လွန်ခဲ့တဲ့နှစ်အတွင်း ကမ္ဘာအနှံ့ လက်နက်ကိုင်ပဋိပက္ခပေါင်း ၁၀၀ လောက်အပြင်း အထန်ဖြစ်ပွားခဲ့တယ်လို့ မေလအစော ပိုင်းတုန်းက ကုလသမဂ္ဂကအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ဒီပဋိပက္ခတွေဟာ ပျမ်းမျှအားဖြင့်နှစ်ပေါင်း ၃၀ ကျော်လောက် ကြာမြင့်ပြီဖြစ်ပြီး၊ အရပ်သား ပြည်သူတွေဟာအခက်အခဲအကျပ်အတည်းတွေကို နှစ်ပေါင်းများစွာခံစားခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်အတွင်းလက်နက်ကိုင်ပဋိပက္ခ ၁၂ ခုမှာ အရပ်သား ၁ သောင်း ၇ ထောင်ကျော် သေဆုံးခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်ကထက် ၅၃ ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ မှတ်တမ်းပြုစုထားကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိ ကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ် ကပြောဆိုခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲတခု ထဲမှာတင်အရပ်သား ၈၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ကုလသမဂ္ဂကပြောဆိုထားပါတယ်။ တကယ်တမ်းသေဆုံးသူအရေ အတွက်ဟာဒီထက်ပိုများနိုင်ပါတယ်၊ ဒါဟာရုရှားရဲ့ ယူကရိန်းအပေါ်ရန်လိုကျူးကျော်မှုအတွက် ပေးဆပ်လိုက်ရတဲ့လူ့ အသက်တွေဘဲဖြစ်ပါတယ်လို့ သံအမတ်ကြီး သောမတ်ဂရင်းဖီး ကပြောဆိုခဲ့ပါတယ်။
“ ဒီစစ်ပွဲကြောင့် ထိခိုက်ပျက်စီးရတာတွေဟာယူကရိန်းတင်မကဘဲ ယူကရိန်းကနေအလှမ်းဝေးတဲ့ နိုင်ငံတွေကအရပ်သားပြည်သူတွေအပေါ်ကိုပါကျရောက်ခဲ့ပါတယ်။ ဒီပဋိပက္ခကြောင့် လူသန်းပေါင်းများစွာဟာ စားနပ်ရိက္ခာမလုံလောက် တဲ့ဘေးနဲ့ကြုံရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယူကရိန်းစစ်ပွဲမှာ ရုရှားကစားနပ်ရိက္ခာကိုလက်နှက်တခုလိုအသုံး ချနေလို့ပါဘဲ။”
ဒါ့အပြင် ဘယ်တော့အိမ်ပြန်ရမယ်ဆိုတာမသေခြာတဲ့ အိုးအိမ်စွန့်ခွါထွက်ပြေးရသူတွေကို ကာကွယ်ဖို့နဲ့ ကူညီထောက်ပံ့ ပေးဖို့ဟာလည်းဆက်လက်လိုအပ်နေဆဲဖြစ်ပါတယ်လို့ သောမတ်စ် ဂရင်းဖီးလ်ကပြောဆိုခဲ့ပါတယ်။
“ လူပေါင်းသန်း ၁၀၀ ကျော်လောက်ဟာလည်း ပဋိပက္ခတွေ၊ အကြမ်းဖက်တိုက်ခိုက်မှု၊ ညှင်းပန်း နှိပ်စက်မှု၊ လူ့အခွင့် အရေးချိုးဖေါက်မှုနဲ့ မတော်မရားပြုကျင့်မှုတွေကြောင့် အိုအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရပါတယ်။ ဗာကီနာဖာဆို၊ ဆိုမားလီးယား၊ မြန်မာနဲ့ ယူကရိန်း နိုင်ငံတွေမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့အကျပ်တည်းတွေ အလျင်အမြန်ကြီးမားလာနေပါတယ်။ ဆူဒန်က ပဋိပက္ခကြောင့်လည်းနောက်ထပ် အိုးအိမ်စွန့်ခွါထွက်ပြေးရသူ တသန်းလောက်တိုးလာ နိုင်တယ် လို့ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီကပြောဆိုထားပါတယ်”
အစာရေစာငတ်မွတ်မှုအန္တရယ်ကိုအဆုံးသတ်နိုင်ရေးနဲ့ လူ့အသက်တွေကယ်ဆယ်နိုင်ရေး အတွက်လည်း အားလုံးအပြင်းအထန်ဝိုင်းဝန်းလုပ်ဆောင်ကြဖို့လိုပါတယ်။ တချိန်ထဲမှာဘဲ အခက်အခဲ ကြုံနေရသူတွေထံကို အကူအညီတွေ ရောက်အောင်မပေးပို့နိုင်ဘူးဆိုရင် ကမ္ဘာပေါ်က အကူအညီလိုအပ်နေသူတွေဟာ ဘယ်လို အကူအညီအထောက် အပံ့မျိုးကိုမှရရှိမှာမဟုတ်ဘူးဆိုတာကိုသိရှိနားလည်ထားဖို့လိုပါတယ်လို့ သံအမတ်ကြီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။
“ မကြာခဏဆိုသလိုဘဲ၊ ကမ္ဘာအနှံ့က စိုးရိမ်ထိတ်လန့်နေတဲ့အဖွဲ့အစည်းတွေဟာ လူသားခြင်းစာနာမှုအကူအညီပေး တာတွေကိုပိတ်ဆို့တားဆီးလေ့ရှိပါတယ်။ ဒါ့အပြင် အခြားသူတွေရဲ့အသက်ကိုကယ်တင်ဖို့၊ ကိုယ့်အသက်ကိုစွန့်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ အကူအညီပေးရေးဝန်ထမ်းတွေကိုလည်းပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပါတယ်”
လွန်ခဲ့တဲ့နှစ်ထဲမှာ လူသားခြင်းစာနာမှုနဲ့ ကျန်မာရေးဆိုင်ရာကူညီစောင့်ရှောက်မှုပေးတဲ့ ဝန်ထမ်းပေါင်း ၂၅၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် အများအပြားဒဏ်ရာရခဲ့ပြီး တိုက်ခိုက်ခံရတာ၊ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေပြန်ပေးဆွဲခံရတာတွေဆက်လက်ဖြစ်ပေါ် နေပါတယ်။ အကူအညီပေးရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖေါက်တာ ဖြစ်တဲ့အတွက် တကမ္ဘာလုံးကဝိုင်းဝန်းရှုံချကန့်ကွက်ရမှာဖြစ်ပါတယ်။”
လက်နက်ကိုင်ပဋိပက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ အရပ်သားပြည်သူတွေကို အကာကွယ်ပေး နိုင်ဖို့ အားလုံ ပိုမိုလက်တွဲလုပ်ဆောင်ရပါမယ်။ ဒီလိုဒုက္ခခံစားနေရမှုတွေနဲ့ပတ်သက်ပြီး အာလုံးရဲ့ တူညီတဲ့လူသားဆန်မှုတွေကို ပြသဖို့လိုပါတယ်။ ဒုက္ခခံစားနေရမှုတွေသက်သာလျော့ပါးစေဖို့၊ ပိုမိုငြိမ်းချမ်းစေဖို့နဲ့ အားလုံးအတွက်အနာဂတ် တခုကိုဖန်တီးပေးနိုင်ဖို့အတွက် လုပ်ဆောင် နိုင်မသမျှအရာအားလုံးကို အစွမ်းကုန်လုပ်ဆောင်ကြပါစို့လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ် ကပြောဆိုခဲ့ပါတယ်။