Accessibility links

Breaking News

နည္းပညာသံုး ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈ တိုက္ဖ်က္ေရး အေမရိကန္လုပ္ေဆာင္မည္


Protesters wave a flag commemorating the Feb. 20 Moroccan Arab Spring movement, during a demonstration in Rabat, Morocco, Feb. 20, 2019.
Protesters wave a flag commemorating the Feb. 20 Moroccan Arab Spring movement, during a demonstration in Rabat, Morocco, Feb. 20, 2019.

နည္းပညာသံုး ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈ တိုက္ဖ်က္ေရး အေမရိကန္လုပ္ေဆာင္မည္

{{Zawgyi/Unicode}}

ၿပီးခဲ့တဲ့ ၁၀ ႏွစ္တာကာလေတြတုံးက လူမႈဆက္သြယ္ေရးကြန္ရက္ (Social Media) ဟာ အာရပ္ေႏြဦးမွာ အာဏာရွင္ေတြကို ျဖဳတ္ခ်ေရးမွာ အေထာက္အပံ့ျဖစ္ေစခဲ့တယ္လို႔ အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီ USAID အႀကီးအကဲ Samantha Power ကေျပာခဲ့ပါတယ္။ ဒီေန႔ကာလမွာေတာ့ ဒါနဲ႔ေျပာင္းျပန္ျဖစ္လာၿပီး၊ ၿပီးခဲ့တဲ့ဆယ္စုႏွစ္ႏွစ္ခု နည္းပညာဆိုင္ရာတိုးတက္မႈေတြနဲ႔အတူ ဒီမိုကေရစီဆုတ္ယုတ္က်ဆင္းမႈေတြမွာ ျဖစ္လာတယ္လို႔ Samantha Power ကေျပာပါတယ္။

“ဒစ္ဂ်စ္တယ္နည္းပညာပိုင္းကေန ႀကီမားတဲ့ သိပၸံနဲ႔စီးပြားတိုးတက္မႈ အက်ိဳးရလာဒ္ေတြကို က်မတို ႔ေန႔စဥ္ရရွိခံစားေနသလို၊ အစိုးရေတြရဲ႕ ေစာင့္ၾကည့္မႈ ဆင္ဆာျဖတ္ေတာက္မႈ ဖိႏွိပ္မႈေတြဟာလည္း မႀကဳံစဖူးျဖစ္လာပါတယ္။ အာဏာရွင္ေတြဟာ အင္တာနက္၊ လူမႈကြန္ရက္နဲ႔ဉာဏ္ရည္တုအပါအဝင္ အခ်က္အလက္ေပါင္းမ်ားစြာကို ေလ့လာသင္ယူကုန္ၾကၿပီး အရင္ကထက္ကို လက္စြမ္းထက္လာပါတယ္”

အာဏာရွင္ေတြရဲ႕ ဒစ္ဂ်စ္တယ္နည္းပညာအသုံးခ်မႈ ဆန္႔က်င္တိုက္ဖ်က္ေရး ဒီမိုကေရစီထိပ္သီေဆြးေႏြးပြဲတခုမွာ USAID အုပ္ခ်ဳပ္ေရးမႈး Power က အခုလို မွတ္ခ်က္ေပးေျပာၾကားခဲ့တာျဖစ္ၿပီး၊ အေမရိကန္အပါအဝင္ ဒီမိုကေရစီအစိုးရေတြဟာ ကမာၻတလႊား ဒစ္ဂ်စ္တယ္အသုံးခ်ဖိႏွိပ္မႈေတြကို သေဘာေပါက္နားလည္လာဖို႔ ဒါမွမဟုတ္ ျပင္းျပင္းထန္ထန္ အေရးယူေဆာင္႐ြက္ဖို ႔ေႏွးေကြးလြန္းေနတယ္လို႔ဆိုပါတယ္။

“ကမာၻေပၚက လူဦးေရ ၃.၈ ဘီလ်ံေလာက္ အင္တာနက္သုံးစြဲေနၾကတာပါ။ မႏွစ္ကဆိုရင္ ကမာၻ႔အင္တာနက္သုံးစြဲမႈ သုံးပုံႏွစ္ပုံအမ်ားစုရွိတဲ့ တိုင္းျပည္ေတြကအစိုးရေတြဟာ အင္တာနက္သုံးစြဲသူေတြကို သူတို႔ရဲ႕ ႏိုင္ငံေရး ဒါမွမဟုတ္ လူမႈေရးအျမင္ေတြကို အြန္လိုင္းမွာေဖာ္ျပၾကလို႔ဖမ္းဆီးေထာင္ခ်ၾကရပါတယ္။ ဒီအတိုင္း လုပ္ခြင့္ေပးလိုက္ရင္ အနာဂတ္ကို အာဏာရွင္ေတြကပဲ ပိုင္စိုးသြားပါလိမ့္မယ္”

ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးအတြက္ သမၼတရဲ႕ အစီအစဥ္ တစိတ္တပိုင္းအျဖစ္၊ အေမရိကန္ျပည္ေထာင္စု ကနဦးေဆာင္႐ြက္ရမွာတာေတြ အဆိုျပဳထားပါတယ္။

ဦးစြာပထမ USAID အေနနဲ႔ ဒစ္ဂ်စ္တယ္ နည္းပညာကို အသုံးျပဳၿပီး ဒီမိုကေရစီကို ခ်ဲ႕ထြင္ရာမွာ ႏွစ္စဥ္သုံးစရိတ္ကို ေဒၚလာ သန္း ၂၀ တိုးျမႇင့္ၿပီး ရင္းႏွီးျမႇပ္ႏွံမွာျဖစ္ပါတယ္။

ဒုတိယအေနနဲ႔ လူ႔အခြင့္အေရးကို ဆိုးဆိုး႐ြား႐ြားထိပါးေစရာမွာသုံးတဲ့ နည္းပညာနဲ႔ ေဆာ့ဖ္ဝဲေတြ ပ်ံ႔ႏွံ႔မႈ ကာကြယ္ဖို႔ အေမရိကန္ျပည္ေထာင္စုနဲ႔ မိတ္ဖက္တိုင္းျပည္ေတြဟာ ထိန္းခ်ဳပ္မႈေတြလုပ္သြားပါမယ္။

တတိယအေနနဲ႔ အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရး စာခ်ဳပ္စာတမ္းနဲ႔ တရားဥပေဒစိုးမိုးေရးေတြနဲ႔အညီ အစိုးရေတြအေနနဲ႔ ေစာင့္ၾကည္ေရး နည္းပညာေတြ ဘယ္လိုသုံးၿပီး လိုက္နာမလဲဆိုတာ ေစာင့္ၾကည္တဲ့ အေျခခံက်တဲ့စည္းမ်ဥ္းေတြကို အေမရိကန္ ကေနဒါနဲ႔ ဒိန္းမတ္ႏိုင္ငံေတြကလုပ္ေဆာင္ပါမယ္။

စတုတၳအခ်က္အေနနဲ အနာဂါတ္ နည္းပညာနယ္ပယ္မွာ ဒီမိုကေရစီတန္ဖိုးေတြကို တည္ေဆာက္ဖို႔အတြက္ နည္းပညာပိုင္း စိန္ေခၚမႈေတြကိုေျဖရွင္းဖို႔ ရန္ပုံေငြေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

ပၪၥမအခ်က္အေနနဲ႔ဆင္ဆာကိုေက်ာ္ျဖတ္တဲ့ နည္းပညာအတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ရံပုံေငြသစ္ေတြသုံးၿပီး၊ ဖိႏွိပ္ခံေနရတဲ့လူ႔အဖြဲ႕အစည္းေတြမွာ အင္တာနက္လြတ္လပ္ခြင့္ရွိလာေစဖို႔ ကူညီမွာျဖစ္ပါတယ္။

ေနာက္ဆုံးအေနနဲ႔ အေမရိကန္နဲ႔ မိတ္ဖက္တိုင္းျပည္ေတြဟာ ကမာၻလုံးဆိုင္ရာ အင္တာနက္စီမံအုပ္ခ်ဳပ္ေရးစနစ္ကို ေဝမွ်တာဝန္ယူဖို႔ ခိုင္ခိုင္မာမာ ရည္႐ြယ္ထားတာျဖစ္ပါတယ္။

နည္းပညာေလာကမွာ သြက္သြက္လက္လက္ ၿဖိဳခ်ပစ္တာဟာ ေအာင္ျမင္ေရး ဂါဌာယႏၷယားတရပ္ျဖစ္ၿပီး အေတာ္မ်ားမ်ားဟာလည္း ၿပိဳက်ခဲ့ၿပီးျဖစ္တာမို႔ အခုကစၿပီး ဒီမိုကေရစီကို ျပန္လည္ကုစားဖို႔ အရင္ကထက္ သြက္သြက္လက္လက္ လုပ္ေဆာင္ၾကဖို႔ က်မတို႔အားလုံးမွာ တာဝန္ရွိတယ္လို႔လည္း Samantha Power က ေျပာဆိုသြားပါတယ္။

.....................................................


နည်းပညာသုံး ဖိနှိပ်ချုပ်ချယ်မှု တိုက်ဖျက်ရေး အမေရိကန်လုပ်ဆောင်မည်

{{Zawgyi/Unicode}}

ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလတွေတုံးက လူမှုဆက်သွယ်ရေးကွန်ရက် (Social Media) ဟာ အာရပ်နွေဦးမှာ အာဏာရှင်တွေကို ဖြုတ်ချရေးမှာ အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID အကြီးအကဲ Samantha Power ကပြောခဲ့ပါတယ်။ ဒီနေ့ကာလမှာတော့ ဒါနဲ့ပြောင်းပြန်ဖြစ်လာပြီး၊ ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခု နည်းပညာဆိုင်ရာတိုးတက်မှုတွေနဲ့အတူ ဒီမိုကရေစီဆုတ်ယုတ်ကျဆင်းမှုတွေမှာ ဖြစ်လာတယ်လို့ Samantha Power ကပြောပါတယ်။

“ဒစ်ဂျစ်တယ်နည်းပညာပိုင်းကနေ ကြီမားတဲ့ သိပ္ပံနဲ့စီးပွားတိုးတက်မှု အကျိုးရလာဒ်တွေကို ကျမတို့နေ့စဉ်ရရှိခံစားနေသလို၊ အစိုးရတွေရဲ့ စောင့်ကြည့်မှု ဆင်ဆာဖြတ်တောက်မှု ဖိနှိပ်မှုတွေဟာလည်း မကြုံစဖူးဖြစ်လာပါတယ်။ အာဏာရှင်တွေဟာ အင်တာနက်၊ လူမှုကွန်ရက်နဲ့ဉာဏ်ရည်တုအပါအဝင် အချက်အလက်ပေါင်းများစွာကို လေ့လာသင်ယူကုန်ကြပြီး အရင်ကထက်ကို လက်စွမ်းထက်လာပါတယ်”

အာဏာရှင်တွေရဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု ဆန့်ကျင်တိုက်ဖျက်ရေး ဒီမိုကရေစီထိပ်သီဆွေးနွေးပွဲတခုမှာ USAID အုပ်ချုပ်ရေးမှုး Power က အခုလို မှတ်ချက်ပေးပြောကြားခဲ့တာဖြစ်ပြီး၊ အမေရိကန်အပါအဝင် ဒီမိုကရေစီအစိုးရတွေဟာ ကမ္ဘာတလွှား ဒစ်ဂျစ်တယ်အသုံးချဖိနှိပ်မှုတွေကို သဘောပေါက်နားလည်လာဖို့ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့နှေးကွေးလွန်းနေတယ်လို့ဆိုပါတယ်။

“ကမ္ဘာပေါ်က လူဦးရေ ၃.၈ ဘီလျံလောက် အင်တာနက်သုံးစွဲနေကြတာပါ။ မနှစ်ကဆိုရင် ကမ္ဘာ့အင်တာနက်သုံးစွဲမှု သုံးပုံနှစ်ပုံအများစုရှိတဲ့ တိုင်းပြည်တွေကအစိုးရတွေဟာ အင်တာနက်သုံးစွဲသူတွေကို သူတို့ရဲ့ နိုင်ငံရေး ဒါမှမဟုတ် လူမှုရေးအမြင်တွေကို အွန်လိုင်းမှာဖော်ပြကြလို့ဖမ်းဆီးထောင်ချကြရပါတယ်။ ဒီအတိုင်း လုပ်ခွင့်ပေးလိုက်ရင် အနာဂတ်ကို အာဏာရှင်တွေကပဲ ပိုင်စိုးသွားပါလိမ့်မယ်”

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတရဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ်၊ အမေရိကန်ပြည်ထောင်စု ကနဦးဆောင်ရွက်ရမှာတာတွေ အဆိုပြုထားပါတယ်။

ဦးစွာပထမ USAID အနေနဲ့ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး ဒီမိုကရေစီကို ချဲ့ထွင်ရာမှာ နှစ်စဉ်သုံးစရိတ်ကို ဒေါ်လာ သန်း ၂၀ တိုးမြှင့်ပြီး ရင်းနှီးမြှပ်နှံမှာဖြစ်ပါတယ်။

ဒုတိယအနေနဲ့ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွားထိပါးစေရာမှာသုံးတဲ့ နည်းပညာနဲ့ ဆော့ဖ်ဝဲတွေ ပျံ့နှံ့မှု ကာကွယ်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဖက်တိုင်းပြည်တွေဟာ ထိန်းချုပ်မှုတွေလုပ်သွားပါမယ်။

တတိယအနေနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး စာချုပ်စာတမ်းနဲ့ တရားဥပဒေစိုးမိုးရေးတွေနဲ့အညီ အစိုးရတွေအနေနဲ့ စောင့်ကြည်ရေး နည်းပညာတွေ ဘယ်လိုသုံးပြီး လိုက်နာမလဲဆိုတာ စောင့်ကြည်တဲ့ အခြေခံကျတဲ့စည်းမျဉ်းတွေကို အမေရိကန် ကနေဒါနဲ့ ဒိန်းမတ်နိုင်ငံတွေကလုပ်ဆောင်ပါမယ်။

စတုတ္ထအချက်အနေနဲ အနာဂါတ် နည်းပညာနယ်ပယ်မှာ ဒီမိုကရေစီတန်ဖိုးတွေကို တည်ဆောက်ဖို့အတွက် နည်းပညာပိုင်း စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ ရန်ပုံငွေထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ပဉ္စမအချက်အနေနဲ့ ဆင်ဆာကိုကျော်ဖြတ်တဲ့ နည်းပညာအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ရံပုံငွေသစ်တွေသုံးပြီး၊ ဖိနှိပ်ခံနေရတဲ့လူ့အဖွဲ့အစည်းတွေမှာ အင်တာနက်လွတ်လပ်ခွင့်ရှိလာစေဖို့ ကူညီမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အမေရိကန်နဲ့ မိတ်ဖက်တိုင်းပြည်တွေဟာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်စီမံအုပ်ချုပ်ရေးစနစ်ကို ဝေမျှတာဝန်ယူဖို့ ခိုင်ခိုင်မာမာ ရည်ရွယ်ထားတာဖြစ်ပါတယ်။

နည်းပညာလောကမှာ သွက်သွက်လက်လက် ဖြိုချပစ်တာဟာ အောင်မြင်ရေး ဂါဌာယန္နယားတရပ်ဖြစ်ပြီး အတော်များများဟာလည်း ပြိုကျခဲ့ပြီးဖြစ်တာမို့ အခုကစပြီး ဒီမိုကရေစီကို ပြန်လည်ကုစားဖို့ အရင်ကထက် သွက်သွက်လက်လက် လုပ်ဆောင်ကြဖို့ ကျမတို့အားလုံးမှာ တာဝန်ရှိတယ်လို့လည်း Samantha Power က ပြောဆိုသွားပါတယ်။

XS
SM
MD
LG