Accessibility links

Breaking News

အီရန္အေပၚ အေမရိကန္ အေရးယူ


ကြြပ္မ်က္ခံရတဲ့ အီရန္ ခ်န္ပီယံ နပမ္းသမား Navid Afkari
ကြြပ္မ်က္ခံရတဲ့ အီရန္ ခ်န္ပီယံ နပမ္းသမား Navid Afkari

(Zawgyi/Unicode)

အီရန္နဲ႔ Venezuela ႏိုင္ငံဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ Elliot Abrams က အီရန္အစိုးရ လုပ္ေနတဲ့ အေယာင္ေဆာင္တရားစီရင္ေရးဟာ စိတ္ပ်က္စရာေကာင္းတယ္လို႔ မၾကာေသးခင္က က်င္းပခဲ့တဲ့ လႊတ္ေတာ္ၾကားနာပြဲမွာ ထြက္ဆိုခဲ့ပါတယ္။

“အီရန္ျပည္သူေတြ ေကာင္းေကာင္းသိၾကပါတယ္။ သိပ္မၾကာေသးပါဘူး၊ အီရန္အစိုးရက ခ်န္ပီယံ နပမ္းသမား Navid Afkari ကို ညွဥ္းပန္းႏွိပ္စက္၊ အရွက္မဲ့စြာ ကြပ္မ်က္ၿပီး၊ ကိုယ့္လူထုကို နမူနာျပ ျခိမ္းေျခာက္တဲ့အေနနဲ႔ တလြဲအမွာစကားပါးလိုက္ပါတယ္။ အီရန္ျပည္သူေတြရဲ႔ လြတ္လပ္ခြင့္နဲ႔ တရားမွ်တမႈကို ျငင္းပယ္ေနသူေတြ တာဝန္ခံမႈရွိေစေရးအတြက္ အေမရိကန္ျပည္ေထာင္စုက တြန္းအားေပးဖို႔ သႏၷိ႒ာန္ခ်ထားတယ္”လို႔ Mr. Abrams က ေျပာသြားတာပါ။

ဒီသႏၷိ႒ာန္ကို ပိုၿပီးခိုင္မာေစဖို႔လူ႔အခြင့္အေရးအႀကီးအက်ယ္ခ်ိဳးေဖာက္ေနတဲ့ အီရန္တာဝန္ရွိပုဂၢိဳလ္ အေတာ္မ်ားမ်ားနဲ႔ ဌာနဆိုင္ရာအဖြဲ႔အစည္းေတြကို အေမရိကန္ျပည္ေထာင္စုက စက္တင္ဘာလ ၂၄ ရက္ေန႔က အေရးယူခဲ့ပါတယ္။Navid Afkari ကို တရားမွ်တစြာ မစစ္ေဆးဘဲ လွ်ဳိ႕ဝွက္စြာ တက္သုတ္ရုိက္၊ ကြပ္မ်က္ေစခဲ့တဲ့ Shiraz ေတာ္လွန္ေရးတရာရံုးရဲ႕ တရားသူႀကီး Seyyed Mahmoud Sadati လည္း ဒီ ပိတ္ဆို႔ အေရးယူစာရင္းမွာ ထည့္သြင္းထားပါတယ္။

အီရန္ႏိုင္ငံမွာ မိမိယံုၾကည္ကိုးကြယ္ရာကို ဝတ္ျပဳၾကတဲ့ ဘဟာအီေတြကို စြဲခ်က္အမ်ိဳးမ်ိဳးနဲ႔ ေထာင္ခ်ရာမွာ တာဝန္ရွိတဲ့ Mashhad ေတာ္လွန္ေရးတရာရံုးတရားသူႀကီး Mohamamad Soltani ကိုလည္း အေရးယူလိုက္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Milke Pompeo ရဲ႕ေၾကညာခ်က္မွာေဖၚျပထားပါတယ္။

လူပုဂၢိဳလ္ေတြတင္မကပါဘူး ကိုးကြယ္တဲ့ဘာသာကို ယံုၾကည္သက္ဝင္မႈ၊ ဝတ္ျပဳဆုေတာင္းမႈ၊ ၿငိမ္းခ်မ္းစြာစုေဝးတာနဲ႔ လြတ္လပ္စြာထုတ္ေဖၚေျပာဆိုရံုနဲ႔တင္ လြတ္လပ္ခြင့္ ခ်ိဳးေဖါက္ခံရၿပီး၊ ဥပေဒမဲ့ ထိန္းသိမ္း၊ လူမဆန္၊ အညွာတာကင္းစြာ ဆက္ဆံ၊ ျပဳမူ၊ ညွဥ္းပန္းႏွိပ္စက္တာ အပါအဝင္ လူ႔အခြင့္ေရးကိုလြန္ကဲစြာ ခ်ိဳးေဖာက္ေနတဲ့ Adelabad, Orumiyeh နဲ႔ Vakilabad အက်ဥ္းေထာင္ေတြကိုပါ အေမရိကန္က ပိတ္ဆို႔မႈနဲ႔ အေရးယူလိုက္တာပါ။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က Navid ကြပ္မ်က္ခံရမႈအတြက္ အေမရိကန္ျပည္ေထာင္စုက ကမၻာတဝန္းႏိုင္ငံေတြနဲ႔အတူ ဝမ္းနည္းပါေၾကာင္းနဲ႔ အီရန္အစိုးရကို အျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။သူ႔ကို သတ္ျဖတ္မႈဟာ အသိဉာဏ္ကင္းမဲ့တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ဆိုပါတယ္။တျခားႏိုင္ငံေတြအေနနဲ႔လည္း အီရန္ႏိုင္ငံတာဝန္ခံမႈရွိေအာင္ တြန္းအားေပးတဲ့အေနနဲ႔ အလားတူ ပိတ္ဆို႔မႈေတြနဲ႔ အေရးယူၾကဖို႔ ေဆာ္ၾသလိုက္ပါတယ္။

အီရန္အစိုးရရဲ႕ ရက္စက္တဲ့ အေတြးအေခၚနဲ႔ အတိုက္အခံေတြကို ႏွိပ္ကြပ္တာေတြကို အားေပးဖို႔ ယႏၱယားေတြအျဖစ္ တီထြင္ထားတဲ့ အီရန္ ေတာ္လွန္ေရးတရားရံုးေတြနဲ႔ တရားသူႀကီးေတြရဲ႕ သရုပ္သကန္ အစစ္ကို အေမရိကန္ရဲ႕ အေရးယူမႈေၾကာင့္၊ ေဖၚထုတ္ႏိုင္ခဲ့တယ္လို႔ ဝန္ႀကီး Pompeo ကဆိုပါတယ္။

အီရန္အစိုးရအေနနဲ႔ ကိုယ့္ျပည္သူေတြထိုက္တန္တဲ့ ဂုဏ္သိကၡာနဲ႔အညီ ေလးစားစြာဆက္ဆံျပဳမူပါရန္ ေတာင္းဆိုလိုက္ၿပီး၊ အေမရိကန္ျပည္ေထာင္စုက အီရန္ျပည္သူေတြနဲ႔အတူ ဆက္လက္ ရပ္တည္သြားမွာျဖစ္ပါတယ္လို႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေျပာဆိုလ္ိုက္ေၾကာင္းပါ။

...........

အီရန်အပေါ် အမေရိကန် အရေးယူ

(Unicode)

အီရန်နဲ့ Venezuela နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Elliot Abrams က အီရန်အစိုးရ လုပ်နေတဲ့ အယောင်ဆောင်တရားစီရင်ရေးဟာ စိတ်ပျက်စရာကောင်းတယ်လို့ မကြာသေးခင်က ကျင်းပခဲ့တဲ့ လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုခဲ့ပါတယ်။

“အီရန်ပြည်သူတွေ ကောင်းကောင်းသိကြပါတယ်။ သိပ်မကြာသေးပါဘူး၊ အီရန်အစိုးရက ချန်ပီယံ နပမ်းသမား Navid Afkari ကို ညှဉ်းပန်းနှိပ်စက်၊ အရှက်မဲ့စွာ ကွပ်မျက်ပြီး၊ ကိုယ့်လူထုကို နမူနာပြ ခြိမ်းခြောက်တဲ့အနေနဲ့ တလွဲအမှာစကားပါးလိုက်ပါတယ်။ အီရန်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို ငြင်းပယ်နေသူတွေ တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်ပြည်ထောင်စုက တွန်းအားပေးဖို့ သန္နိဋ္ဌာန်ချထားတယ်”လို့ Mr. Abrams က ပြောသွားတာပါ။

ဒီသန္နိဋ္ဌာန်ကို ပိုပြီးခိုင်မာစေဖို့လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်နေတဲ့ အီရန်တာဝန်ရှိပုဂ္ဂိုလ် အတော်များများနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို အမေရိကန်ပြည်ထောင်စုက စက်တင်ဘာလ ၂၄ ရက်နေ့က အရေးယူခဲ့ပါတယ်။Navid Afkari ကို တရားမျှတစွာ မစစ်ဆေးဘဲ လျှို့ဝှက်စွာ တက်သုတ်ရိုက်၊ ကွပ်မျက်စေခဲ့တဲ့ Shiraz တော်လှန်ရေးတရာရုံးရဲ့ တရားသူကြီး Seyyed Mahmoud Sadati လည်း ဒီ ပိတ်ဆို့ အရေးယူစာရင်းမှာ ထည့်သွင်းထားပါတယ်။

အီရန်နိုင်ငံမှာ မိမိယုံကြည်ကိုးကွယ်ရာကို ဝတ်ပြုကြတဲ့ ဘဟာအီတွေကို စွဲချက်အမျိုးမျိုးနဲ့ ထောင်ချရာမှာ တာဝန်ရှိတဲ့ Mashhad တော်လှန်ရေးတရာရုံးတရားသူကြီး Mohamamad Soltani ကိုလည်း အရေးယူလိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Milke Pompeo ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။

လူပုဂ္ဂိုလ်တွေတင်မကပါဘူး ကိုးကွယ်တဲ့ဘာသာကို ယုံကြည်သက်ဝင်မှု၊ ဝတ်ပြုဆုတောင်းမှု၊ ငြိမ်းချမ်းစွာစုဝေးတာနဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုရုံနဲ့တင် လွတ်လပ်ခွင့် ချိုးဖေါက်ခံရပြီး၊ ဥပဒေမဲ့ ထိန်းသိမ်း၊ လူမဆန်၊ အညှာတာကင်းစွာ ဆက်ဆံ၊ ပြုမူ၊ ညှဉ်းပန်းနှိပ်စက်တာ အပါအဝင် လူ့အခွင့်ရေးကိုလွန်ကဲစွာ ချိုးဖောက်နေတဲ့ Adelabad, Orumiyeh နဲ့ Vakilabad အကျဉ်းထောင်တွေကိုပါ အမေရိကန်က ပိတ်ဆို့မှုနဲ့ အရေးယူလိုက်တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က Navid ကွပ်မျက်ခံရမှုအတွက် အမေရိကန်ပြည်ထောင်စုက ကမ္ဘာတဝန်းနိုင်ငံတွေနဲ့အတူ ဝမ်းနည်းပါကြောင်းနဲ့ အီရန်အစိုးရကို အပြစ်တင်ရှုတ်ချလိုက်ပါတယ်။သူ့ကို သတ်ဖြတ်မှုဟာ အသိဉာဏ်ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။တခြားနိုင်ငံတွေအနေနဲ့လည်း အီရန်နိုင်ငံတာဝန်ခံမှုရှိအောင် တွန်းအားပေးတဲ့အနေနဲ့ အလားတူ ပိတ်ဆို့မှုတွေနဲ့ အရေးယူကြဖို့ ဆော်သြလိုက်ပါတယ်။

အီရန်အစိုးရရဲ့ ရက်စက်တဲ့ အတွေးအခေါ်နဲ့ အတိုက်အခံတွေကို နှိပ်ကွပ်တာတွေကို အားပေးဖို့ ယန္တယားတွေအဖြစ် တီထွင်ထားတဲ့ အီရန် တော်လှန်ရေးတရားရုံးတွေနဲ့ တရားသူကြီးတွေရဲ့ သရုပ်သကန် အစစ်ကို အမေရိကန်ရဲ့ အရေးယူမှုကြောင့်၊ ဖေါ်ထုတ်နိုင်ခဲ့တယ်လို့ ဝန်ကြီး Pompeo ကဆိုပါတယ်။

အီရန်အစိုးရအနေနဲ့ ကိုယ့်ပြည်သူတွေထိုက်တန်တဲ့ ဂုဏ်သိက္ခာနဲ့အညီ လေးစားစွာဆက်ဆံပြုမူပါရန် တောင်းဆိုလိုက်ပြီး၊ အမေရိကန်ပြည်ထောင်စုက အီရန်ပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်သွားမှာဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG