Accessibility links

Breaking News

ဒီမိုကရေစီစနစ် ကာကွယ်ထိန်းသိမ်းရေး ဝန်ကြီး Blinken ပြောကြား


Blinken
Blinken

ဒီမိုကရေစီစနစ် ကာကွယ်ထိန်းသိမ်းရေး ဝန်ကြီး Blinken ပြောကြား

ဒီမိုကရေစီစနစ် ကာကွယ်ထိန်းသိမ်းရေး ဝန်ကြီး Blinken ပြောကြား
please wait

No media source currently available

0:00 0:03:12 0:00

“ကျွန်တော်တို့ဟာ အရှေ့နဲ့အနောက်၊ ဖွံ့ဖြိုးပြီး-ဖွံ့ဖြိုးဆဲနိုင်ငံကြီးတွေကနေ လာတာပါ။ ဒါပေမယ့် လူသားတွေရဲ့ စွမ်းရည်တွေထွက်ပေါ်လာစေပြီး အကျိုးရလာဒ်တွေကို ဆောင်ကြဥ်းပေးနိုင်မယ့် အစွမ်းထက်ဆုံးအရာကတော့ ဒီမိုကရေစီစနစ်ဖြစ်တယ်ဆိုတာ ကျနော်တို့အားလုံး အခိုင်အမာ လက်ခံထားကြပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာ လတ်တလောကျင်းပခဲ့တဲ့ ဒီမိုကရေစီဖိုရမ်မှာ ပြောဆိုခဲ့ပါတယ်။

စစ်အေးတိုက်ပွဲအပြီး ကမ္ဘာတဝှမ်းမှာ အင်အားပြင်းထန်တဲ့ နိုင်ငံရေးလှိုင်းလုံးကြီးတစ်ခု ပေါ်လာခဲ့ပေမယ့်ဆယ်စုနှစ် နှစ်ခုနီးပါးလောက် ဒီမိုကရေစီစနစ်တွေ နောက်ပြန်ဆုတ်သွားတဲ့ နေရာတော်တော်များများရှိနေပါတယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။

အခြေခံလွတ်လပ်ခွင့်တွေ မှေးမှိန်လာတယ်။ မဲပေးပိုင်ခွင့်တွေလည်း အတိုက်အခိုက်ခံနေရပါတယ်။ အကျင့်ပျက်ခြစားမှုကြောင့်လည်း မျှော်လင့်ချက်တွေ ပျက်သုန်းနေရပါတယ်။ အဲဒီစိန်ခေါ်ချက်တွေကို အတူလက်တွဲရင်ဆိုင်ကြဖို့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ညီလာခံ အလံအောက်မှာပဲ ကျနော်တို့ နိုးထလာခဲ့ကြတာပါ။ ကိုယ့်တိုင်းပြည်ထဲမှာ ဒီမိုကရေစီစနစ် ပိုမို အဓွန့်ရှည်ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားဖို့ နေရာစုံက ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တို့ရဲ့ အစိုးရအဖွဲ့တွေ ကတိပြုခဲ့ကြပါတယ်။ ကမ္ဘာတဝန်းက စိန်ခေါ်ချက်တွေကိုလည်း အတူလက်တွဲရင်ဆိုင်သွားဖို့လည်း ကတိပြုခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ လွတ်လပ်တဲ့သတင်းမီဒီယာနဲ့ သတင်းထောက်တွေကိုလည်း ကာကွယ်ထားပါတယ်လို့လည်း ဝန်ကြီးBlinken ကပြောပါတယ်။

“ကမ္ဘာ့နိုင်ငံပေါင်း တဒါဇင်ကျော်မှာရှိတဲ့ သတင်းဌာနတွေ ရေရှည်ရပ်တည်နိုင်အောင် အမေရိကန်က International Fund for Public Interest ပြည်သူ့အကျိုးစီးပွါးအတွက်သတင်းမီဒီယာရံပုံငွေကတဆင့် ကူညီထောက်ပံ့ပေးနေပါတယ်။ ပြီးတော့ သတင်းထောက် ကာကွယ်ရေးလုပ်ငန်းစဥ်အရ ပြည်ပရောက် သတင်းသမားတွေအပါအဝင် သတင်းထောက်တွေရဲ့ လုံခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်နေပါတယ်။

စီးပွါးရေးလုပ်ငန်းတွေတာဝန်ယူမှုရှိလာရေးအတွက် နိုင်ငံတော် လုပ်ငန်းစဥ်သစ်တရပ်ကိုလည်း အမေရိကန်မှာ ထုတ်ပြန်ထားပါတယ်။ အမေရိကန်အစိုးရနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေးကို အမှန်တကယ်လိုက်နာကြောင်းသေချာစေဖို့အတွက် အမေရိကန် အစိုးရအဖွဲ့အတွင်း လိုက်နာရမယ့် ခိုင်မာတဲ့ လုပ်ငန်းစဥ်န ၄၀ ကျော်ကို ချမှတ်ထားပါတယ်။

မျိုးဆက်သစ်တွေနေနဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ထောက်ခံစေချင်တယ်၊ ဒီမိုကရေစီ ပြန်လည်ရှင်သန်စေချင်တယ်ဆိုရင်တော့ လူမှုဘဝတွေ တိုးတက်လာစေမယ့် နည်းပညာ အနာဂတ်ကို ပုံဖော်ပေးဖို့ လိုအပ်လိမ့်မယ်လို့ နိုင်ငခြားရေးဝန်ကြီး Blinken က မှတ်ချက်ပြုပါတယ်။

“ ဖိနှိပ်အုပ်ချုပ်နေတဲ့ အာဏာရှင်အစိုးရတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိခိုက်စေမယ့် နည်းပညာတွေ ဖြန့်ကျက်နေတာကြောင့်၊ နည်းပညာတွေမှာ ဒီမိုကရေစီစံတန်ဖိုးတွေ၊ စံနှုန်းတွေ တည်တံ့ခိုင်မြဲစွာပါဝင်နေအောင် အသေအချာလုပ်ထားရပါလိမ့်မယ်”

“ဒီမိုကရေစီစနစ်ဆိုတာ မတော်တဆဖြစ်လာတာမဟုတ်ပါဘူး။ သူ့ကို တည်တန့်နေအောင် အမြဲတမ်းဆောင်ရွက်နေရပါမယ်။ ဒီမိုကရေစီဆိုတာ တစ်ကမ္ဘာလုံးကလူတွေ လိုလားတဲ့စနစ်ဖြစ်ပါတယ်။ ဒီမိုကရေစီရေး တောင်းဆိုမှုကလည်း အခိုင်အမာဆက်ရှိနေပါတယ်”

XS
SM
MD
LG