Accessibility links

Breaking News

အစၥေရးနဲ႔ ယူေအအီးၾကားက သမုိင္း၀င္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္


အစၥေရးနဲ႔ ယူေအအီး အလံမ်ား
အစၥေရးနဲ႔ ယူေအအီး အလံမ်ား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

သမၼတထရမ့္ဟာ အစၥေရးနဲ႔ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုႏိုင္ငံအၾကား သမိုင္းဝင္ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရေအာင္ ၾကားဝင္ညွိႏိႈင္းေပးခဲ့ပါတယ္။ ဒါဟာ ၂၅ႏွစ္ အတြင္း ပထမဆံုးအေနနဲ႕ အစၥေရးႏိုင္ငံ နဲ႔ အာရပ္ႏိုင္ငံႀကီးတႏိုင္ငံအၾကား ပံုမွန္ဆက္ဆံေရး သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ အာရပ္နဲ႔ မြတ္ဆလင္ႏိုင္ငံေတြလည္း အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုလိုဘဲ အစၥေရး ပံုမွန္ဆက္ဆံၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

သမၼာက်မ္းစာအရ အဓိက ဘာသာႀကီး ၃ မ်ိဳးျဖစ္တဲ့ ဂ်ဴး၊ ခရစ္ယာန္နဲ႔ အစၥလာမ္ဘာသာရဲ႕ ဖခင္ရယ္လို႔ သေဘာထားတဲ့ Abraham ကို အေလးထားတဲ့အေနနဲ႔ ဒီသေဘာတူညီခ်က္ကို Abraham သေဘာတူ စာခ်ဳပ္လို႔ နာမည္ေပးထာပါတယ္။အစၥေရးႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး David Friedman က ဒီႀကီးျမတ္တဲ့ ဘာသာႀကီး ၃ ရပ္ စည္းလံုးညီညြတ္ဖို႔ အတြက္ Abraham ေလာက္ ဘယ္ပုဂၢိဳလ္ကမွ ကိုယ္စားျပဳဖို႔ ထိုက္တန္မွာ မဟုတ္ဘူးလို႔ ရွင္းျပပါတယ္။

ေဂ်ရုဆလင္ၿမိဳ႔က Al Aqsa ဗလီမွာ ဝတ္ျပဳခ်င္ၾကတဲ့ ကမၻာတဝန္းက မြတ္ဆလင္ေတြ အတြက္ Abraham သေဘာတူစာခ်ဳပ္က သိပ္အဆင္ေျပပါတယ္။ အခုဆို တဲလ္အဗီးၿမိဳ႕ကေန UAE - အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုရဲ႕ ၿမိဳ႕ေတာ္ အဘူဒါဘီ ကို ေလယာဥ္တိုက္ရိုက္ခရီးစဥ္နဲ႔ သြားလာႏိုင္ပါၿပီ။ဒီဘုရားဖူးခရီးေတြ မ်ားမ်ားလာေလ၊ Al Aqsa ဗလီကို ပစ္မွတ္ထား တိုက္ခိုက္ခံေနရတယ္ဆိုၿပီး၊ မြတ္ဆလင္ေတြ သြားဝတ္ျပဳဖို႔မျဖစ္ႏိုင္ဘူးဆိုတဲ့ အစြန္းေရာက္ေတြရဲ႕ သတင္းအတုေတြကို ပယ္ဖ်က္ႏိုင္မွာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက သမၼတထရမ့္ရဲ႕ ပထမဆံုး အေရွ႕အလယ္ပိုင္းေဒသ ခရီးစဥ္မွာ ျပတ္ျပတ္သားသား ေျပာခဲ့သလိုပါဘဲ။ ဘာသာေပါင္းစံုကလူေတြ အတူတကြ ညီညီညြတ္ညြတ္နဲ႔ အစၥလာမ္အစြန္းေရာက္ဝါဒကို တိုက္ဖ်က္ၿပီး၊ အားလံုးအတြက္ စီးပြားေရးအခြင့္အလမ္းေတြရွာေဖြၾကမွသာ အေရွ႕အလယ္ပိုင္းျပႆနာကို ေျဖရွင္းႏိုင္မွာျဖစ္ပါတယ္တဲ့။

ဒီၿငိမ္းခ်မ္းေရးစာခ်ဳပ္အရ အစၥေရးနဲ႔ UAE ႏိုင္ငံတို႔ဟာ သံရံုးေတြဖြင့္၊ သဲအမတ္ႀကီးေတြခန္႔ထားၿပီး ပံုမွန္သံတမန္ ဆက္ဆံေရးနဲ႔ ခရီးသြားလုပ္ငန္း၊ ပညာေရး၊ က်န္းမာေရး၊ ကုန္သြယ္ေရးနဲ႔ လံုၿခံဳေရးစတဲ့ က်ယ္ေျပာလွတဲ့ နယ္ပယ္ေတြမွာ ပူးေပါင္းေဆာင္ရြက္ၾကမွာျဖစ္ပါတယ္။

ေနာက္ဆံုးမွာေတာ့ ဒီ Abraham သေဘာတူစာခ်ဳပ္ကေန အစၥေရးနဲ႔ ပါလက္စၥတိုင္းျပည္သူေတြအၾကား ေရရွည္တည့္တံ့မယ့္ ၿငိမ္းခ်မ္းေရးရဖို႔ အေျခခံအုတ္ျမစ္ခ်ေပးတာျဖစ္ပါတယ္။

သမၼတထရမ့္က က်ေနာ္တို႔ရဲ႕ ေမွ်ာ္မွန္းတာက ဒီေဒသနဲ႔ ကမၻာႀကီးမွာ ၿငိမ္းခ်မ္ေရး၊ လံုၿခံဳေရးနဲ႔ သာယာဝေျပာေရးကို ေဆာင္က်ဥ္းေပးဖို႔ျဖစ္ပါတယ္လို႔ ေျပာပါတယ္။ ဘုရားသခင္ကို အာရံုျပဳၿပီး က်ေနာ္တို႔ရဲ႕ ကေလးေတြအတြက္ ေမွ်ာ္လင့္ခ်က္ျပည့္ဝတဲ့ အနာဂတ္နဲ႔ အၾကမ္းဖက္ဝါဒကို တိုက္ဖ်က္ၾကမယ္ဆိုတဲ့ ရည္ရြယ္ခ်က္ကို အတူမွ်ေဝၾကတဲ့ ႏိုင္ငံေတြစုေပါင္းထားတဲ့ ညြန္႔ေပါင္းအဖြဲ႔ႀကီးေပၚထြန္းေရးဟာ က်ေနာ္တို႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ ဘဲျဖစ္ပါတယ္လို႔ သမၼတထရမ့္က ေျပာဆိုလိုက္ေၾကာင္းပါ။


...............

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

သမ္မတထရမ့်ဟာ အစ္စရေးနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံအကြား သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။ ဒါဟာ ၂၅နှစ် အတွင်း ပထမဆုံးအနေနဲ့ အစ္စရေးနိုင်ငံ နဲ့ အာရပ်နိုင်ငံကြီးတနိုင်ငံအကြား ပုံမှန်ဆက်ဆံရေး သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ် အာရပ်နဲ့ မွတ်ဆလင်နိုင်ငံတွေလည်း အာရပ်စော်ဘွားများပြည်ထောင်စုလိုဘဲ အစ္စရေး ပုံမှန်ဆက်ဆံကြလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

သမ္မာကျမ်းစာအရ အဓိက ဘာသာကြီး ၃ မျိုးဖြစ်တဲ့ ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာရဲ့ ဖခင်ရယ်လို့ သဘောထားတဲ့ Abraham ကို အလေးထားတဲ့အနေနဲ့ ဒီသဘောတူညီချက်ကို Abraham သဘောတူ စာချုပ်လို့ နာမည်ပေးထာပါတယ်။အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး David Friedman က ဒီကြီးမြတ်တဲ့ ဘာသာကြီး ၃ ရပ် စည်းလုံးညီညွတ်ဖို့ အတွက် Abraham လောက် ဘယ်ပုဂ္ဂိုလ်ကမှ ကိုယ်စားပြုဖို့ ထိုက်တန်မှာ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။

ဂျေရုဆလင်မြို့က Al Aqsa ဗလီမှာ ဝတ်ပြုချင်ကြတဲ့ ကမ္ဘာတဝန်းက မွတ်ဆလင်တွေ အတွက် Abraham သဘောတူစာချုပ်က သိပ်အဆင်ပြေပါတယ်။ အခုဆို တဲလ်အဗီးမြို့ကနေ UAE - အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ မြို့တော် အဘူဒါဘီ ကို လေယာဉ်တိုက်ရိုက်ခရီးစဉ်နဲ့ သွားလာနိုင်ပါပြီ။ဒီဘုရားဖူးခရီးတွေ များများလာလေ၊ Al Aqsa ဗလီကို ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်ဆိုပြီး၊ မွတ်ဆလင်တွေ သွားဝတ်ပြုဖို့မဖြစ်နိုင်ဘူးဆိုတဲ့ အစွန်းရောက်တွေရဲ့ သတင်းအတုတွေကို ပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက သမ္မတထရမ့်ရဲ့ ပထမဆုံး အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်မှာ ပြတ်ပြတ်သားသား ပြောခဲ့သလိုပါဘဲ။ ဘာသာပေါင်းစုံကလူတွေ အတူတကွ ညီညီညွတ်ညွတ်နဲ့ အစ္စလာမ်အစွန်းရောက်ဝါဒကို တိုက်ဖျက်ပြီး၊ အားလုံးအတွက် စီးပွားရေးအခွင့်အလမ်းတွေရှာဖွေကြမှသာ အရှေ့အလယ်ပိုင်းပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်တဲ့။

ဒီငြိမ်းချမ်းရေးစာချုပ်အရ အစ္စရေးနဲ့ UAE နိုင်ငံတို့ဟာ သံရုံးတွေဖွင့်၊ သဲအမတ်ကြီးတွေခန့်ထားပြီး ပုံမှန်သံတမန် ဆက်ဆံရေးနဲ့ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးစတဲ့ ကျယ်ပြောလှတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဒီ Abraham သဘောတူစာချုပ်ကနေ အစ္စရေးနဲ့ ပါလက်စ္စတိုင်းပြည်သူတွေအကြား ရေရှည်တည့်တံ့မယ့် ငြိမ်းချမ်းရေးရဖို့ အခြေခံအုတ်မြစ်ချပေးတာဖြစ်ပါတယ်။

သမ္မတထရမ့်က ကျနော်တို့ရဲ့ မျှော်မှန်းတာက ဒီဒေသနဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်ရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကို ဆောင်ကျဉ်းပေးဖို့ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဘုရားသခင်ကို အာရုံပြုပြီး ကျနော်တို့ရဲ့ ကလေးတွေအတွက် မျှော်လင့်ချက်ပြည့်ဝတဲ့ အနာဂတ်နဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အတူမျှဝေကြတဲ့ နိုင်ငံတွေစုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ကြီးပေါ်ထွန်းရေးဟာ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ဘဲဖြစ်ပါတယ်လို့ သမ္မတထရမ့်က ပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG