Accessibility links

Breaking News

ျမန္မာ နဲ႔ ထိုင္းအတြက္ အေမရိကန္ေပးတဲ႔ ေနာက္ထပ္အကူအညီ


အေမရိကန္ ျပည္ေထာင္စု က ကိုဗစ္ကာကြယ္ေဆးမ်ား ဂြါတီမာလာႏိုင္ငံကို အကူအညီေပးပို႔ခဲ့စဥ္
အေမရိကန္ ျပည္ေထာင္စု က ကိုဗစ္ကာကြယ္ေဆးမ်ား ဂြါတီမာလာႏိုင္ငံကို အကူအညီေပးပို႔ခဲ့စဥ္

{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုက ကမ႓ာတဝန္း COVID-19 ကပ္ေရာဂါကာကြယ္ေရးအတြက္ ဦးေဆာင္ ကူညီဖို႔ သံဓိဌာန္ခ်မွတ္ထားပါတယ္။ ဒီေန႔အထိ ကာကြယ္ေဆးသန္း ၁၁၀ ေက်ာ္ကို ကမ႓ာတဝန္းျဖန္႔ျဖဴးခဲ့ၿပီး၊ ေနာက္ထပ္ ႏိုင္ငံ ၁၀၀ ေက်ာ္အတြက္ ကာကြယ္ေဆးသန္း ၅၀၀ ေက်ာ္ ပံ့ပိုးဖို႔ စီစဥ္ေနပါၿပီ။ ဒီကာကြယ္ေဆးေတြကို ေႏွာင္ႀကိဳးမဲ့ လွဴဒါန္းတာျဖစ္ပါတယ္။

ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield မၾကာခင္က သြားေရာက္ခဲ့တဲ့ ထိုင္းႏိုင္ငံခရီစဥ္အတြင္း အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ႏွိပ္ကြပ္မႈေတြေၾကာင့္ ထြက္ေျပးလာရသူေတြအပါအဝင္၊ စာနာမႈအကူအညီလိုအပ္ေနသူေတြအတြက္ ေဒၚလာသန္း ၅၀ ေက်ာ္ေထာက္ပံ့မယ္လို႔ ေၾကညာလိုက္ပါတယ္။

ဒါ့အျပင္ ထိုင္းႏိုင္ငံရဲ႕ COVID-19 ေရာဂါကာကြယ္တိုက္ဖ်က္ေရးအတြက္ ေဒၚလာ ၅ သန္းကူညီမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ Ned Price က အခုလိုေျပာပါတယ္။

[ACT 1 0:09 – DALET: POLICY/ACTUALITIES]“COVID-19 ကပ္ေရာဂါေၾကာင့္ ထိခိုက္နစ္နာမႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ထိုင္းနဲ႔ ျမန္မာႏိုင္ငံက ျပည္သူေတြအတြက္ လူသားခ်င္းစာနာမႈအကူအညီေတြအေရးတႀကီး လိုအပ္ေနခ်ိန္မွာ၊ အခုလိုအကူအညီေပးတာျဖစ္ပါတယ္လို႔ ေျပာသြားတာပါ။”[END ACT]

ဒီထပ္ေဆာင္းေပးတဲ့ ရန္ပံုေငြေဒၚလာ ၅ သန္းကို ထိုင္းက်န္းမာေရးဝန္ထမ္းေတြ ကိုဗစ္ကာကြယ္ေဆးထိုးတဲ့ စီမံကိန္းကို ပံ့ပိုးမွာျဖစ္သလို၊ ကိုဗစ္ေရာဂါတိုက္ဖ်က္ေရးအားထုတ္က်ိဳးပမ္းေနၾကသူ က်န္းမာေရးဝန္ထမ္းေတြ စြမ္းေဆာင္ရည္ျမင့္မားေရးအတြက္ အေထာက္အကူျပဳဖို႔လည္း ပါဝင္ပါတယ္။

ရန္ပံုေငြေဒၚလာသန္း ၅၀ ကိုေတာ့ လူမႈဒုကၡ အက်ပ္အတည္းေတြရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြအတြက္ ပံ့ပိုးမွာျဖစ္တယ္လို႔ သံအမတ္ႀကီး Thomas-Greenfield ကေျပာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းဖက္ႏွိပ္ကြပ္မႈေတြေၾကာင့္ အိုးအိမ္စြန္႔ခြာထြက္ေျပးၾကရတဲ့ ဒုကၡသည္ေတြကိုလည္း ပံ့ပိုးဖို႔ျဖစ္ပါတယ္။

လူလူခ်င္းစာနာမႈအကူအညီ ေဒၚလာသန္း ၅၀ ကို ႏိုင္ငံတကာနဲ႔ အစိုးရနဲ႔ မသက္ဆိုင္တဲ့ မိတ္ဖက္ ပရဟိတအဖြဲ႔စည္းေတြကဆင့္ ဒုကၡေရာက္ေနတဲ့ ျမန္မာျပည္သူအတြက္ တိုက္႐ိုက္ေထာက္ပံ့မွာျဖစ္ပါတယ္။ ထိခိုက္လြယ္ ခ်ိဳ႕တဲ့သူေတြ၊ ျပည္တြင္းအိုးအိမ္စြန္႔ခြာ တိမ္းေရွာင္ေနရသူေတြအပါအဝင္ ဒုကၡသည္ ၇ သိန္းေက်ာ္အတြက္ အေရးေပၚ စားနပ္ရိကၡာ၊ ပိုင္ဆိုင္မႈ အကာအကြယ္ေပးေရး၊ အမိုးအကာ၊ က်န္းမာေရး၊ ေရနဲ႔ မိလႅာသန္႔ရွင္းေရး၊ တကိုယ္ေရသန္႔စင္မႈ စတဲ့လိုအပ္ခ်က္ေတြအတြက္ ဒီရန္ပံုေငြကို သံုးစြဲမွာျဖစ္ပါတယ္။

အထူးသျဖင့္ ထိုင္း- ျမန္မာနယ္စပ္ေဒသတေၾကာ ခိုလံႈေနၾကတဲ့ အကူအညီလိုအပ္ေနသူေတြကို ကူညီေနၾကတဲ့ ထိုင္း NGOs ေတြနဲ႔ ႏိုင္ငံတကာအဖြဲ႔အစည္းေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးမွာျဖစ္သလို၊ ကိုဗစ္ေရာဂါကာကြယ္ေရးအတြက္လည္း အေထာက္အကူျဖစ္ေစပါတယ္လို႔ သံအမတ္ႀကီး Thomas-Greenfield. ကရွင္းျပပါတယ္။

အလွဴရွင္ တျခားႏိုင္ငံေတြအေနနဲ႔လည္း စာနာမႈအကူအညီ အေရးေပၚလိုအပ္ေနတဲ့ ျမန္မာျပည္သူေတြ အတြက္ ရက္ေလ်ာစြာပံ့ပိုးေပးၾကပါရန္ အေမရိကန္ျပည္ေထာင္စုက တိုက္တြန္းေနပါတယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ထိုင္းႏိုင္ငံအျပင္ ကမ႓ာတဝန္းလံုး ကပ္ေရာဂါ အဆံုးသတ္ေရးအတြက္ COVID-19 ေရာဂါတိုက္ဖ်က္ေရးမွာ အေမရိကန္ျပည္ေထာင္စုနဲ႔ အတူ အင္တိုက္အားတိုက္ ပူးေပါင္းေဆာင္ရြက္ၾကပါလို႔ ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ထပ္မံတိုက္တြန္းလိုက္ေၾကာင္းပါခင္ဗ်ား။

...................................................................

{{Unicode}}

အမေရိကန်ပြည်ထောင်စုက ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါကာကွယ်ရေးအတွက် ဦးဆောင် ကူညီဖို့ သံဓိဌာန်ချမှတ်ထားပါတယ်။ ဒီနေ့အထိ ကာကွယ်ဆေးသန်း ၁၁၀ ကျော်ကို ကမ္ဘာတဝန်းဖြန့်ဖြူးခဲ့ပြီး၊ နောက်ထပ် နိုင်ငံ ၁၀၀ ကျော်အတွက် ကာကွယ်ဆေးသန်း ၅၀၀ ကျော် ပံ့ပိုးဖို့ စီစဉ်နေပါပြီ။ ဒီကာကွယ်ဆေးတွေကို နှောင်ကြိုးမဲ့ လှူဒါန်းတာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield မကြာခင်က သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီစဉ်အတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိပ်ကွပ်မှုတွေကြောင့် ထွက်ပြေးလာရသူတွေအပါအဝင်၊ စာနာမှုအကူအညီလိုအပ်နေသူတွေအတွက် ဒေါ်လာသန်း ၅၀ ကျော်ထောက်ပံ့မယ်လို့ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၅ သန်းကူညီမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Ned Price က အခုလိုပြောပါတယ်။

[ACT 1 0:09 – DALET: POLICY/ACTUALITIES]“COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေအရေးတကြီး လိုအပ်နေချိန်မှာ၊ အခုလိုအကူအညီပေးတာဖြစ်ပါတယ်လို့ ပြောသွားတာပါ။”[END ACT]

ဒီထပ်ဆောင်းပေးတဲ့ ရန်ပုံငွေဒေါ်လာ ၅ သန်းကို ထိုင်းကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ စီမံကိန်းကို ပံ့ပိုးမှာဖြစ်သလို၊ ကိုဗစ်ရောဂါတိုက်ဖျက်ရေးအားထုတ်ကျိုးပမ်းနေကြသူ ကျန်းမာရေးဝန်ထမ်းတွေ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အထောက်အကူပြုဖို့လည်း ပါဝင်ပါတယ်။

ရန်ပုံငွေဒေါ်လာသန်း ၅၀ ကိုတော့ လူမှုဒုက္ခ အကျပ်အတည်းတွေရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ပံ့ပိုးမှာဖြစ်တယ်လို့ သံအမတ်ကြီး Thomas-Greenfield ကပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်နှိပ်ကွပ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကိုလည်း ပံ့ပိုးဖို့ဖြစ်ပါတယ်။

လူလူချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၅၀ ကို နိုင်ငံတကာနဲ့ အစိုးရနဲ့ မသက်ဆိုင်တဲ့ မိတ်ဖက် ပရဟိတအဖွဲ့စည်းတွေကဆင့် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူအတွက် တိုက်ရိုက်ထောက်ပံ့မှာဖြစ်ပါတယ်။ ထိခိုက်လွယ် ချို့တဲ့သူတွေ၊ ပြည်တွင်းအိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူတွေအပါအဝင် ဒုက္ခသည် ၇ သိန်းကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ပိုင်ဆိုင်မှု အကာအကွယ်ပေးရေး၊ အမိုးအကာ၊ ကျန်းမာရေး၊ ရေနဲ့ မိလ္လာသန့်ရှင်းရေး၊ တကိုယ်ရေသန့်စင်မှု စတဲ့လိုအပ်ချက်တွေအတွက် ဒီရန်ပုံငွေကို သုံးစွဲမှာဖြစ်ပါတယ်။

အထူးသဖြင့် ထိုင်း- မြန်မာနယ်စပ်ဒေသတကြော ခိုလှုံနေကြတဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီနေကြတဲ့ ထိုင်း NGOs တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာဖြစ်သလို၊ ကိုဗစ်ရောဂါကာကွယ်ရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်လို့ သံအမတ်ကြီး Thomas-Greenfield. ကရှင်းပြပါတယ်။

အလှူရှင် တခြားနိုင်ငံတွေအနေနဲ့လည်း စာနာမှုအကူအညီ အရေးပေါ်လိုအပ်နေတဲ့ မြန်မာပြည်သူတွေ အတွက် ရက်လျောစွာပံ့ပိုးပေးကြပါရန် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိုင်းနိုင်ငံအပြင် ကမ္ဘာတဝန်းလုံး ကပ်ရောဂါ အဆုံးသတ်ရေးအတွက် COVID-19 ရောဂါတိုက်ဖျက်ရေးမှာ အမေရိကန်ပြည်ထောင်စုနဲ့ အတူ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြပါလို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ထပ်မံတိုက်တွန်းလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG