Accessibility links

Breaking News

လူ႔အခြင့္အေရး အေလးထားေျပာၾကားခဲ့တဲ့ သမၼတဘိုင္ဒင္ ကုလသမဂၢမိန္႔ခြန္း


U.S. President Joe Biden speaks during the 76th Session of the U.N. General Assembly in New York City, Sept. 21, 2021.
U.S. President Joe Biden speaks during the 76th Session of the U.N. General Assembly in New York City, Sept. 21, 2021.

လူ႔အခြင့္အေရး အေလးထားေျပာၾကားခဲ့တဲ့ သမၼတဘိုင္ဒင္ ကုလသမဂၢမိန္႔ခြန္း

{{Zawgyi/Unicode}}

ကုလသမဂၢအေထြေထြညီလာခံမွာ ေျပာၾကားတဲ့ သမၼတ Joe Biden ရဲ႕ မိန္႔ခြန္းမွာ ကမ႓ာႀကီးရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ ေမွ်ာ္မွန္းခ်က္ကို အေလးေပးေျပာဆိုခဲ့ပါတယ္။ ေမြးရာပါလူ႔အခြင့္အေရး ေလးစားလိုက္နာမႈ တိုးတက္ေစဖို႔ကေတာ့ သမၼတရဲ႕ ထိပ္တန္းက ဦးစားေပးကိစၥရပ္ေတြထဲက တခ်က္ျဖစ္ပါတယ္။ အနာဂတ္ကို လူ႔ဂုဏ္သိကၡာကို တန္ဖိုးထားၾကသူေတြကသာပိုင္ဆိုင္ၾကရမွာျဖစ္ၿပီး၊ ဖ်က္ဆီးပစ္မယ့္သူေတြက ခ်ယ္လွယ္ရမွာမဟုတ္ပါဘူးလို႔ သမၼတ Biden ကေျပာပါတယ္။

“ကိုယ့္ျပည္သူေတြကို လြတ္လပ္စြာ အသက္ရွင္သန္ႏိုင္စြမ္းေပးႏိုင္သူေတြကသာ အနာဂတ္ကို ပိုင္စိုးၾကရမွာျဖစ္ပါတယ္။ မြန္းက်ပ္ၿပီး အသက္ရႈမရေအာင္ သံလက္သီးနဲ႔ အုပ္ခ်ဳပ္မယ့္သူေတြအတြက္ အနာဂတ္မျဖစ္ေစရပါဘူး။ ကမ႓ာေပၚမွာ ဒီမိုကေရစီတေခတ္ဆန္းၿပီး အာဏာရွင္စံနစ္ အဆံုးသတ္တဲ့ေခတ္ေရာက္ၿပီလို႔ ေၾကညာႏိုင္ေတာ့မယ္လို႔ ယူဆၾကေပမဲ့၊ တကယ္ေတာ့ အဆံုးမသတ္ေသးပါဘူးလို႔ေျပာသြားတာပါ။”

ကမ႓ာတဝန္း ေဒသအေတာ္မ်ားမ်ားမွာ ဒီမိုကေရစီေရးတက္ႂကြလႈပ္ရွားမႈေတြ ရွင္သန္ေနဆဲပါဘဲလို႔ သမၼတ Biden ကေျပာပါတယ္။

“Belarus, ျမန္မာ၊ ဆီးရီးယား၊ က်ဴးဘားနဲ႔ Venezuela အျပင္ တျခားႏိုင္ငံေတြမွာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးလႈပ္ရွားသူေတြ၊ လူ႔အခြင့္အေရးခုခံကာကြယ္သူေတြ၊ သတင္းသမားေတြ၊ ၿငိမ္းခ်မ္းေရးအတြက္ဆႏၵထုတ္ေဖၚသူေတြဟာ ေရွ႕တန္းကေန ႐ုန္းကန္ေနၾကဆဲျဖစ္ပါတယ္လို႔ ေထာက္ျပသြားတာပါ။”

ဆူဒန္ႏိုင္ငံမွာဆိုရင္လည္း လူ႔သဘာဝအေလ်ာက္ လြတ္လပ္စြာေနလိုၾကတဲ့ဆႏၵကို သတၱိရွိရွိ ထုတ္ေဖၚေနၾကတဲ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြဟာ လူမ်ိဳးတုန္းသတ္ျဖတ္ႏိုင္တဲ့ အာဏာရွင္ကိုဖယ္ရွားေရးနဲ႔ ဒီမိုကေရစီေရးအတြက္ ဒီေန႔အထိ အၾကမ္းဖက္ႏွိပ္ကြပ္မႈေတြၾကားက ၾကံ့ၾကံ့ခံတြန္းလွန္ေနၾကဆဲ ျဖစ္ပါတယ္။

ေမာ္လဒိုဗာႏိုင္ငံမွာေတာ့ အဂတိတိုက္ဖ်က္ေရးနဲ႔ အမ်ားပါဝင္ႏိုင္တဲ့ စီးပြားေရးစံနစ္ထူေထာင္ႏိုင္ဖို႔အတြက္ ဒီမိုကေရစီအင္အားစုေတြရဲ႕ တြန္းအားေတြနဲ႔အတူ ျပည္သူလူထုက ေရြးေကာက္ပြဲမွာ တခဲနက္ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဇမ္ဘီယာႏိုင္ငံမွာလည္း ပထမဆံုးမဲေပးခြင့္ရတဲ့ လူငယ္ေတြနဲ႔ အမ်ိဳးသမီးေတြ သန္းနဲ႔ခ်ီၿပီး သူတို႔ရဲ႕ ဆႏၵကို ထုတ္ေဖၚခဲ့ၾကပါတယ္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး၊ ႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းသစ္ ေဖၚေဆာင္ေရးအတြက္ မၾကံဳစဖူး သမိုင္းတြင္ရစ္ေအာင္ မဲေပးခဲ့ၾကတာျဖစ္ပါတယ္။

ဘယ္ဒီမိုကေရစီကမွ ျပည့္စံုတယ္ရယ္လို႔မရွိေပမဲ့၊ ဒီမိုကေရစီဟာ လူသားေတြအတြက္ အသင့္ေတာ္ဆံုး အေကာင္းဆံုးအရာအျဖစ္ရွိေနဆဲမို႔၊ ဒီမိုကေရစီထြန္းကားေရး ေဆာင္က်ဥ္းေပးေနတာျဖစ္လို႔ သမၼတ Biden ကေျပာပါတယ္။

“အရင္တုန္းက အနာဂတ္ကို တန္ဖိုးထား၊ အေမွ်ာ္အျမင္နဲ႔ စိတ္ပိုင္းျဖတ္ခ်က္ကို ယံုၾကည္မႈနဲ႔ စုစည္းၿပီး ကုလသမဂၢကို ထူေထာင္ခဲ့ၾကသူေတြလိုဘဲ က်ေနာ္တို႔ တန္းတူေဆာင္ရြက္ႏိုင္ၾကတယ္ဆိုတာကို ဒီအခိုက္အတန္႔မွာ မျဖစ္မေန သက္ေသျပၾကရမွာပါ။ လြန္ခဲ့တဲ့ အႏွစ္ ၇၀ ေက်ာ္က စစ္ပြဲသံသရာနဲ႔ ဖ်က္လိုဖ်က္ဆီးလုပ္ရပ္ေတြကို ရပ္တန္႔ၿပီး၊ အထိုက္အေလ်ာက္ၿငိမ္းခ်မ္းေရးနဲ႔ ကမ႓ာ့ သာယာဝေျပာေရးကို ကုလသမဂၢက အုတ္ျမစ္ခ်ခဲ့တာျဖစ္ပါတယ္။”

ဒါေပမဲ့ ဒါေတြအားလံုးဟာ မလြဲမေသြ ေရွာင္လြဲလို႔မရတဲ့အရာေတြမဟုတ္ပါဘူး။ ဒါဟာ ေရြးခ်ယ္မႈတရပ္ပါဘဲ။ က်ေနာ္ေျပာႏိုင္တာကေတာ့ အေမရိကန္ျပည္ေထာင္စု ဘယ္ေနရာရပ္တည္ေနသလဲဆိုတာကိုပါ။ က်ေနာ္တို႔ကေတာ့ ပိုၿပီးေကာင္းမြန္တဲ့အနာဂတ္ကို တည္ေဆာက္ဖို႔ဘဲေရြးခ်ယ္မွာျဖစ္တယ္လို႔ သမၼတ Joe Biden ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

..............................

လူ့အခွင့်အရေး အလေးထားပြောကြားခဲ့တဲ့ သမ္မတဘိုင်ဒင် ကုလသမဂ္ဂမိန့်ခွန်း

{{Unicode}}

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ သမ္မတ Joe Biden ရဲ့ မိန့်ခွန်းမှာ ကမ္ဘာကြီးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ မျှော်မှန်းချက်ကို အလေးပေးပြောဆိုခဲ့ပါတယ်။မွေးရာပါလူ့အခွင့်အရေး လေးစားလိုက်နာမှု တိုးတက်စေဖို့ကတော့ သမ္မတရဲ့ ထိပ်တန်းက ဦးစားပေးကိစ္စရပ်တွေထဲက တချက်ဖြစ်ပါတယ်။ အနာဂတ်ကို လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားကြသူတွေကသာပိုင်ဆိုင်ကြရမှာဖြစ်ပြီး၊ ဖျက်ဆီးပစ်မယ့်သူတွေက ချယ်လှယ်ရမှာမဟုတ်ပါဘူးလို့ သမ္မတ Biden ကပြောပါတယ်။

“ကိုယ့်ပြည်သူတွေကို လွတ်လပ်စွာ အသက်ရှင်သန်နိုင်စွမ်းပေးနိုင်သူတွေကသာ အနာဂတ်ကို ပိုင်စိုးကြရမှာဖြစ်ပါတယ်။ မွန်းကျပ်ပြီး အသက်ရှုမရအောင် သံလက်သီးနဲ့ အုပ်ချုပ်မယ့်သူတွေအတွက် အနာဂတ်မဖြစ်စေရပါဘူး။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီတခေတ်ဆန်းပြီး အာဏာရှင်စံနစ် အဆုံးသတ်တဲ့ခေတ်ရောက်ပြီလို့ ကြေညာနိုင်တော့မယ်လို့ ယူဆကြပေမဲ့၊ တကယ်တော့ အဆုံးမသတ်သေးပါဘူးလို့ပြောသွားတာပါ။”

ကမ္ဘာတဝန်း ဒေသအတော်များများမှာ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားမှုတွေ ရှင်သန်နေဆဲပါဘဲလို့ သမ္မတ Biden ကပြောပါတယ်။

“Belarus, မြန်မာ၊ ဆီးရီးယား၊ ကျူးဘားနဲ့ Venezuela အပြင် တခြားနိုင်ငံတွေမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးခုခံကာကွယ်သူတွေ၊ သတင်းသမားတွေ၊ ငြိမ်းချမ်းရေးအတွက်ဆန္ဒထုတ်ဖေါ်သူတွေဟာ ရှေ့တန်းကနေ ရုန်းကန်နေကြဆဲဖြစ်ပါတယ်လို့ ထောက်ပြသွားတာပါ။”

ဆူဒန်နိုင်ငံမှာဆိုရင်လည်း လူ့သဘာဝအလျောက် လွတ်လပ်စွာနေလိုကြတဲ့ဆန္ဒကို သတ္တိရှိရှိ ထုတ်ဖေါ်နေကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လူမျိုးတုန်းသတ်ဖြတ်နိုင်တဲ့ အာဏာရှင်ကိုဖယ်ရှားရေးနဲ့ ဒီမိုကရေစီရေးအတွက် ဒီနေ့အထိ အကြမ်းဖက်နှိပ်ကွပ်မှုတွေကြားက ကြံ့ကြံ့ခံတွန်းလှန်နေကြဆဲ ဖြစ်ပါတယ်။

မော်လဒိုဗာနိုင်ငံမှာတော့အဂတိတိုက်ဖျက်ရေးနဲ့ အများပါဝင်နိုင်တဲ့ စီးပွားရေးစံနစ်ထူထောင်နိုင်ဖို့အတွက် ဒီမိုကရေစီအင်အားစုတွေရဲ့ တွန်းအားတွေနဲ့အတူ ပြည်သူလူထုက ရွေးကောက်ပွဲမှာ တခဲနက် အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဇမ်ဘီယာနိုင်ငံမှာလည်း ပထမဆုံးမဲပေးခွင့်ရတဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေ သန်းနဲ့ချီပြီး သူတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ခဲ့ကြပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းသစ် ဖေါ်ဆောင်ရေးအတွက် မကြုံစဖူး သမိုင်းတွင်ရစ်အောင် မဲပေးခဲ့ကြတာဖြစ်ပါတယ်။

ဘယ်ဒီမိုကရေစီကမှ ပြည့်စုံတယ်ရယ်လို့မရှိပေမဲ့၊ဒီမိုကရေစီဟာ လူသားတွေအတွက် အသင့်တော်ဆုံး အကောင်းဆုံးအရာအဖြစ်ရှိနေဆဲမို့၊ ဒီမိုကရေစီထွန်းကားရေး ဆောင်ကျဉ်းပေးနေတာဖြစ်လို့ သမ္မတ Biden ကပြောပါတယ်။

“အရင်တုန်းက အနာဂတ်ကို တန်ဖိုးထား၊ အမျှော်အမြင်နဲ့ စိတ်ပိုင်းဖြတ်ချက်ကို ယုံကြည်မှုနဲ့ စုစည်းပြီး ကုလသမဂ္ဂကို ထူထောင်ခဲ့ကြသူတွေလိုဘဲ ကျနော်တို့ တန်းတူဆောင်ရွက်နိုင်ကြတယ်ဆိုတာကို ဒီအခိုက်အတန့်မှာ မဖြစ်မနေ သက်သေပြကြရမှာပါ။လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်က စစ်ပွဲသံသရာနဲ့ ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေကို ရပ်တန့်ပြီး၊ အထိုက်အလျောက်ငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ သာယာဝပြောရေးကို ကုလသမဂ္ဂက အုတ်မြစ်ချခဲ့တာဖြစ်ပါတယ်။”

ဒါပေမဲ့ ဒါတွေအားလုံးဟာ မလွဲမသွေ ရှောင်လွဲလို့မရတဲ့အရာတွေမဟုတ်ပါဘူး။ ဒါဟာ ရွေးချယ်မှုတရပ်ပါဘဲ။ ကျနော်ပြောနိုင်တာကတော့ အမေရိကန်ပြည်ထောင်စု ဘယ်နေရာရပ်တည်နေသလဲဆိုတာကိုပါ။ ကျနော်တို့ကတော့ ပိုပြီးကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ဖို့ဘဲရွေးချယ်မှာဖြစ်တယ်လို့ သမ္မတ Joe Biden ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG