Accessibility links

Breaking News

ျပည္သူေတြေ၀ဖန္ခြင့္ အီရန္အစုိးရ ပိတ္ပင္


အီရန္ ရဲမ်ား
အီရန္ ရဲမ်ား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အီရန္ႏိုင္ငံအေနနဲ႔ ႏ်ဴကလီးယားအစီအစဥ္ကို တိုးခ်ဲ႔ဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔ ထုတ္ေဖၚေျပာဆိုလိုက္ၿပီး၊ ပဲ့ထိန္းတပ္မစ္ဇိုင္းဒံုးလက္နက္ေတြ စမ္းသပ္ပစ္လႊတ္တာ၊ ဆီးရီးယားက လူသတ္ ဘရွာအယ္လ္အာဆတ္ အစိုးရနဲ႔ ဆင့္ပြားအၾကမ္းဖက္သမားေတြကို ဆက္လက္ပံ့ပိုးေပးေနတာ၊ အာဏာရွင္မဟာမိတ္ျဖစ္တဲ့ တရုတ္ႏိုင္ငံနဲ႕ ၂၅ ႏွစ္ၾကာ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ ဆက္ဆံေရးအတြက္ ညွိႏိႈင္းေနတယ္ဆိုတဲ့သတင္းေတြက ကမၻာတဝန္းကို သတိရွိၾကဖို႔ ႏိႈးေဆာ္လိုက္တာပဲျဖစ္ပါတယ္။

ဒါေပမဲ့ ဒီစိုးရိမ္စရာေကာင္းတဲ့ စာရင္းထဲမွာပါတဲ့ အီရန္အစိုးရရဲ႕ ဆိုးရြားလွတဲ့ လုပ္ရပ္ေတြက အီရန္ျပည္သူေတြ ခံစားေနရတဲ့ ဒုကၡေတြကို ပိုတိုးေစတယ္ဆိုတာကို ေမ့ထားလို႔မရပါဘူး။ အီရန္ႏိုင္ငံမွာ ထင္ရွားတဲ့ အမ်ိဳးသမီးနဲ႔ ေက်ာင္းသားအခြင့္အေရးလႈပ္ရွားသူ ဘဟာေရဟီဒယက္ ကို ေထာင္ဒဏ္ ၄ ႏွစ္နဲ႔ ၈ လ အျပစ္ေပးလိုက္တယ္လို႔ နယူးေယာက္အေျခစိုက္ အီရန္လူ႔အခြင့္အေရးအဖြဲ႔ က ေျပာပါတယ္။

သူ႔ကို လူစုလူေဝးနဲ႔ ႏိုင္ငံေတာ္လံုၿခံဳေရးကို ထိပါးေႏွာက္ယွက္မႈနဲ႔ ႏိုင္ငံေတာ္ကိုဆန္႔က်င္ေရးဝါဒျဖန္႔မႈ စတဲ့ အမႈေတြဆင္ၿပီး တရားစြဲဆိုလိုက္ပါတယ္။ IRGC လို႔ အတိုေကာက္ေခၚတဲ့ အီရန္ေတာ္လွန္ေရး ျပည္ေစာင့္တပ္ကေန ယူကရိန္းခရီးသည္တင္ေလယာဥ္ကို ပစ္ခ်ခဲ့မႈနဲ႔ ပတ္သက္ၿပီး ၂၀၂၀ ဇန္နဝါရီလတုန္းက ၿငိမ္းခ်မ္းစြာ ကန္႔ကြက္ဆႏၵျပပြဲမွာ သူပါဝင္ခဲ့ၿပီး အဖမ္းခံခဲ့ရတာျဖစ္ပါတယ္။

အဲဒီေလယာဥ္ပစ္ခ်ခံရလို႔ ေသဆံုးသူ ၁၇၆ ေယာက္ရဲ႕ အျဖစ္နဲ႔၊၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလက အီရန္ႏိုင္ငံတဝန္း လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ လက္ခ်က္နဲ႔ ေသဆံုးခဲ့ရတဲ့ဆႏၵျပသူေတြရဲ႕ အျဖစ္က ခိုင္းႏိႈင္းလို႔ရတယ္လို႔ Ms. Hedayat က Twitter ကေန ေျပာလိုက္ပါတယ္။

ျပည္သူေတြရဲ႕ အခြင့္အေရးအတြက္ ၿငိမ္းခ်မ္းစြာလႈပ္ရွားမႈေတြေၾကာင့္ Ms. Hedayat ေထာင္ထဲမွာ ၆ ႏွစ္ေနခဲ့ရၿပီးပါၿပီ။ အခုထပ္ၿပီး အဖမ္းခံရတာ သူတေယာက္တည္းမဟုတ္ပါဘူး။ ယူကရိန္းေလယာဥ္ ပစ္ခ်မႈေၾကာင့္ ေသဆံုးခဲ့ရသူေတြ အတြက္ တဦးတေယာက္မွ တာဝန္ခံတာ၊ အျပစ္ေပးတာ မရွိေသးတာေၾကာင့္ ကန္႔ကြက္ခဲ့လို႔ ဆႏၵျပသူေတြ အဖမ္းခံခဲ့ၾကရပါတယ္။

IRGC အီရန္ေတာ္လွန္ေရးျပည္ေစာင့္တပ္ရဲ႕ လုပ္ရပ္ကို ဆန္႔က်င္ကန္႔ကြက္ေၾကာင္း ဆႏၵထုတ္ေဖၚၾကလို႔ ဒါဇင္နဲ႔ခ်ီတဲ့ တျခားအီရန္ႏိုင္ငံသားေတြလည္း ေထာင္ဒဏ္ေတြ အျပစ္ေပးခံရသလို၊ တခ်ိဳ႔ဆို ႀကိမ္ဒဏ္၊ ၾကာပြတ္ဒဏ္ခံၾကရပါတယ္။

ကိုယ့္ရဲ႕ ေမြးရာပါလူ႔အခြင့္အေရးအရ၊ ဆႏၵထုတ္ေဖၚၾကသူ Bahareh Hedayat အပါအဝင္ တျခား ဆႏၵျပသူေတြ ခံစားေနရတဲ့ ဒုကၡေတြကို အေမရိကန္ျပည္ေထာင္စုက ေမ့မထားပါဘူး။

အီရန္အစိုးရရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကို အေမရိကန္ျပည္ေထာင္စုက ဆက္လက္ၿပီး ေထာက္ျပေနမွာျဖစ္ပါတယ္။ အီရန္ႏိုင္ငံမွာ အတိုက္အခံေတြကို ႏွိပ္ကြပ္တဲ့ အစိုးရတာဝန္ရွိသူေတြအပါအဝင္၊ ဝန္ႀကီးေတြ၊ တရားသူႀကီးေတြ၊ ဥပေဒစိုးမိုးေရးအရာရွိေတြနဲ႔ စစ္တပ္ေခါင္းေဆာင္ေတြကို အေမရိကန္က ဆက္လက္ ပိတ္ဆို႔ဒဏ္ခတ္ထားပါတယ္။အီရန္အစိုးရအေနနဲ႔ ျပည္တြင္းမွာေရာ၊ ျပည္ပမွာပါ မူမမွန္တဲ့လႈပ္ရွားမႈေတြအတြက္ အရင္းအျမစ္ေတြ မသံုးႏိုင္ေအာင္ အေမရိကန္က ဆက္လက္ၿပီး ဖိအားအစြန္းကုန္ ေပးသြားမွာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ေျပာသလိုပါဘဲ၊ ကိုယ့္ျပည္သူေတြကို ႏွစ္ရွည္လမ်ား ခံစားရေအာင္ ဆက္လက္ႏွိပ္ကြပ္ေနတဲ့ အစိုးရကို ကမၻာက မ်က္ေျခမျပတ္ၾကည့္ေနတယ္တိုတာကို က်ေနာ္တို႔က ရွင္းရွင္းလင္းလင္းျပသေနတာျဖစ္တယ္လို႔ ဆိုပါတယ္။ က်ေနာ္တို႔ ႏႈတ္ဆိတ္ေနလို႔မရပါဘူးတဲ့။ ႏွစ္ရွည္လမ်ား လ်စ္လ်ဴ ရႈ ခံထားရတဲ့ အီရန္ျပည္သူေတြရဲ႕ အသံေတြကို အေမရိကန္ျပည္ေထာင္စုက ဆက္လက္ ေထာက္ခံသြားမွာျဖစ္တယ္လို႔ ဝန္ႀကီး Pompeo ကေျပာၾကားလိုက္ေၾကာင္းပါ ။


...............

ပြည်သူတွေဝေဖန်ခွင့် အီရန်အစိုးရ ပိတ်ပင်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အီရန်နိုင်ငံအနေနဲ့ နျူကလီးယားအစီအစဉ်ကို တိုးချဲ့ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ထုတ်ဖေါ်ပြောဆိုလိုက်ပြီး၊ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးလက်နက်တွေ စမ်းသပ်ပစ်လွှတ်တာ၊ ဆီးရီးယားက လူသတ် ဘရှာအယ်လ်အာဆတ် အစိုးရနဲ့ ဆင့်ပွားအကြမ်းဖက်သမားတွေကို ဆက်လက်ပံ့ပိုးပေးနေတာ၊ အာဏာရှင်မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ၂၅ နှစ်ကြာ မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးအတွက် ညှိနှိုင်းနေတယ်ဆိုတဲ့သတင်းတွေက ကမ္ဘာတဝန်းကို သတိရှိကြဖို့ နှိုးဆော်လိုက်တာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစိုးရိမ်စရာကောင်းတဲ့ စာရင်းထဲမှာပါတဲ့ အီရန်အစိုးရရဲ့ ဆိုးရွားလှတဲ့ လုပ်ရပ်တွေက အီရန်ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ပိုတိုးစေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ အီရန်နိုင်ငံမှာ ထင်ရှားတဲ့ အမျိုးသမီးနဲ့ ကျောင်းသားအခွင့်အရေးလှုပ်ရှားသူ ဘဟာရေဟီဒယက် ကို ထောင်ဒဏ် ၄ နှစ်နဲ့ ၈ လ အပြစ်ပေးလိုက်တယ်လို့ နယူးယောက်အခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ က ပြောပါတယ်။

သူ့ကို လူစုလူဝေးနဲ့ နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောက်ယှက်မှုနဲ့ နိုင်ငံတော်ကိုဆန့်ကျင်ရေးဝါဒဖြန့်မှု စတဲ့ အမှုတွေဆင်ပြီး တရားစွဲဆိုလိုက်ပါတယ်။ IRGC လို့ အတိုကောက်ခေါ်တဲ့ အီရန်တော်လှန်ရေး ပြည်စောင့်တပ်ကနေ ယူကရိန်းခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့မှုနဲ့ ပတ်သက်ပြီး ၂၀၂၀ ဇန်နဝါရီလတုန်းက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြပွဲမှာ သူပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီလေယာဉ်ပစ်ချခံရလို့ သေဆုံးသူ ၁၇၆ ယောက်ရဲ့ အဖြစ်နဲ့၊၂၀၁၉ ခုနှစ် နိုဝင်ဘာလက အီရန်နိုင်ငံတဝန်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ဆန္ဒပြသူတွေရဲ့ အဖြစ်က ခိုင်းနှိုင်းလို့ရတယ်လို့ Ms. Hedayat က Twitter ကနေ ပြောလိုက်ပါတယ်။

ပြည်သူတွေရဲ့ အခွင့်အရေးအတွက် ငြိမ်းချမ်းစွာလှုပ်ရှားမှုတွေကြောင့် Ms. Hedayat ထောင်ထဲမှာ ၆ နှစ်နေခဲ့ရပြီးပါပြီ။ အခုထပ်ပြီး အဖမ်းခံရတာ သူတယောက်တည်းမဟုတ်ပါဘူး။ ယူကရိန်းလေယာဉ် ပစ်ချမှုကြောင့် သေဆုံးခဲ့ရသူတွေ အတွက် တဦးတယောက်မှ တာဝန်ခံတာ၊ အပြစ်ပေးတာ မရှိသေးတာကြောင့် ကန့်ကွက်ခဲ့လို့ ဆန္ဒပြသူတွေ အဖမ်းခံခဲ့ကြရပါတယ်။

IRGC အီရန်တော်လှန်ရေးပြည်စောင့်တပ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖေါ်ကြလို့ ဒါဇင်နဲ့ချီတဲ့ တခြားအီရန်နိုင်ငံသားတွေလည်း ထောင်ဒဏ်တွေ အပြစ်ပေးခံရသလို၊ တချို့ဆို ကြိမ်ဒဏ်၊ ကြာပွတ်ဒဏ်ခံကြရပါတယ်။

ကိုယ့်ရဲ့ မွေးရာပါလူ့အခွင့်အရေးအရ၊ ဆန္ဒထုတ်ဖေါ်ကြသူ Bahareh Hedayat အပါအဝင် တခြား ဆန္ဒပြသူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို အမေရိကန်ပြည်ထောင်စုက မေ့မထားပါဘူး။

အီရန်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ပြီး ထောက်ပြနေမှာဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ အတိုက်အခံတွေကို နှိပ်ကွပ်တဲ့ အစိုးရတာဝန်ရှိသူတွေအပါအဝင်၊ ဝန်ကြီးတွေ၊ တရားသူကြီးတွေ၊ ဥပဒေစိုးမိုးရေးအရာရှိတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေကို အမေရိကန်က ဆက်လက် ပိတ်ဆို့ဒဏ်ခတ်ထားပါတယ်။အီရန်အစိုးရအနေနဲ့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ မူမမှန်တဲ့လှုပ်ရှားမှုတွေအတွက် အရင်းအမြစ်တွေ မသုံးနိုင်အောင် အမေရိကန်က ဆက်လက်ပြီး ဖိအားအစွန်းကုန် ပေးသွားမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ပြောသလိုပါဘဲ၊ ကိုယ့်ပြည်သူတွေကို နှစ်ရှည်လများ ခံစားရအောင် ဆက်လက်နှိပ်ကွပ်နေတဲ့ အစိုးရကို ကမ္ဘာက မျက်ခြေမပြတ်ကြည့်နေတယ်တိုတာကို ကျနော်တို့က ရှင်းရှင်းလင်းလင်းပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကျနော်တို့ နှုတ်ဆိတ်နေလို့မရပါဘူးတဲ့။ နှစ်ရှည်လများ လျစ်လျူ ရှု ခံထားရတဲ့ အီရန်ပြည်သူတွေရဲ့ အသံတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ခံသွားမှာဖြစ်တယ်လို့ ဝန်ကြီး Pompeo ကပြောကြားလိုက်ကြောင်းပါ ။

XS
SM
MD
LG