Accessibility links

Breaking News

၂၀၂၃ ခုႏွစ္၊ မာတင္လူသာကင္း အထိမ္းအမွတ္ေန႔


In 1963, Martin Luther King, Jr. gave his famous “I Have a Dream Speech” at the Lincoln Memorial during the March for Jobs and Freedom.
In 1963, Martin Luther King, Jr. gave his famous “I Have a Dream Speech” at the Lincoln Memorial during the March for Jobs and Freedom.

ႏွစ္စဥ္ ဇန္န၀ါရီလရဲ႕ တတိယေျမာက္ တနလာၤေန႔ကို သိကၡာေတာ္ရ ဆရာ ေဒါက္တာ Martin Luther King, Jr. အထိမ္းအမွတ္ေန႔ အျဖစ္ အေမရိကန္ေတြ ဂုဏ္ျပဳၾကပါတယ္။ Baptist ခရစ္ယာန္ ဘုန္းေတာ္ႀကီး ေဒါက္တာ King ဟာ အေမရိကန္ ျပည္ေထာင္စု အတြင္း လူမ်ိဳးေရး မညီမွ်မႈ တိုက္ဖ်က္ေရးမွာ ေခါင္းေဆာင္ တဦးလည္း ျဖစ္ပါတယ္။  

၂၀၂၃ ခုႏွစ္၊ မာတင္လူသာကင္း အထိမ္းအမွတ္ေန႔

{{Zawgyi/Unicode}}
ႏွစ္စဥ္ ဇန္န၀ါရီလရဲ႕ တတိယေျမာက္ တနလာၤေန႔ကို သိကၡာေတာ္ရ ဆရာ ေဒါက္တာ Martin Luther King, Jr. အထိမ္းအမွတ္ေန႔ အျဖစ္ အေမရိကန္ေတြ ဂုဏ္ျပဳၾကပါတယ္။ ေတာင္ပိုင္း ျပည္နယ္ Alabama က Baptist ခရစ္ယာန္ ဘုန္းေတာ္ႀကီး ေဒါက္တာ King ဟာ အေမရိကန္ ျပည္ေထာင္စု အတြင္း လူမ်ိဳးေရး မညီမွ်မႈ တိုက္ဖ်က္ေရးမွာ ေခါင္းေဆာင္ တဦးလည္း ျဖစ္ပါတယ္။

ဇန္န၀ါရီလ ၁၅ ရက္ေန႔ကေတာ့ သူ႔ရဲ႕ ၉၄ ႏွစ္ေျမာက္ ေမြးေန႔လည္း ျဖစ္ပါတယ္။ ျပည္တြင္းစစ္ အဆံုးသတ္ၿပီး ကြ်န္စနစ္ကို တရားမ၀င္ေၾကာင္း ေၾကညာခဲ႔တဲ႔ အေျခခံ ဥပေဒ ၁၃ ႀကိမ္ေျမာက္ ျပင္ဆင္ခ်က္ ကို အတည္ျပဳခဲ႔တဲ႔ ၁၈၆၅ ခုႏွစ္ အတြင္းမွာ စတင္ခဲ႔ၿပီးေနာက္ ႏွစ္ေပါင္း ၁၀၀ အၾကာ ၁၉၆၀ ျပည့္လြန္ႏွစ္မ်ား ေႏွာင္းပိုင္းမွာေတာ့ Jim Crow ဥပေဒနဲ႔ ထိန္းခ်ဳပ္ခံရတဲ႔ အမ်ားစုေသာ အာဖရိကန္ အေမရိကန္ လူထု၊ အမ်ိဳးသမီးတြနဲ႔ လူမ်ိဳးေရး အရ လူနည္းစုေတြ အပါအ၀င္ ႏုိင္ငံေရး အရ အလံုအေလာက္ ကိုယ္စားျပဳခြင့္ မရတဲ႔ အုပ္စုေတြ အတြက္ ျပည္သူ႔အခြင့္အေရး ကာကြယ္ေပးဖို႔ အေမရိကန္ သိန္းနဲ႔ခ်ီၿပီး လမ္းေပၚထြက္ ေတာင္းဆိုခဲ႔ၾကတာေၾကာင့္ အေျခအေနေတြ ျပင္းထန္လာခဲ႔ပါတယ္။

လူမ်ိဳးေရး အဓိကထား ခြဲျခားဆက္ဆံမႈေတြ၊ ေျပာင္ေျပာင္တင္းတင္း ခြဲျခား ဆက္ဆံမႈေတြကို တရား၀င္ သတ္မွတ္ထားတဲ႔ ျပည္နယ္နဲ႔ ေဒသဆိုင္ရာ ျပဌာန္းခ်က္ေတြကို အစိုးရ အာဏာပိုင္ေတြနဲ႔ ကိုယ္ထူကိုယ္ထ လံုၿခံဳေရး အဖြဲ႔ေတြက အၾကမ္းဖက္ က်င့္သံုးခဲ႔ၾကပါတယ္။ လူမ်ိဳးေရး ခြဲျခားမႈ အထိ သက္ေရာက္တဲ႔ အဲဒီ စနစ္ကို ေျပာင္းလဲႏုိင္ေရး ႀကိဳးပမ္းၾကတဲ႔ အာဖရိကန္ အေမရိကန္ေတြ အင္အား အလြန္အကြ်ံသံုး အၾကမ္းဖက္ခံရတာေၾကာင့္ တခါတရံမွာ တက္ၾကြ လႈပ္ရွားသူေတြ ေသဆံုးရပါတယ္။

ဒီလို အေျခအေနမ်ိဳးမွာ မဟတၱမဂႏၵီရဲ႕ အၾကမ္းမဖက္ ဆႏၵျပေရးမူကို စြဲကိုင္တဲ႔ ေဒါက္တာ King က လူထု သပိတ္ေမွာက္မႈ၊ ထိုင္သပိတ္၊ ၿငိမ္းခ်မ္းစြာ ခ်ီတက္မႈနဲ႔ တျခားေသာ အၾကမ္းမဖက္ အာဏာဖီဆန္မႈ ေတြမွာ လူထုကို ဦးေဆာင္ခဲ႔ပါတယ္။ ဆႏၵျပသူေတြ အေပၚမွာ အလြန္အကြ်ံ လက္တုံ႔ျပန္မႈေတြဟာ ဆိုရင္လည္း အေျပာင္းအလဲ အေရးေပၚ လုပ္ေဆာင္ေရး အတြက္ ႏုိင္ငံတ၀န္း ဆႏၵျပမႈေတြသာ ထြက္ေပၚလာေစခဲ႔ပါတယ္။

အမ်ားျပည္သူဆိုင္ရာ ေနရာေတြမွာ ခြဲျခားဆက္ဆံမႈနဲ႔ လူမ်ိဳး၊ အသားအေရာင္၊ ကိုးကြယ္ယံုၾကည္မႈ၊ က်ားမ ကြဲျပားမႈနဲ႔ မူရင္း ႏုိင္ငံသားျဖစ္မႈ အေပၚ အေျခခံၿပီး အလုပ္ခန္႔ထားမႈမွာ ခြဲျခားဆက္ဆံမႈေတြကို တရားမ၀င္ ေၾကညာထားတဲ႔ ၁၉၆၄ ခုႏွစ္ Civil Rights အက္ဥပေဒမွာ ျပဌာန္းခ်က္အရ ပိုၿပီး သာတူညီမွ် ဆက္ဆံလာေစေရးကို ေဒါက္တာ King နဲ႔ ျပည္သူ႔ အခြင့္အေရး လႈပ္ရွားမႈေတြက ႏွစ္နဲ႔ခ်ီ တြန္းအားေပးခဲ႔တာပါ။

ေဒါက္တာ King ကေတာ့ သူႀကိဳးစားမႈရဲ႕ အသီးအပြင့္ေတြကို မခံစားခဲ႔ရပါဘူး။ ၁၉၆၈ ခုႏွစ္ ဧၿပီလ ၄ ရက္ေန႔ အသက္ ၃၉ ႏွစ္ အရြယ္မွာ လုပ္ႀကံ သတ္ျဖတ္ခံခဲ႔ရပါတယ္။ သို႔ေပေသာ္ျငားလည္း ဆယ္စုႏွစ္ တခု အတြင္းမွာဘဲ ခြဲျခားဆက္ဆံတဲ႔ ဥပေဒေတြ ရုပ္သိမ္းခဲ႔ၿပီး ဒီကေန႔ ဒီအခ်ိန္မွာ ဆိုရင္ ခြဲျခားဆက္ဆံမႈဟာ ရႈတ္ခ်စရာ၊ ဥပေဒေၾကာင္းအရ အျပစ္ေပးႏုိင္တဲ႔ ျပစ္မႈတခု ျဖစ္ပါတယ္။

ဒီကေန႔ ဒီအခ်ိန္မွာ ဆိုရင္ ေနာက္ခံ ရာဇ၀င္စံု လူထုဟာ ဒီ ခ်ီတက္ပြဲေတြကို ဆက္လက္ဆင္ႏႊဲေနၾကပါတယ္၊ အာဏာအလြဲသံုးစားလုပ္မႈေတြကို ဆန္႔က်င္၊ မုန္းတီးမႈနဲ႔ ခြဲျခားဆက္ဆံမႈကို အန္တုရင္ဆိုင္ၿပီး မဲေပးခြင့္ကို ကာကြယ္၊ အရည္အေသြးျပည့္မီတဲ႔ အလုပ္အကိုင္၊ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ အိုးအိမ္နဲ႔ ပညာေရး ခံစားရရွိခြင့္တြ အတြက္ ထုတ္ေဖာ္ ေျပာဆိုေနၾကတယ္လို႔လည္း သမၼတ Joe Biden က ေျပာပါတယ္။ က်ေနာ္တို႔ ႏုိင္ငံနဲ႔ က်ေနာ္တို႔ ကမၻာမွာ လိပ္ျပာလံုၾကဖို႔ တိုက္တြန္းခဲ႔တဲ႔ အမ်ိဳးသား တဦးခ်န္ရစ္တဲ႔ သမိုင္းအေမြကို ဒီကေန႔မွာ က်ေနာ္တို႔ အေလးအနက္ စဥ္းစားဆင္ျခင္ၾကပါတယ္လို႔လည္း သမၼတ Biden က ေျပာပါတယ္။

........................................................

၂၀၂၃ ခုနှစ်၊ မာတင်လူသာကင်း အထိမ်းအမှတ်နေ့

{{Zawgyi/Unicode}}
နှစ်စဉ် ဇန်နဝါရီလရဲ့ တတိယမြောက် တနလာၤနေ့ကို သိက္ခာတော်ရ ဆရာ ဒေါက်တာ Martin Luther King, Jr. အထိမ်းအမှတ်နေ့ အဖြစ် အမေရိကန်တွေ ဂုဏ်ပြုကြပါတယ်။ တောင်ပိုင်း ပြည်နယ် Alabama က Baptist ခရစ်ယာန် ဘုန်းတော်ကြီး ဒေါက်တာ King ဟာ အမေရိကန် ပြည်ထောင်စု အတွင်း လူမျိုးရေး မညီမျှမှု တိုက်ဖျက်ရေးမှာ ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့ကတော့ သူ့ရဲ့ ၉၄ နှစ်မြောက် မွေးနေ့လည်း ဖြစ်ပါတယ်။ ပြည်တွင်းစစ် အဆုံးသတ်ပြီး ကျွန်စနစ်ကို တရားမဝင်ကြောင်း ကြေညာခဲ့တဲ့ အခြေခံ ဥပဒေ ၁၃ ကြိမ်မြောက် ပြင်ဆင်ချက် ကို အတည်ပြုခဲ့တဲ့ ၁၈၆၅ ခုနှစ် အတွင်းမှာ စတင်ခဲ့ပြီးနောက် နှစ်ပေါင်း ၁၀၀ အကြာ ၁၉၆၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းမှာတော့ Jim Crow ဥပဒေနဲ့ ထိန်းချုပ်ခံရတဲ့ အများစုသော အာဖရိကန် အမေရိကန် လူထု၊ အမျိုးသမီးတွနဲ့ လူမျိုးရေး အရ လူနည်းစုတွေ အပါအဝင် နိုင်ငံရေး အရ အလုံအလောက် ကိုယ်စားပြုခွင့် မရတဲ့ အုပ်စုတွေ အတွက် ပြည်သူ့အခွင့်အရေး ကာကွယ်ပေးဖို့ အမေရိကန် သိန်းနဲ့ချီပြီး လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြတာကြောင့် အခြေအနေတွေ ပြင်းထန်လာခဲ့ပါတယ်။

လူမျိုးရေး အဓိကထား ခွဲခြားဆက်ဆံမှုတွေ၊ ပြောင်ပြောင်တင်းတင်း ခွဲခြား ဆက်ဆံမှုတွေကို တရားဝင် သတ်မှတ်ထားတဲ့ ပြည်နယ်နဲ့ ဒေသဆိုင်ရာ ပြဌာန်းချက်တွေကို အစိုးရ အာဏာပိုင်တွေနဲ့ ကိုယ်ထူကိုယ်ထ လုံခြုံရေး အဖွဲ့တွေက အကြမ်းဖက် ကျင့်သုံးခဲ့ကြပါတယ်။ လူမျိုးရေး ခွဲခြားမှု အထိ သက်ရောက်တဲ့ အဲဒီ စနစ်ကို ပြောင်းလဲနိုင်ရေး ကြိုးပမ်းကြတဲ့ အာဖရိကန် အမေရိကန်တွေ အင်အား အလွန်အကျွံသုံး အကြမ်းဖက်ခံရတာကြောင့် တခါတရံမှာ တက်ကြွ လှုပ်ရှားသူတွေ သေဆုံးရပါတယ်။

ဒီလို အခြေအနေမျိုးမှာ မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက် ဆန္ဒပြရေးမူကို စွဲကိုင်တဲ့ ဒေါက်တာ King က လူထု သပိတ်မှောက်မှု၊ ထိုင်သပိတ်၊ ငြိမ်းချမ်းစွာ ချီတက်မှုနဲ့ တခြားသော အကြမ်းမဖက် အာဏာဖီဆန်မှု တွေမှာ လူထုကို ဦးဆောင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေ အပေါ်မှာ အလွန်အကျွံ လက်တုံ့ပြန်မှုတွေဟာ ဆိုရင်လည်း အပြောင်းအလဲ အရေးပေါ် လုပ်ဆောင်ရေး အတွက် နိုင်ငံတဝန်း ဆန္ဒပြမှုတွေသာ ထွက်ပေါ်လာစေခဲ့ပါတယ်။

အများပြည်သူဆိုင်ရာ နေရာတွေမှာ ခွဲခြားဆက်ဆံမှုနဲ့ လူမျိုး၊ အသားအရောင်၊ ကိုးကွယ်ယုံကြည်မှု၊ ကျားမ ကွဲပြားမှုနဲ့ မူရင်း နိုင်ငံသားဖြစ်မှု အပေါ် အခြေခံပြီး အလုပ်ခန့်ထားမှုမှာ ခွဲခြားဆက်ဆံမှုတွေကို တရားမဝင် ကြေညာထားတဲ့ ၁၉၆၄ ခုနှစ် Civil Rights အက်ဥပဒေမှာ ပြဌာန်းချက်အရ ပိုပြီး သာတူညီမျှ ဆက်ဆံလာစေရေးကို ဒေါက်တာ King နဲ့ ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှုတွေက နှစ်နဲ့ချီ တွန်းအားပေးခဲ့တာပါ။

ဒေါက်တာ King ကတော့ သူကြိုးစားမှုရဲ့ အသီးအပွင့်တွေကို မခံစားခဲ့ရပါဘူး။ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ အသက် ၃၉ နှစ် အရွယ်မှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ သို့ပေသော်ငြားလည်း ဆယ်စုနှစ် တခု အတွင်းမှာဘဲ ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ ရုပ်သိမ်းခဲ့ပြီး ဒီကနေ့ ဒီအချိန်မှာ ဆိုရင် ခွဲခြားဆက်ဆံမှုဟာ ရှုတ်ချစရာ၊ ဥပဒေကြောင်းအရ အပြစ်ပေးနိုင်တဲ့ ပြစ်မှုတခု ဖြစ်ပါတယ်။

ဒီကနေ့ ဒီအချိန်မှာ ဆိုရင် နောက်ခံ ရာဇဝင်စုံ လူထုဟာ ဒီ ချီတက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်၊ အာဏာအလွဲသုံးစားလုပ်မှုတွေကို ဆန့်ကျင်၊ မုန်းတီးမှုနဲ့ ခွဲခြားဆက်ဆံမှုကို အန်တုရင်ဆိုင်ပြီး မဲပေးခွင့်ကို ကာကွယ်၊ အရည်အသွေးပြည့်မီတဲ့ အလုပ်အကိုင်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိုးအိမ်နဲ့ ပညာရေး ခံစားရရှိခွင့်တွ အတွက် ထုတ်ဖော် ပြောဆိုနေကြတယ်လို့လည်း သမ္မတ Joe Biden က ပြောပါတယ်။ ကျနော်တို့ နိုင်ငံနဲ့ ကျနော်တို့ ကမ္ဘာမှာ လိပ်ပြာလုံကြဖို့ တိုက်တွန်းခဲ့တဲ့ အမျိုးသား တဦးချန်ရစ်တဲ့ သမိုင်းအမွေကို ဒီကနေ့မှာ ကျနော်တို့ အလေးအနက် စဉ်းစားဆင်ခြင်ကြပါတယ်လို့လည်း သမ္မတ Biden က ပြောပါတယ်။

XS
SM
MD
LG