Accessibility links

Breaking News

ကမာၻႀကီးကို စိန္ေခၚေနတဲ့ ဥတုရာသီ ေဖာက္ျပန္မႈ


FILE - U.S. special envoy for climate John Kerry attends a news conference Thursday, March 11, 2021 in Paris. Kerry is heading to China for talks between the world's two biggest carbon emitters ahead of President Joe Biden's climate summit of world…
FILE - U.S. special envoy for climate John Kerry attends a news conference Thursday, March 11, 2021 in Paris. Kerry is heading to China for talks between the world's two biggest carbon emitters ahead of President Joe Biden's climate summit of world…

{{Zawgyi/Unicode}}

သမၼတရဲ႕ ဥတုရာသီဆိုင္ရာအထူးသံတမန္ John Kerry က ဥတုရာသီေျပာင္းလဲမႈဟာ က်ေနာ္တို႔ေခတ္ကို စိန္ေခၚေနတဲ့ျပႆနာျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ တခ်ိဳ႕ကလည္း ဒီျပႆနာဟာ မသိမသာေျပာင္းလဲေနတာလို႔ ယံုၾကည္ေနၾကဆဲ ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီလို မဟုတ္ပါဘူးတဲ့။ အနာဂတ္မ်ိဳးဆက္အတြက္ အေမြအျဖစ္ ထားခဲ့စရာ တခုမွ မက်န္ေတာ့လို႔၊ မိဘ စိတ္မခ်မ္းမသာျဖစ္ရတဲ့အျဖစ္မ်ိဳး၊ ကမ႓ာႀကီးကို က်ေနာ္တို႔ျမင္ေနၾကရလို႔ပါဘဲလို႔ Mr. Kerry က အခုလိုေျပာပါတယ္။

“ဒီလိုအနာဂတ္ကို ေရွာင္လြဲႏိုင္ဖို႔အတြက္ အခြင့္အလမ္း မဆိုသေလာက္ဘဲရွိေတာ့တယ္ဆိုတာကို၊ အခ်က္အလက္ေတြ၊ အေထာက္အထားေတြနဲ႔ သိပၸံနည္းပညာက ရွင္းလင္းျပတ္သားစြာ သတိေပးထားၿပီးျဖစ္ပါတယ္။ က်ေနာ္တို႔ေရွာင္လႊဲ ႏိုင္ဆဲျဖစ္ပါတယ္။ ဒါေပမဲ့၊ ေစတနာမွန္နဲ႔ ခ်က္ခ်င္း စတင္ အေရးယူေဆာင္ရြက္ၾကရမွာပါ။ ဒီကမ႓ာႀကီးမွာရွိတဲ့ ႏိုင္ငံေတြအားလံုး အတူပူးေပါင္းေဆာင္ရြက္ၾကရမွာျဖစ္တယ္လို႔ ေျပာသြားတာပါ။”

COVID-19 ကပ္ေရာဂါ ကာလလြန္ စီးပြားေရးျပန္လည္ထူေထာင္ၾကတဲ့အခါ Build Better ပိုမိုေကာင္းမြန္ေအာင္တည္ေဆာက္ၾကမယ္ဆိုတဲ့ ေဆာင္ပုဒ္အရ၊ စစ္ပြဲကာလ စုစည္းၾကပံုနဲ႔ ယွဥ္ၿပီး အခြင့္အလမ္းေတြ တပံုတပင္နဲ႔ တုံ႔ျပန္ၾကဖို႔လိုတယ္လို႔ Mr. Kerry ကတိုက္တြန္းလိုက္ပါတယ္။

အႀကီးမားဆံုးလွမ္းရမယ့္ေျခလွမ္းကေတာ့ သန္႔စင္တဲ့စြမ္းအင္နဲ႔ ကမ႓ာ့စီးပြားေရးကို ဖြံ႔ၿဖိဳးတိုးတက္ေအာင္လုပ္ၾကရမွာပါ။ ေလထုညစ္ညမ္းေစတဲ့ ကမ႓ာ့ဖလ္လံုအိမ္ဓါတ္ေငြ႕ ေလးပံုသံုးပံုကို အခု သံုးစြဲေနၾကတဲ့ စြမ္းအင္ကေနထုတ္လႊတ္ေနလို႔ပါဘဲ။ က်ေနာ္တို႔မွာ ရွိႏွင့္ၿပီးသား သန္႔စင္တဲ့နည္းပညာေတြကို ၂၀၃၀ ျပည့္ႏွစ္က်ရင္ ပိုတိုးအသံုးခ်ႏိုင္ေအာင္ အရွိန္ႁမွင့္ ေဆာင္ရြက္ၾကရမွာျဖစ္ပါတယ္။ စဥ္ဆက္မျပတ္ ျပန္လည္အသံုးျပဳလို႔ရတဲ့ ေနေရာင္ျခည္နဲ႔ ေလစြမ္းအင္ေတြကို ေလးဆ တိုးထုတ္လုပ္ရမယ့္သေဘာပါ။ အသစ္ထုတ္လုပ္မယ့္ ေမာေတာ္ကားစင္းေရး ထက္ဝက္ေက်ာ္ကိုလည္း လွ်ပ္စစ္စြမ္းအင္နဲ႔ ေမာင္းႏွင္ၾကဖို႔ျဖစ္တယ္လို႔ Mr. Kerry ကေျပာပါတယ္။

“၂၀၅၀ ျပည့္ႏွစ္က်ရင္ ကမ႓ာ့စီးပြားေရးနယ္ပယ္မွာ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ကင္းရွင္းေစဖို႔အတြက္၊ အဓိကက်တဲ့ အခန္းကေနပါဝင္ႏိုင္ေအာင္၊ ဒီ ၁၀ စုႏွစ္အတြင္း၊ တိုးတက္တဲ့ နည္းပညာေတြကို မျဖစ္မေန အရွိန္ႁမွင့္ထုတ္လုပ္ၿပီး သ႐ုပ္ျပၾကရမွာျဖစ္တယ္လို႔ ေျပာသြားတာပါ။”

၂၀၄၀ ျပည့္ႏွစ္က်ရင္ ေရရွည္ အ႐ိုးစြဲေအာင္သံုးေနတဲ့ ေက်ာက္မီးေသြးနဲ႔ ေရနံထုတ္လုပ္ေရးအားလံုး ရပ္ဆိုင္းသင့္ပါတယ္။ သဘာဝဓါတ္ေငြ႕ကိုဘဲ အားထား သံုးစြဲေနတဲ့ မ်ိဳးဆက္ေတြအေနနဲ႔လည္း သိသိသာသာေလွ်ာ့ခ်သင့္ၾကတယ္လို႔ Mr. Kerry ကတိုက္တြန္းပါတယ္။

“မိတ္ေဆြတို႔အတြက္ သတင္းေကာင္းပါဘဲ။ အေထာက္အထားေတြက က်ေနာ္တို႔လုပ္ႏိုင္ၾကမယ္ဆိုတာကို သက္ေသျပေနပါၿပီ။ သန္႔စင္တဲ့စြမ္းအင္နည္းပညာေတြက ေရနံစြမ္းအင္ထက္ ေဈးသက္သာပါတယ္။ တျခားသန္႔စင္တဲ့စြမ္းအင္နည္းပညာေတြလည္း အမ်ားႀကီးရွိတဲ့အတြက္ အလားတူ လွည့္ၿပီး အသံုးခ်ႏိုင္တယ္လို႔ေျပာသြားတာပါ။”

အနာဂတ္မွာ စိတ္ခ်လက္ခ် ၁.၅ ဒီကရီ စင္တီဂရိတ္ ျပန္က်ေအာင္ လုပ္ႏိုင္ဖို႔ အခ်ိန္မွီပါေသးတယ္။ ဒါေပမဲ့ ကမ႓ာ့စီးပြားေရးဦးေဆာင္ႏိုင္ငံေတြက ၂၀၃၀ ျပည့္ႏွစ္မွာ သိသိသာသာေလွ်ာ့ခ်ဖို႔ တာဝန္ခံမွသာ၊ လာမယ့္ရာစုႏွစ္ဝက္မွာ ကမ႓ာတဝန္း ေလထုညစ္ညမ္းမႈ သံုည အဆင့္က်ေအာင္၊ အားထားရမယ့္လမ္းေၾကာင္းေပၚကို အေရာက္လွမ္းႏိုင္မွာျဖစ္တယ္လို႔ သမၼတရဲ႕ ဥတုရာသီဆိုင္ရာ အထူးသံတမန္ John Kerry ကေျပာဆိုလိုက္ေၾကာင္းပါ ခင္ဗ်ား။

.........................................................

{{Unicode}}

သမ္မတရဲ့ ဥတုရာသီဆိုင်ရာအထူးသံတမန် John Kerry က ဥတုရာသီပြောင်းလဲမှုဟာ ကျနော်တို့ခေတ်ကို စိန်ခေါ်နေတဲ့ပြဿနာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ တချို့ကလည်း ဒီပြဿနာဟာ မသိမသာပြောင်းလဲနေတာလို့ ယုံကြည်နေကြဆဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်ပါဘူးတဲ့။ အနာဂတ်မျိုးဆက်အတွက် အမွေအဖြစ် ထားခဲ့စရာ တခုမှ မကျန်တော့လို့၊ မိဘ စိတ်မချမ်းမသာဖြစ်ရတဲ့အဖြစ်မျိုး၊ ကမ္ဘာကြီးကို ကျနော်တို့မြင်နေကြရလို့ပါဘဲလို့ Mr. Kerry က အခုလိုပြောပါတယ်။

“ဒီလိုအနာဂတ်ကို ရှောင်လွဲနိုင်ဖို့အတွက် အခွင့်အလမ်း မဆိုသလောက်ဘဲရှိတော့တယ်ဆိုတာကို၊ အချက်အလက်တွေ၊ အထောက်အထားတွေနဲ့ သိပ္ပံနည်းပညာက ရှင်းလင်းပြတ်သားစွာ သတိပေးထားပြီးဖြစ်ပါတယ်။ ကျနော်တို့ရှောင်လွှဲ နိုင်ဆဲဖြစ်ပါတယ်။ ဒါပေမဲ့၊ စေတနာမှန်နဲ့ ချက်ချင်း စတင် အရေးယူဆောင်ရွက်ကြရမှာပါ။ ဒီကမ္ဘာကြီးမှာရှိတဲ့ နိုင်ငံတွေအားလုံး အတူပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ပြောသွားတာပါ။”

COVID-19 ကပ်ရောဂါ ကာလလွန် စီးပွားရေးပြန်လည်ထူထောင်ကြတဲ့အခါ Build Better ပိုမိုကောင်းမွန်အောင်တည်ဆောက်ကြမယ်ဆိုတဲ့ ဆောင်ပုဒ်အရ၊ စစ်ပွဲကာလ စုစည်းကြပုံနဲ့ ယှဉ်ပြီး အခွင့်အလမ်းတွေ တပုံတပင်နဲ့ တုံ့ပြန်ကြဖို့လိုတယ်လို့ Mr. Kerry ကတိုက်တွန်းလိုက်ပါတယ်။

အကြီးမားဆုံးလှမ်းရမယ့်ခြေလှမ်းကတော့ သန့်စင်တဲ့စွမ်းအင်နဲ့ ကမ္ဘာ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြရမှာပါ။ လေထုညစ်ညမ်းစေတဲ့ ကမ္ဘာ့ဖလ်လုံအိမ်ဓါတ်ငွေ့ လေးပုံသုံးပုံကို အခု သုံးစွဲနေကြတဲ့ စွမ်းအင်ကနေထုတ်လွှတ်နေလို့ပါဘဲ။ ကျနော်တို့မှာ ရှိနှင့်ပြီးသား သန့်စင်တဲ့နည်းပညာတွေကို ၂၀၃၀ ပြည့်နှစ်ကျရင် ပိုတိုးအသုံးချနိုင်အောင် အရှိန်မြှင့် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ပြန်လည်အသုံးပြုလို့ရတဲ့ နေရောင်ခြည်နဲ့ လေစွမ်းအင်တွေကို လေးဆ တိုးထုတ်လုပ်ရမယ့်သဘောပါ။ အသစ်ထုတ်လုပ်မယ့် မောတော်ကားစင်းရေး ထက်ဝက်ကျော်ကိုလည်း လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်ကြဖို့ဖြစ်တယ်လို့ Mr. Kerry ကပြောပါတယ်။

“၂၀၅၀ ပြည့်နှစ်ကျရင် ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ကာဘွန်ဒိုင်အောက်ဆိုဒ်ကင်းရှင်းစေဖို့အတွက်၊ အဓိကကျတဲ့ အခန်းကနေပါဝင်နိုင်အောင်၊ ဒီ ၁၀ စုနှစ်အတွင်း၊ တိုးတက်တဲ့ နည်းပညာတွေကို မဖြစ်မနေ အရှိန်မြှင့်ထုတ်လုပ်ပြီး သရုပ်ပြကြရမှာဖြစ်တယ်လို့ ပြောသွားတာပါ။”

၂၀၄၀ ပြည့်နှစ်ကျရင် ရေရှည် အရိုးစွဲအောင်သုံးနေတဲ့ ကျောက်မီးသွေးနဲ့ ရေနံထုတ်လုပ်ရေးအားလုံး ရပ်ဆိုင်းသင့်ပါတယ်။ သဘာဝဓါတ်ငွေ့ကိုဘဲ အားထား သုံးစွဲနေတဲ့ မျိုးဆက်တွေအနေနဲ့လည်း သိသိသာသာလျှော့ချသင့်ကြတယ်လို့ Mr. Kerry ကတိုက်တွန်းပါတယ်။

“မိတ်ဆွေတို့အတွက် သတင်းကောင်းပါဘဲ။ အထောက်အထားတွေက ကျနော်တို့လုပ်နိုင်ကြမယ်ဆိုတာကို သက်သေပြနေပါပြီ။ သန့်စင်တဲ့စွမ်းအင်နည်းပညာတွေက ရေနံစွမ်းအင်ထက် ဈေးသက်သာပါတယ်။ တခြားသန့်စင်တဲ့စွမ်းအင်နည်းပညာတွေလည်း အများကြီးရှိတဲ့အတွက် အလားတူ လှည့်ပြီး အသုံးချနိုင်တယ်လို့ပြောသွားတာပါ။”

အနာဂတ်မှာ စိတ်ချလက်ချ ၁.၅ ဒီကရီ စင်တီဂရိတ် ပြန်ကျအောင် လုပ်နိုင်ဖို့ အချိန်မှီပါသေးတယ်။ ဒါပေမဲ့ ကမ္ဘာ့စီးပွားရေးဦးဆောင်နိုင်ငံတွေက ၂၀၃၀ ပြည့်နှစ်မှာ သိသိသာသာလျှော့ချဖို့ တာဝန်ခံမှသာ၊ လာမယ့်ရာစုနှစ်ဝက်မှာ ကမ္ဘာတဝန်း လေထုညစ်ညမ်းမှု သုံည အဆင့်ကျအောင်၊ အားထားရမယ့်လမ်းကြောင်းပေါ်ကို အရောက်လှမ်းနိုင်မှာဖြစ်တယ်လို့ သမ္မတရဲ့ ဥတုရာသီဆိုင်ရာ အထူးသံတမန် John Kerry ကပြောဆိုလိုက်ကြောင်းပါ ခင်ဗျား။

XS
SM
MD
LG