဳပ္ျခယ္မႈေတြ ဆက္လက္ ျဖစ္ေပၚေနတာက လူသားေတြရဲ႕ အသက္နဲ႔ လူ႔အခြင့္အေရးကို ထိခိုက္ပ်က္ဆီးမႈေတြ ျဖစ္ေပၚေစတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ၂၀၂၁ ခုႏွစ္အတြက္ ထုတ္ျပန္တဲ့ ႏိုင္ငံအလိုက္ လူ႔အခြင့္အေရးဆိုင္ရာ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္ေနတဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္ပြဲဟာ လူသားေတြအတြက္ ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြကို ျဖစ္ေပၚေစတယ္လို႔ အစီရင္ခံစာ အဖြင့္အမွာစာမွာ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေရးပါတယ္။ ႐ုရွားတပ္ေတြကို သူတို႔ သိမ္းပိုက္ထားတဲ့ ၿမိဳ႕ေတြက ေမာင္းထုတ္လိုက္ႏိုင္ၿပီးတဲ့ေနာက္ လြန္ခဲ့တဲ့ သီတင္းပတ္ အနည္းငယ္အတြင္း ႐ုရွားတို႔ရဲ႕ ရက္စက္မႈေတြကို အေထာက္အထားနဲ႔တကြ ပိုၿပီး ေတြ႕ျမင္လာရတယ္လို႔ ဝန္ႀကီး Blinken က ေျပာပါတယ္။

“႐ုရွားတပ္ေတြ ဆုတ္ခြာသြားၿပီးတဲ့ေနာက္ လက္ေတြကို ႀကိဳးနဲ႔ခ်ည္ထားတဲ့ လူေသအေလာင္းေတြ လမ္းမေတြေပၚမွာ၊ ကပြဲ႐ုံေတြထဲမွာ၊ ရထားဘူတာ႐ုံေတြမွာ ေတြ႕ျမင္ၾကရသလို တစစီျဖစ္တဲ့အထိ ပစ္ခတ္ ၿဖိဳခ်ခံထားရတဲ့ တိုက္ခန္းေတြထဲမွာလည္း အရပ္သားေတြ ေသဆုံးေနတာကို က်ေနာ္တို႔ ေတြ႕ခဲ့ၾကရပါတယ္။ အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္ေတြ အဓမၼ ျပဳက်င့္ခံရတာေတြ၊ သိမ္းပိုက္ခံထားရတဲ့ ၿမိဳ႕ေတြမွာ အရပ္သားေတြ အစာငတ္ၿပီး၊ အေအးပတ္ၿပီး ေသၾကရတယ္ဆိုတဲ့ လူကိုယ္တိုင္ ထြက္ဆိုခ်က္ေတြလည္း ၾကားၾကရပါတယ္။”

ဒါေပမယ့္ အဲဒီလို က်ယ္ျပန္႔တဲ့ မတရားျပဳက်င့္မႈေတြကို ခံစားေနရတာ ယူကရိန္းတႏိုင္ငံထဲေတာ့ မဟုတ္ပါဘူး။ အစိုးရေတြဟာ နယ္စပ္ျဖတ္ေက်ာ္ၿပီး တိုက္ခိုက္မႈေတြ လုပ္လာေနၾကတာကို ပိုၿပီး ေတြ႕လာေနရပါတယ္လို႔ ဝန္ႀကီး Blinken က ေျပာျပပါတယ္။

“လြန္ခဲ့တဲ့ တႏွစ္အတြင္းမွာတင္ အီရန္ ေထာက္လွမ္းေရးအဖြဲ႕ေတြက အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕ Brooklyn မွာေနတဲ့ အီရန္ သတင္းေထာက္အမ်ိဳးသမီးတေယာက္ကို သူမေနအိမ္ကေန ျပန္ေပးဆြဲဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ ဆီးရီးယား အရာရွိေဟာင္းေတြ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြကို ဂ်ာမနီႏိုင္ငံမွာ တရားစြဲဖို႔ ျပင္ဆင္ေနသူေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္သူေတြကို ဆီးရီးယား အစိုးရက ၿခိမ္းေခ်ာက္မႈေတြ လုပ္ခဲ့ပါတယ္။ အလြတ္တမ္းသတင္းေထာက္တေယာက္ကို ဖမ္းဖို႔အတြက္ ပ်ံသန္းေနတဲ့ ေလယာဥ္ကို Belarus သမၼတ Lukashenka က သူ႔ႏိုင္ငံထဲ အတင္းေမာင္းခိုင္းခဲ့ပါတယ္။”

အစိုးရေတြဟာ သူတို႔ကို ဆန္႔က်င္သူေတြကို တိုင္းျပည္အတြင္းမွာ ဖမ္းဆီး ခ်ဳပ္ေႏွာင္ေနၾကပါတယ္။ ႏိုင္ငံေပါင္း ၆၅ ႏိုင္ငံမွာ ႏိုင္ငံေရးအက်ဥ္းသားေပါင္း တသန္းေက်ာ္ ကေန႔ ဖမ္းဆီး ထိန္းသိမ္းခံထားရပါတယ္။

လူနည္းစု Uyghurs မြတ္ဆလင္ေတြကို ရွင္ဂ်န္းေဒသမွာ တ႐ုတ္အစိုးရက လူသားမ်ိဳးႏြယ္ဆန္႔က်င္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္ သတ္ျဖတ္ေနပါတယ္။ ဒါ့အျပင္ တျခား လူနည္းစုေတြ အပါအဝင္ ေဟာင္ေကာင္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသမွာ လြတ္လပ္မႈေတြကို တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေအာင္ လုပ္ေဆာင္တာ၊ တိဘက္ေဒသမွာ စံနစ္တက် ဖိႏွိပ္ခ်ဳပ္ျခယ္တာေတြ တ႐ုတ္အစိုးရက ေဆာင္႐ြက္ေနပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံမွာဆိုရင္လည္း တလီဘန္ေတြ သိမ္းပိုက္လိုက္ၿပီးတဲ့ေနာက္ပိုင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေပၚလာသလို သူတို႔ရဲ႕ ေပၚလစီေတြဟာလည္း အာဖဂန္ႏိုင္ငံသားအားလုံးအတြက္၊ အထူးသျဖင့္ အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္ေတြရဲ႕ လူ႔အခြင့္အေရးေတြ ေမွးမွိန္ ေပ်ာက္ကြယ္ သြားေစပါတယ္။ အီသီယိုးပီးယားႏိုင္ငံမွာဆိုရင္လည္း အီရီးထရီးယား တပ္ဖြဲ႕ေတြ အပါအဝင္ ပဋိပကၡမွာ ပါဝင္ပတ္သက္သူအားလုံးက ရက္စက္ ၾကမ္းၾကဳတ္မႈေတြကို က်ဴးလြန္ခဲ့ၾကပါတယ္။

လူ႔အခြင့္အေရးဟာ လူတိုင္းအတြက္၊ ႏိုင္ငံတိုင္းအတြက္ျဖစ္ပါတယ္။ လူမ်ိဳးတိုင္း၊ ႏိုင္ငံသားတိုင္း၊ က်ားမ မေ႐ြး၊ မသန္စြမ္းသူ၊ အသက္အ႐ြယ္ကြာျခားမႈနဲ႔ မဆိုင္သလို တဦးခ်င္းစီရဲ႕ ယုံၾကည္ခ်က္၊ ဘယ္သူ႔ကို ခ်စ္တယ္၊ ဘယ္လို အက်င့္စား႐ိုက္မ်ိဳးရွိတယ္ဆိုတာနဲ႔ မဆိုင္ပါဘူး - လို႔ ဝန္ႀကီး Blinken က ေျပာပါတယ္။ ဒါေၾကာင့္လည္း အေမရိကန္ျပည္ေထာင္စုဟာ လူ႔အခြင့္ေရးခ်ိဳးေဖာက္တဲ့ တိုင္းျပည္တိုင္း၊ ဒီမိုကေရစီရဲ႕ အေျခခံသေဘာတရားေတြကို မေလးစား မလိုက္နာတဲ့တိုင္းျပည္တိုင္း တာဝန္ခံမႈ ၊ တာဝန္ယူမႈရွိလာေအာင္ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာၾကားလိုက္ပါတယ္။

...................................................................

အာဏာရှင်စနစ် ကြောင့် ကမ္ဘာလူ့အခွင့်အရေး အလားအလာ ဆုတ်ယုတ် ကျဆင်း

{{Zawgyi/Unicode}}
ကမ္ဘာ့နေရာအတော်များများမှာ အာဏာရှင်စံနစ်နဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာက လူသားတွေရဲ့ အသက်နဲ့ လူ့အခွင့်အရေးကို ထိခိုက်ပျက်ဆီးမှုတွေ ဖြစ်ပေါ်စေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲဟာ လူသားတွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေတယ်လို့ အစီရင်ခံစာ အဖွင့်အမှာစာမှာ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ရေးပါတယ်။ ရုရှားတပ်တွေကို သူတို့ သိမ်းပိုက်ထားတဲ့ မြို့တွေက မောင်းထုတ်လိုက်နိုင်ပြီးတဲ့နောက် လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ရုရှားတို့ရဲ့ ရက်စက်မှုတွေကို အထောက်အထားနဲ့တကွ ပိုပြီး တွေ့မြင်လာရတယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။

“ရုရှားတပ်တွေ ဆုတ်ခွာသွားပြီးတဲ့နောက် လက်တွေကို ကြိုးနဲ့ချည်ထားတဲ့ လူသေအလောင်းတွေ လမ်းမတွေပေါ်မှာ၊ ကပွဲရုံတွေထဲမှာ၊ ရထားဘူတာရုံတွေမှာ တွေ့မြင်ကြရသလို တစစီဖြစ်တဲ့အထိ ပစ်ခတ် ဖြိုချခံထားရတဲ့ တိုက်ခန်းတွေထဲမှာလည်း အရပ်သားတွေ သေဆုံးနေတာကို ကျနော်တို့ တွေ့ခဲ့ကြရပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အဓမ္မ ပြုကျင့်ခံရတာတွေ၊ သိမ်းပိုက်ခံထားရတဲ့ မြို့တွေမှာ အရပ်သားတွေ အစာငတ်ပြီး၊ အအေးပတ်ပြီး သေကြရတယ်ဆိုတဲ့ လူကိုယ်တိုင် ထွက်ဆိုချက်တွေလည်း ကြားကြရပါတယ်။”

ဒါပေမယ့် အဲဒီလို ကျယ်ပြန့်တဲ့ မတရားပြုကျင့်မှုတွေကို ခံစားနေရတာ ယူကရိန်းတနိုင်ငံထဲတော့ မဟုတ်ပါဘူး။ အစိုးရတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်မှုတွေ လုပ်လာနေကြတာကို ပိုပြီး တွေ့လာနေရပါတယ်လို့ ဝန်ကြီး Blinken က ပြောပြပါတယ်။

“လွန်ခဲ့တဲ့ တနှစ်အတွင်းမှာတင် အီရန် ထောက်လှမ်းရေးအဖွဲ့တွေက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Brooklyn မှာနေတဲ့ အီရန် သတင်းထောက်အမျိုးသမီးတယောက်ကို သူမနေအိမ်ကနေ ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ကြပါတယ်။ ဆီးရီးယား အရာရှိဟောင်းတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဂျာမနီနိုင်ငံမှာ တရားစွဲဖို့ ပြင်ဆင်နေသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သူတွေကို ဆီးရီးယား အစိုးရက ခြိမ်းချောက်မှုတွေ လုပ်ခဲ့ပါတယ်။ အလွတ်တမ်းသတင်းထောက်တယောက်ကို ဖမ်းဖို့အတွက် ပျံသန်းနေတဲ့ လေယာဉ်ကို Belarus သမ္မတ Lukashenka က သူ့နိုင်ငံထဲ အတင်းမောင်းခိုင်းခဲ့ပါတယ်။”

အစိုးရတွေဟာ သူတို့ကို ဆန့်ကျင်သူတွေကို တိုင်းပြည်အတွင်းမှာ ဖမ်းဆီး ချုပ်နှောင်နေကြပါတယ်။ နိုင်ငံပေါင်း ၆၅ နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားပေါင်း တသန်းကျော် ကနေ့ ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

လူနည်းစု Uyghurs မွတ်ဆလင်တွေကို ရှင်ဂျန်းဒေသမှာ တရုတ်အစိုးရက လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန် သတ်ဖြတ်နေပါတယ်။ ဒါ့အပြင် တခြား လူနည်းစုတွေ အပါအဝင် ဟောင်ကောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ လွတ်လပ်မှုတွေကို တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် လုပ်ဆောင်တာ၊ တိဘက်ဒေသမှာ စံနစ်တကျ ဖိနှိပ်ချုပ်ခြယ်တာတွေ တရုတ်အစိုးရက ဆောင်ရွက်နေပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာဆိုရင်လည်း တလီဘန်တွေ သိမ်းပိုက်လိုက်ပြီးတဲ့နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာသလို သူတို့ရဲ့ ပေါ်လစီတွေဟာလည်း အာဖဂန်နိုင်ငံသားအားလုံးအတွက်၊ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ လူ့အခွင့်အရေးတွေ မှေးမှိန် ပျောက်ကွယ် သွားစေပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာဆိုရင်လည်း အီရီးထရီးယား တပ်ဖွဲ့တွေ အပါအဝင် ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးက ရက်စက် ကြမ်းကြုတ်မှုတွေကို ကျူးလွန်ခဲ့ကြပါတယ်။

လူ့အခွင့်အရေးဟာ လူတိုင်းအတွက်၊ နိုင်ငံတိုင်းအတွက်ဖြစ်ပါတယ်။ လူမျိုးတိုင်း၊ နိုင်ငံသားတိုင်း၊ ကျားမ မရွေး၊ မသန်စွမ်းသူ၊ အသက်အရွယ်ကွာခြားမှုနဲ့ မဆိုင်သလို တဦးချင်းစီရဲ့ ယုံကြည်ချက်၊ ဘယ်သူ့ကို ချစ်တယ်၊ ဘယ်လို အကျင့်စားရိုက်မျိုးရှိတယ်ဆိုတာနဲ့ မဆိုင်ပါဘူး - လို့ ဝန်ကြီး Blinken က ပြောပါတယ်။ ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုဟာ လူ့အခွင့်ရေးချိုးဖောက်တဲ့ တိုင်းပြည်တိုင်း၊ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို မလေးစား မလိုက်နာတဲ့တိုင်းပြည်တိုင်း တာဝန်ခံမှု ၊ တာဝန်ယူမှုရှိလာအောင် ဆက်လက် လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG