Accessibility links

Breaking News

ကမ႓ာလံုးဆိုင္ရာ တရားဥပေဒစိုးမိုးေရးအေမရိကန္ ေထာက္ခံေဆာင္ရြက္


CC ႏိုင္ငံတကာျပစ္မႈခံုရံုး
CC ႏိုင္ငံတကာျပစ္မႈခံုရံုး

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ျပည္ေထာင္စုက ႏိုင္ငံတကာတရားမွ်တေရးအတြက္ တက္ၾကြစြာ ေဆာင္က်ဥ္းေပးဖို႔ သႏၷိ႒ာန္ခ်မွတ္ထားပါတယ္။ ကမၻာတဝန္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေတြထဲမွာေတာ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာက တမူ ထူးျခားပါတယ္။လူေတြအေျမာက္အမ်ား ရက္ရက္စက္စက္ ႏွိပ္ကြပ္ခံရမႈေတြအတြက္ တရားမွ်တမႈ ေဆာင္က်ဥ္းေပးႏိုင္ေရး ကိုင္တြယ္ဖို႔ အထူးရံုးတရံုးဖြင့္လွစ္ထားပါတယ္လို႔ ကမၻာတဝန္းျပစ္မႈဆိုင္ရာ တရားမွ်တေရးရံုး အႀကီးအကဲ သံအမတ္ႀကီး Morse Tan က မၾကာခင္က ေတြ႔ဆံုေမးျမန္းခန္းတခု မွာအခုလို ေထာက္ျပပါတယ္။

“လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ စစ္ရာဇဝတ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ျပစ္မႈ စတာေတြနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ေထာက္ျပေျပာဆိုေနတာပါ။ ဘယ္ဟာကိုဘဲျဖစ္ျဖစ္၊ ဒီလိုမ်ိဳး ရက္စက္ ဆိုးဝါးလွတဲ့ တရားဥပေဒမဲ့လုပ္ရပ္ေတြကို ကာကြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔ က်ေနာ္တို႔ တတ္ႏိုင္တဲ့ဘက္က ကူညီဖို႔ ျဖစ္ပါတယ္လို႔ ေျပာသြားတာပါ။"

ကမၻာတဝန္းျပစ္မႈဆိုင္ရာ တရားမွ်တေရး ကိစၥရပ္ေတြနဲ႔ ဆက္စပ္တာမွန္သမွ်၊ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အေမရိကန္အစိုးရဌာနေတြအားလံုးကို သူ႔ရဲ႕ ရံုးအဖြဲ႕က ရွိသမွ် အရင္းအျမစ္ေတြအသံုးခ်ၿပီး ကူညီေနပါတယ္လို႔ သံအမတ္ႀကီး Tan ကေျပာပါတယ္။

“စီးပြားေရး၊ သံတမန္ေရး၊ တရားေရး၊ စစ္ဘက္ေရးရာ၊ ဘာအေရးဘဲျဖစ္ျဖစ္၊ အေမရိကန္ အစိုးရအတြက္ အသံုးခ်ႏိုင္ဖို႔ သင့္ေတာ္တဲ့ အရင္းအျမစ္ အမ်ိဳးမ်ိဳးနဲ႔ ပံ့ပိုးဖို႔ျဖစ္ပါတယ္။ က်ေနာ္တို႔က မူဝါဒပိုင္းပါ တာဝန္ယူတယ္လို႔ ေျပာႏိုင္ပါတယ္လို႔ ေျပာသြားတာပါ။"

လူအေျမာက္အမ်ားေသေၾကေအာင္ ရက္စက္စြာႏွိပ္ကြပ္သူေတြကို တရားဥပေဒအရ အေရးယူေနတဲ့ ICC ႏိုင္ငံတကာျပစ္မႈခံုရံုးနဲ႕ အေမရိကန္ ကမၻာတဝန္းျပစ္မႈဆိုင္ရာ တရားမွ်တေရးရံုးရဲ႕ အေျခခံရည္ရြယ္ခ်က္ခ်င္း တူညီပါတယ္လို႔ သံအမတ္ႀကီး Tan က ဆိုပါတယ္။ ဒါေပမဲ့ အခ်ဳပ္အျခာအာဏာပိုင္တဲ့ ကိစၥရပ္လိုမ်ိဳး မွာေတာ့ ICC ထူေထာင္ခဲ့တဲ့ Rome Statute ေရာမ သေဘာတူစာခ်ဳပ္ ကို ဘယ္တုန္းကမွ အဖြဲ႔ဝင္အျဖစ္ အေမရိကန္က လက္မွတ္မထိုးခဲ့ပါဘူး။

ကံမေကာင္းအေၾကာင္းမလွစြာပါဘဲ၊ ေပးအပ္ထားတဲ့ လုပ္ပိုင္ခြင့္အရ၊ ICC ဟာ ႏိုင္ငံတကာမွာ အဆိုးဝါးဆံုးျပစ္မႈေတြကို တရားစြဲဆိုဖို႔၊ စံုစမ္းစစ္ေဆးဖို႔ တရားရံုးဖြဲ႔ ေပးထားေပမဲ့ မူလ ရည္ရြယ္ခ်က္ ကေန ေသြဖီခဲ့ပါတယ္။ တာဝန္ကိုေက်ပြန္ရမယ့္အစား၊ ႏိုင္ငံေရးအျမတ္ထုတ္ၿပီး အဂတိလိုက္စားတာေတြရွိခဲ့တယ္လို႔ သံအမတ္ႀကီး Tan က ေၾကညာလိုက္ပါတယ္။

တကယ္ေတာ့၊ ကမၻာတဝန္း၊ လူအေျမာက္အမ်ားေသေၾကေအာင္ ရက္စက္စြာႏွိပ္ကြပ္သူေတြကို တရားဥပေဒအရ အေရးယူႏိုင္ေရးအတြက္၊ အေမရိကန္ျပည္ေထာင္စုကသာ ဆက္လက္ဦးေဆာင္ ေနပါတယ္လို႔ သံအမတ္ႀကီး Tan ကေျပာပါတယ္။

“ ျပည္တြင္းေကာ၊ ႏိုင္ငံတကာကပါဝင္တဲ့ တရားရံုးေတြ၊ ႏိုင္ငံတကာတရားရံုးေတြ၊ ပူးတြဲ ဒါမွမဟုတ္ တရားရံုး ရံုးခြဲေတြနဲ႔ ပတ္သက္လို႔ ICC တဖြဲ႔တည္းကဘဲ ပါဝင္ လႈပ္ရွားေနတာမဟုတ္ပါဘူး။ လက္ဘႏြန္က အထူးခံုရံုး၊ ကိုဆိုဗိုက အထူးခံုအဖြဲ႔၊ ဆီးရီးယားက ရက္စက္မႈေတြကို စံုစမ္းဖို႔ အခ်က္အလက္ေတြ စုေဆာင္းေနတဲ့ IIIM (ေခၚ) ႏိုင္ငံတကာစံုစမ္းစစ္ေရးယႏၱယား၊ ေနာက္ ျမန္မာျပည္က ရက္စက္စြာႏွိပ္ကြပ္မႈ စြပ္စြဲခ်က္ေတြအတြက္ သက္ေသအေထာက္အထားစံုစမ္းေနတဲ့IIMM (ေခၚ) စံုစမ္းစစ္ေဆးေရးယႏၱယားေတြကို အေမရိကန္က ပူးေပါင္းကူညီေနတာပါ။ ဒီအရာေတြအားလံုးအတြက္ ပံ့ပိုးေနသလို၊ အေထာက္အထား စုေဆာင္းေရးအတြက္ အကူအညီေပးေနပါတယ္လို႔ေျပာသြားတာပါ။”

ကမၻာတဝန္းတရားမွ်တေရး ေဆာင္က်ဥ္းဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုက အဆံုးစြန္ စိတ္ပိုင္းျဖတ္မႈနဲ႔ သႏၷိ႒ာန္ခ်မွတ္ထားၿပီး၊အလံုးအရင္းနဲ႔ ရက္စက္စြာ ႏွိပ္ကြပ္မႈဒဏ္ခံခဲ့ရသူေတြအတြက္ ခိုင္မာတဲ့ စိတ္ဓါတ္ျမွင့္တင္ေပးဖို႔နဲ႔၊ ရည္ရြယ္ခ်က္အထေျမာက္ေအာင္၊ က်ေနာ္တို႔ရဲ႕ အရင္းအျမစ္ေတြနဲ႔ တတ္ႏိုင္သမွ် ဆက္လက္တိုးခ်ဲ႕ ေဆာင္ရြက္ေနပါတယ္လို႔ သံအမတ္ႀကီး Morse Tan ကေျပာဆိုလိုက္ေၾကာင္းပါ။

...............

ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေး အမေရိကန်ထောက်ခံဆောင်ရွက်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာတရားမျှတရေးအတွက် တက်ကြွစွာ ဆောင်ကျဉ်းပေးဖို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ ကမ္ဘာတဝန်းနိုင်ငံခြားရေးဝန်ကြီးဌာနတွေထဲမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာက တမူ ထူးခြားပါတယ်။လူတွေအမြောက်အများ ရက်ရက်စက်စက် နှိပ်ကွပ်ခံရမှုတွေအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်ရေး ကိုင်တွယ်ဖို့ အထူးရုံးတရုံးဖွင့်လှစ်ထားပါတယ်လို့ ကမ္ဘာတဝန်းပြစ်မှုဆိုင်ရာ တရားမျှတရေးရုံး အကြီးအကဲ သံအမတ်ကြီး Morse Tan က မကြာခင်က တွေ့ဆုံမေးမြန်းခန်းတခု မှာအခုလို ထောက်ပြပါတယ်။

“လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပြစ်မှု စတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ထောက်ပြပြောဆိုနေတာပါ။ ဘယ်ဟာကိုဘဲဖြစ်ဖြစ်၊ ဒီလိုမျိုး ရက်စက် ဆိုးဝါးလှတဲ့ တရားဥပဒေမဲ့လုပ်ရပ်တွေကို ကာကွယ် ထိန်းချုပ်နိုင်ဖို့ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ကူညီဖို့ ဖြစ်ပါတယ်လို့ ပြောသွားတာပါ။"

ကမ္ဘာတဝန်းပြစ်မှုဆိုင်ရာ တရားမျှတရေး ကိစ္စရပ်တွေနဲ့ ဆက်စပ်တာမှန်သမျှ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်အစိုးရဌာနတွေအားလုံးကို သူ့ရဲ့ ရုံးအဖွဲ့က ရှိသမျှ အရင်းအမြစ်တွေအသုံးချပြီး ကူညီနေပါတယ်လို့ သံအမတ်ကြီး Tan ကပြောပါတယ်။

“စီးပွားရေး၊ သံတမန်ရေး၊ တရားရေး၊ စစ်ဘက်ရေးရာ၊ ဘာအရေးဘဲဖြစ်ဖြစ်၊ အမေရိကန် အစိုးရအတွက် အသုံးချနိုင်ဖို့ သင့်တော်တဲ့ အရင်းအမြစ် အမျိုးမျိုးနဲ့ ပံ့ပိုးဖို့ဖြစ်ပါတယ်။ ကျနော်တို့က မူဝါဒပိုင်းပါ တာဝန်ယူတယ်လို့ ပြောနိုင်ပါတယ်လို့ ပြောသွားတာပါ။"

လူအမြောက်အများသေကြေအောင် ရက်စက်စွာနှိပ်ကွပ်သူတွေကို တရားဥပဒေအရ အရေးယူနေတဲ့ ICC နိုင်ငံတကာပြစ်မှုခုံရုံးနဲ့ အမေရိကန် ကမ္ဘာတဝန်းပြစ်မှုဆိုင်ရာ တရားမျှတရေးရုံးရဲ့ အခြေခံရည်ရွယ်ချက်ချင်း တူညီပါတယ်လို့ သံအမတ်ကြီး Tan က ဆိုပါတယ်။ ဒါပေမဲ့ အချုပ်အခြာအာဏာပိုင်တဲ့ ကိစ္စရပ်လိုမျိုး မှာတော့ ICC ထူထောင်ခဲ့တဲ့ Rome Statute ရောမ သဘောတူစာချုပ် ကို ဘယ်တုန်းကမှ အဖွဲ့ဝင်အဖြစ် အမေရိကန်က လက်မှတ်မထိုးခဲ့ပါဘူး။

ကံမကောင်းအကြောင်းမလှစွာပါဘဲ၊ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အရ၊ ICC ဟာ နိုင်ငံတကာမှာ အဆိုးဝါးဆုံးပြစ်မှုတွေကို တရားစွဲဆိုဖို့၊ စုံစမ်းစစ်ဆေးဖို့ တရားရုံးဖွဲ့ ပေးထားပေမဲ့ မူလ ရည်ရွယ်ချက် ကနေ သွေဖီခဲ့ပါတယ်။ တာဝန်ကိုကျေပွန်ရမယ့်အစား၊ နိုင်ငံရေးအမြတ်ထုတ်ပြီး အဂတိလိုက်စားတာတွေရှိခဲ့တယ်လို့ သံအမတ်ကြီး Tan က ကြေညာလိုက်ပါတယ်။

တကယ်တော့၊ ကမ္ဘာတဝန်း၊ လူအမြောက်အများသေကြေအောင် ရက်စက်စွာနှိပ်ကွပ်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေးအတွက်၊ အမေရိကန်ပြည်ထောင်စုကသာ ဆက်လက်ဦးဆောင် နေပါတယ်လို့ သံအမတ်ကြီး Tan ကပြောပါတယ်။

“ ပြည်တွင်းကော၊ နိုင်ငံတကာကပါဝင်တဲ့ တရားရုံးတွေ၊ နိုင်ငံတကာတရားရုံးတွေ၊ ပူးတွဲ ဒါမှမဟုတ် တရားရုံး ရုံးခွဲတွေနဲ့ ပတ်သက်လို့ ICC တဖွဲ့တည်းကဘဲ ပါဝင် လှုပ်ရှားနေတာမဟုတ်ပါဘူး။ လက်ဘနွန်က အထူးခုံရုံး၊ ကိုဆိုဗိုက အထူးခုံအဖွဲ့၊ ဆီးရီးယားက ရက်စက်မှုတွေကို စုံစမ်းဖို့ အချက်အလက်တွေ စုဆောင်းနေတဲ့ IIIM (ခေါ်) နိုင်ငံတကာစုံစမ်းစစ်ရေးယန္တယား၊ နောက် မြန်မာပြည်က ရက်စက်စွာနှိပ်ကွပ်မှု စွပ်စွဲချက်တွေအတွက် သက်သေအထောက်အထားစုံစမ်းနေတဲ့IIMM (ခေါ်) စုံစမ်းစစ်ဆေးရေးယန္တယားတွေကို အမေရိကန်က ပူးပေါင်းကူညီနေတာပါ။ ဒီအရာတွေအားလုံးအတွက် ပံ့ပိုးနေသလို၊ အထောက်အထား စုဆောင်းရေးအတွက် အကူအညီပေးနေပါတယ်လို့ပြောသွားတာပါ။”

ကမ္ဘာတဝန်းတရားမျှတရေး ဆောင်ကျဉ်းဖို့အတွက် အမေရိကန်ပြည်ထောင်စုက အဆုံးစွန် စိတ်ပိုင်းဖြတ်မှုနဲ့ သန္နိဋ္ဌာန်ချမှတ်ထားပြီး၊အလုံးအရင်းနဲ့ ရက်စက်စွာ နှိပ်ကွပ်မှုဒဏ်ခံခဲ့ရသူတွေအတွက် ခိုင်မာတဲ့ စိတ်ဓါတ်မြှင့်တင်ပေးဖို့နဲ့၊ ရည်ရွယ်ချက်အထမြောက်အောင်၊ ကျနော်တို့ရဲ့ အရင်းအမြစ်တွေနဲ့ တတ်နိုင်သမျှ ဆက်လက်တိုးချဲ့ ဆောင်ရွက်နေပါတယ်လို့ သံအမတ်ကြီး Morse Tan ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG