Accessibility links

Breaking News

Belarus က မွ်တမႈမရွိတဲ့ သမၼတေရြးေကာက္ပြဲ


Belarus မွာ မွ်တမႈမရွိတဲ့ သမၼတေရြးေကာက္ပြဲေၾကာင့္ ျပည္သူေတြ ဆႏၵျပ
Belarus မွာ မွ်တမႈမရွိတဲ့ သမၼတေရြးေကာက္ပြဲေၾကာင့္ ျပည္သူေတြ ဆႏၵျပ

(Zawgyi/Unicode)

ႏိုင္ငံရဲ႕အျမင့္ဆုံး ေရြးေကာက္ခံရာထူးကုိ ၁၉၉၄ ခုႏွစ္ကစလို႔ ခ်ဳပ္ကိုင္လာခဲ့တဲ့ Belarus ႏိုင္ငံရဲ႕ ႏွစ္ရွည္ၾကာ သမၼတ Alexander Lukashenko က ၾသဂုတ္လ(၉)ရက္ က်င္းပခဲ့တဲ့ သမၼတေရြးေကာက္ပဲြမွာလည္း သူ ေနာက္ထပ္ ေတာင္ျပဳိကမ္းၿပဳိ အႏိုင္ရလုိက္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ေရြးေကာက္ပဲြမွာ ၈၀% မဲအႏိုင္ရခဲ့တယ္ဆိုတဲ့ သူ႔ ေၾကညာခ်က္အေပၚ ေထာင္ေသာင္းခ်ီတဲ့ ျပည္သူေတြ လက္မခံ အျငင္းပြားေနၾကၿပီး မဲရလဒ္ေတြဟာ အလိမ္အညာ ျဖစ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လမ္းမေပၚထြက္ ဆႏၵျပေနၾကပါတယ္။

အစိုးရ လုံၿခဳံေရးတပ္ဖြဲ႔ကေတာ့ ဆႏၵျပသူေတြကို ရုိက္ႏွက္ဖမ္းဆီးမႈေတြနဲ႔ အလ်င္ျမန္ အၾကမ္းဖက္တုန္႔ျပန္ခဲ့ၿပီး ၊ ဆႏၵျပသူေတြအပါဝင္ သတင္းသမားေတြ ေထာင္ခ်ီတဲ့ အတိုက္အခံအဖဲြ႔ဝင္ေတြ ကိုလည္း ဖမ္းဆီးခဲ့တာပါ။ ဆႏၵျပပြဲအတြင္း အနည္းဆုံး ၄ ဦး ေသဆုံးခဲ့ပါတယ္။

ေရြးကောက္ပြဲ ၿပီးတဲ့ေနာက္ Belarus ႏိုင္ငံက အတုိက္ခံ ေခါငး္ေဆာင္ ၂ ဦး တိုင္းျပည္က ထြက္ေျပး သြာျပီး ၊ အဲဒီထဲမွာ သမၼတေရြးေကာက္ပြဲ ဝင္ခဲ့တဲ့ အတိုက္ခံေခါင္းေဆာင္ Sviatlana Tsikhanouskaya လည္းပါဝင္ပါတယ္။ Sviatlana ရဲ႕ခင္ပြန္းျဖစ္သူ ႏိုင္ငံေရးသမား/ဘေလာ့ဂါ Sergei ကို ေရြးေကာက္ပြဲ မဝင္ႏိုင္ေအာင္ အစိုးရက တားျမစ္ ေထာင္ခ်ခဲ့ၿပီးေနာက္ သူမက ေရြးေကာက္ပြဲ ဝင္ျပဳိင္တာ ျဖစ္ပါတယ္။

Belarus ရဲ႕ ၿမဳိ႕အေတာ္မ်ားမ်ားမွာ ဆႏၵျပပြဲေတြ ဆက္ျဖစ္ေနဆဲပါ။ ဆႏၵျပသူ ၁ သိန္းေက်ာ္ဟာ မႀကဳံဖူးေလာက္ေအာင္ ၾသဂုတ္လ ၁၆ ရက္ေန႔က Minsk ၿမဳိ႕မွာ ခ်ီတက္ဆႏၵျပခဲ့ပါတယ္။ ဒီ ဆႏၵျပပဲြမွာ ပါဝင္သူ အေတာ္မ်ားမ်ားဟာ “Women in White” အျဖဴေရာင္လႈပ္ရွားမႈက လူေတြျဖစ္ၿပီး အၾကမ္းဖက္ၿဖဳိခဲြမႈေတြ ရပ္တန္႔ဖို႔နဲ႔ ဖမ္းဆီးထားသူေတြ ျပန္လႊတ္ေပးေရး ေတာင္းဆုိၾကပါတယ္။

အျဖဴေရာင္ ဝတ္ဆင္ထားၿပီး တခ်ဳိ႕လည္းလက္မွာ ပန္းေတြကိုင္ထားတဲ့ အမ်ဳိးသမီးေတြကုိ Minsk ၿမဳိ႕မွာ ၿပီးခဲ့တဲ့အပတ္ကစလို႔ ေတြ႔လာရပါတယ္။ ဂ်ာမနီ၊ ပိုလန္ ၊ ဘယ္လ္ဂ်ီယံ ယူကရိန္းနဲ႔ ရုရွားတုိ႔မွာလည္း ဒီလိုပုံစံတူမ်ဳိး ဆႏၵျပေနၾကပါတယ္။

အျငင္းပြားဖြယ္ ေရြးေကာက္ပဲြအေပၚ Belarus ျပည္သူေတြ အခုလုိ တုန္႔ျပန္ေနတာက ၂၆ ႏွစ္ၾကာ အာဏာကိုခ်ဳပ္ကိုင္လာတဲ့ သမၼတ Alexander Lukashenko အေနနဲ႔ သူတို႔အတြက္ ဘာမွလုပ္မေပးႏိုင္ေတာ့ဘူးဆိုတာကို ရွင္းရွင္းလင္းလင္း ျပ ေနတဲ့သေဘာ ျဖစ္ပါတယ္။ ႏိုင္ငံတကာ အသိုင္းအဝုိင္းကလည္း Belarus ျပည္သူေတြရဲ႕ ဒီမိုကေရစီေရး ျပင္းျပတဲ့ဆႏၵနဲ႔အတူ တသားထဲ ရပ္တည္ေနၾကပါတယ္။

အေမရိကန္နဲ႔ ဥေရာပသမဂၢ ေခါင္းေဆာင္ေတြကလည္း Belarus ႏိုင္ငံမွာ လြတ္လပ္ၿပီး တရားမွ်တမႈ မရွိတဲ့ ေရြးေကာက္ပဲြ က်င္းပခဲ့တဲ့အေပၚမွာေရာ ၊ ဆႏၵျပပြဲေတြကို အစိုးရက အၾကမ္းဖက္ ျေဖရွင္းခဲ့တဲ့ အေပၚမွာပါ အထူးစိုးရိမ္ေၾကာင္း ထုတ္ေျပာၾကပါတယ္။ ဒါ့အျပင္ သတင္းေထာက္ေတြကို ပစ္မွတ္ထားတာ သိသာလြန္းၿပီး၊ ဖမ္းဆီးခံရသူေတြကို အျပင္းထန္ႏွိပ္စက္တာ၊ အင္တာနက္ ပိတ္ဆုိ႔တာေတြကိုလည္း ေထာက္ျပၾကပါတယ္။

မၾကာေသးခင္က ပိုလန္ႏိုင္ငံကို သြားေရာက္ခဲ့တဲ့ ခရီးစဥ္အတြင္း အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီး Pompeo က - Belarus ျပည္သူေတြ သူတို႔ရဲ႕ကိုယ္ပုိင္အခ်ဳပ္အျခာ၊ ကုိယ္ပိုင္လြတ္လပ္ခ ြင့္ခငြ့္ ရႏုိင္ဖို႔ အားေပးကူညီရမယ္ဆိုတာ ဘုံရည္မွန္းခ်က္ျဖစ္ၿပီး အခု ဆႏၵျပပြဲေတြမွာ ျမင္ေတြ႔ႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။

Belarus ျပည္သူေတြ ေတာင္းဆုိေနတာက သူတို႔လိုခ်င္တဲ့ အစိုးရပုံစံကို သူတုိ႔ကုိယ္တိုင္ ဆုံးျဖတ္ႏိုင္တဲ့ လူသားတုိင္း လိုခ်င္ေနတဲ့ ရွင္းလင္းတဲ့အခ်က္ေတြသာ ျဖစ္ပါတယ္။ Belarus ႏိုင္ငံ ေခါငး္ေဆာင္ေတြကို တုိက္တြန္းခ်င္တာကေတာ့ ျပည္သူေတြရဲ႕ ေတာင္းဆိုခ်က္ကို ထင္ဟပ္ေစမယ့္ နည္းလမ္းကို ရွာတဲ့အေနနဲ႔ လူအဖြဲ႔အစည္းေတြနဲ႔ ထိေတြ႔ဆက္ဆံမႈကို က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ဖုိ႔ပဲ ျဖစ္တယ္လို႔ ေရးသားထားပါတယ္။

Belarus က မျှတမှုမရှိတဲ့ သမ္မတရွေးကောက်ပွဲ
please wait

No media source currently available

0:00 0:03:24 0:00


...............

Belarus က မျှတမှုမရှိတဲ့ သမ္မတရွေးကောက်ပွဲ

(Unicode)

နိုင်ငံရဲ့အမြင့်ဆုံး ရွေးကောက်ခံရာထူးကို ၁၉၉၄ ခုနှစ်ကစလို့ ချုပ်ကိုင်လာခဲ့တဲ့ Belarus နိုင်ငံရဲ့ နှစ်ရှည်ကြာ သမ္မတ Alexander Lukashenko က သြဂုတ်လ(၉)ရက် ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာလည်း သူ နောက်ထပ် တောင်ပြိုကမ်းပြို အနိုင်ရလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ၈၀% မဲအနိုင်ရခဲ့တယ်ဆိုတဲ့ သူ့ ကြေညာချက်အပေါ် ထောင်သောင်းချီတဲ့ ပြည်သူတွေ လက်မခံ အငြင်းပွားနေကြပြီး မဲရလဒ်တွေဟာ အလိမ်အညာ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းမပေါ်ထွက် ဆန္ဒပြနေကြပါတယ်။

အစိုးရ လုံခြုံရေးတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးမှုတွေနဲ့ အလျင်မြန် အကြမ်းဖက်တုန့်ပြန်ခဲ့ပြီး ၊ ဆန္ဒပြသူတွေအပါဝင် သတင်းသမားတွေ ထောင်ချီတဲ့ အတိုက်အခံအဖွဲ့ဝင်တွေ ကိုလည်း ဖမ်းဆီးခဲ့တာပါ။ ဆန္ဒပြပွဲအတွင်း အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။

ရွေးကောက်ပွဲ ပြီးတဲ့နောက် Belarus နိုင်ငံက အတိုက်ခံ ခေါင်းဆောင် ၂ ဦး တိုင်းပြည်က ထွက်ပြေး သွာပြီး ၊ အဲဒီထဲမှာ သမ္မတရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အတိုက်ခံခေါင်းဆောင် Sviatlana Tsikhanouskaya လည်းပါဝင်ပါတယ်။ Sviatlana ရဲ့ခင်ပွန်းဖြစ်သူ နိုင်ငံရေးသမား/ဘလော့ဂါ Sergei ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် အစိုးရက တားမြစ် ထောင်ချခဲ့ပြီးနောက် သူမက ရွေးကောက်ပွဲ ဝင်ပြိုင်တာ ဖြစ်ပါတယ်။

Belarus ရဲ့ မြို့အတော်များများမှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေဆဲပါ။ ဆန္ဒပြသူ ၁ သိန်းကျော်ဟာ မကြုံဖူးလောက်အောင် သြဂုတ်လ ၁၆ ရက်နေ့က Minsk မြို့မှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ ဒီ ဆန္ဒပြပွဲမှာ ပါဝင်သူ အတော်များများဟာ “Women in White” အဖြူရောင်လှုပ်ရှားမှုက လူတွေဖြစ်ပြီး အကြမ်းဖက်ဖြိုခွဲမှုတွေ ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး တောင်းဆိုကြပါတယ်။

အဖြူရောင် ဝတ်ဆင်ထားပြီး တချို့လည်းလက်မှာ ပန်းတွေကိုင်ထားတဲ့ အမျိုးသမီးတွေကို Minsk မြို့မှာ ပြီးခဲ့တဲ့အပတ်ကစလို့ တွေ့လာရပါတယ်။ ဂျာမနီ၊ ပိုလန် ၊ ဘယ်လ်ဂျီယံ ယူကရိန်းနဲ့ ရုရှားတို့မှာလည်း ဒီလိုပုံစံတူမျိုး ဆန္ဒပြနေကြပါတယ်။

အငြင်းပွားဖွယ် ရွေးကောက်ပွဲအပေါ် Belarus ပြည်သူတွေ အခုလို တုန့်ပြန်နေတာက ၂၆ နှစ်ကြာ အာဏာကိုချုပ်ကိုင်လာတဲ့ သမ္မတ Alexander Lukashenko အနေနဲ့ သူတို့အတွက် ဘာမှလုပ်မပေးနိုင်တော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြ နေတဲ့သဘော ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း Belarus ပြည်သူတွေရဲ့ ဒီမိုကရေစီရေး ပြင်းပြတဲ့ဆန္ဒနဲ့အတူ တသားထဲ ရပ်တည်နေကြပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေကလည်း Belarus နိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အပေါ်မှာရော ၊ ဆန္ဒပြပွဲတွေကို အစိုးရက အကြမ်းဖက် ြဖေရှင်းခဲ့တဲ့ အပေါ်မှာပါ အထူးစိုးရိမ်ကြောင်း ထုတ်ပြောကြပါတယ်။ ဒါ့အပြင် သတင်းထောက်တွေကို ပစ်မှတ်ထားတာ သိသာလွန်းပြီး၊ ဖမ်းဆီးခံရသူတွေကို အပြင်းထန်နှိပ်စက်တာ၊ အင်တာနက် ပိတ်ဆို့တာတွေကိုလည်း ထောက်ပြကြပါတယ်။

မကြာသေးခင်က ပိုလန်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Pompeo က - Belarus ပြည်သူတွေ သူတို့ရဲ့ကိုယ်ပိုင်အချုပ်အခြာ၊ ကိုယ်ပိုင်လွတ်လပ်ခ ွင့်ခငွ့် ရနိုင်ဖို့ အားပေးကူညီရမယ်ဆိုတာ ဘုံရည်မှန်းချက်ဖြစ်ပြီး အခု ဆန္ဒပြပွဲတွေမှာ မြင်တွေ့နိုင်ကြောင်း ပြောခဲ့ပါတယ်။

Belarus ပြည်သူတွေ တောင်းဆိုနေတာက သူတို့လိုချင်တဲ့ အစိုးရပုံစံကို သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ လူသားတိုင်း လိုချင်နေတဲ့ ရှင်းလင်းတဲ့အချက်တွေသာ ဖြစ်ပါတယ်။ Belarus နိုင်ငံ ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာကတော့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို ထင်ဟပ်စေမယ့် နည်းလမ်းကို ရှာတဲ့အနေနဲ့ လူအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ပဲ ဖြစ်တယ်လို့ ရေးသားထားပါတယ်

XS
SM
MD
LG