Accessibility links

Breaking News

ဘာသာေရးလြတ္လပ္ခြင္႔သည္ ကန္ႏိုင္ငံျခားေရးဝါဒ၏ ေသာ႔ခ်က္တရပ္ ျဖစ္သည္


U.S. Ambassador to the U.N. Samantha Power addresses the media following a Security Council vote aimed at ensuring that U.N. officials could monitor evacuations from the Syrian city of Aleppo, Dec. 19, 2016.
U.S. Ambassador to the U.N. Samantha Power addresses the media following a Security Council vote aimed at ensuring that U.N. officials could monitor evacuations from the Syrian city of Aleppo, Dec. 19, 2016.

{{Zawgyi/Unicode}}

ကမ႓ာတဝန္း ဘာသာေရးလြတ္လပ္ခြင့္နဲ႔ အျပန္အလွန္နားလည္မႈကို ေလးစားလိုက္နာၾကေရး၊ က်ယ္က်ယ္ျပန္႔ျပန္႔ အားေပးဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုက သံဓိဌာန္ခ်မွတ္ထားပါတယ္။ ဒါဟာ အေမရိကန္ေတြရဲ႕ ခံယူခ်က္ကို ထင္ဟပ္ရံုတင္မကအေမရိကန္ျပည္ေတာင္စုရဲ႔ မဟာဗ်ဴဟာေျမာက္ အမ်ိဳးသားအက်ိဳးစီးပြားနဲ႔ ႏိုင္ငံျခားေရးမူဝါဒရဲ႕ အခရာက်တဲ့ ရည္ရြယ္ခ်က္လည္းျဖစ္ပါတယ္လို႔ USAID - အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအဂ်င္စီ အုပ္ခ်ဳပ္ေရးမွဴး Samantha Power က အခုလိုေျပာပါတယ္။

“ဘာသာေရးလြတ္လပ္ခြင့္ကိုအားေပးၿပီး၊ လူနည္းစုဘာသာေရးကို အကာအကြယ္ေပးတဲ့ ႏိုင္ငံေတြမွာ ဒီမိုကေရစီက ပိုၿပီးတည္ၿငိမ္ပါတယ္။ လူမႈအသိုင္းအဝိုင္းေတြၾကားမွာ တန္းတူညီမွ်မႈနဲ႔ သာယာဝေျပာေရး ပိုၿပီးဖြံ႔ၿဖိဳးႏိုင္ေျခမ်ားပါတယ္၊ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြရဲ႕ အခြင့္အေရးကို ပိုၿပီး အကာအကြယ္ေပးႏိုင္ၾကပါတယ္။ အားလံုးျခံဳၾကည့္ရင္ လူေနမႈဘဝ တိုးတက္ေနတာေတြ႕ရမွာပါ လို႔ေျပာသြားတာပါ။”

ဘာသာေရးကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြနဲ႔ ရန္လိုမႈမရွိ ႏိုင္ငံေတြရဲ႕ GDP ျပည္တြင္းအသားတင္ထုတ္လုပ္မႈဟာ၊ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈမ်ားတဲ့ႏိုင္ငံေတြထက္၊ ႏွစ္ဆတိုးတက္မႈရွိတယ္လို႔ သုေတသနမွတ္တမ္းက ဆိုပါတယ္။ လူနည္းစုဘာသာဝင္ေတြကို ဖိႏွိပ္တာ၊ ခြဲျခားဆက္ဆံတာ၊ လြတ္လပ္စြာကိုးကြယ္ဝတ္ျပဳခြင့္ကို ကန္႔သတ္တာေတြလုပ္ေနတဲ့ ႏိုင္ငံေတြမွာ မတည္ၿငိမ္မႈနဲ႔ ပဋိပကၡေတြကိုျဖစ္ပြားေစတယ္လို႔ အုပ္ခ်ဳပ္ေရးမွဴးSamantha Power ကေျပာပါတယ္။

“ဘာသာေရးလြတ္လပ္ခြင့္ ျငင္းပယ္ခံရတာဟာ လူမႈပဋိပကၡနဲ႔ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ပိုျဖစ္ပြားေစတာနဲ႔ ဆက္စပ္ေနပါတယ္။ ဘာသာေရးကန္႔သတ္ခ်က္လံုးဝမရွိတဲ့ႏိုင္ငံေတြထက္ အစိုးရက ဘာသာေရးကန္႔သတ္ခ်ဳပ္ခ်ယ္တာေတြ တင္းတင္းက်ပ္က်ပ္လုပ္တဲ့ႏိုင္ငံေတြမွာ လူမႈအၾကပ္အတည္းေတြ ႏွစ္ဆပိုေတြ႕ရဖို႔မ်ားတယ္လို႔ ေျပာသြားတာပါ။.”

ျပည္သူေတြအေနနဲ႔ ယံုၾကည္ရာ ဘာသာအသီးသီးကို လြတ္လပ္စြာကိုးကြယ္ႏိုင္ၿပီး၊ ဘာသာအားလံုးရဲ႕ ဘုရားေက်ာင္းေတြ၊ ဝတ္ျပဳဆုေတာင္းတဲ့ေနရာေတြကို အတားအဆီးမရွိ မသြားေရာက္ႏိုင္ေသးသ၍ ေရရွည္တည္တံ့မယ့္ ၿငိမ္းခ်မ္းေရးမရရွိႏိုင္ဘူးဆို ပိုၿပီးရွင္းလာတယ္လို႔ အုပ္ခ်ဳပ္ေရးမွဴးSamantha Power ကေထာက္ျပပါတယ္။

ဒါ့ေၾကာင့္ သမၼတဂ်ိဳးဘိုင္ဒင္န္က အေမရိကန္ႏိုင္ငံျခားေရးမူဝါဒမွာ ဖြံ႔ၿဖိဳးေရးဟာ ကာကြယ္ေရးနဲ႔ သံတမန္ေရးလိုဘဲ အေရးႀကီးတယ္လို႔ ရွင္းရွင္းလင္းလင္း သတ္မွတ္ထားတာျဖစ္ပါတယ္။ လူတိုင္းအတြက္ ဘာသာေရးလြတ္လပ္ခြင့္ကို အကာအကြယ္ေပးဖို႔၊ ႐ိုးရာယဥ္ေက်းမႈေတြကို ထိန္းသိမ္းဖို႔နဲ႔ ရက္စက္စြာႏွိပ္ကြပ္မႈေတြမျဖစ္ေအာင္ ကာကြယ္ၾကဖို႔အပါအဝင္၊ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကို တုံျပန္ၾကဖို႔အတြက္ USAID ရဲ႕ Faith Based and Neighborhood Partnerships ဘာသာေရးဆိုင္ရာ မိတ္ဖက္ ကူညီေရးအဖြဲ႔ရံုးက ကၽြမ္းက်င္သူေတြကို ေလ့က်င့္ ပ်ိဳးေထာင္ေပးေနပါတယ္လို႔ အခုလိုေျပာပါတယ္။

“ႏိုင္ငံတကာဘာသာေရးလြတ္လပ္ခြင့္ တိုးတက္မႈရွိေအာင္ ခ်ဥ္းကပ္တဲ့ ပံုစံအမ်ိဳးမ်ိဳးရွိၾကပါတယ္။ ဒါေပမဲ့ တူညီတဲ့ ဘံုအေျခခံသေဘာကေတာ့ ကမ႓ာႀကီးတည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဘာသာေရးလြတ္လပ္ခြင့္ဟာ ထူးျခားတဲ့ လူ႔အခြင့္အေရးျဖစ္တယ္ဆိုတာကို အသိအမွတ္ျပဳရမွာျဖစ္တယ္လို႔ေျပာသြားတာပါ။”

ဘုရားသခင္ရဲ႕ ေက်းဇူးနဲ႔ ေကာင္းခ်ီးေတြကတဆင့္၊ အေမရိကန္ျပည္ေထာင္စုအတြင္း လြတ္ေျမာက္မႈကို ပိုက္ေထြးႏိုင္ၾကၿပီး၊ ကမ႓ာတဝန္းက ျပည္သူေတြ သိကၡာရွိစြာ လြတ္ေျမာက္မႈအတြက္ စိတ္ခ်ရေအာင္၊ ေထာက္ခံအားေပးႏိုင္တဲ့ စြမ္းရည္ရွိတာနဲ႔အမွ် ကမ႓ာတဝန္းဘာသာေရးလြတ္လပ္ခြင့္အတြက္ အေမရိကန္ျပည္ေထာင္စုက ဆက္လက္ရပ္တည္သြားမွာျဖစ္တယ္လို႔ USAID အုပ္ခ်ဳပ္ေရးမွဴး Samantha Power ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

.............................................................

{{Unicode}}

ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ အပြန်အလှန်နားလည်မှုကို လေးစားလိုက်နာကြရေး၊ ကျယ်ကျယ်ပြန့်ပြန့် အားပေးဖို့အတွက် အမေရိကန်ပြည်ထောင်စုက သံဓိဌာန်ချမှတ်ထားပါတယ်။ ဒါဟာ အမေရိကန်တွေရဲ့ ခံယူချက်ကို ထင်ဟပ်ရုံတင်မကအမေရိကန်ပြည်တောင်စုရဲ့ မဟာဗျူဟာမြောက် အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ အခရာကျတဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်လို့ USAID - အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Samantha Power က အခုလိုပြောပါတယ်။

“ဘာသာရေးလွတ်လပ်ခွင့်ကိုအားပေးပြီး၊ လူနည်းစုဘာသာရေးကို အကာအကွယ်ပေးတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီက ပိုပြီးတည်ငြိမ်ပါတယ်။ လူမှုအသိုင်းအဝိုင်းတွေကြားမှာ တန်းတူညီမျှမှုနဲ့ သာယာဝပြောရေး ပိုပြီးဖွံ့ဖြိုးနိုင်ခြေများပါတယ်၊ အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးကို ပိုပြီး အကာအကွယ်ပေးနိုင်ကြပါတယ်။ အားလုံးခြုံကြည့်ရင် လူနေမှုဘဝ တိုးတက်နေတာတွေ့ရမှာပါ လို့ပြောသွားတာပါ။”

ဘာသာရေးကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ရန်လိုမှုမရှိ နိုင်ငံတွေရဲ့ GDP ပြည်တွင်းအသားတင်ထုတ်လုပ်မှုဟာ၊ ကန့်သတ်ချုပ်ချယ်မှုများတဲ့နိုင်ငံတွေထက်၊ နှစ်ဆတိုးတက်မှုရှိတယ်လို့ သုတေသနမှတ်တမ်းက ဆိုပါတယ်။ လူနည်းစုဘာသာဝင်တွေကို ဖိနှိပ်တာ၊ ခွဲခြားဆက်ဆံတာ၊ လွတ်လပ်စွာကိုးကွယ်ဝတ်ပြုခွင့်ကို ကန့်သတ်တာတွေလုပ်နေတဲ့ နိုင်ငံတွေမှာ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကိုဖြစ်ပွားစေတယ်လို့ အုပ်ချုပ်ရေးမှူးSamantha Power ကပြောပါတယ်။

“ဘာသာရေးလွတ်လပ်ခွင့် ငြင်းပယ်ခံရတာဟာ လူမှုပဋိပက္ခနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုဖြစ်ပွားစေတာနဲ့ ဆက်စပ်နေပါတယ်။ ဘာသာရေးကန့်သတ်ချက်လုံးဝမရှိတဲ့နိုင်ငံတွေထက် အစိုးရက ဘာသာရေးကန့်သတ်ချုပ်ချယ်တာတွေ တင်းတင်းကျပ်ကျပ်လုပ်တဲ့နိုင်ငံတွေမှာ လူမှုအကြပ်အတည်းတွေ နှစ်ဆပိုတွေ့ရဖို့များတယ်လို့ ပြောသွားတာပါ။.”

ပြည်သူတွေအနေနဲ့ ယုံကြည်ရာ ဘာသာအသီးသီးကို လွတ်လပ်စွာကိုးကွယ်နိုင်ပြီး၊ ဘာသာအားလုံးရဲ့ ဘုရားကျောင်းတွေ၊ ဝတ်ပြုဆုတောင်းတဲ့နေရာတွေကို အတားအဆီးမရှိ မသွားရောက်နိုင်သေးသ၍ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမရရှိနိုင်ဘူးဆို ပိုပြီးရှင်းလာတယ်လို့ အုပ်ချုပ်ရေးမှူးSamantha Power ကထောက်ပြပါတယ်။

ဒါ့ကြောင့် သမ္မတဂျိုးဘိုင်ဒင်န်က အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ ဖွံ့ဖြိုးရေးဟာ ကာကွယ်ရေးနဲ့ သံတမန်ရေးလိုဘဲ အရေးကြီးတယ်လို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာဖြစ်ပါတယ်။ လူတိုင်းအတွက် ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့၊ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့နဲ့ ရက်စက်စွာနှိပ်ကွပ်မှုတွေမဖြစ်အောင် ကာကွယ်ကြဖို့အပါအဝင်၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တုံပြန်ကြဖို့အတွက် USAID ရဲ့ Faith Based and Neighborhood Partnerships ဘာသာရေးဆိုင်ရာ မိတ်ဖက် ကူညီရေးအဖွဲ့ရုံးက ကျွမ်းကျင်သူတွေကို လေ့ကျင့် ပျိုးထောင်ပေးနေပါတယ်လို့ အခုလိုပြောပါတယ်။

“နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် တိုးတက်မှုရှိအောင် ချဉ်းကပ်တဲ့ ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တူညီတဲ့ ဘုံအခြေခံသဘောကတော့ ကမ္ဘာကြီးတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာရေးလွတ်လပ်ခွင့်ဟာ ထူးခြားတဲ့ လူ့အခွင့်အရေးဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမှာဖြစ်တယ်လို့ပြောသွားတာပါ။”

ဘုရားသခင်ရဲ့ ကျေးဇူးနဲ့ ကောင်းချီးတွေကတဆင့်၊ အမေရိကန်ပြည်ထောင်စုအတွင်း လွတ်မြောက်မှုကို ပိုက်ထွေးနိုင်ကြပြီး၊ ကမ္ဘာတဝန်းက ပြည်သူတွေ သိက္ခာရှိစွာ လွတ်မြောက်မှုအတွက် စိတ်ချရအောင်၊ ထောက်ခံအားပေးနိုင်တဲ့ စွမ်းရည်ရှိတာနဲ့အမျှ ကမ္ဘာတဝန်းဘာသာရေးလွတ်လပ်ခွင့်အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ USAID အုပ်ချုပ်ရေးမှူး Samantha Power ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG