Accessibility links

Breaking News

အင္ဒို-ပစိဖိတ္ အက်ိဳးအတြက္ Quad ၄ ႏိုင္ငံပူးေပါင္း ေဆာင္ရြက္မည္


Quad
Quad

{{Zawgyi/Unicode}}

အေမရိကန္ရဲ႕ အက်ိဳးစီးပြားတိုးတက္ေစဖို႔နဲ႔ အေျခခံ စံတန္ဖိုးေတြကို လိုက္နာက်င့္သံုးဖို႔ဆိုတဲ့ ဘံုရည္မွန္းခ်က္အတြက္ အခရာက်တဲ့ အခ်က္ကေတာ့ က်ေနာ္တို႔ရဲ႕ အနီးကပ္ဆံုးမဟာမိတ္ေတြနဲ႔ မိတ္ဖက္ေတြနဲ႔အတူ ေဆာင္ရြက္ၾကဖို႔တယ္လို႔ သမၼတ Joe Biden ကေျပာဆိုလိုက္ပါတယ္။

ဒါ့ေၾကာင့္၊ အေမရိကန္ျပည္ေထာင္စု၊ ၾသစေၾတးလ်၊ အိႏၵိယနဲ႔ ဂ်ပန္ႏိုင္ငံက အဆင့္ျမင့္တာဝန္ရွိ ပုဂၢိဳလ္ေတြဟာ ၾသဂုတ္လ ၁၂ ရက္ေန႔က Online ကေနေတြ႕ဆံုၿပီး တိုင္ပင္ေဆြးေႏြးခဲ့ၾကပါတယ္။ သမၼတ Joe Biden၊ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison, အိႏၵယ ဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္Yoshihide Suga တို႔ရဲ႕ သမိုင္းတြင္တဲ့ Quad ေလးႏိုင္ငံထိပ္သီးညီလာခံရဲ႕ ေနာက္ဆက္တြဲအျဖစ္ ဒီ (၈) ႀကိမ္ေျမာက္ေဆြးေႏြးပြဲက်င္းပခဲ့တာပါ။

စိတ္သေဘာထားခ်င္းတိုက္ဆိုင္တဲ့ ဒီမိုကေရစီႏိုင္ငံ ၄ ႏိုင္ငံအတူ စုစည္းၿပီး Quad ရယ္လို႔ ေခၚေဝၚ တာျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာပါတယ္။ အင္ဒို-ပစိဖိတ္ေဒသတခြင္လံုးမွာရွိၾကတဲ့ ႏိုင္ငံေတြရဲ႕ ျပည္သူေတြအားလံုး အက်ိဳးသက္ေရာက္မႈရွိမယ့္ ကိစၥရပ္တိုင္းအတြက္ အတူပူးေပါင္းေဆာင္ရြက္ၾကဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ အေျခခံအားျဖင့္ အင္ဒို-ပစိဖိတ္ေဒသကို လြတ္လပ္ပြင့္လင္းတဲ့ ေဒသအျဖစ္ရပ္တည္ေစဖို႔ျဖစ္ပါတယ္တဲ့။

ကမ႓ာ့လံုျခံဳေရးနဲ႔ သာယာဝေျပာေရးဟာ အားလံုးပါဝင္တဲ့၊ ခံႏိုင္ရည္နဲ႔ က်န္းမာသန္စြမ္းတဲ့ ေဒသအျဖစ္ ရပ္တည္ႏိုင္မႈေပၚမွာ မူတည္ေနတယ္ဆိုတာကို Quad ဒီမိုကေရစီ ၄ ႏိုင္ငံရဲ႕ ၾသဂုတ္လ ၁၂ ရက္ေန႔ အစည္းအေဝးက အသိအမွတ္ျပဳတဲ့အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။ အင္ဒို-ပစိဖိတ္ေဒသမွာ COVID-19 ကပ္ေရာဂါအဆံုးသတ္ေရးနဲ႔ စီးပြားေရးနာလန္ထူဖို႔ အတြက္ ေရရွည္တည္တံ့မယ့္ ႏိုင္ငံတကာပူးေပါင္းေဆာင္ရြက္မႈ အေရးႀကီးတဲ့အေၾကာင္း အဲဒီအစည္းအေဝးမွာ ေဆြးေႏြးခဲ့ၾကပါတယ္။

ဘံုအက်ိဳးစီးပြားအတြက္ ပူးေပါင္းေဆာင္ရြက္ေနတဲ့ ကိစၥရပ္အေတာ္မ်ားမ်ား ပိုၿပီးခရီးေရာက္ေစဖို႔ နည္းလမ္းေတြကို သံုးသပ္ေဆြးေႏြးခဲ့ၾကတယ္လို႔ လည္း ဆိုပါတယ္။ အင္ဒို-ပစိဖိတ္ေဒသမွာ အထိခိုက္လြယ္တဲ့ ႏိုင္ငံေတြအတြက္ စုစုစည္းစည္းအေရးတယူ ေထာက္ခံ ပံ့ေပးဖို႔၊ ကုလသမဂၢနဲ႔ ဆက္စပ္အဖြဲ႔အစည္းေတြ အပါအဝင္၊ ႏိုင္ငံတကာအဖြဲ႔အစည္းေတြ ခိုင္မာေရး၊ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးတိုးတက္ေစေရး၊ သတင္းမွားေတြကာကြယ္ႏိုင္ေရးစတဲ့ ေဒသတြင္းမဟာဗ်ဴဟာက်တဲ့ စိန္ေခၚအကဲစမ္းမႈေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ထိုင္ဝမ္ေရလက္ျကားမွာ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးအေရးႀကီးတဲ့အေျခအေနနဲ႔ ျမန္မာ့ႏိုင္ငံေရးအက်ပ္အတည္းကိုေဆြးေႏြးခဲ့ၾကတဲ့အျပင္၊ အင္ဒို-ပစိဖိတ္ေဒသတခြင္မွာ အခ်က္အျခာက်တဲ့ ASEAN ရဲ႕ အခန္းက႑နဲ႔ ေမွ်ာ္မွန္းခ်က္ေတြအေပၚ Quad ၄ ႏိုင္ငံက အခိုင္အမာေထာက္ခံေၾကာင္း ထပ္မံ အာမခံခ်က္ေပးခဲ့ၾကပါတယ္။

လာမယ့္ေဆာင္းဦးေပါက္မွာ ဒုတိယအႀကိမ္ Quad ထိပ္သီးညီလာခံ က်င္းပႏိုင္ေရးအတြက္၊ ဝန္ႀကီးအဆင့္၊ အႀကီးတန္းအရာရွိအဆင့္နဲ႔ လုပ္ငန္းအဖြဲ႔စသျဖင့္၊ ပံုမွန္ၫွိႏိႈင္းမႈေတြဆက္လက္ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

Quad အဖြဲ႔ဟာ ႏိုင္ငံတကာစည္းမ်ဥ္းေတြကိုအေျခခံၿပီး ဒီမိုကေရစီတန္ဖိုးေတြ တိုးတက္ေစေရးအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ အားထုတ္မႈကို ထဲထဲဝင္ဝင္ အေထာက္အကူျဖစ္ေစတဲ့ မိတ္ဖက္ေပါင္းစည္းမႈရဲ႕ က႑တရပ္ျဖစ္ပါတယ္။

ကမ႓ာႀကီးရင္ဆိုင္ေနရတဲ့ စိန္ေခၚခ်က္အမ်ားစုကို ဘယ္ႏိုင္ငံကမွ တႏိုင္ငံတည္းနဲ႔ ေျဖရွင္းလို႔မရႏိုင္ပါဘူး။ ဒါ့ေၾကာင့္ စိတ္တူသေဘာတူ ဒီမိုကေရစီႏိုင္ငံေတြ အတူတကြစုစည္းၿပီး၊ ပူးေပါင္းေဆာင္ရြက္ၾကတာ၊ သဘာဝက်ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

........................................

{{Unicode}}

အမေရိကန်ရဲ့ အကျိုးစီးပွားတိုးတက်စေဖို့နဲ့ အခြေခံ စံတန်ဖိုးတွေကို လိုက်နာကျင့်သုံးဖို့ဆိုတဲ့ ဘုံရည်မှန်းချက်အတွက် အခရာကျတဲ့ အချက်ကတော့ ကျနော်တို့ရဲ့ အနီးကပ်ဆုံးမဟာမိတ်တွေနဲ့ မိတ်ဖက်တွေနဲ့အတူ ဆောင်ရွက်ကြဖို့တယ်လို့ သမ္မတ Joe Biden ကပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံက အဆင့်မြင့်တာဝန်ရှိ ပုဂ္ဂိုလ်တွေဟာ သြဂုတ်လ ၁၂ ရက်နေ့က Online ကနေတွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတ Joe Biden၊ သြစတြေးလျဝန်ကြီးချုပ် Scott Morrison, အိန္ဒယ ဝန်ကြီးချုပ် Narendra Modi နဲ့ ဂျပန်ဝန်ကြီးချုပ်Yoshihide Suga တို့ရဲ့ သမိုင်းတွင်တဲ့ Quad လေးနိုင်ငံထိပ်သီးညီလာခံရဲ့ နောက်ဆက်တွဲအဖြစ် ဒီ (၈) ကြိမ်မြောက်ဆွေးနွေးပွဲကျင်းပခဲ့တာပါ။

စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့ ဒီမိုကရေစီနိုင်ငံ ၄ နိုင်ငံအတူ စုစည်းပြီး Quad ရယ်လို့ ခေါ်ဝေါ် တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်။ အင်ဒို-ပစိဖိတ်ဒေသတခွင်လုံးမှာရှိကြတဲ့ နိုင်ငံတွေရဲ့ ပြည်သူတွေအားလုံး အကျိုးသက်ရောက်မှုရှိမယ့် ကိစ္စရပ်တိုင်းအတွက် အတူပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အခြေခံအားဖြင့် အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းတဲ့ ဒေသအဖြစ်ရပ်တည်စေဖို့ဖြစ်ပါတယ်တဲ့။

ကမ္ဘာ့လုံခြုံရေးနဲ့ သာယာဝပြောရေးဟာ အားလုံးပါဝင်တဲ့၊ ခံနိုင်ရည်နဲ့ ကျန်းမာသန်စွမ်းတဲ့ ဒေသအဖြစ် ရပ်တည်နိုင်မှုပေါ်မှာ မူတည်နေတယ်ဆိုတာကို Quad ဒီမိုကရေစီ ၄ နိုင်ငံရဲ့ သြဂုတ်လ ၁၂ ရက်နေ့ အစည်းအဝေးက အသိအမှတ်ပြုတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ COVID-19 ကပ်ရောဂါအဆုံးသတ်ရေးနဲ့ စီးပွားရေးနာလန်ထူဖို့ အတွက် ရေရှည်တည်တံ့မယ့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အရေးကြီးတဲ့အကြောင်း အဲဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်အတော်များများ ပိုပြီးခရီးရောက်စေဖို့ နည်းလမ်းတွေကို သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ လည်း ဆိုပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ အထိခိုက်လွယ်တဲ့ နိုင်ငံတွေအတွက် စုစုစည်းစည်းအရေးတယူ ထောက်ခံ ပံ့ပေးဖို့၊ ကုလသမဂ္ဂနဲ့ ဆက်စပ်အဖွဲ့အစည်းတွေ အပါအဝင်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုးတက်စေရေး၊ သတင်းမှားတွေကာကွယ်နိုင်ရေးစတဲ့ ဒေသတွင်းမဟာဗျူဟာကျတဲ့ စိန်ခေါ်အကဲစမ်းမှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအရေးကြီးတဲ့အခြေအနေနဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဆွေးနွေးခဲ့ကြတဲ့အပြင်၊ အင်ဒို-ပစိဖိတ်ဒေသတခွင်မှာ အချက်အခြာကျတဲ့ ASEAN ရဲ့ အခန်းကဏ္ဍနဲ့ မျှော်မှန်းချက်တွေအပေါ် Quad ၄ နိုင်ငံက အခိုင်အမာထောက်ခံကြောင်း ထပ်မံ အာမခံချက်ပေးခဲ့ကြပါတယ်။

လာမယ့်ဆောင်းဦးပေါက်မှာ ဒုတိယအကြိမ် Quad ထိပ်သီးညီလာခံ ကျင်းပနိုင်ရေးအတွက်၊ ဝန်ကြီးအဆင့်၊ အကြီးတန်းအရာရှိအဆင့်နဲ့ လုပ်ငန်းအဖွဲ့စသဖြင့်၊ ပုံမှန်ညှိနှိုင်းမှုတွေဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။

Quad အဖွဲ့ဟာ နိုင်ငံတကာစည်းမျဉ်းတွေကိုအခြေခံပြီး ဒီမိုကရေစီတန်ဖိုးတွေ တိုးတက်စေရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ အားထုတ်မှုကို ထဲထဲဝင်ဝင် အထောက်အကူဖြစ်စေတဲ့ မိတ်ဖက်ပေါင်းစည်းမှုရဲ့ ကဏ္ဍတရပ်ဖြစ်ပါတယ်။

ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်အများစုကို ဘယ်နိုင်ငံကမှ တနိုင်ငံတည်းနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။ ဒါ့ကြောင့် စိတ်တူသဘောတူ ဒီမိုကရေစီနိုင်ငံတွေ အတူတကွစုစည်းပြီး၊ ပူးပေါင်းဆောင်ရွက်ကြတာ၊ သဘာဝကျပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG