Accessibility links

Breaking News

မဲေခါင္ေဒသ ဖြံ႕ၿဖိဳးေရး ကန္ဆက္လက္ကူညီမည္


Ngoại trưởng Hoa Kỳ Mike Pompeo (thứ ba từ trái), Ngoại trưởng Việt Nam Phạm Bình Minh (thứ hai từ phải) tại Hội nghị cấp Bộ trưởng ở Bangkok, Thái Lan hôm 1/8/2019 trong dịp kỷ niệm 10 năm Sáng kiến Hạ lưu Mekong. [nguồn: US Embassy in Vietnam]
Ngoại trưởng Hoa Kỳ Mike Pompeo (thứ ba từ trái), Ngoại trưởng Việt Nam Phạm Bình Minh (thứ hai từ phải) tại Hội nghị cấp Bộ trưởng ở Bangkok, Thái Lan hôm 1/8/2019 trong dịp kỷ niệm 10 năm Sáng kiến Hạ lưu Mekong. [nguồn: US Embassy in Vietnam]

{{Zawgyi/Unicode}}

အေရွ႕ေတာင္အာရွတဝန္းရွိ ျပည္သူသန္း ၇၀ ဟာ၊ သူတို႔ရဲ႕ ေန႔စဥ္လူေနမႈဘဝ၊ သယ္ယူပို႔ေဆာင္ေရးနဲ႔ စြမ္းအင္လိုအပ္ခ်က္အတြက္ မဲေခါင္ျမစ္ႀကီးကို မွီခိုအားထားေနၾကရပါတယ္။ မဲေခါင္ျမစ္ေအာက္ပိုင္းေဒသက သန္းနဲ႔ ခ်ီတဲ့ ျပည္သူေတြဟာ အခ်ိန္မေရြး ဒုကၡေရာက္ႏိုင္တဲ့အတြက္၊ ကေမၻာဒီးယား၊ ထိုင္းနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔က MRC လို႔ေခၚတဲ့ မဲေခါင္ျမစ္ေကာ္မရွင္ကို လြန္ခဲ့တဲ့အႏွစ္ ၃၀ က ဖြဲ႔စည္းခဲ့ၾကပါတယ္။ ေရအရင္းအျမစ္စီမံခန္႔ခြဲေရးနဲ႔ ေရရွည္တည္တံ့မယ့္ဖြံ့ၿဖိဳးေရးအတြက္ ပူးေပါင္းေဆာင္ရြက္ၾကဖို႔နဲ႔ ေဒသတြင္းအစိုးရေတြအၾကား ေဆြးေႏြးၫွိႏိႈင္းၾကဖို႔ MRC ကိုဖြဲ႔စည္းခဲ့ၾကတာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုက MRC ကို ဖြံ႔ၿဖိဳးမႈမိတ္ဖက္အျဖစ္ တရားဝင္ေထာက္ခံေနပါတယ္။ေဒသတြင္း စီးပြားေရးဖြံ့ၿဖိဳးတိုးတက္မႈေရရွည္တည္တံ့ေအာင္ အေမရိကန္၊ ကေမ႓ာဒီးယား၊ လာအို၊ ျမန္မာ၊ ထိုင္းနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ ပူးေပါင္းၿပီး Lower Mekong Initiative မဲေခါင္ျမစ္ေအာက္ပိုင္း ဦးေဆာင္ဦးရြက္ျပဳမႈအဖြဲ႔ ကို ၂၀၀၉ ခုႏွစ္ ဇူလိုင္လမွာ ဖြဲ႔စည္းခဲ့ပါတယ္။

ေဒသတြင္း မိတ္ဖက္ ၅ ႏိုင္ငံက အေမရိကန္ျပည္ေထာင္စုရဲ႕ ပ့ံပိုးမႈနဲ႔ ေဒသတြင္းပူးေပါင္းေဆာင္ရြက္မႈကို ထဲထဲဝင္ဝင္ေဆာင္ရြက္ႏိုင္ေအာင္၊ Lower Mekong Initiative ကို မဲေခါင္-အေမရိကန္မိတ္ဖက္အျဖစ္၂၀၂၀ ျပည့္ႏွစ္မွာ တိုးခ်ဲ႕ဖြဲ႔စည္းလိုက္ပါတယ္။ မဲေခါင္ေဒသရင္ဆိုင္ေနရတဲ့ နယ္စပ္ျဖတ္ေက်ာ္ စိန္ေခၚေနတဲ့ျပႆနာေတြကို ကိုင္တြယ္ႏိုင္ဖို႔ အေမရိကန္ျပည္ေထာင္စုက ခိုင္မာတဲ့မိတ္ဖက္အျဖစ္ရပ္တည္ဖို႔ သံဓိဌာန္ခ်မွတ္ထားပါတယ္။

နည္းဥပေဒေတြကိုအေျခခံတဲ့ မူဝါဒေတြနဲ႔ ပြင့္လင္းျမင္သာမႈတိုးတက္ေအာင္အားေပးရင္း၊ ေကာင္းမြန္တဲ့အုပ္ခ်ဳပ္မႈ၊ လြတ္လပ္တဲ့စီးပြားေရးနဲ႕ ေရရွည္တည္တံ့မယ့္ဖြံ့ၿဖိဳးမႈအတြက္ မဲေခါင္မဟာမိတ္ေတြနဲ႔အတူ အခိုင္အမာရပ္တည္ေနပါတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ရဲ႕ထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။

ဟုတ္ပါတယ္။ ဒီမိတ္ဖက္စုစည္းမႈဟာ၊ ေဒသတြင္းအာဆီယံဗဟိုျပဳဦးေဆာင္မႈကို ေထာက္ခံတဲ့ အေမရိကန္ရဲ႕ ပ့ံပိုးမႈတစိတ္တပိုင္းျဖစ္ပါတယ္။ ဒီမိတ္ဖက္အားထုတ္မႈေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း မဲေခါင္ေဒသတခြင္ သိန္းနဲ႔ခ်ီတဲ့ ျပည္သူေတြရဲ႕ ဘဝတိုးတက္ခဲ့ပါတယ္။ ဒါေပမဲ့၊ ေဒသတြင္းႏိုင္ငံေတြအၾကား ဥတုရာသီေဖါက္ျပန္မႈနဲ႔ COVID-19 ကပ္ေရာဂါေၾကာင့္ ကူးလူးဆက္ဆံမႈေတြကေန ပိုရႈတ္ေထြးနက္နဲတဲ့ စိန္ေခၚအကဲစမ္းမႈအသစ္ေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

ဒါ့ေၾကာင့္ မဲေခါင္ျမစ္ေအာက္ပိုင္းႏိုင္ငံေတြမွာ COVID-19 ကပ္ေရာဂါအႏၲရာယ္ကာကြယ္ႏိုင္ဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုက လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း ေဒၚလာ သန္း ၆၀ နီးပါးတန္ဖိုးရွိ ကာကြယ္ေဆး ၈ သန္းခြဲေပးပို႔လွဴဒါန္းခဲ့ၿပီး၊ ကပ္ေရာဂါႀကိဳတင္ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရးအတြက္ ေဒသခံက်န္းမာေရးအာဏာပိုင္ေတြနဲ႔ အနီးကပ္ဆက္လက္ ေဆာင္ရြက္ေနပါတယ္။

ကာကြယ္ေဆးေတြဟာအခမဲ့ေပးပို႔တာျဖစ္ၿပီး ႏိုင္ငံေရးနဲ႔ စီးပြားေရးေႏွာင္ႀကိဳးေတြ မပါဘူးလို႔ ၾသဂုတ္လ ၃ ရက္ေန႔က က်င္းပတဲ့ မဲေခါင္-အေမရိကန္မိတ္ဖက္ ဝန္ႀကီးအဆင့္အစည္းအေဝးမွာ ဝန္ႀကီး Blinken ကေျပာဆိုလိုက္ပါတယ္။

လာမယ့္ႏွစ္မွာ မဲေခါင္ေဒသတင္မက၊ကမ႓ာတဝန္း ေနာက္ထပ္အႏၲရာယ္ေပးႏိုင္တဲ့ ကပ္ေရာဂါကာကြယ္ေရးႀကိဳတင္ျပင္ဆင္ႏိုင္ေအာင္နဲ႔ ဥတုရာသီေမွ်ာ္မွန္းခ်က္အတြက္၊ အမ်ိဳးသမီးေတြရဲ႕ စြမ္းရည္ျမင့္မားေရး ပ့ံပိုးဖို႔အပါအဝင္၊ တိုးခ်ဲ႔ ဆက္သြယ္ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ေရွ႕ရႈေနတယ္လို႔လည္းဆိုပါတယ္။

ဒီကေန႔ တိုးၿပီးရင္ဆိုင္ေနရတဲ့ ကမ႓ာတဝန္းစိန္ေခၚမႈေတြကို အတူတကြေျဖရွင္းၾကဖို႔ဆိုတဲ့ သမၼတ Joe Biden ရဲ႕ သေဘာထားကို မဲေခါင္-အေမရိကန္မိတ္ဖက္အဖြဲ႔က အေရးတယူ အေကာင္အထည္ေဖၚေနတာျဖစ္ပါတယ္။ က်ေနာ္တို႔တေတြ ကပ္ေရာဂါတိုက္ဖ်က္ရင္း၊ စီးပြားေရးနာလံထူေအာင္ အားျဖည့္ေနၾကတာနဲ႔အမွ်၊ မဲေခါင္ေဒသႏိုင္ငံေတြအေနနဲ႕ အေမရိကန္ျပည္ေထာင္စုနဲ႔ အတူ မဲေခါင္မိတ္ေဆြႏိုင္ငံေတြကို အားကိုးအားထားျပဳႏိုင္ၾကပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

...................................................

{{Unicode}}

အရှေ့တောင်အာရှတဝန်းရှိ ပြည်သူသန်း ၇၀ ဟာ၊ သူတို့ရဲ့ နေ့စဉ်လူနေမှုဘဝ၊ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်လိုအပ်ချက်အတွက် မဲခေါင်မြစ်ကြီးကို မှီခိုအားထားနေကြရပါတယ်။ မဲခေါင်မြစ်အောက်ပိုင်းဒေသက သန်းနဲ့ ချီတဲ့ ပြည်သူတွေဟာ အချိန်မရွေး ဒုက္ခရောက်နိုင်တဲ့အတွက်၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က MRC လို့ခေါ်တဲ့ မဲခေါင်မြစ်ကော်မရှင်ကို လွန်ခဲ့တဲ့အနှစ် ၃၀ က ဖွဲ့စည်းခဲ့ကြပါတယ်။ ရေအရင်းအမြစ်စီမံခန့်ခွဲရေးနဲ့ ရေရှည်တည်တံ့မယ့်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ဒေသတွင်းအစိုးရတွေအကြား ဆွေးနွေးညှိနှိုင်းကြဖို့ MRC ကိုဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက MRC ကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖြစ် တရားဝင်ထောက်ခံနေပါတယ်။ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရေရှည်တည်တံ့အောင် အမေရိကန်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပူးပေါင်းပြီး Lower Mekong Initiative မဲခေါင်မြစ်အောက်ပိုင်း ဦးဆောင်ဦးရွက်ပြုမှုအဖွဲ့ ကို ၂၀၀၉ ခုနှစ် ဇူလိုင်လမှာ ဖွဲ့စည်းခဲ့ပါတယ်။

ဒေသတွင်း မိတ်ဖက် ၅ နိုင်ငံက အမေရိကန်ပြည်ထောင်စုရဲ့ ပံ့ပိုးမှုနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်အောင်၊ Lower Mekong Initiative ကို မဲခေါင်-အမေရိကန်မိတ်ဖက်အဖြစ်၂၀၂၀ ပြည့်နှစ်မှာ တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ မဲခေါင်ဒေသရင်ဆိုင်နေရတဲ့ နယ်စပ်ဖြတ်ကျော် စိန်ခေါ်နေတဲ့ပြဿနာတွေကို ကိုင်တွယ်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ခိုင်မာတဲ့မိတ်ဖက်အဖြစ်ရပ်တည်ဖို့ သံဓိဌာန်ချမှတ်ထားပါတယ်။

နည်းဥပဒေတွေကိုအခြေခံတဲ့ မူဝါဒတွေနဲ့ ပွင့်လင်းမြင်သာမှုတိုးတက်အောင်အားပေးရင်း၊ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ လွတ်လပ်တဲ့စီးပွားရေးနဲ့ ရေရှည်တည်တံ့မယ့်ဖွံ့ဖြိုးမှုအတွက် မဲခေါင်မဟာမိတ်တွေနဲ့အတူ အခိုင်အမာရပ်တည်နေပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ဟုတ်ပါတယ်။ ဒီမိတ်ဖက်စုစည်းမှုဟာ၊ ဒေသတွင်းအာဆီယံဗဟိုပြုဦးဆောင်မှုကို ထောက်ခံတဲ့ အမေရိကန်ရဲ့ ပံ့ပိုးမှုတစိတ်တပိုင်းဖြစ်ပါတယ်။ ဒီမိတ်ဖက်အားထုတ်မှုကြောင့် လွန်ခဲ့တဲ့နှစ်တွေအတွင်း မဲခေါင်ဒေသတခွင် သိန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဘဝတိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့၊ ဒေသတွင်းနိုင်ငံတွေအကြား ဥတုရာသီဖေါက်ပြန်မှုနဲ့ COVID-19 ကပ်ရောဂါကြောင့် ကူးလူးဆက်ဆံမှုတွေကနေ ပိုရှုတ်ထွေးနက်နဲတဲ့ စိန်ခေါ်အကဲစမ်းမှုအသစ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒါ့ကြောင့် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါအန္တရာယ်ကာကွယ်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဒေါ်လာ သန်း ၆၀ နီးပါးတန်ဖိုးရှိ ကာကွယ်ဆေး ၈ သန်းခွဲပေးပို့လှူဒါန်းခဲ့ပြီး၊ ကပ်ရောဂါကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးအတွက် ဒေသခံကျန်းမာရေးအာဏာပိုင်တွေနဲ့ အနီးကပ်ဆက်လက် ဆောင်ရွက်နေပါတယ်။

ကာကွယ်ဆေးတွေဟာအခမဲ့ပေးပို့တာဖြစ်ပြီး နိုင်ငံရေးနဲ့ စီးပွားရေးနှောင်ကြိုးတွေ မပါဘူးလို့ သြဂုတ်လ ၃ ရက်နေ့က ကျင်းပတဲ့ မဲခေါင်-အမေရိကန်မိတ်ဖက် ဝန်ကြီးအဆင့်အစည်းအဝေးမှာ ဝန်ကြီး Blinken ကပြောဆိုလိုက်ပါတယ်။

လာမယ့်နှစ်မှာ မဲခေါင်ဒေသတင်မက၊ကမ္ဘာတဝန်း နောက်ထပ်အန္တရာယ်ပေးနိုင်တဲ့ ကပ်ရောဂါကာကွယ်ရေးကြိုတင်ပြင်ဆင်နိုင်အောင်နဲ့ ဥတုရာသီမျှော်မှန်းချက်အတွက်၊ အမျိုးသမီးတွေရဲ့ စွမ်းရည်မြင့်မားရေး ပံ့ပိုးဖို့အပါအဝင်၊ တိုးချဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ကြဖို့ ရှေ့ရှုနေတယ်လို့လည်းဆိုပါတယ်။

ဒီကနေ့ တိုးပြီးရင်ဆိုင်နေရတဲ့ ကမ္ဘာတဝန်းစိန်ခေါ်မှုတွေကို အတူတကွဖြေရှင်းကြဖို့ဆိုတဲ့ သမ္မတ Joe Biden ရဲ့ သဘောထားကို မဲခေါင်-အမေရိကန်မိတ်ဖက်အဖွဲ့က အရေးတယူ အကောင်အထည်ဖေါ်နေတာဖြစ်ပါတယ်။ ကျနော်တို့တတွေ ကပ်ရောဂါတိုက်ဖျက်ရင်း၊ စီးပွားရေးနာလံထူအောင် အားဖြည့်နေကြတာနဲ့အမျှ၊ မဲခေါင်ဒေသနိုင်ငံတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အတူ မဲခေါင်မိတ်ဆွေနိုင်ငံတွေကို အားကိုးအားထားပြုနိုင်ကြပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG