Accessibility links

Breaking News

ေရရွည္တည္တံ့မယ့္ ကုလဖြံ႔ၿဖိဳးေရးအစီအစဥ္ အေမရိကန္ေထာက္ခံ


usaid
usaid

ကုလသမဂၢရဲ႕ ၂၀၃၀ ျပည့္ႏွစ္ ေရရွည္တည္တံ့မယ့္ ဖံြ႕ၿဖိဳးေရးအစီအစဥ္ကို အေမရိကန္ျပည္ေထာင္စုက အခိုင္အမာေထာက္ခံတယ္လို႔ USAID - အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအဂ်င္စီအုပ္ခ်ဳပ္ေရးမွဴး Samantha Power ကေျပာဆိုလိုက္ပါတယ္။ ကုလသမဂၢမွာ မၾကာေသးခင္က က်င္းပခဲ့တဲ့ ေရရွည္တည္တန္႔မယ့္ ဖံြ႕ၿဖိဳးေရးဆိုင္ရာ အဆင့္ျမင့္ႏွီးေႏွာဖလွယ္ပြဲမွာ Ms. Power ကေျပာဆိုခဲ့တာပါ။

ဒါေပမဲ့ ေရရွည္တည္တန္႔မယ့္ ဖံြ႕ၿဖိဳးေရးရည္မွန္းခ်က္အတြက္ ၂၀၂၁ ခုႏွစ္မွာေတာ့ စိန္ေခၚေနတဲ့ ျပႆနာ သံုးခုနဲ႔ ရင္ဆိုင္ေနရတယ္လို႔ Ms. Power ကေထာက္ျပပါတယ္။ အဲဒီျပႆနာေတြထဲမွာ COVID-19 ကပ္ေရာဂါေဘး၊ အာဏာရွင္စံနစ္ေၾကာင့္ ႀကီးထြားလာတဲ့ အဂတိလိုက္စားမႈေတြနဲ႔ ဥတုရာသီေျပာင္းလဲမႈျဖစ္စဥ္ေတြရဲ႕ ႐ိုက္ခတ္မႈေတြ ပါဝင္တယ္လို႔ ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ COVID-19 စိန္ေခၚမႈကို တုန္႔ျပန္ဖို႔အတြက္ ဝင္ေငြနည္းပါးတဲ့ႏိုင္ငံေတြ၊ ဝင္ေငြအလယ္အလတ္ရွိတဲ့ႏိုင္ငံေတြ၊ စီးပြားေရးအက်ပ္အတည္းျဖစ္ေနတဲ့ႏိုင္ငံေတြနဲ႔ အာဖရိကသမဂၢႏိုင္ငံေတြ၊ စုစုေပါင္း ၉၂ ႏိုင္ငံအတြက္ Pfizer ကာကြယ္ေဆးအလံုးေရ ( ၅) သိန္းကို COVAX WHO ကတဆင့္ ေပးပို႔လွူဒါန္းမယ္လို႔ သမၼတ Joe Biden ကေၾကညာခဲ့ပါတယ္။

ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္ေရး ႏိုင္ငံေပါင္းစံု ႀကိဳးပမ္းမႈျဖစ္တဲ့ COVAX အဖြဲ႔ကိုလည္း အေမရိကန္က ေဒၚလာသန္း ၂၀၀၀ ထည့္ဝင္ထားၿပီး၊ ကာကြယ္ေဆးအလံုးေရ သန္း ၈၀ လွဴဖို႔ တာဝန္ယူထားတဲ့အျပင္ အခု တသုတ္ ထပ္ၿပီး ကာကြယ္ေဆးအလံုးေရ (၅) သိန္းထပ္မံလွဴဒါန္းဖို႔ ေၾကညာလိုက္တာျဖစ္ပါတယ္။

COVID အေျခအေနက အေရးေပၚကိုင္တြယ္ရမွာျဖစ္ပါတယ္။ ေရာဂါတိုက္ဖ်က္ေရးတခုတည္းကိုဘဲ အာရံုစိုက္ေနရတာမဟုတ္ပါဘူး၊ ကပ္ေရာဂါပ်ံ႔ႏွံ႕မႈေၾကာင့္ ဖြံ႔ၿဖိဳးမႈအရွိန္တန္႔ မသြားေအာင္၊ ၁၀ စုႏွစ္ေတြနဲ႔ခ်ီၿပီး စိတ္ခ်ရေအာင္ တိုက္ထုတ္ေနၾကရတာျဖစ္တယ္လို႔ USAID - အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအးဂ်င္စီအႀကီးအကဲ Samantha Power ကအခုလိုေျပာပါတယ္။

“COVID-19 ေၾကာင့္ ဆင္းရဲမႈပိုတိုးလာၿပီး လူဦးေရ ၁၂၄ သန္း ဆင္းရဲတြင္း တြန္းပို႔ခဲ့သလို အစာေရစာျပတ္လတ္မႈနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ ဒါဟာ ကမ႓ာမွာ ႏွစ္ ၃၀ နီးပါး အတြင္း ဆင္းရဲမြဲေတမႈ အဆိုးဝါးဆံုးအျဖစ္ကို ဦးတည္ေစတဲ့ သေဘာပါဘဲ။ ကေလးဦးေရသန္း ၁၀၀၀ ေက်ာ္ ေက်ာင္းမတက္ႏိုင္ေအာင္ ျဖစ္ၾကရၿပီး အထူးသျဖင့္ မိန္းကေလးေတြ ေက်ာင္းျပန္တက္ႏိုင္ဖို႕အလားအလာ သိပ္မရွိႏိုင္ေတာ့ဘူးလို႔ေျပာသြားတာပါ။”

ဒါ့အျပင္ အာဏာရွင္အစိုးရေတြ ကပ္ေရာဂါေဘးအေၾကာင္းျပၿပီး၊ ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းတာေတြ၊ လြတ္လပ္စြာစုေဝးခြင့္ ကန္႔သတ္တာေတြနဲ႔ သတင္းမီဒီယာေတြကို ႏႈတ္ပိတ္တာေတြ လုပ္ေနၾကတာေတြ႕ရတယ္လို႔လည္း Ms. Power ကေျပာပါတယ္။

“ဖိႏွိပ္မႈေတြနဲ႔ ပတ္သက္လို႔ အခု ေလာေလာဆယ္ျဖစ္ပ်က္ေနတာေတြကို မျဖစ္မေန သတိနဲ႔ ေစာင့္ၾကည့္ၾကရမွာျဖစ္ပါတယ္။ ဒီမိုကေရစီအေရးနဲ႔ အစိုးရတရပ္ရဲ႕ လူ႔အခြင့္အေရးေလးစားလိုက္နာမႈဆိုတာ၊ ေရရွည္ဖြံ႔ၿဖိဳးမႈအတြက္ အေျခခံက်တဲ့ အမွန္တကယ္ လိုအပ္ခ်က္ျဖစ္လို႔ပါဘဲ။ ထိေရာက္မႈမရွိတဲ့ အစိုးရဌာနေတြ၊ အဂတိလိုက္စားမႈေတြ၊ တရားဥပေဒစိုးမိုးမႈ အားနည္းတဲ့ ႏိုင္ငံေတြဟာ ျပည္တြင္းစစ္ျဖစ္ႏိုင္ေျခ ၃၀ ကေန ၄၅ ရာခိုင္ႏံႈးရွိၿပီး၊ ရာဇဝတ္မႈေတြအလြန္အကၽြံမ်ားႏိုင္တဲ့ အႏၲရာယ္ရွိတယ္လို ႔ေျပာသြားတာပါ။”

ေနာက္ျပႆနာတခုကေတာ့ အက်င့္ပ်က္ လာဘ္စားမႈပါ။ ဒီ အဂတိလိုက္စားမႈေတြက စီးပြားေရးတိုးတက္မႈကို အေႏွာက္အယွက္ျဖစ္ေစသလို ရင္းႏွီးႁမွဳပ္ႏွံမႈေတြကို ကသိကေအာက္ျဖစ္ေစပါတယ္။ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ ရံုးဌာနေတြအေပၚ ယံုၾကည္မႈကင္းမဲ့ေစပါတယ္။ လူထုပိုင္နဲ႔ ပုဂၢလိကပိုင္ အရင္းအျမစ္ေတြကို မတရားသိမ္းယူတာ၊ အာဏာရွင္ေတြနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖါက္သူေတြ တိုးလာေစပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ၂၀၀၅ ခုႏွစ္က ထုတ္လႊတ္ခဲ့တဲ့ ေလထုညစ္ညမ္းမႈ ဖန္လံုအိမ္ဓါတ္ေငြ႕ပမာဏကေန ၂၀၃၀ ျပည့္ႏွစ္မွာ ၅၀ ကေန ၅၂ ရာခိုင္ႏံႈးအထိေလွ်ာ့ခ်ဖို႔ သံဓိဌာန္ခ်ထားၿပီး ဥတုရာသီအေျပာင္းအလဲ ကိုင္တြယ္ရာမွာ ဦးေဆာင္ေနပါတယ္။

အေမရိကန္ရဲ႕ ဖြံ႔ၿဖိဳးေရးစိန္ေခၚအကဲစမ္းမႈေတြဟာ အားလံုးအတူတကြ မွ်ေဝခံစားေနရတဲ့ စိန္ေခၚမႈေတြပါဘဲ။ ကမ႓ာတဝန္း ပိုမိုေကာင္းမြန္တဲ့ လူေနမႈဘဝတည္ေဆာက္ၾကဖို႔ ၂၀၃၀ ျပည့္ႏွစ္ ေရရွည္တည္တံ့မယ္ ဖြံ႔ၿဖိဳးေရးအစီအစဥ္ဟာ သမိုင္းတြင္မယ့္ ဘံုသေဘာတူညီခ်က္အျဖစ္၊ ေျပာင္ေျမာက္တဲ့ ကတိကဝတ္နဲ႔ မျဖစ္မေန အတူတကြ အဓိပၸါယ္ဖြင့္ၾကရမယ္လို႔ USAID - အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအးဂ်င္စီအႀကီးအကဲ Samantha Power ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

..............................

ကုလသမဂ္ဂရဲ့ ၂၀၃၀ ပြည့်နှစ် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေးအစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာထောက်ခံတယ်လို့ USAID - အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီအုပ်ချုပ်ရေးမှူး Samantha Power ကပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂမှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရေရှည်တည်တန့်မယ့် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်နှီးနှောဖလှယ်ပွဲမှာ Ms. Power ကပြောဆိုခဲ့တာပါ။

ဒါပေမဲ့ ရေရှည်တည်တန့်မယ့် ဖွံ့ဖြိုးရေးရည်မှန်းချက်အတွက် ၂၀၂၁ ခုနှစ်မှာတော့ စိန်ခေါ်နေတဲ့ ပြဿနာ သုံးခုနဲ့ ရင်ဆိုင်နေရတယ်လို့ Ms. Power ကထောက်ပြပါတယ်။ အဲဒီပြဿနာတွေထဲမှာ COVID-19 ကပ်ရောဂါဘေး၊ အာဏာရှင်စံနစ်ကြောင့် ကြီးထွားလာတဲ့ အဂတိလိုက်စားမှုတွေနဲ့ ဥတုရာသီပြောင်းလဲမှုဖြစ်စဉ်တွေရဲ့ ရိုက်ခတ်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ COVID-19 စိန်ခေါ်မှုကို တုန့်ပြန်ဖို့အတွက် ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေ၊ ဝင်ငွေအလယ်အလတ်ရှိတဲ့နိုင်ငံတွေ၊ စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့နိုင်ငံတွေနဲ့ အာဖရိကသမဂ္ဂနိုင်ငံတွေ၊ စုစုပေါင်း ၉၂ နိုင်ငံအတွက် Pfizer ကာကွယ်ဆေးအလုံးရေ ( ၅) သိန်းကို COVAX WHO ကတဆင့် ပေးပို့လှူဒါန်းမယ်လို့ သမ္မတ Joe Biden ကကြေညာခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေး နိုင်ငံပေါင်းစုံ ကြိုးပမ်းမှုဖြစ်တဲ့ COVAX အဖွဲ့ကိုလည်း အမေရိကန်က ဒေါ်လာသန်း ၂၀၀၀ ထည့်ဝင်ထားပြီး၊ ကာကွယ်ဆေးအလုံးရေ သန်း ၈၀ လှူဖို့ တာဝန်ယူထားတဲ့အပြင် အခု တသုတ် ထပ်ပြီး ကာကွယ်ဆေးအလုံးရေ (၅) သိန်းထပ်မံလှူဒါန်းဖို့ ကြေညာလိုက်တာဖြစ်ပါတယ်။

COVID အခြေအနေက အရေးပေါ်ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ရောဂါတိုက်ဖျက်ရေးတခုတည်းကိုဘဲ အာရုံစိုက်နေရတာမဟုတ်ပါဘူး၊ ကပ်ရောဂါပျံ့နှံ့မှုကြောင့် ဖွံ့ဖြိုးမှုအရှိန်တန့် မသွားအောင်၊ ၁၀ စုနှစ်တွေနဲ့ချီပြီး စိတ်ချရအောင် တိုက်ထုတ်နေကြရတာဖြစ်တယ်လို့ USAID - အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေးဂျင်စီအကြီးအကဲ Samantha Power ကအခုလိုပြောပါတယ်။

“COVID-19 ကြောင့် ဆင်းရဲမှုပိုတိုးလာပြီး လူဦးရေ ၁၂၄ သန်း ဆင်းရဲတွင်း တွန်းပို့ခဲ့သလို အစာရေစာပြတ်လတ်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါဟာ ကမ္ဘာမှာ နှစ် ၃၀ နီးပါး အတွင်း ဆင်းရဲမွဲတေမှု အဆိုးဝါးဆုံးအဖြစ်ကို ဦးတည်စေတဲ့ သဘောပါဘဲ။ ကလေးဦးရေသန်း ၁၀၀၀ ကျော် ကျောင်းမတက်နိုင်အောင် ဖြစ်ကြရပြီး အထူးသဖြင့် မိန်းကလေးတွေ ကျောင်းပြန်တက်နိုင်ဖို့အလားအလာ သိပ်မရှိနိုင်တော့ဘူးလို့ပြောသွားတာပါ။”

ဒါ့အပြင် အာဏာရှင်အစိုးရတွေ ကပ်ရောဂါဘေးအကြောင်းပြပြီး၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာတွေ၊ လွတ်လပ်စွာစုဝေးခွင့် ကန့်သတ်တာတွေနဲ့ သတင်းမီဒီယာတွေကို နှုတ်ပိတ်တာတွေ လုပ်နေကြတာတွေ့ရတယ်လို့လည်း Ms. Power ကပြောပါတယ်။

“ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ အခု လောလောဆယ်ဖြစ်ပျက်နေတာတွေကို မဖြစ်မနေ သတိနဲ့ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီအရေးနဲ့ အစိုးရတရပ်ရဲ့ လူ့အခွင့်အရေးလေးစားလိုက်နာမှုဆိုတာ၊ ရေရှည်ဖွံ့ဖြိုးမှုအတွက် အခြေခံကျတဲ့ အမှန်တကယ် လိုအပ်ချက်ဖြစ်လို့ပါဘဲ။ ထိရောက်မှုမရှိတဲ့ အစိုးရဌာနတွေ၊ အဂတိလိုက်စားမှုတွေ၊ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ နိုင်ငံတွေဟာ ပြည်တွင်းစစ်ဖြစ်နိုင်ခြေ ၃၀ ကနေ ၄၅ ရာခိုင်နှုံးရှိပြီး၊ ရာဇဝတ်မှုတွေအလွန်အကျွံများနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ပြောသွားတာပါ။”

နောက်ပြဿနာတခုကတော့ အကျင့်ပျက် လာဘ်စားမှုပါ။ ဒီ အဂတိလိုက်စားမှုတွေက စီးပွားရေးတိုးတက်မှုကို အနှောက်အယှက်ဖြစ်စေသလို ရင်းနှီးမြှုပ်နှံမှုတွေကို ကသိကအောက်ဖြစ်စေပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ရုံးဌာနတွေအပေါ် ယုံကြည်မှုကင်းမဲ့စေပါတယ်။ လူထုပိုင်နဲ့ ပုဂ္ဂလိကပိုင် အရင်းအမြစ်တွေကို မတရားသိမ်းယူတာ၊ အာဏာရှင်တွေနဲ့ လူ့အခွင့်အရေးချိုးဖေါက်သူတွေ တိုးလာစေပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၀၅ ခုနှစ်က ထုတ်လွှတ်ခဲ့တဲ့ လေထုညစ်ညမ်းမှု ဖန်လုံအိမ်ဓါတ်ငွေ့ပမာဏကနေ ၂၀၃၀ ပြည့်နှစ်မှာ ၅၀ ကနေ ၅၂ ရာခိုင်နှုံးအထိလျှော့ချဖို့ သံဓိဌာန်ချထားပြီး ဥတုရာသီအပြောင်းအလဲ ကိုင်တွယ်ရာမှာ ဦးဆောင်နေပါတယ်။

အမေရိကန်ရဲ့ ဖွံ့ဖြိုးရေးစိန်ခေါ်အကဲစမ်းမှုတွေဟာ အားလုံးအတူတကွ မျှဝေခံစားနေရတဲ့ စိန်ခေါ်မှုတွေပါဘဲ။ ကမ္ဘာတဝန်း ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝတည်ဆောက်ကြဖို့ ၂၀၃၀ ပြည့်နှစ် ရေရှည်တည်တံ့မယ် ဖွံ့ဖြိုးရေးအစီအစဉ်ဟာ သမိုင်းတွင်မယ့် ဘုံသဘောတူညီချက်အဖြစ်၊ ပြောင်မြောက်တဲ့ ကတိကဝတ်နဲ့ မဖြစ်မနေ အတူတကွ အဓိပ္ပါယ်ဖွင့်ကြရမယ်လို့ USAID - အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေးဂျင်စီအကြီးအကဲ Samantha Power ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG