Accessibility links

Breaking News

သတင္းမီဒီယာသမားေတြ လံုျခံဳမႈ ရွိေစဖို႔ အစိုးရေတြကို ကန္ဝန္ႀကီး ေဆာ္ၾသ


Masih Alinejad
Masih Alinejad

{{Zawgyi/Unicode}}

နယူးေယာက္ ေတာင္ပိုင္းခ႐ိုင္တရားရံုးရဲ႕ ဥပေဒအက်ိဳးေဆာင္ရံုးက မၾကာခင္ကထုတ္ျပန္ခ်က္မွာ ဒီအျဖစ္အပ်က္ဟာ သိပ္လွ်ိဳ႕ဝွက္သဲဖို စြန္႔စားခန္းဆန္တဲ့ ႐ုပ္ရွင္မဟုတ္ပါဘူးလို႔ FBI ျပည္ေထာင္စုစံုစမ္းစစ္ေဆးေရးဗ်ဴ႐ို ၫႊန္ၾကားေရးမွဴး William Sweeney ကေျပာဆိုလိုက္ပါတယ္။ အီရန္အစိုးရက ေက်ာေထာက္ေနာက္ခံျပဳထားတယ္လို႔ မသကၤာရတဲ့ လူတစုက အေမရိကန္အေျခစိုက္ သတင္းေထာက္တေယာက္ကို က်ေနာ္တို႔ေျမေပၚကေန ျပန္ေပးဆြဲၿပီ။ အီရန္ကို အဓမၼျပန္ပို႔ဖို႔ ၾကံစည္ခဲ့ၾကတယ္လို႔ ၫႊန္ၾကားေရးမွဴး Sweeney ကေျပာပါတယ္။

အဲဒီအဖြဲ႔က ျပန္ေပးဆြဲဖို႔ ပစ္မွတ္ထားခံရသူဟာ နယူးေယာက္ၿမိဳ႕မွာေနထိုင္တဲ့ အီရန္ႏြယ္ဖြား အေမရိကန္သတင္းေထာက္ Masih Alinejad ျဖစ္တယ္လို႔ သူကိုယ္တိုင္ေျပာပါတယ္။ အီရန္ႏုိင္ငံမွာ ႏွစ္ေတြနဲ႔ခ်ီ သတင္းေထာက္အျဖစ္ လုပ္ကိုင္ခဲ့ၿပီး၊ သူ႔ရဲ႕ သတင္းေတြဟာ အီရန္အစိုးရကို ကသိကေအာက္ ျဖစ္ေစခဲ့တယ္လို႔ ဆိုပါတယ္။ Alinejad ဟာ ၂၀၀၉ ခုႏွစ္က အီရန္ကေနထြက္ခြာလာခဲ့ၿပီးေနာက္ပိုင္း အီရန္ႏိုင္ငံမွာ အမ်ိဳးသမီးေတြ Hijab ေခၚ ေခါင္းၿမီးမျခံဳ မေနရအမိန္႔ကို ဆန္႔က်င္တဲ့ ဦးေဆာင္စည္းရံုးသူအျဖစ္ လူသိမ်ားလာခဲ့တာပါ။ VOA အေမရိကန္အသံရဲ႕ လူႀကိဳက္မ်ားတဲ့ ႐ုပ္ျမင္သံၾကားအစီအစဥ္မွာ ပင္တိုင္တင္ဆက္သူအျဖစ္လည္း တာဝန္ယူထားသူျဖစ္ပါတယ္။

အိမ္ျဖဴေတာ္ေျပာခြင့္ရသူ Jen Psaki က ဒီၾကံစည္မႈဟာ အီရန္ရဲ႕ အႏၲရာယ္မ်ားၿပီး စက္ဆုတ္ဖြယ္ေကာင္းတဲ့လုပ္ရပ္ပါဘဲ လို႔အျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။ အီရန္ျပည္တြင္းေရာ၊ ျပည္ပမွာပါ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းအလုပ္လုပ္ ေနၾကသူေတြရဲ႕အသံေတြကို ႏွတ္ပိတ္ဖို႔ ၾကံစည္တဲ့ အီရန္ႏိုင္ငံရဲ႕လုပ္ရပ္ဟာ စိတ္ပ်က္စရာပါဘဲလို႔ ဆိုပါတယ္။

RSF နယ္စည္းမထားသတင္းေထာက္မ်ားအဖြဲ႔က ျပဳစုတဲ့ ၂၀၂၁ ခုႏွစ္ ကမၻာ့ သတင္းလြတ္လပ္ခြင့္ အၫႊန္းကိန္းမွာ ႏိုင္ငံေပါင္း ၁၈၀ အနက္၊ အီရန္ႏိုင္ငံက အဆင့္ ၁၇၄ မွာ မွတ္တမ္းတင္ထားပါတယ္။ စစ္ေဆးေမးျမန္းတာ၊ ေထာင္ခ်တာနဲ႔ ကြပ္မ်က္တာေတြအပါအဝင္၊ သတင္းသမားေတြကို ထိန္းခ်ဳပ္ဖို႔ အီရန္အစိုးရရဲ႕ရက္စက္တဲ့ႀကိဳးပမ္းမႈျဖစ္တယ္လို႔ သတင္းလြတ္လပ္ခြင့္ အဖြဲ႔အစည္းက ကိုးကားေဖၚျပထားပါတယ္။

ဒါေပမဲ့ သတင္းေထာက္ေတြရဲ႕ ဘဝ မလံုျခံဳဘူးဆိုတာ အီရန္တႏိုင္ငံတည္းေတာ့ မဟုတ္ပါဘူး။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မၾကာခင္က ေနာက္ဆံုးထုတ္ျပန္လိုက္တဲ့ လူ႔အခြင့္အေရးအစီရင္ခံစာပါ၊ သတင္းသမားေတြ၊ အလုပ္လုပ္ရင္း ေႏွာက္ယွက္ခံရတာ၊ အတိုက္ခိုက္ခံရတာ၊ အသတ္ခံရတာေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေထာက္ျပသြားပါတယ္။

CPJ ေခၚ သတင္းသမားမ်ားကာကြယ္ေစာင့္ေရွာက္ေရးေကာ္မတီရဲ႕ ၂၀၂၀ ျပည့္ႏွစ္အစီရင္ခံစာမွာ၊ ေရးသားတင္ျပတဲ့ သတင္းေတြကို မေက်နပ္လို႔ သတင္းသမားေတြ လက္စားေျခ သတ္ျဖတ္ခံရမႈ ႏွစ္ဆတိုးခဲ့ၿပီး၊ မကၠစီကိုနဲ႔ အာဖဂန္နစၥတန္ႏိုင္ငံမွာ သတင္းသမား အသတ္ခံရတာအမ်ားဆံုးရွိခဲ့တယ္လို႔ မွတ္တမ္းတင္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္အတြင္း၊ တ႐ုတ္၊ တူရကီနဲ႔ အီဂ်စ္ႏုိုင္ငံေတြမွာ သတင္းေထာက္ေတြအဖမ္းခံရတာ အမ်ားဆံုးရွိခဲ့ၿပီး CPJ မွတ္တမ္းအရ သတင္းသမားအဖမ္းရတဲ့ စံခ်ိန္အျမင့္ဆံုးႏွစ္ ျဖစ္ပါတယ္။

Masih Alinejad က သူ႔ကို ျပန္ေပးဆြဲမယ့္ အၾကံအစည္ သိခဲ့ရၿပီးေနာက္၊ သူ႔အလုပ္သူ ပိုၿပီး အာရံုစိုက္လုပ္မယ္လို႔ ေျပာပါတယ္။ ဒီစိတ္ဒဏ္ရာဒဏ္ခ်က္ေတြက သူ႔ကို ပိုၿပီး စိတ္ဓါတ္ၾကံ့ခိုင္ေစတယ္လို႔ ေျပာပါတယ္။ ဘယ္လို အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရပါေစ၊ အမွန္တရားအတြက္ ထုတ္ေဖၚေျပာဆိုၾကဖို႔ ခြန္အားေတြ ကိုယ္စီရွိၾကတဲ့ ကမၻာတဝန္းက သတင္းေထာက္ေတြရဲ႕ စိတ္ဓါတ္အတိုင္းပါဘဲလို႔ ဆိုပါတယ္။

သာယာဝေျပာၿပီး လံုျခံဳတဲ့ လူ႔ေဘာင္အသိုင္းအဝိုင္းအတြက္၊ တိက် မွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြေပးဖို႔၊ လြတ္လပ္တဲ့ သတင္းမီဒီယာေတြက အေျခခံအုတ္ျမစ္ျဖစ္ပါတယ္။ အၾကမ္းဖက္ခံရတာေတြ၊ မတရားဖမ္းဆီးခံရတာေတြနဲ႔ အႏၲရာယ္ေပးတာေတြမရွိဘဲ၊ သတင္းသမားေတြ ကိုယ့္အလုပ္ကိုယ္လုပ္ႏိုင္စြမ္းရွိဖို႔၊ အစိုးရအားလံုးအေနနဲ႔ သတင္းမီဒီယာေတြရဲ႕ လံုျခံဳမႈနဲ႔ သတင္းေထာက္ကို အကာအကြယ္ေပးဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေတာင္းဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

........................................

{{Unicode}}

နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးရဲ့ ဥပဒေအကျိုးဆောင်ရုံးက မကြာခင်ကထုတ်ပြန်ချက်မှာ ဒီအဖြစ်အပျက်ဟာ သိပ်လျှို့ဝှက်သဲဖို စွန့်စားခန်းဆန်တဲ့ ရုပ်ရှင်မဟုတ်ပါဘူးလို့ FBI ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူး William Sweeney ကပြောဆိုလိုက်ပါတယ်။ အီရန်အစိုးရက ကျောထောက်နောက်ခံပြုထားတယ်လို့ မသင်္ကာရတဲ့ လူတစုက အမေရိကန်အခြေစိုက် သတင်းထောက်တယောက်ကို ကျနော်တို့မြေပေါ်ကနေ ပြန်ပေးဆွဲပြီ။ အီရန်ကို အဓမ္မပြန်ပို့ဖို့ ကြံစည်ခဲ့ကြတယ်လို့ ညွှန်ကြားရေးမှူး Sweeney ကပြောပါတယ်။

အဲဒီအဖွဲ့က ပြန်ပေးဆွဲဖို့ ပစ်မှတ်ထားခံရသူဟာ နယူးယောက်မြို့မှာနေထိုင်တဲ့ အီရန်နွယ်ဖွား အမေရိကန်သတင်းထောက် Masih Alinejad ဖြစ်တယ်လို့ သူကိုယ်တိုင်ပြောပါတယ်။ အီရန်နိုင်ငံမှာ နှစ်တွေနဲ့ချီ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး၊ သူ့ရဲ့ သတင်းတွေဟာ အီရန်အစိုးရကို ကသိကအောက် ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ Alinejad ဟာ ၂၀၀၉ ခုနှစ်က အီရန်ကနေထွက်ခွာလာခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံမှာ အမျိုးသမီးတွေ Hijab ခေါ် ခေါင်းမြီးမခြုံ မနေရအမိန့်ကို ဆန့်ကျင်တဲ့ ဦးဆောင်စည်းရုံးသူအဖြစ် လူသိများလာခဲ့တာပါ။ VOA အမေရိကန်အသံရဲ့ လူကြိုက်များတဲ့ ရုပ်မြင်သံကြားအစီအစဉ်မှာ ပင်တိုင်တင်ဆက်သူအဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရသူ Jen Psaki က ဒီကြံစည်မှုဟာ အီရန်ရဲ့ အန္တရာယ်များပြီး စက်ဆုတ်ဖွယ်ကောင်းတဲ့လုပ်ရပ်ပါဘဲ လို့အပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အီရန်ပြည်တွင်းရော၊ ပြည်ပမှာပါ ငြိမ်းငြိမ်းချမ်းချမ်းအလုပ်လုပ် နေကြသူတွေရဲ့အသံတွေကို နှတ်ပိတ်ဖို့ ကြံစည်တဲ့ အီရန်နိုင်ငံရဲ့လုပ်ရပ်ဟာ စိတ်ပျက်စရာပါဘဲလို့ ဆိုပါတယ်။

RSF နယ်စည်းမထားသတင်းထောက်များအဖွဲ့က ပြုစုတဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက်၊ အီရန်နိုင်ငံက အဆင့် ၁၇၄ မှာ မှတ်တမ်းတင်ထားပါတယ်။ စစ်ဆေးမေးမြန်းတာ၊ ထောင်ချတာနဲ့ ကွပ်မျက်တာတွေအပါအဝင်၊ သတင်းသမားတွေကို ထိန်းချုပ်ဖို့ အီရန်အစိုးရရဲ့ရက်စက်တဲ့ကြိုးပမ်းမှုဖြစ်တယ်လို့ သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းက ကိုးကားဖေါ်ပြထားပါတယ်။

ဒါပေမဲ့ သတင်းထောက်တွေရဲ့ ဘဝ မလုံခြုံဘူးဆိုတာ အီရန်တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာခင်က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာပါ၊ သတင်းသမားတွေ၊ အလုပ်လုပ်ရင်း နှောက်ယှက်ခံရတာ၊ အတိုက်ခိုက်ခံရတာ၊ အသတ်ခံရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထောက်ပြသွားပါတယ်။

CPJ ခေါ် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီရဲ့ ၂၀၂၀ ပြည့်နှစ်အစီရင်ခံစာမှာ၊ ရေးသားတင်ပြတဲ့ သတင်းတွေကို မကျေနပ်လို့ သတင်းသမားတွေ လက်စားခြေ သတ်ဖြတ်ခံရမှု နှစ်ဆတိုးခဲ့ပြီး၊ မက္ကစီကိုနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ သတင်းသမား အသတ်ခံရတာအများဆုံးရှိခဲ့တယ်လို့ မှတ်တမ်းတင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း၊ တရုတ်၊ တူရကီနဲ့ အီဂျစ်နိုင်ငံတွေမှာ သတင်းထောက်တွေအဖမ်းခံရတာ အများဆုံးရှိခဲ့ပြီး CPJ မှတ်တမ်းအရ သတင်းသမားအဖမ်းရတဲ့ စံချိန်အမြင့်ဆုံးနှစ် ဖြစ်ပါတယ်။

Masih Alinejad က သူ့ကို ပြန်ပေးဆွဲမယ့် အကြံအစည် သိခဲ့ရပြီးနောက်၊ သူ့အလုပ်သူ ပိုပြီး အာရုံစိုက်လုပ်မယ်လို့ ပြောပါတယ်။ ဒီစိတ်ဒဏ်ရာဒဏ်ချက်တွေက သူ့ကို ပိုပြီး စိတ်ဓါတ်ကြံ့ခိုင်စေတယ်လို့ ပြောပါတယ်။ ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါစေ၊ အမှန်တရားအတွက် ထုတ်ဖေါ်ပြောဆိုကြဖို့ ခွန်အားတွေ ကိုယ်စီရှိကြတဲ့ ကမ္ဘာတဝန်းက သတင်းထောက်တွေရဲ့ စိတ်ဓါတ်အတိုင်းပါဘဲလို့ ဆိုပါတယ်။

သာယာဝပြောပြီး လုံခြုံတဲ့ လူ့ဘောင်အသိုင်းအဝိုင်းအတွက်၊ တိကျ မှန်ကန်တဲ့ သတင်းအချက်အလက်တွေပေးဖို့၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေက အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အကြမ်းဖက်ခံရတာတွေ၊ မတရားဖမ်းဆီးခံရတာတွေနဲ့ အန္တရာယ်ပေးတာတွေမရှိဘဲ၊ သတင်းသမားတွေ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်စွမ်းရှိဖို့၊ အစိုးရအားလုံးအနေနဲ့ သတင်းမီဒီယာတွေရဲ့ လုံခြုံမှုနဲ့ သတင်းထောက်ကို အကာအကွယ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တောင်းဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG