Accessibility links

Breaking News

လူကုန္ကူးမႈ တိုက္ဖ်က္ေရး ပူးေပါင္းေဆာင္ရကြ္ၾကဖို႔ ကန္ဝန္ႀကီးတိုက္တြန္း


Antony Blinken
Antony Blinken

{{Zawgyi/Unicode}}

လူကုန္ကူးမႈဆိုတာဟာ လူ႔အခြင့္အေရးကို မေထမဲ့ျမင္ လုပ္ျခင္းတရပ္ျဖစ္သလို၊ လူ႔ဂုဏ္သိကၡာကို ေစာ္ကားမႈတရပ္လည္းျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာဆိုလိုက္ပါတယ္။လူကုန္ကူးမႈဟာ လူ႔ေဘာင္အသိုင္းအဝိုင္းနဲ႔ စီးပြားေရးကို မတည္မၿငိမ္ျဖစ္ေစတယ္ဆိုတာ က်ေနာ္တို႔သိပါတယ္လို႔လည္း ဆိုပါတယ္။ ဒါ့ေၾကာင့္၊ လူကုန္ကူးမႈ ဘယ္ေနရာမွာဘဲျဖစ္ျဖစ္ ဟန႔္တားဖို႔အတြက္ က်ေနာ္တို႔တႏိုင္ငံခ်င္းစီသာမက၊ ကမာၻ႔အသိုင္းအဝိုင္းအေနနဲ႔ပါ အဘက္ဘက္က မျဖစ္မေန ေဆာင္႐ြက္ၾကရမွာျဖစ္ပါတယ္လို႔ Mr. Blinken ကေျပာပါတယ္။

ကမာၻတဝန္း လူဦးေရ ၂၅ သန္းနီးပါဟာ လူကုန္ကူးမႈရဲ႕ သားေကာင္ေတြျဖစ္ေနၾကတယ္လို႔ ILO ကမာၻ႔အလုပ္သမားအဖြဲ႕ခ်ဳပ္က ခန႔္မွန္းထားပါတယ္။ အဓမၼအလုပ္ေစခိုင္းတာနဲ႔ လိင္ကုန္ကူးမႈ ဆိုၿပီး၊ လူကုန္ကူးမႈ ပုံစံ ႏွစ္မ်ိဳးႏွစ္စားရွိတယ္လို႔ အေမရိကန္ျပည္ေထာင္စုက ခြဲျခားသတ္မွတ္ထားပါတယ္။ လူအမ်ားအျပားဆြဲ ေဆာင္ဖ်ားေယာင္းခံရၿပီး ျပည့္တန္ဆာလုပ္ငန္းထဲ သိမ္းသြင္းခံၾကရပါတယ္။ ဒါ့အျပင္ လူအေတာ္မ်ားမ်ားဟာ စက္႐ုံ၊ အလုပ္႐ုံ၊ သတၱဳတြင္းေတြ၊ လယ္ကြင္းေတြမွာ အဓမၼ အလုပ္ခိုင္းေစခံရသလို၊ လက္နက္ကိုင္အဖြဲ႕အစည္းေတြမွာစစ္သားစုေဆာင္းခံရတာေတြလည္း ရွိပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ႏွစ္ပတ္လည္လူကုန္ကူးမႈ အစီရင္ခံစာကို ဇူလိုင္လ ၁ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။ ကမာၻမွာ အျပည့္စုံဆုံး အရင္းအျမစ္ေတြကို အေျခခံၿပီး၊ အေမရိကန္ျပည္ေထာင္စုအပါအဝင္၊ ကမာၻတဝန္း အစိုးရေတြရဲ႕ လူကုန္ကူးမႈတိုက္ဖ်က္ေရးႀကိဳးပမ္းမႈကို ဆန္းစစ္တဲ့ အစီရင္ခံစာျဖစ္ပါတယ္။

အေမရိကန္အပါအဝင္ႏိုင္ငံတိုင္းမွာ လူကုန္ကူးသူေတြဟာ သူတို႔ရဲ႕ လုပ္နည္းလုပ္ဟန္ေတြကို အမ်ိဳးမ်ိဳး အဆက္မျပတ္အသုံးခ်ေနတာေၾကာင့္၊ သူတို႔ထက္ဦးေအာင္ က်ေနာ္တို႔ရဲ႕ ကိုယ္ပိုင္ မဟာဗ်ဴဟာေတြကို မျဖစ္မေန ထိေရာက္မႈရွိေအာင္ ေဆာင္႐ြက္ၾကရမွာျဖစ္သလို COVID-19 ကပ္ေရာဂါေၾကာင့္ လူကုန္ကူးမႈအေပၚသက္ေရာက္မႈကိုပါ ထည့္တြက္ၾကရမွာျဖစ္တယ္လို႔ ဝန္ႀကီး Blinken ကေျပာပါတယ္။

[ACT 1 0:19 – DALET: POLICY/ACTUALITIES]“လူကုန္ကူးသူေတြက သူတို႔လုပ္ငန္းႀကီးထြားေအာင္ အေျခအေနအေပၚ အခြင့္ေကာင္းယူေနၾကပါတယ္။ကပ္ေရာဂါေၾကာင့္ စီးပြားေရးအၾကပ္႐ိုက္ေနတဲ့၊ ထိခိုက္လြယ္သူေတြအေပၚအျမတ္ထုတ္ေနၾကတာပါ။ စာသင္ေက်ာင္းေတြ၊ အလုပ္ခြင္ေတြပိတ္ထားၿပီး လူအေတာ္မ်ားမ်ား Online ကေန ဆက္သြယ္လုပ္ကိုင္ေနၾကရတဲ့အတြက္ အင္တာနက္ေပၚမွာ အခ်ိန္အေတာ္ၾကာရွိေနတာကို လူကုန္ကူးသူေတြက အခြင့္ေကာင္းယူၿပီး ဖ်ားေယာင္းသိမ္းသြင္းေနၾကတာေတြလည္းရွိေနတယ္လို႔ ဝန္ႀကီးBlinken ကေျပာသြားတာပါ။ [END ACT]

အစိုးရကိုယ္တိုင္ ေက်ာေထာက္ေနာက္ခံျပဳၿပီး လူကုန္ကူးမႈေတြကိုအားေပးေနတဲ့ႏိုင္ငံေတြနဲ႔ ပတ္သက္ၿပီး ဒီႏွစ္ အစီရင္ခံစာက အာရံုစိုက္ မွတ္တမ္းတင္ထားတယ္လို႔ ၀န္ႀကီး Blinken က အခုလိုေျပာပါတယ္။

[ACT 2 0:13 – DALET: POLICY/ACTUALITIES]“အစိုးရကိုယ္တိုင္ လူကုန္ကူးေနတဲ့ ႏိုင္ငံ ၁၁ ႏိုင္ငံကို မွတ္တမ္းတင္ထားတာပါ။ ဥပမာ၊ သူတို႔ရဲ႕ အထူးတလည္အေရးပါတဲ့ စီပြားေရးက႑အတြက္ လုပ္ငန္းစီမံကိန္းေတြမွာ အဓမၼအလုပ္ေစခိုင္းတာဟာလည္း လူကုန္ကူးမႈေျမာက္ပါတယ္ လို႔ေျပာသြားတာပါ။”[END ACT]

စံနစ္တက် အကြက္ခ်ၿပီး တန္းတူညီမွ်မႈမရွိတာနဲ႔ လူကုန္ကူးမႈအၾကား ဆက္စပ္မႈနဲ႔ ပတ္သက္လို႔ ဒီအစီရင္ခံစာမွာ အေသးစိတ္ မွတ္တမ္းတင္ထားပါတယ္။ ဒါဟာ အေမရိကန္အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ား ကိုင္တြယ္ၾကရမယ့္ ျပႆနာျဖစ္ပါတယ္။ လူကုန္ကူးသူေတြကခြဲျခားဆက္ဆံခံေနရတဲ့ အသိုင္းအဝိုင္းကို အထူးသျဖင့္ ဖ်ားေယာင္းေသြးေဆာင္ ေနၾကလို႔ဘဲျဖစ္ပါတယ္။ ဖ်ားေယာင္းခံရသူေတြအေနနဲ႔ သူတို႔ မတရား အလြဲသံုးစားလုပ္ခံေနၾကရတာကို တိုင္တန္းတာမလုပ္ၾကသလို၊ တိုင္တန္းခဲ့လ်င္လည္း အၫွိဳးထားခံရၿပီး ျပႆနာတက္မွာစိုးရိမ္ၾကလို႔ပါဘဲလို႔ ဝန္ႀကီး Blinken ကေျပာပါတယ္။

[ACT 3 013: – DALET: POLICY/ACTUALITIES]“လူကုန္ကူးမႈ ျပႆနာကိုက်ေနာ္တို႔ တကယ္ အေလးအနက္ အဆံုးသတ္ခ်င္ၾကတယ္ဆိုရင္ေတာ့၊ ဘက္ေပါင္းစံုး၊ အလႊာအသီးသီးက အသိုင္းအဝိုင္းေတြအၾကား၊ တန္းတူညီမွ်မႈ ပိုမိုရရွိေစေရးတည္ေဆာက္ၾကဖို႔၊ လူမ်ိဳးေရးခြဲျခားမႈ၊ က်ားမခြဲျခားမႈအျပင္ တျခားခြဲျခားဆက္ဆံမႈပံုစံ အမ်ိဳးမ်ိဳးကို အျမစ္ကလွန္ သုတ္သင္ပစ္ဖို႔ မျဖစ္မေန ေဆာင္ရြက္ၾကရပါမယ္လို႔ ေျပာသြားတာပါ။[END ACT]

က်ေနာ္တို႔ ကမၻာႀကီးရင္ဆိုင္ေနရတဲ့ အေရးေပၚ စိန္ေခၚခ်က္ေတြ ရင္ဆိုင္ၾကရာမွာ၊ ဘယ္ႏိုင္ငံကမွ တႏိုင္ငံတည္းအေနနဲ႔ ေျဖရွင္းလို႔မရႏိုင္ပါဘူး။ အတူတကြ ေဆာင္ရြက္ၾကဖို႔လိုပါတယ္။ သတင္းအခ်က္အလက္ ေဝမွ်ၾကရပါမယ္။ အျပန္အလွန္ တာဝန္ခံမႈ၊ တာဝန္ယူမႈရွိၾကရပါမယ္။ ဒီလိုပူးေပါင္းေဆာင္ရြက္ျခင္းျဖင့္၊ လူတိုင္းလူတိုင္း စိတ္ခ်လံုျခံဳစြာ၊ သိကၡာရွိရွိေနထိုင္ႏိုင္ၾကၿပီး၊ လူကုန္ကူးသူေတြရဲ႕ ေခါင္းပံုျဖတ္ျခင္း အႏၲရာယ္က ကင္းေဝးတဲ့ ကမၻာႀကီးအျဖစ္ က်ေနာ္တို႔ ဖန္တီးႏိုင္ၾကမွာျဖစ္တယ္လို႔ အေမရိကန္ႏိင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

...................................................

{{Unicode}}

လူကုန်ကူးမှုဆိုတာဟာ လူ့အခွင့်အရေးကို မထေမဲ့မြင် လုပ်ခြင်းတရပ်ဖြစ်သလို၊ လူ့ဂုဏ်သိက္ခာကို စော်ကားမှုတရပ်လည်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုလိုက်ပါတယ်။လူကုန်ကူးမှုဟာ လူ့ဘောင်အသိုင်းအဝိုင်းနဲ့ စီးပွားရေးကို မတည်မငြိမ်ဖြစ်စေတယ်ဆိုတာ ကျနော်တို့သိပါတယ်လို့လည်း ဆိုပါတယ်။ ဒါ့ကြောင့်၊ လူကုန်ကူးမှု ဘယ်နေရာမှာဘဲဖြစ်ဖြစ် ဟန့်တားဖို့အတွက် ကျနော်တို့တနိုင်ငံချင်းစီသာမက၊ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ပါ အဘက်ဘက်က မဖြစ်မနေ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်လို့ Mr. Blinken ကပြောပါတယ်။

ကမ္ဘာတဝန်း လူဦးရေ ၂၅ သန်းနီးပါဟာ လူကုန်ကူးမှုရဲ့ သားကောင်တွေဖြစ်နေကြတယ်လို့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ခန့်မှန်းထားပါတယ်။ အဓမ္မအလုပ်စေခိုင်းတာနဲ့ လိင်ကုန်ကူးမှု ဆိုပြီး၊ လူကုန်ကူးမှု ပုံစံ နှစ်မျိုးနှစ်စားရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ခွဲခြားသတ်မှတ်ထားပါတယ်။ လူအများအပြားဆွဲ ဆောင်ဖျားယောင်းခံရပြီး ပြည့်တန်ဆာလုပ်ငန်းထဲ သိမ်းသွင်းခံကြရပါတယ်။ ဒါ့အပြင် လူအတော်များများဟာ စက်ရုံ၊ အလုပ်ရုံ၊ သတ္တုတွင်းတွေ၊ လယ်ကွင်းတွေမှာ အဓမ္မ အလုပ်ခိုင်းစေခံရသလို၊ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ စစ်သားစုဆောင်းခံရတာတွေလည်း ရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နှစ်ပတ်လည်လူကုန်ကူးမှု အစီရင်ခံစာကို ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာမှာ အပြည့်စုံဆုံး အရင်းအမြစ်တွေကို အခြေခံပြီး၊ အမေရိကန်ပြည်ထောင်စုအပါအဝင်၊ ကမ္ဘာတဝန်း အစိုးရတွေရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းမှုကို ဆန်းစစ်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။

အမေရိကန်အပါအဝင်နိုင်ငံတိုင်းမှာ လူကုန်ကူးသူတွေဟာ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေကို အမျိုးမျိုး အဆက်မပြတ်အသုံးချနေတာကြောင့်၊ သူတို့ထက်ဦးအောင် ကျနော်တို့ရဲ့ ကိုယ်ပိုင် မဟာဗျူဟာတွေကို မဖြစ်မနေ ထိရောက်မှုရှိအောင် ဆောင်ရွက်ကြရမှာဖြစ်သလို COVID-19 ကပ်ရောဂါကြောင့် လူကုန်ကူးမှုအပေါ်သက်ရောက်မှုကိုပါ ထည့်တွက်ကြရမှာဖြစ်တယ်လို့ ဝန်ကြီး Blinken ကပြောပါတယ်။

[ACT 1 0:19 – DALET: POLICY/ACTUALITIES]“လူကုန်ကူးသူတွေက သူတို့လုပ်ငန်းကြီးထွားအောင် အခြေအနေအပေါ် အခွင့်ကောင်းယူနေကြပါတယ်။ ကပ်ရောဂါကြောင့် စီးပွားရေးအကြပ်ရိုက်နေတဲ့၊ ထိခိုက်လွယ်သူတွေအပေါ် အမြတ်ထုတ်နေကြတာပါ။ စာသင်ကျောင်းတွေ၊ အလုပ်ခွင်တွေပိတ်ထားပြီး လူအတော်များများ Online ကနေ ဆက်သွယ်လုပ်ကိုင်နေကြရတဲ့အတွက် အင်တာနက်ပေါ်မှာ အချိန်အတော်ကြာရှိနေတာကို လူကုန်ကူးသူတွေက အခွင့်ကောင်းယူပြီး ဖျားယောင်းသိမ်းသွင်းနေကြတာတွေလည်းရှိနေတယ်လို့ ဝန်ကြီး Blinken ကပြောသွားတာပါ။ [END ACT]

အစိုးရကိုယ်တိုင် ကျောထောက်နောက်ခံပြုပြီး လူကုန်ကူးမှုတွေကိုအားပေးနေတဲ့နိုင်ငံတွေနဲ့ ပတ်သက်ပြီး ဒီနှစ် အစီရင်ခံစာက အာရုံစိုက် မှတ်တမ်းတင်ထားတယ်လို့ ဝန်ကြီး Blinken က အခုလိုပြောပါတယ်။

[ACT 2 0:13 – DALET: POLICY/ACTUALITIES]“အစိုးရကိုယ်တိုင် လူကုန်ကူးနေတဲ့ နိုင်ငံ ၁၁ နိုင်ငံကို မှတ်တမ်းတင်ထားတာပါ။ ဥပမာ၊ သူတို့ရဲ့ အထူးတလည်အရေးပါတဲ့ စီပွားရေးကဏ္ဍအတွက် လုပ်ငန်းစီမံကိန်းတွေမှာ အဓမ္မအလုပ်စေခိုင်းတာဟာလည်း လူကုန်ကူးမှုမြောက်ပါတယ် လို့ပြောသွားတာပါ။”[END ACT]

စံနစ်တကျ အကွက်ချပြီး တန်းတူညီမျှမှုမရှိတာနဲ့ လူကုန်ကူးမှုအကြား ဆက်စပ်မှုနဲ့ ပတ်သက်လို့ ဒီအစီရင်ခံစာမှာ အသေးစိတ် မှတ်တမ်းတင်ထားပါတယ်။ ဒါဟာ အမေရိကန်အပါအဝင် နိုင်ငံအတော်များများ ကိုင်တွယ်ကြရမယ့် ပြဿနာဖြစ်ပါတယ်။ လူကုန်ကူးသူတွေက ခွဲခြားဆက်ဆံခံနေရတဲ့ အသိုင်းအဝိုင်းကို အထူးသဖြင့် ဖျားယောင်းသွေးဆောင် နေကြလို့ဘဲဖြစ်ပါတယ်။ ဖျားယောင်းခံရသူတွေအနေနဲ့ သူတို့ မတရား အလွဲသုံးစားလုပ်ခံနေကြရတာကို တိုင်တန်းတာမလုပ်ကြသလို၊ တိုင်တန်းခဲ့လျင်လည်း အညှိုးထားခံရပြီး ပြဿနာတက်မှာစိုးရိမ်ကြလို့ပါဘဲလို့ ဝန်ကြီး Blinken ကပြောပါတယ်။

[ACT 3 013: – DALET: POLICY/ACTUALITIES]“လူကုန်ကူးမှု ပြဿနာကို ကျနော်တို့ တကယ် အလေးအနက် အဆုံးသတ်ချင်ကြတယ်ဆိုရင်တော့၊ ဘက်ပေါင်းစုံး၊ အလွှာအသီးသီးက အသိုင်းအဝိုင်းတွေအကြား၊ တန်းတူညီမျှမှု ပိုမိုရရှိစေရေးတည်ဆောက်ကြဖို့၊ လူမျိုးရေးခွဲခြားမှု၊ ကျားမခွဲခြားမှုအပြင် တခြားခွဲခြားဆက်ဆံမှုပုံစံ အမျိုးမျိုးကို အမြစ်ကလှန် သုတ်သင်ပစ်ဖို့ မဖြစ်မနေ ဆောင်ရွက်ကြရပါမယ်လို့ ပြောသွားတာပါ။[END ACT]

ကျနော်တို့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အရေးပေါ် စိန်ခေါ်ချက်တွေ ရင်ဆိုင်ကြရာမှာ၊ ဘယ်နိုင်ငံကမှ တနိုင်ငံတည်းအနေနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။ အတူတကွ ဆောင်ရွက်ကြဖို့လိုပါတယ်။ သတင်းအချက်အလက် ဝေမျှကြရပါမယ်။ အပြန်အလှန် တာဝန်ခံမှု၊ တာဝန်ယူမှုရှိကြရပါမယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့်၊ လူတိုင်းလူတိုင်း စိတ်ချလုံခြုံစွာ၊ သိက္ခာရှိရှိနေထိုင်နိုင်ကြပြီး၊ လူကုန်ကူးသူတွေရဲ့ ခေါင်းပုံဖြတ်ခြင်း အန္တရာယ်က ကင်းဝေးတဲ့ ကမ္ဘာကြီးအဖြစ် ကျနော်တို့ ဖန်တီးနိုင်ကြမှာဖြစ်တယ်လို့ အမေရိကန်နိင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG