Accessibility links

Breaking News

အေမရိကန္ျပည္ေထာင္စုရဲ႕ အလုက္သမားေန႔


United Auto Workers union members march in the Labor Day Parade in Detroit, Michigan, Sept. 2, 2019.
United Auto Workers union members march in the Labor Day Parade in Detroit, Michigan, Sept. 2, 2019.

{{Zawgyi/Unicode}}

ႏွစ္စဥ္ စက္တင္ဘာလရဲ႕ ပထမဆုံး တနလၤာေန႔ကို အေမရိကန္ျပည္ေထာင္စုရဲ႕ အလုပ္သမားေန့ အျဖစ္ သတ္မွတ္ၿပီး၊ ႏိုင္ငံနဲ႔ လူ႔ေဘာင္အသိုင္းအဝိုင္းအတြက္ ေအာင္ျမင္မႈေတြရရွိေအာင္ ျဖည့္ဆည္းေပးေနၾကတဲ့ အလုပ္သမားထုကို ဂုဏ္ျပဳၾကပါတယ္။

ႏိုင္ငံ စီးပြားပ်က္မတတ္ ကေမာက္ကမျဖစ္ခဲ့ၿပီး စက္မႈလုပ္ငန္းေတြျပန္လည္ တိုးခ်ဲ႕ခ်ိန္၊ ၁၉ ရာစုအတြင္း အလုပ္သမားေတြကို ဂုဏ္ျပဳၿပီး အလုပ္အားလပ္ရက္အျဖစ္သတ္မွတ္ေပးခဲ့တာ ျဖစ္ပါတယ္။ ၁၈၆၅ ခုႏွစ္ အေမရိကန္ျပည္တြင္းစစ္မတိုင္ခင္ကတည္းက အထူးသျဖင့္ အေနာက္ေျမာက္ပိုင္းက ၿမိဳ႕ႀကီးေတြမွာ စိုက္ပ်ိဳးေရးကေန စက္မႈလုပ္ငန္းေတြဘက္ စီးပြားေရးက႑ ကို စတင္ ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။

စက္႐ုံေတြကထုတ္ကုန္ေတြ ေဈးကြက္ဆီအေရာက္ ျဖန႔္ျဖဴးရာမွာ သယ္ယူပို႔ေဆာင္ေရးအတြက္ မီးရထားလမ္းေတြ တိုးခ်ဲ႕ေဆာက္လုပ္ခဲ့သလို၊ စက္မႈလုပ္ငန္းေတြမွာ ကုန္ထုတ္လုပ္မႈႏႈံးတိုးေအာင္ လူအားထက္ စက္ေတြအသံုးခ်ဖို႔ ဆန္းသစ္တီထြင္ခဲ့ၾကပါတယ္။ ဒီလိုအေျပာင္းအလဲေတြ ဖန္တီးဖို႔ အလုပ္သမားလိုအပ္ခ်က္က တိုးလာျပန္ပါတယ္။

ေက်းလက္ေန အေမရိကန္ေတြဟာ နယူးေယာက္၊ ရွီကာဂိုနဲ႔ Pittsburgh စတဲ့ စက္မႈထြန္းကားတဲ့ၿမိဳ႕ႀကီးေတြမွာ အလုပ္အကိုင္ ရွာေဖြၾကပါေတာ့တယ္။ ဒီအခ်ိန္မွာ အလုပ္အကိုင္အခြင့္အလန္း ေမွ်ာ္လင့္ခ်က္နဲ႔ အေမရိကန္ျပည္ေထာင္စုကို ေရၾကည္ရာျမက္ႏုရာ ေျပာင္းေ႐ႊ႕လာၾကတဲ့ ဥေရာပတိုက္သားေတြကလည္း တသုတ္ၿပီးတသုတ္ ေရာက္ရွိလာၾကပါေတာ့တယ္။

စီးပြားေရးခ်ဲ႕ထြင္လာတာနဲ႔အမွ် ေထာင္ေသာင္းခ်ီတဲ့ အလုပ္သမားေတြဟာ စက္႐ုံႀကီးေတြ၊သံမဏိ သတၱဳစက္႐ုံေတြနဲ႔ သတၱဳတြင္းေတြမွာ တေန႔ကို ၁၂ နာရီ၊ တပတ္လုံး နားရက္မရွိ၊ လုပ္ခမဆိုသေလာက္နဲ႔ မၾကာခဏဆိုသလို အႏၲရာယ္မ်ား ၾကမ္းတမ္းလွတဲ့ လုပ္ငန္းခြင္မွာ အလုပ္လုပ္ခဲ့ၾကရပါတယ္။

ဒီ့ထက္ပိုဆိုးတာက အသက္ ၅ ႏွစ္အ႐ြယ္ကေလးကအစ အလုပ္လုပ္ခိုင္းၾကတာဟာ လုပ္ေနက်ထံုးစံလိုျဖစ္ခဲ့ၿပီး လူႀကီးအလုပ္သမား တနာရီလုပ္အားခ ျပား ၂၀ ထက္ အဆမ်ားစြာေလွ်ာ့ေပးခဲ့ၾကတာပါဘဲ။ လုပ္ငန္းခြင္အေျခအေနတိုးတက္ေစဖို႔နဲ႔ သင့္တင့္တဲ့လစာရရွိေစဖို႔၊ အလုပ္ရွင္ေတြနဲ႔ ေစ့စပ္ညႇိႏႈိင္းရာမွာ ထိေရာက္မႈရွိေအာင္ အလုပ္သမဂၢေတြ တိုးခ်ဲ႕ဖြဲ႕စည္းၿပီး ပိုမိုလႈပ္ရွားခဲ့ၾကပါတယ္။

အလုပ္သမားသမဂၢေတြက သပိတ္ေမွာက္ ဆႏၵျပတာေတြနဲ႔ စည္း႐ုံးၾကရာမွာ ေၾကးစားလုံၿခဳံေရးေတြနဲ႔ ႐ုန္းရင္းဆန္ခတ္မႈေတြ မၾကာခဏျဖစ္ပြားခဲ့ပါတယ္။ ၁၈၈၂ ခုႏွစ္ စက္တင္ဘာလ ၅ ရက္ေန႔က နယူးေယာက္ၿမိဳ႕ႀကီးမွာ အလုပ္သမားထုက လစာမဲ့ခြင့္ယူၿပီး ၿမိဳ႕ေတာ္ခန္းမအနီး ပန္းၿခံကိုခ်ီတက္ ဆႏၵထုတ္ေဖၚခဲ့ၾကတာဟာ ထူးျခားလွပါတယ္။ ဒါ့ေၾကာင့္ အလုပ္သမားေတြက အဲဒီေန႔မွာ သူတို႔ရဲ႕ ပထမဆုံး အလုပ္အားလပ္ရက္အျဖစ္ ပါဝင္ဆင္ႏႊဲခဲ့ၾကတယ္လို႔ ဂုဏ္ယူခဲ့ၾကတာလို႔ ဆိုပါတယ္။

အလုပ္သမားေတြရဲ႕ အလုပ္အားလပ္ရက္ တရားဝင္သတ္မွတ္ၿပီး အလုပ္သမားေတြနဲ႔ မိသားစုေတြအတြက္၊ အပန္းေျဖ ေဖ်ာ္ေျဖေရးေတြ၊ ဂုဏ္ျပဳပြဲအခမ္းအနာေတြအၿပီး ခ်ီတက္ပြဲေတြပါဝင္သင့္တယ္လို႔ ပထမအဆိုျပဳခ်က္မွာပါဝင္ခဲ့ပါတယ္။

ဒီေန႔ အလုပ္သမားေန႔ကေတာ့ တရားဝင္ ေႏြရာသီကုန္ဆုံးတဲ့ ေနာက္ဆုံး သီတင္းပတ္ျဖစ္ပါတယ္။ အစဥ္အလာမပ်က္၊ အလုပ္သမားေန႔ကို ခ်ီတက္ပြဲေတြ၊ မိသားစုေတြ႕ဆုံပြဲေတြ၊ ေပ်ာ္ပြဲစားေတြ၊ ပါတီေတြနဲ႔ Barbeques အသားကင္ ေပ်ာ္ပြဲစားေတြနဲ႔ ဆင္ႏႊဲေနၾကဆဲျဖစ္ပါတယ္။

အလုပ္သမားေန႔ကို ႏိုင္ငံတဝန္း အလုပ္အားလပ္ရက္အျဖစ္ သတ္မွတ္ဖို႔ ၁၈၉၄ ခုႏွစ္က လက္မွတ္ေရးထိုး ဥပေဒျပဳျပဌာန္းခဲ့တဲ့ အေမရိကန္ သမၼတ Grover Cleveland က အေမရိကန္တို႔ရဲ႕ ပင္ကိုယ္ စိတ္ရင္းက အလုပ္သမားထုရဲ႔ ဂုဏ္သိကၡာႏွင့္ ႐ိုးသားႀကိဳးစားမႈေပၚမွာ မူတည္ၿပီး အသိအမွတ္ျပဳ ဂုဏ္ျပဳၾကတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ေၾကာင္းပါခင္ဗ်ား။

..............................................

{{Unicode}}

နှစ်စဉ် စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့ကို အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားနေ့ အဖြစ် သတ်မှတ်ပြီး၊ နိုင်ငံနဲ့ လူ့ဘောင်အသိုင်းအဝိုင်းအတွက် အောင်မြင်မှုတွေရရှိအောင် ဖြည့်ဆည်းပေးနေကြတဲ့ အလုပ်သမားထုကို ဂုဏ်ပြုကြပါတယ်။

နိုင်ငံ စီးပွားပျက်မတတ် ကမောက်ကမဖြစ်ခဲ့ပြီး စက်မှုလုပ်ငန်းတွေပြန်လည် တိုးချဲ့ချိန်၊ ၁၉ ရာစုအတွင်း အလုပ်သမားတွေကို ဂုဏ်ပြုပြီး အလုပ်အားလပ်ရက်အဖြစ်သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၈၆၅ ခုနှစ် အမေရိကန်ပြည်တွင်းစစ်မတိုင်ခင်ကတည်းက အထူးသဖြင့် အနောက်မြောက်ပိုင်းက မြို့ကြီးတွေမှာ စိုက်ပျိုးရေးကနေ စက်မှုလုပ်ငန်းတွေဘက် စီးပွားရေးကဏ္ဍ ကို စတင် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

စက်ရုံတွေကထုတ်ကုန်တွေ ဈေးကွက်ဆီအရောက် ဖြန့်ဖြူးရာမှာ သယ်ယူပို့ဆောင်ရေးအတွက် မီးရထားလမ်းတွေ တိုးချဲ့ဆောက်လုပ်ခဲ့သလို၊ စက်မှုလုပ်ငန်းတွေမှာ ကုန်ထုတ်လုပ်မှုနှုံးတိုးအောင် လူအားထက် စက်တွေအသုံးချဖို့ ဆန်းသစ်တီထွင်ခဲ့ကြပါတယ်။ ဒီလိုအပြောင်းအလဲတွေ ဖန်တီးဖို့ အလုပ်သမားလိုအပ်ချက်က တိုးလာပြန်ပါတယ်။

ကျေးလက်နေ အမေရိကန်တွေဟာ နယူးယောက်၊ ရှီကာဂိုနဲ့ Pittsburgh စတဲ့ စက်မှုထွန်းကားတဲ့မြို့ကြီးတွေမှာ အလုပ်အကိုင် ရှာဖွေကြပါတော့တယ်။ ဒီအချိန်မှာ အလုပ်အကိုင်အခွင့်အလန်း မျှော်လင့်ချက်နဲ့ အမေရိကန်ပြည်ထောင်စုကို ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့လာကြတဲ့ ဥရောပတိုက်သားတွေကလည်း တသုတ်ပြီးတသုတ် ရောက်ရှိလာကြပါတော့တယ်။

စီးပွားရေးချဲ့ထွင်လာတာနဲ့အမျှ ထောင်သောင်းချီတဲ့ အလုပ်သမားတွေဟာ စက်ရုံကြီးတွေ၊သံမဏိ သတ္တုစက်ရုံတွေနဲ့ သတ္တုတွင်းတွေမှာ တနေ့ကို ၁၂ နာရီ၊ တပတ်လုံး နားရက်မရှိ၊ လုပ်ခမဆိုသလောက်နဲ့ မကြာခဏဆိုသလို အန္တရာယ်များ ကြမ်းတမ်းလှတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ခဲ့ကြရပါတယ်။

ဒီ့ထက်ပိုဆိုးတာက အသက် ၅ နှစ်အရွယ်ကလေးကအစ အလုပ်လုပ်ခိုင်းကြတာဟာ လုပ်နေကျထုံးစံလိုဖြစ်ခဲ့ပြီး လူကြီးအလုပ်သမား တနာရီလုပ်အားခ ပြား ၂၀ ထက် အဆများစွာလျှော့ပေးခဲ့ကြတာပါဘဲ။ လုပ်ငန်းခွင်အခြေအနေတိုးတက်စေဖို့နဲ့ သင့်တင့်တဲ့လစာရရှိစေဖို့၊ အလုပ်ရှင်တွေနဲ့ စေ့စပ်ညှိနှိုင်းရာမှာ ထိရောက်မှုရှိအောင် အလုပ်သမဂ္ဂတွေ တိုးချဲ့ဖွဲ့စည်းပြီး ပိုမိုလှုပ်ရှားခဲ့ကြပါတယ်။

အလုပ်သမားသမဂ္ဂတွေက သပိတ်မှောက် ဆန္ဒပြတာတွေနဲ့ စည်းရုံးကြရာမှာ ကြေးစားလုံခြုံရေးတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ ၁၈၈၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က နယူးယောက်မြို့ကြီးမှာ အလုပ်သမားထုက လစာမဲ့ခွင့်ယူပြီး မြို့တော်ခန်းမအနီး ပန်းခြံကိုချီတက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတာဟာ ထူးခြားလှပါတယ်။ ဒါ့ကြောင့် အလုပ်သမားတွေက အဲဒီနေ့မှာ သူတို့ရဲ့ ပထမဆုံး အလုပ်အားလပ်ရက်အဖြစ် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ ဂုဏ်ယူခဲ့ကြတာလို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ အလုပ်အားလပ်ရက် တရားဝင်သတ်မှတ်ပြီး အလုပ်သမားတွေနဲ့ မိသားစုတွေအတွက်၊ အပန်းဖြေ ဖျော်ဖြေရေးတွေ၊ ဂုဏ်ပြုပွဲအခမ်းအနာတွေအပြီး ချီတက်ပွဲတွေပါဝင်သင့်တယ်လို့ ပထမအဆိုပြုချက်မှာပါဝင်ခဲ့ပါတယ်။

ဒီနေ့ အလုပ်သမားနေ့ကတော့ တရားဝင် နွေရာသီကုန်ဆုံးတဲ့ နောက်ဆုံး သီတင်းပတ်ဖြစ်ပါတယ်။ အစဉ်အလာမပျက်၊ အလုပ်သမားနေ့ကို ချီတက်ပွဲတွေ၊ မိသားစုတွေ့ဆုံပွဲတွေ၊ ပျော်ပွဲစားတွေ၊ ပါတီတွေနဲ့ Barbeques အသားကင် ပျော်ပွဲစားတွေနဲ့ ဆင်နွှဲနေကြဆဲဖြစ်ပါတယ်။

အလုပ်သမားနေ့ကို နိုင်ငံတဝန်း အလုပ်အားလပ်ရက်အဖြစ် သတ်မှတ်ဖို့ ၁၈၉၄ ခုနှစ်က လက်မှတ်ရေးထိုး ဥပဒေပြုပြဌာန်းခဲ့တဲ့ အမေရိကန် သမ္မတ Grover Cleveland က အမေရိကန်တို့ရဲ့ ပင်ကိုယ် စိတ်ရင်းက အလုပ်သမားထုရဲ့ ဂုဏ်သိက္ခာနှင့် ရိုးသားကြိုးစားမှုပေါ်မှာ မူတည်ပြီး အသိအမှတ်ပြု ဂုဏ်ပြုကြတာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်းပါခင်ဗျား။

XS
SM
MD
LG