Accessibility links

Breaking News

ေရသန႔္ရရွိေရး ကမာၻ႔ "ေရ" ေန႔ (အယ္ဒီတာအာေဘာ္)


India World Water Day
India World Water Day

{{Zawgyi/Unicode}}

မတ္လ ၂၂ ရက္ေန႔ဟာ ကမာၻ႔ “ေရ” ေန႔ျဖစ္ပါတယ္။ ေသာက္လို႔သံုးလို႔ရႏိုင္တဲ့ ေရသန္႔ရရွိေရးနဲ႔ ေရခ်ိဳအရင္းအျမစ္ေတြကို စဥ္ဆက္မျပတ္စီမံခန႔္ခြဲေရး စတဲ့အခ်က္ေတြဟာအေရးႀကီးေၾကာင္း ဒီကမၻာ့ေရေန႔က ေဖၚျပေနပါတယ္။

ဒီႏွစ္ကမၻာေရေန႔ရဲ႕အဓိကအေၾကာင္းအရာကေတာ့ ကမၻာလုံးဆိုင္ရာ ေရရရွိေရးနဲ႔ သန႔္ရွင္းေရးစနစ္ျဖစ္ပါတယ္။ ဒါကိုေဖၚေဆာင္ဖို႔ ကမၻာ့ကုလသမဂၢ စဥ္ဆက္မျပတ္ ဖြံ႔ၿဖိဳးတိုးတက္ေရးအစီအစဥ္ရဲ႕ ၆ ခုေျမာက္ ရည္မွန္းခ်က္ အျဖစ္ ခ်မွတ္ထားေပမယ့္လည္း ေဖၚေဆာင္ႏိုင္ဖို႔ တျဖည္းျဖည္းအခ်ိန္နည္းလာေနၿပီျဖစ္ပါတယ္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres မၾကာေပးမီက တြစ္တာကေနတဆင့္ေျပာၾကားခဲ့ရာမွာ “ေသာက္သုံးေရရရွိေရးနဲ႔ သန႔္ရွင္းေရးကို ၂၀၃၀ ခုႏွစ္မွာ တကမၻာလုံးအတိုင္းအတာနဲ႔ရရွိေအာင္ေဖၚေဆာင္ဖို႔ ခ်မွတ္ထားေပမယ့္လည္း ဒါကို အေကာင္အထည္ေဖၚႏိုင္ျခင္းမရွိတာကို ဝမ္းနည္းဖြယ္ ေတြ႔ျမင္ေနရတယ္။” လို႔ ေျပာဆိုခဲ့ပါတယ္။ အခုအခ်ိန္အထိ သန္းေထာင္နဲ႔ခ်ီတဲ့ ကမၻာ့ျပည္သူေတြဟာ ေဘးအႏၲရာယ္ကင္းၿပီး သန႔္ရွင္းတဲ့ေသာက္သုံးေရမရရွိသလို အိမ္သာေတြလည္း မရွိၾကေသးဘူးလို႔ အတြင္းေရးမႉးခ်ဳပ္ကေျပာဆိုထားပါတယ္။

အခုအခ်ိန္အထိ ကမၻာ့လူဦးေရရဲ႕ ၄ ပုံ ၁ ပုံဟာ အႏၲရာယ္ကင္းေအာင္ စီမံထားတဲ့ ေသာက္ေရမရရွိၾကေသးဘူးလို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက အစီရင္ခံထားပါတယ္။ ဒါဟာကမၻာေပၚက လူသန္း ၂,၀၀၀ ေလာက္ ဟာ ေသာက္ေရသန္႔ မရရွိေသးဘူးလို႔ ဆိုလိုတာျဖစ္ပါတယ္။

ကမာၻေပၚမွာ ေသာက္သုံးေရစနစ္ ေကာင္းမြန္စြာလည္ပတ္ႏိုင္ျခင္းမရွိတာဟာ ကမာၻ႔အဓိကျပႆနာေတြ ေကာင္းမြန္တိုးတက္လာေစေရးမွာ ေႏွာင့္ေႏွး ၾကန္႔ၾကာေစပါတယ္။ က်န္းမာေရး၊ စားနပ္ရိကၡာမလုံေလာက္မႈ၊ က်ားမတန္းတူအလုပ္အကိုင္ရရွိေရး၊ ကုန္ထုတ္လုပ္ငန္းဆိုင္ရာပညာေပးေရး၊ ေဘးအႏၲရာယ္ဆိုးေတြကေနၿငိမ္းခ်မ္းေရး စတဲ့ကိစၥရပ္ေတြ တိုးတက္ လာေရးကို အားနည္းသြားေစတယ္လို႔ WHO ကေအာက္တိုဘာလထဲတုန္းက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

အႏၲရာယ္ကင္းတဲ့ေရ လုံေလာက္စြာရရွိေရး၊ ပတ္ဝန္းက်င္သန႔္ရွင္းေရး၊ တကိုယ္ေရသန႔္ရွင္းေရး စတာေတြအတြက္ ရင္းႏွီးျမႇဳပ္ႏွံတာဟာ ကမၻာလုံး ဆိုင္ရာဖြံ႔ၿဖိဳးတက္ေရးရဲ႕က႑အားလုံးနီးပါး တိုးတက္လာဖို႔အတြက္ အလြန္အေရးႀကီးပါတယ္။

အေျခခံအားျဖင့္ေတာ့ ဒါဟာ အေျခအေနေတြတိုးတက္လာဖို႔ကိစၥတခုတည္းအတြက္ မဟုတ္ပါဘူး။ လူေတြရဲ႕အသက္ေတြ ကယ္ဆယ္ေရးနဲ႔ အသက္ရွင္ေနထိုင္မႈ တိုးတက္လာေရးအတြက္လည္းျဖစ္ပါတယ္။

ႏွစ္စဥ္ကမၻာေပၚမွာ လူေပါင္း ၈ သိန္း ၃ ေသာင္းေလာက္ဟာ ေရေၾကာင့္ျဖစ္ရတဲ့ ဝမ္းပ်က္ဝမ္းေလ်ာေရာဂါေတြနဲ႔ေသဆုံးရပါတယ္။ အမ်ားစုက ၅ ႏွစ္ေအာက္ကေလးေတြျဖစ္ပါတယ္။ အႏၲရာယ္ကင္းတဲ့ေသာက္သုံးေရနဲ႔ သန႔္ရွင္းတဲ့ပတ္ဝန္းက်င္တရပ္ရွိမယ္ဆိုရင္ ဒီေသဆုံးမႈေတြကို ကာကြယ္ႏိုင္ပါတယ္။

ဒါေတြကို တစိတ္တပိုင္းေျဖရွင္းတဲ့အေနနဲ႔ အေမရိကန္ျပည္ေထာင္စုဟာ ၂၀၂၃ ခုႏွစ္ကေနစၿပီး ငါးႏွစ္စာ ကမၻာလုံးဆိုင္ရာေရရရွိေရး မဟာဗ်ဴဟာတရပ္ကို ေအာက္တိုဘာလထဲတုန္းက စတင္ျပဌာန္းခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စု ႏိုင္ငံတကာဖြံ႔ၿဖိဳးတိုးတက္ေရးေအဂ်င္စီ USAID ကေနတဆင့္ အဓိကဦးစားေပးႏိုင္ငံေပါင္း ၂၂ ႏိုင္ငံမွာ သန႔္ရွင္းတဲ့ေသာက္သုံးေရပိုမိုရရွိေရးကို အေမရိကန္အစိုးရက ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

၅ ႏွစ္ စီမံကိန္းအတြင္း လူေပါင္း ၂၂ သန္းေလာက္ဟာ သန႔္ရွင္းတဲ့ေရေပးေဝေရးစနစ္ေတြ ရရွိႏိုင္ဖို႔နဲ႔ လူ ၂၂ သန္းေလာက္ သန္႔ရွင္းေရးစနစ္ေတြရရွိႏိုင္ဖို႔ အေမရိကန္ျပည္ေထာင္စုက ေမွ်ာ္လင့္ထားပါတယ္။ အဲဒီအထဲက လူဦးေရတဝက္ေလာက္ဟာ ဒီလိုစနစ္မ်ိဳးေတြ ဘယ္တုန္းကမွ မရရွိခဲ့ဖူးပါဘူး။

“ဒီကေန႔ ကမၻာႀကီးဟာ အရင္ကထက္ ပိုမိုေရာေႏွာဆက္ႏြယ္မႈေတြရွိလာသလို တဦးနဲ႔တဦး ပိုမိုမွီခိုအားထားလာၾကပါတယ္လို႔ အေမရိကန္ ဒုတိယသမၼတ ကာမလာဟဲရစ္ကေျပာဆိုပါတယ္။ ေဘးအႏၲရာယ္ကင္းၿပီး သန႔္ရွင္းတဲ့ေရ အလုံအေလာက္ရရွိေရးဟာ ကမၻာလုံးဆိုင္ရာျပႆနာျဖစ္ပါတယ္။ ဒါေၾကာင့္ ကမာၻလုံးဆိုင္ရာနည္းလမ္းနဲ႔ ေျဖရွင္းေဆာင္႐ြက္ရပါ မယ္လို႔လည္း ဒုသမၼတကေျပာဆိုခဲ့ပါတယ္။

ေရသန႔္ရရွိေရး ကမာၻ႔ "ေရ" ေန႔ (အယ္ဒီတာအာေဘာ္).mp3
please wait

No media source currently available

0:00 0:04:22 0:00

============

{{Unicode}}

ရေသန့်ရရှိရေး ကမ္ဘာ့ "ရေ" နေ့ (အယ်ဒီတာအာဘော်)

မတ်လ ၂၂ ရက်နေ့ဟာ ကမ္ဘာ့ “ရေ” နေ့ဖြစ်ပါတယ်။ သောက်လို့သုံးလို့ရနိုင်တဲ့ ရေသန့်ရရှိရေးနဲ့ ရေချိုအရင်းအမြစ်တွေကို စဉ်ဆက်မပြတ်စီမံခန့်ခွဲရေး စတဲ့အချက်တွေဟာအရေးကြီးကြောင်း ဒီကမ္ဘာ့ရေနေ့က ဖေါ်ပြနေပါတယ်။

ဒီနှစ်ကမ္ဘာရေနေ့ရဲ့အဓိကအကြောင်းအရာကတော့ ကမ္ဘာလုံးဆိုင်ရာ ရေရရှိရေးနဲ့ သန့်ရှင်းရေးစနစ်ဖြစ်ပါတယ်။ ဒါကိုဖေါ်ဆောင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ရဲ့ ၆ ခုမြောက် ရည်မှန်းချက် အဖြစ် ချမှတ်ထားပေမယ့်လည်း ဖေါ်ဆောင်နိုင်ဖို့ တဖြည်းဖြည်းအချိန်နည်းလာနေပြီဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres မကြာပေးမီက တွစ်တာကနေတဆင့်ပြောကြားခဲ့ရာမှာ “သောက်သုံးရေရရှိရေးနဲ့ သန့်ရှင်းရေးကို ၂၀၃၀ ခုနှစ်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ရရှိအောင်ဖေါ်ဆောင်ဖို့ ချမှတ်ထားပေမယ့်လည်း ဒါကို အကောင်အထည်ဖေါ်နိုင်ခြင်းမရှိတာကို ဝမ်းနည်းဖွယ် တွေ့မြင်နေရတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ အခုအချိန်အထိ သန်းထောင်နဲ့ချီတဲ့ ကမ္ဘာ့ပြည်သူတွေဟာ ဘေးအန္တရာယ်ကင်းပြီး သန့်ရှင်းတဲ့သောက်သုံးရေမရရှိသလို အိမ်သာတွေလည်း မရှိကြသေးဘူးလို့ အတွင်းရေးမှူးချုပ်ကပြောဆိုထားပါတယ်။

အခုအချိန်အထိ ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံ ၁ ပုံဟာ အန္တရာယ်ကင်းအောင် စီမံထားတဲ့ သောက်ရေမရရှိကြသေးဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အစီရင်ခံထားပါတယ်။ ဒါဟာကမ္ဘာပေါ်က လူသန်း ၂,၀၀၀ လောက် ဟာ သောက်ရေသန့် မရရှိသေးဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သောက်သုံးရေစနစ် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းမရှိတာဟာ ကမ္ဘာ့အဓိကပြဿနာတွေ ကောင်းမွန်တိုးတက်လာစေရေးမှာ နှောင့်နှေး ကြန့်ကြာစေပါတယ်။ ကျန်းမာရေး၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ကျားမတန်းတူအလုပ်အကိုင်ရရှိရေး၊ ကုန်ထုတ်လုပ်ငန်းဆိုင်ရာပညာပေးရေး၊ ဘေးအန္တရာယ်ဆိုးတွေကနေငြိမ်းချမ်းရေး စတဲ့ကိစ္စရပ်တွေ တိုးတက် လာရေးကို အားနည်းသွားစေတယ်လို့ WHO ကအောက်တိုဘာလထဲတုန်းက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အန္တရာယ်ကင်းတဲ့ရေ လုံလောက်စွာရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တကိုယ်ရေသန့်ရှင်းရေး စတာတွေအတွက် ရင်းနှီးမြှုပ်နှံတာဟာ ကမ္ဘာလုံး ဆိုင်ရာဖွံ့ဖြိုးတက်ရေးရဲ့ကဏ္ဍအားလုံးနီးပါး တိုးတက်လာဖို့အတွက် အလွန်အရေးကြီးပါတယ်။

အခြေခံအားဖြင့်တော့ ဒါဟာ အခြေအနေတွေတိုးတက်လာဖို့ကိစ္စတခုတည်းအတွက် မဟုတ်ပါဘူး။ လူတွေရဲ့အသက်တွေ ကယ်ဆယ်ရေးနဲ့ အသက်ရှင်နေထိုင်မှု တိုးတက်လာရေးအတွက်လည်းဖြစ်ပါတယ်။

နှစ်စဉ်ကမ္ဘာပေါ်မှာ လူပေါင်း ၈ သိန်း ၃ သောင်းလောက်ဟာ ရေကြောင့်ဖြစ်ရတဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေနဲ့သေဆုံးရပါတယ်။ အများစုက ၅ နှစ်အောက်ကလေးတွေဖြစ်ပါတယ်။ အန္တရာယ်ကင်းတဲ့သောက်သုံးရေနဲ့ သန့်ရှင်းတဲ့ပတ်ဝန်းကျင်တရပ်ရှိမယ်ဆိုရင် ဒီသေဆုံးမှုတွေကို ကာကွယ်နိုင်ပါတယ်။

ဒါတွေကို တစိတ်တပိုင်းဖြေရှင်းတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ ၂၀၂၃ ခုနှစ်ကနေစပြီး ငါးနှစ်စာ ကမ္ဘာလုံးဆိုင်ရာရေရရှိရေး မဟာဗျူဟာတရပ်ကို အောက်တိုဘာလထဲတုန်းက စတင်ပြဌာန်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID ကနေတဆင့် အဓိကဦးစားပေးနိုင်ငံပေါင်း ၂၂ နိုင်ငံမှာ သန့်ရှင်းတဲ့သောက်သုံးရေပိုမိုရရှိရေးကို အမေရိကန်အစိုးရက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၅ နှစ် စီမံကိန်းအတွင်း လူပေါင်း ၂၂ သန်းလောက်ဟာ သန့်ရှင်းတဲ့ရေပေးဝေရေးစနစ်တွေ ရရှိနိုင်ဖို့နဲ့ လူ ၂၂ သန်းလောက် သန့်ရှင်းရေးစနစ်တွေရရှိနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားပါတယ်။ အဲဒီအထဲက လူဦးရေတဝက်လောက်ဟာ ဒီလိုစနစ်မျိုးတွေ ဘယ်တုန်းကမှ မရရှိခဲ့ဖူးပါဘူး။

“ဒီကနေ့ ကမ္ဘာကြီးဟာ အရင်ကထက် ပိုမိုရောနှောဆက်နွယ်မှုတွေရှိလာသလို တဦးနဲ့တဦး ပိုမိုမှီခိုအားထားလာကြပါတယ်လို့ အမေရိကန် ဒုတိယသမ္မတ ကာမလာဟဲရစ်ကပြောဆိုပါတယ်။ ဘေးအန္တရာယ်ကင်းပြီး သန့်ရှင်းတဲ့ရေ အလုံအလောက်ရရှိရေးဟာ ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်ရပါ မယ်လို့လည်း ဒုသမ္မတကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG