Accessibility links

Breaking News

ICC ခံုရံုးအေပၚ အေမရိကန္သေဘာထား


{{Zawgyi/Unicode}}

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ICC ႏိုင္ငံတကာျပစ္မႈခံုရံုးကို ဖြဲ႔စည္းခဲ့တဲ့ Rome Statute ေခၚ ေရာမသေဘာစာခ်ဳပ္ကို အေမရိကန္ျပည္ေထာင္စုက ဘယ္တုန္းကမွ အသိအမွတ္မျပဳခဲ့ပါဘူး။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကလည္း ICC အေနနဲ႔ အေမရိကန္ႏိုင္ငံသားေတြကို အေရးယူဖို႔ သူ႕ရဲ႕ လုပ္ပိုင္ခြင့္ကို အသံုးခ်ၿပီး တရားမဝင္ႀကိဳးပမ္းေနတာေတြကို သည္းခံမွာမဟုတ္ဘူးလို႔ ေၾကညာထားပါတယ္။

တရားမွ်တမႈမရွိ၊ ဥပေဒမဲ့ စြဲခ်က္တင္တာေတြကေန အေမရိကန္ရဲ႕ အခ်ဳပ္အျခာကို ကာကြယ္ဖို႔နဲ႔ အေမရိကန္အမႈထမ္းေတြကို အကာအကြယ္ေပးဖို႔ အတြက္၊ ICC ရဲ႕ ေရွ႔ေနခ်ဳပ္ Fatou Bensouda နဲ႔ ICC ရဲ႕ အခရာက်တဲ့ အဖြဲ႔ဝင္ Phakiso Mochochoko တို႔ကို အေမရိကန္ျပည္ေထာင္စုက စီးပြားေရးပိတ္ဆို႔မႈနဲ႔ အေရးယူလိုက္ပါတယ္။

ICC ဟာ သူ႔ရဲ႕ မူလရည္ရြယ္ခ်က္ကေန လမ္းေၾကာင္းလြဲသြားခဲ့တယ္လို႔ ကမၻာတဝန္းတရားမွ်တမႈ ေဆာင္က်ဥ္းေရးဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Morse Tan က ေတြ႔ဆံုေမးျမန္းခန္းတခုမွာ ေထာက္ျပပါတယ္။ အေမရိကန္ျပည္တြင္းတရားေရးစံနစ္ကို ထင္ဟပ္ၿပီး အႀကီးအက်ယ္ျပစ္မႈက်ဴးလြန္သူေတြကို အေရးယူရမယ့္အစား၊ အေမရိကန္အမႈထမ္းေတြနဲ႔ သူတို႔ရဲ႕ မဟာမိတ္ေတြကို ႏိုင္ငံေရးအျမတ္ထုတ္ျပီး စစ္ေဆးေမးျမန္းတာေတြနဲ႔ စံုစမ္းစစ္ေဆးတာေတြ လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။

“ICC ႏိုင္ငံတကာျပစ္မႈခံုရံုးဟာ သူလုပ္ရမယ့္အလုပ္ကို မလုပ္ခဲ့ပါဘူး။ ေနာက္ဆံုးအဆင့္တက္ရမယ့္ တရားရံုးအလုပ္ကို ICC က လုပ္ရမွာပါ။ က်ေနာ္တို႔အမႈထမ္းေတြနဲ႔ ပတ္သက္လို႔ စံုစမ္းစစ္ေဆးတာေတြ က်ေနာ္တို႔ ကိုင္တြယ္ၿပီးသားျဖစ္ပါတယ္။ က်ေနာ္တို႔မွာ ကမၻာတဝန္းက စံျပအျဖစ္၊ အားက်အတုယူရတဲ့ အက်ယ္ျပန္႔ဆံုး တရားေရးစံနစ္ရွိပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္၊ က်ေနာ္တို႔ကိုယ္တိုင္၊ မကိုင္တြယ္ႏိုင္ဘူးလို႔ ထင္တဲ့ ယူဆခ်က္က ေတာ္ေတာ့ကို ဆိုးပါတယ္လို႔ ေျပာသြားတာပါ။

အာဖဂန္နစၥတန္ႏိုင္ငံက အေမရိကန္အမႈထမ္းေတြအပါအဝင္၊ ICC ရဲ႕ ႏိုင္ငံေရးရည္ရြယ္ခ်က္နဲ႔ စံုစမ္းစစ္ေဆးခဲ့တာေတြဟာ၊ တရားမွ်တေရး ခရီးမေပါက္ဘဲ အဟန္႔အတားေတြနဲ႔ ရင္ဆိုင္ေရတယ္လို႔ သံအမတ္ႀကီး Tan ကေျပာပါတယ္။

“ဒါဟာ တရားရံုးက လုပ္ရမယ့္အလုပ္ကို လုပ္ခဲ့တာမဟုတ္ပါဘူး။ သူတို႔ရဲ႕ အမာခံေထာက္ခံသူေတြအလိုက်၊ ထိေရာက္မႈမရွိ၊ အက်ိဳးမရွိ၊ ျဖစ္ခဲ့တာမ်ားပါတယ္။ ေရာမသေဘာတူစာခ်ဳပ္အရ၊ ျပစ္မႈေတြ အခိုင္အမာက်ဳးလြန္တယ္ဆိုၿပီး အယူခံတင္ထားတဲ့ တမႈ အပါအဝင္၊ စုစုေပါင္း အမႈ ၄ ခုကို အျပစ္ေပးခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ICC တရားရံုးက အခုလို စီရင္တာထက္၊ ပိုၿပီး စြမ္းေဆာင္ႏိုင္ပါတယ္လို႔ ေျပာသြားတာပါ။”

အေမရိကန္အေနနဲ႕ သင့္ေတာ္တဲ့အခ်ိန္အခါက်ရင္၊ ICC နဲ႔ မိတ္ဖက္အျဖစ္ ေဆာင္ရြက္ႏိုင္ဖို႔ အတြက္ ICC တရားေရးစံနစ္ရဲ႕ က်န္ေနေသးတဲ့ သိကၡာဆယ္ႏိုင္ေအာင္၊ သိသိသာသာ ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္ပါတယ္။ICC ျပဳျပင္ေျပာင္းလဲတာေတြ မလုပ္ေသးသ၍၊ သမၼတနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးတို႔က အေမရိကန္အမႈထမ္းေတြနဲ႔အတူ မားမားမတ္မတ္ရပ္တည္ၿပီး၊ တရားမွ်တမႈကို အာရံုစိုက္ဖို႔ ပ်က္ကြက္ေနတဲ့ ICC တရားရံုးေရွ႔ေမွာက္မွာ တရားစီရင္ျခင္းမခံရေအာင္၊ အကာအကြယ္ေပးသြားမွာ ျဖစ္ေၾကာင္းပါခင္ဗ်ား။

...................................

{{Unicode}}

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ICC နိုင်ငံတကာပြစ်မှုခုံရုံးကို ဖွဲ့စည်းခဲ့တဲ့ Rome Statute ခေါ် ရောမသဘောစာချုပ်ကို အမေရိကန်ပြည်ထောင်စုက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း ICC အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို အရေးယူဖို့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး တရားမဝင်ကြိုးပမ်းနေတာတွေကို သည်းခံမှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

တရားမျှတမှုမရှိ၊ ဥပဒေမဲ့ စွဲချက်တင်တာတွေကနေ အမေရိကန်ရဲ့ အချုပ်အခြာကို ကာကွယ်ဖို့နဲ့ အမေရိကန်အမှုထမ်းတွေကို အကာအကွယ်ပေးဖို့ အတွက်၊ ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda နဲ့ ICC ရဲ့ အခရာကျတဲ့ အဖွဲ့ဝင် Phakiso Mochochoko တို့ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုနဲ့ အရေးယူလိုက်ပါတယ်။

ICC ဟာ သူ့ရဲ့ မူလရည်ရွယ်ချက်ကနေ လမ်းကြောင်းလွဲသွားခဲ့တယ်လို့ ကမ္ဘာတဝန်းတရားမျှတမှု ဆောင်ကျဉ်းရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Morse Tan က တွေ့ဆုံမေးမြန်းခန်းတခုမှာ ထောက်ပြပါတယ်။ အမေရိကန်ပြည်တွင်းတရားရေးစံနစ်ကို ထင်ဟပ်ပြီး အကြီးအကျယ်ပြစ်မှုကျူးလွန်သူတွေကို အရေးယူရမယ့်အစား၊ အမေရိကန်အမှုထမ်းတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေကို နိုင်ငံရေးအမြတ်ထုတ်ပြီး စစ်ဆေးမေးမြန်းတာတွေနဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

[ACT 1 0:26 – DALET: POLICY/ACTUALITIES]“ICC နိုင်ငံတကာပြစ်မှုခုံရုံးဟာ သူလုပ်ရမယ့်အလုပ်ကို မလုပ်ခဲ့ပါဘူး။ နောက်ဆုံးအဆင့်တက်ရမယ့် တရားရုံးအလုပ်ကို ICC က လုပ်ရမှာပါ။ ကျနော်တို့အမှုထမ်းတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးတာတွေ ကျနော်တို့ ကိုင်တွယ်ပြီးသားဖြစ်ပါတယ်။ ကျနော်တို့မှာ ကမ္ဘာတဝန်းက စံပြအဖြစ်၊ အားကျအတုယူရတဲ့ အကျယ်ပြန့်ဆုံး တရားရေးစံနစ်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ ကျနော်တို့ကိုယ်တိုင်၊ မကိုင်တွယ်နိုင်ဘူးလို့ ထင်တဲ့ ယူဆချက်က တော်တော့ကို ဆိုးပါတယ်လို့ ပြောသွားတာပါ။ [END ACT]

အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်အမှုထမ်းတွေအပါအဝင်၊ ICC ရဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးခဲ့တာတွေဟာ၊ တရားမျှတရေး ခရီးမပေါက်ဘဲ အဟန့်အတားတွေနဲ့ ရင်ဆိုင်ရေတယ်လို့ သံအမတ်ကြီး Tan ကပြောပါတယ်။

“ဒါဟာ တရားရုံးက လုပ်ရမယ့်အလုပ်ကို လုပ်ခဲ့တာမဟုတ်ပါဘူး။ သူတို့ရဲ့ အမာခံထောက်ခံသူတွေအလိုကျ၊ ထိရောက်မှုမရှိ၊ အကျိုးမရှိ၊ ဖြစ်ခဲ့တာများပါတယ်။ ရောမသဘောတူစာချုပ်အရ၊ ပြစ်မှုတွေ အခိုင်အမာကျုးလွန်တယ်ဆိုပြီး အယူခံတင်ထားတဲ့ တမှု အပါအဝင်၊ စုစုပေါင်း အမှု ၄ ခုကို အပြစ်ပေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ICC တရားရုံးက အခုလို စီရင်တာထက်၊ ပိုပြီး စွမ်းဆောင်နိုင်ပါတယ်လို့ ပြောသွားတာပါ။”

အမေရိကန်အနေနဲ့ သင့်တော်တဲ့အချိန်အခါကျရင်၊ ICC နဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်နိုင်ဖို့ အတွက် ICC တရားရေးစံနစ်ရဲ့ ကျန်နေသေးတဲ့ သိက္ခာဆယ်နိုင်အောင်၊ သိသိသာသာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ICC ပြုပြင်ပြောင်းလဲတာတွေ မလုပ်သေးသ၍၊ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က အမေရိကန်အမှုထမ်းတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပြီး၊ တရားမျှတမှုကို အာရုံစိုက်ဖို့ ပျက်ကွက်နေတဲ့ ICC တရားရုံးရှေ့မှောက်မှာ တရားစီရင်ခြင်းမခံရအောင်၊ အကာအကွယ်ပေးသွားမှာ ဖြစ်ကြောင်းပါခင်ဗျား။

XS
SM
MD
LG