Accessibility links

Breaking News

ေဒၚေအာင္ဆန္းစုၾကည္ ေထာင္ဒဏ္ခ်မွတ္ခံရမႈ အေမရိကန္႐ႈတ္ခ်


ေဒၚေအာင္ဆန္းစုၾကည္ (စက္တင္ဘာ ၁၃၊ ၂၀၁၈) (ယခင္)
ေဒၚေအာင္ဆန္းစုၾကည္ (စက္တင္ဘာ ၁၃၊ ၂၀၁၈) (ယခင္)

ေဒၚေအာင္ဆန္းစုၾကည္ ေထာင္ဒဏ္ခ်မွတ္ခံရမႈ အေမရိကန္႐ႈတ္ခ် {{Zawgyi/Unicode}}

ျမန္မာစစ္တပ္က ဖမ္းဆီးထိန္းသိမ္းထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္အထူးတရား႐ုံးတခုက ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ေထာင္ဒဏ္ ၄ ႏွစ္ထပ္ၿပီး ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။ walkie-taklie စကားေျပာစက္ေတြ တရားမဝင္တင္သြင္းအသုံးျပဳမႈမွာ ဆက္သြယ္ေရးဥေပးခ်ိဳးေဖာက္တယ္ဆိုၿပီး ဆုံးျဖတ္ခဲ့သလို ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ကန႔္သတ္ခ်က္ ခ်ိဳးေဖာက္ခဲ့တယ္ဆိုတဲ့ စြဲခ်က္ေတြနဲ႔ျပစ္ဒဏ္ခ်မွတ္ခဲ့တာပါ။ ၂၀၂၁ ဒီဇင္လာ ၆ ရက္ေန႔တုန္းကလည္း အမ်ားျပည္သူ တည္ၿငိမ္မႈ ပ်က္ျပားေအာင္လုပ္ေဆာင္မႈအျပင္ ကိုဗစ္ကန႔္သတ္ခ်က္ ခ်ိဳးေဖာက္မႈစြဲခ်က္နဲ႔၂၀၂၁ ဒီဇင္ဘာ၆ရက္ေန႔ကလည္း ျပစ္ဒဏ္ေတြခ်မွတ္ထားပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဲဒီထဲက ျပစ္ဒဏ္ ၂ ႏွစ္ေလ်ာ့ေပါ့ေပးခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ဆက္ၿပီးရင္ဆိုင္ေနရတဲ့ စြဲခ်က္ေပါင္း ၁၀ ခုထက္မနည္းရွိေနပါေသးတယ္။ စြဲခ်က္ေတြမွာ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ခဲ့မယ္ဆိုရင္ေတာ့ ေထာင္ဒဏ္ႏွစ္တရာထိ က်ခံရႏိုင္ပါတယ္။ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး Michelle Bachelet ကလည္း ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ေနရတဲ့လုပ္ႀကံ စြဲဆိုခ်က္ေတြကို စစ္အစိုးရထိန္းခ်ဳပ္ထားတဲ့ တရား႐ုံးမွာ ၾကားနာၿပီး အျပစ္ရွိေၾကာင္းဆုံးျဖတ္ခဲ့တာဟာ ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ တမင္ခ်မွတ္ခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လူ႔အခြင့္အေရးေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ HRW ရဲ႕ အာရွေရးရာ လက္ေထာက္ ၫႊန္ၾကားေရးမႉး Phil Robertson ကလည္း ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ထဲမွာဆက္ၿပီးထိန္းသိမ္းထားႏိုင္ေအာင္ စစ္တပ္ဖက္ ျပစ္မႈေတြတခုၿပီးတခု စြပ္စြဲေနတဲ့လုပ္ရပ္သာျဖစ္တယ္လို႔ ေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price ကလည္း ဒီမိုကေရစီနည္းက်ေ႐ြးေကာက္တင္ေျမႇာက္ခံထားရသူေတြ၊ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ တရားလက္လြတ္ဖမ္းဆီးခံထားရသူအားလုံး စစ္ေကာင္စီက ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

စစ္ေကာင္စီရဲ႕ ဟန္ျပတရားစီရင္ေရးစံနစ္ေတြဟာ အတိုက္အခံႏိုင္ငံေရးသမားေတြနဲ႔ တရားဥပေဒစိုးမိုးေရးကို တိုက္ခိုက္ဖို႔၊ ျမန္မာျပည္သူျပည္သားေတြအေပၚ အၾကမ္းဖက္မႈေတြဆက္ၿပီးက်ဴးလြန္ဖို သက္သက္သာျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေရး အလြန္အေရးႀကီးေနၿပီဆိုတာ မီးေမွာင္းထိုးျပလိုက္တာျဖစ္ပါတယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူ Ned Price ကေျပာဆိုခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ NLD ရဲ႕ေခါင္းေဆာင္ျဖစ္ပါတယ္။ ၂၀၂၀ ႏိုဝင္ဘာလမွာက်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ NLD ပါတီက လႊတ္ေတာ္အမတ္ေနရာအမ်ားစုမွာ အႏိုင္ရခဲ့ပါတယ္။ ျမန္မာစစ္တပ္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီကေတာ့ လႊတ္ေတာ္အမတ္ေနရာ ၄၇၆ ထဲမွာ အမတ္ေနရာ ၃၃ ခုသာအႏိုင္ရခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာေတာ့ ျမန္မာစစ္တပ္က တိုင္းျပည္အာဏာကို သိမ္းယူခဲ့ပါတယ္။

အာဏာသိမ္းၿပီးတဲ့ေနာက္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔အတူ ေဒၚေအာင္ဆန္းစုၾကည္အဖမ္းခံခဲ့ရသလို ဝန္ႀကီးအေတာ္မ်ားမ်ားနဲ႔ ဒုဝန္ႀကီးေတြ၊ လႊတ္ေတာ္အမတ္ေတြပါအဖမ္းခံခဲ့ရတာပါ။ေဒၚေအာင္ဆန္းစုၾကည္ကို ျပစ္မႈေပါင္းစုံနဲ႔ စြဲခ်က္တင္ထားေပမယ့္ ျပည္သူေတြရဲ႕ ေထာက္ခံမႈကေတာ့ က်ဆင္းမသြားပါဘူး။ ဒီကေန႔ထိလည္း ျပည္သူ႔ေထာက္ခံမႈ ၈၀ ရာခိုင္ႏႈန္းထိရွိေနပါတယ္။

စစ္အာဏာရွင္လက္ေအာက္မွာ တေန႔ တရက္ေလးေတာင္ထပ္ၿပီ္းမေနခ်င္ၾကဘူးဆိုတာကို ျမန္မာျပည္သူေတြဆက္ၿပီးျပသေနပါတယ္။ ဒီမိုကေရစီေရးလမ္းေၾကာင္းေပၚျပန္ေရာက္ဖို႔ ၿငိမ္းခ်မ္းစြာႀကိဳးပမ္းလုပ္ကိုင္ေနတဲ့ ျမန္မာျပည္သူျပည္သားေတြကို အေမရိကန္ျပည္ေထာင္စုက ဆက္ၿပီးအားေပးေထာက္ခံသြားမွာပါလို႔လည္း ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Price ကေျပာပါတယ္။

ျပည္သူ႔အက်ိဳးစီးပါြးအတြက္ေရွးရႈၿပီး ၿငိမ္းခ်မ္းစြာအေျဖရွာႏိုင္ေရး ဘက္ေပါင္းစုံပါဝင္ၿပီး အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈေတြလုပ္ဖို႔ ျမန္မာစစ္တပ္ကို အေမရိကန္ျပည္ေထာင္စုက ဆက္ၿပီးေတာင္းဆိုပါတယ္လို႔လည္း မစၥတာ Price ကေျပာဆိုခဲ့ပါတယ္။

............................................................

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံရမှု အမေရိကန်ရှုတ်ချ

{{Unicode}}

မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အထူးတရားရုံးတခုက ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ်ထပ်ပြီး ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ walkie-taklie စကားပြောစက်တွေ တရားမဝင်တင်သွင်းအသုံးပြုမှုမှာ ဆက်သွယ်ရေးဥပေးချိုးဖောက်တယ်ဆိုပြီး ဆုံးဖြတ်ခဲ့သလို ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက် ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ၂၀၂၁ ဒီဇင်လာ ၆ ရက်နေ့တုန်းကလည်း အများပြည်သူ တည်ငြိမ်မှု ပျက်ပြားအောင်လုပ်ဆောင်မှုအပြင် ကိုဗစ်ကန့်သတ်ချက် ချိုးဖောက်မှုစွဲချက်နဲ့ ၂၀၂၁ ဒီဇင်ဘာ၆ရက်နေ့ကလည်း ပြစ်ဒဏ်တွေချမှတ်ထားပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီထဲက ပြစ်ဒဏ် ၂ နှစ်လျော့ပေါ့ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆက်ပြီးရင်ဆိုင်နေရတဲ့ စွဲချက်ပေါင်း ၁၀ ခုထက်မနည်းရှိနေပါသေးတယ်။ စွဲချက်တွေမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ်နှစ်တရာထိ ကျခံရနိုင်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet ကလည်း ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့လုပ်ကြံ စွဲဆိုချက်တွေကို စစ်အစိုးရထိန်းချုပ်ထားတဲ့ တရားရုံးမှာ ကြားနာပြီး အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့တာဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တမင်ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာဆက်ပြီးထိန်းသိမ်းထားနိုင်အောင် စစ်တပ်ဖက် ပြစ်မှုတွေတခုပြီးတခု စွပ်စွဲနေတဲ့လုပ်ရပ်သာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price ကလည်း ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံထားရသူတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ်ဖမ်းဆီးခံထားရသူအားလုံး စစ်ကောင်စီက ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဟန်ပြတရားစီရင်ရေးစံနစ်တွေဟာ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ခိုက်ဖို့၊ မြန်မာပြည်သူပြည်သားတွေအပေါ် အကြမ်းဖက်မှုတွေဆက်ပြီးကျူးလွန်ဖို သက်သက်သာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အလွန်အရေးကြီးနေပြီဆိုတာ မီးမှောင်းထိုးပြလိုက်တာဖြစ်ပါတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ၂၀၂၀ နိုဝင်ဘာလမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီက လွှတ်တော်အမတ်နေရာအများစုမှာ အနိုင်ရခဲ့ပါတယ်။ မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ လွှတ်တော်အမတ်နေရာ ၄၇၆ ထဲမှာ အမတ်နေရာ ၃၃ ခုသာအနိုင်ရခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံခဲ့ရသလို ဝန်ကြီးအတော်များများနဲ့ ဒုဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေပါ အဖမ်းခံခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုပေါင်းစုံနဲ့ စွဲချက်တင်ထားပေမယ့် ပြည်သူတွေရဲ့ ထောက်ခံမှုကတော့ ကျဆင်းမသွားပါဘူး။ ဒီကနေ့ထိလည်း ပြည်သူ့ထောက်ခံမှု ၈၀ ရာခိုင်နှုန်းထိရှိနေပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ တနေ့ တရက်လေးတောင်ထပ်ပြီ်းမနေချင်ကြဘူးဆိုတာကို မြန်မာပြည်သူတွေဆက်ပြီးပြသနေပါတယ်။ ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ငြိမ်းချမ်းစွာကြိုးပမ်းလုပ်ကိုင်နေတဲ့ မြန်မာပြည်သူပြည်သားတွေကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီးအားပေးထောက်ခံသွားမှာပါလို့လည်း နိုင်ငံခြားရေးဌာနပြောခွင့်ရ Price ကပြောပါတယ်။

ပြည်သူ့အကျိုးစီးပါွးအတွက်ရှေးရှုပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး ဘက်ပေါင်းစုံပါဝင်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ မြန်မာစစ်တပ်ကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီးတောင်းဆိုပါတယ်လို့လည်း မစ္စတာ Price ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG