Accessibility links

Breaking News

အေရွ႕အလယ္ပုိင္းေဒသတြင္ ကုိယ့္ေျခေထာက္ေပၚ ကုိယ္ရပ္တည္ႏုိင္ေရး USAID အားေပးေန 


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

USAID ေခၚ အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအဂ်င္စီရဲ႕ အေရွ႔အလယ္ပိုင္းေဒသဆိုင္ရာ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Michael Harvey က USAID ဟာ ေမာ္ရိုကိုႏိုင္ငံကေန အီရတ္ႏိုင္ငံအျပင္ အေရွ႔အလယ္ပိုင္းက ႏိုင္ငံတိုင္းလိုလိုမွာ ပါဝင္လႈပ္ရွားေနခဲ့တာ အႏွစ္ ၃၀ ကေန ၄၀ ေလာက္ ၾကာခဲ့ပါၿပီလို႔ေျပာပါတယ္။

"အဲဒီႏိုင္ငံေတြထူေထာင္ရာမွာ ကိုယ့္ၾကမၼာကိုယ္ဖန္တီးႏိုင္ဖို႔၊ အနာဂတ္ကို ကိုယ္တိုင္ပံုေဖၚႏိုင္ဖို႔ USAID အေနနဲ႔ အထူးအာရံုစိုက္ၿပီး ေရရွည္မိတ္ဖက္အျဖစ္ တည္တံ့ေအာင္ထိန္းထားႏိုင္ခဲ့ပါတယ္။"

အေမရိကန္အခြန္ထမ္းေတြရဲ႕ ရန္ပံုေငြေတြ အမ်ားႀကီးကို အဲဒီေဒသတြင္း ဘယ္ေနရာေတြမွာ သံုးစြဲ ေနသလဲဆိုတာ လက္ေတြ႔ ျမင္ႏိုင္ဖို႔ ခက္ခဲေပမဲ့လည္း အဲဒီေဒသကလူေတြအတြက္ အေသးစား ေရေပးေဝေရးစနစ္အပါအဝင္ ေန႔စဥ္လူေနမႈဘဝအဆင္ေျပေစဖို႔ သံုးစြဲေနတာကို သတိထားမိတယ္လို႔ မၾကာခင္က ေတြ႔ဆံုေမးျမန္းခန္းတခုမွာ Mr. Harvey ကေျပာပါတယ္။

“ဒါေပမယ့္ USAID က လြန္ခဲ့တဲ့ အႏွစ္ ၃၀၊ ၄၀ ေလာက္ကတည္းက အေရွ႔အလယ္ပိုင္း ေဒသတဝန္းႏိုင္ငံေတြမွာ ပိုအေရးႀကီးတဲ့ လူ႕အရင္းအျမစ္စြမ္းရည္ျမင့္မားေရးအတြက္ ထူေထာင္ ေပးခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။ ဆရာဝန္ေတြ၊ေက်ာင္းဆရာ၊ ဆရာမေတြနဲ႔ စီမံဘ႑ာဝန္ႀကီးဌာန အတြက္ သင္တန္းေတြစီစဥ္ေပးခဲ့ရာမွာ USAID က ရန္ပံုေငြအေျမာက္အမ်ား သံုးစြဲခဲ့တာေတြ ရွိပါတယ္။"

သူ ဂုဏ္အယူမိဆံုးကေတာ့ ဘယ္တကၠသိုလ္ပရ၀ဏ္ထဲမွာမဆို လမ္းေလွ်ာက္ၾကည့္တဲ့အခါ တကၠသိုလ္က ဆရာ၊ဆရာမေတြဟာ အေမရိကန္မွာ ပညာသင္ခဲ့ၾကသူျဖစ္သလို၊ USAID ကေပးတဲ့ ပညာသင္ဆု Scholarship ရတဲ့သူေတြျဖစ္လို႔ပါဘဲလို႔ ေျပာပါတယ္။

“၁၀ စုႏွစ္ေတြနဲ႔ ခ်ီၿပီး ျပည္သူေတြအတြက္ ရင္းႏွွီးျမွဳပ္ႏွံခဲ့တဲ့ေနရာမွာ လူ႔အရင္းအျမစ္၊ စြမ္းေဆာင္ရည္ဟာ ဒီႏိုင္ငံေတြ ေခတ္မွီဖြံ႔ၿဖိဳးေရး၊ နည္းလမ္းသစ္နဲ႔ လုပ္ငန္းေတြတိုးခ်ဲ႕ေရးစတဲ့အရာ ေတြမွာ ခြန္အားေတြအျဖစ္ ထိေရာက္မႈရွိတာကို က်ေနာ္တို႔ ေတြ႔ေနရပါၿပီ။"

အာရပ္ကမၻာရဲ႕ ေဒသအေတာ္မ်ားမ်ားမွာ ေခတ္မွီဖြံျဖိဳးေရး အရွိန္အဟုန္နဲ႔ တိုးတက္ေနတာကို Mr. Harvey ေထာက္ျပပါတယ္။ အဲဒီေဒသတြင္းခတ္မွီဖြံျဖိဳးေရးအရွိန္က လူငယ္ေတြရဲ႕ ေမွ်ာ္မွန္းခ်က္ထက္၊ ေႏွးေကာင္းေႏွးႏိုင္တယ္လို႔ ဆိုပါတယ္။

“ေမာ္ရိုကိုကေန အီရန္..ဘဲျဖစ္ျဖစ္၊ ဘယ္ႏိုင္ငံကမဆို လူငယ္ေတြ လမ္းမေတြေပၚ ဘာေၾကာင့္ ထြက္လာၾကတာလဲ၊ သူတို႔အားလံုး ေျပာေနၾကတာေတြဟာ အတူတူပါဘဲ။ သူတို႔ အစိုးရေတြကို တာဝန္ခံမႈရွိေစခ်င္ၾကတယ္၊ ရိုးသားၿပီးပြင့္လင္းေစခ်င္ၾကတယ္၊ ပြင့္လင္းျမင္သာမႈရွိေစခ်င္ၾကတယ္။ အုပ္ခ်ဳပ္သူေတြကို သူတို႔အသံနဲ႔ ဆႏၵကိုၾကားေစခ်င္ၾကတယ္၊ စီးပြားေရးေခတ္မွီတိုးတက္တာ၊ တံခါးဖြင့္စီးပြားေရးကို ျမင္ခ်င္ၾကတယ္။ အနာဂတ္အတြက္ သူတို႔လိုခ်င္တာ၊ လြတ္လပ္စြာ ခရီးသြားႏိုင္တာ၊ ရင္းႏွီးျမွဳပ္ႏွံၿပီး စီးပြားေရးထူေထာင္ခ်င္တာစတဲ့ သာမန္ႏိုင္ငံတႏိုင္ငံမွာရွိတဲ့ ပံုမွန္ဘဝကို တမ္းတၾကတာဘဲျဖစ္ပါတယ္။"

USAID က ၁၀ စုႏွစ္ေတြနဲ႔ခ်ီၿပီး ပံ့ပိုးခဲ့သလိုပါဘဲ၊အနာဂတ္ကိုေရွ႕ရႈၿပီး လုပ္ေဆာင္ေနတဲ့ အေရွ႔အလယ္ပိုင္းေဒသက ျပည္သူေတြရဲ႕ အားက်ေမွ်ာ္မွန္းခ်က္ေတြကို USAID က ဆက္လက္ ေထာက္ပံ့သြားမွာျဖစ္ပါတယ္လို႔ USAID ရဲ႕ အေရွ႔အလယ္ပိုင္းေဒသဆိုင္ရာ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Michael Harvey ကေျပာပါတယ္။


............

အရှေ့အလယ်ပိုင်းဒေသတွင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရေး USAID အားပေးနေ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

USAID ခေါ် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Michael Harvey က USAID ဟာ မော်ရိုကိုနိုင်ငံကနေ အီရတ်နိုင်ငံအပြင် အရှေ့အလယ်ပိုင်းက နိုင်ငံတိုင်းလိုလိုမှာ ပါဝင်လှုပ်ရှားနေခဲ့တာ အနှစ် ၃၀ ကနေ ၄၀ လောက် ကြာခဲ့ပါပြီလို့ပြောပါတယ်။

"အဲဒီနိုင်ငံတွေထူထောင်ရာမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့၊ အနာဂတ်ကို ကိုယ်တိုင်ပုံဖေါ်နိုင်ဖို့ USAID အနေနဲ့ အထူးအာရုံစိုက်ပြီး ရေရှည်မိတ်ဖက်အဖြစ် တည်တံ့အောင်ထိန်းထားနိုင်ခဲ့ပါတယ်။"

အမေရိကန်အခွန်ထမ်းတွေရဲ့ ရန်ပုံငွေတွေ အများကြီးကို အဲဒီဒေသတွင်း ဘယ်နေရာတွေမှာ သုံးစွဲ နေသလဲဆိုတာ လက်တွေ့ မြင်နိုင်ဖို့ ခက်ခဲပေမဲ့လည်း အဲဒီဒေသကလူတွေအတွက် အသေးစား ရေပေးဝေရေးစနစ်အပါအဝင် နေ့စဉ်လူနေမှုဘဝအဆင်ပြေစေဖို့ သုံးစွဲနေတာကို သတိထားမိတယ်လို့ မကြာခင်က တွေ့ဆုံမေးမြန်းခန်းတခုမှာ Mr. Harvey ကပြောပါတယ်။

“ဒါပေမယ့် USAID က လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၄၀ လောက်ကတည်းက အရှေ့အလယ်ပိုင်း ဒေသတဝန်းနိုင်ငံတွေမှာ ပိုအရေးကြီးတဲ့ လူ့အရင်းအမြစ်စွမ်းရည်မြင့်မားရေးအတွက် ထူထောင် ပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေ၊ကျောင်းဆရာ၊ ဆရာမတွေနဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန အတွက် သင်တန်းတွေစီစဉ်ပေးခဲ့ရာမှာ USAID က ရန်ပုံငွေအမြောက်အများ သုံးစွဲခဲ့တာတွေ ရှိပါတယ်။"

သူ ဂုဏ်အယူမိဆုံးကတော့ ဘယ်တက္ကသိုလ်ပရဝဏ်ထဲမှာမဆို လမ်းလျှောက်ကြည့်တဲ့အခါ တက္ကသိုလ်က ဆရာ၊ဆရာမတွေဟာ အမေရိကန်မှာ ပညာသင်ခဲ့ကြသူဖြစ်သလို၊ USAID ကပေးတဲ့ ပညာသင်ဆု Scholarship ရတဲ့သူတွေဖြစ်လို့ပါဘဲလို့ ပြောပါတယ်။

“၁၀ စုနှစ်တွေနဲ့ ချီပြီး ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံခဲ့တဲ့နေရာမှာ လူ့အရင်းအမြစ်၊ စွမ်းဆောင်ရည်ဟာ ဒီနိုင်ငံတွေ ခေတ်မှီဖွံ့ဖြိုးရေး၊ နည်းလမ်းသစ်နဲ့ လုပ်ငန်းတွေတိုးချဲ့ရေးစတဲ့အရာ တွေမှာ ခွန်အားတွေအဖြစ် ထိရောက်မှုရှိတာကို ကျနော်တို့ တွေ့နေရပါပြီ။"

အာရပ်ကမ္ဘာရဲ့ ဒေသအတော်များများမှာ ခေတ်မှီဖွံဖြိုးရေး အရှိန်အဟုန်နဲ့ တိုးတက်နေတာကို Mr. Harvey ထောက်ပြပါတယ်။ အဲဒီဒေသတွင်းခတ်မှီဖွံဖြိုးရေးအရှိန်က လူငယ်တွေရဲ့ မျှော်မှန်းချက်ထက်၊ နှေးကောင်းနှေးနိုင်တယ်လို့ ဆိုပါတယ်။

“မော်ရိုကိုကနေ အီရန်..ဘဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကမဆို လူငယ်တွေ လမ်းမတွေပေါ် ဘာကြောင့် ထွက်လာကြတာလဲ၊ သူတို့အားလုံး ပြောနေကြတာတွေဟာ အတူတူပါဘဲ။ သူတို့ အစိုးရတွေကို တာဝန်ခံမှုရှိစေချင်ကြတယ်၊ ရိုးသားပြီးပွင့်လင်းစေချင်ကြတယ်၊ ပွင့်လင်းမြင်သာမှုရှိစေချင်ကြတယ်။ အုပ်ချုပ်သူတွေကို သူတို့အသံနဲ့ ဆန္ဒကိုကြားစေချင်ကြတယ်၊ စီးပွားရေးခေတ်မှီတိုးတက်တာ၊ တံခါးဖွင့်စီးပွားရေးကို မြင်ချင်ကြတယ်။ အနာဂတ်အတွက် သူတို့လိုချင်တာ၊ လွတ်လပ်စွာ ခရီးသွားနိုင်တာ၊ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးထူထောင်ချင်တာစတဲ့ သာမန်နိုင်ငံတနိုင်ငံမှာရှိတဲ့ ပုံမှန်ဘဝကို တမ်းတကြတာဘဲဖြစ်ပါတယ်။"

USAID က ၁၀ စုနှစ်တွေနဲ့ချီပြီး ပံ့ပိုးခဲ့သလိုပါဘဲ၊အနာဂတ်ကိုရှေ့ရှုပြီး လုပ်ဆောင်နေတဲ့ အရှေ့အလယ်ပိုင်းဒေသက ပြည်သူတွေရဲ့ အားကျမျှော်မှန်းချက်တွေကို USAID က ဆက်လက် ထောက်ပံ့သွားမှာဖြစ်ပါတယ်လို့ USAID ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Michael Harvey ကပြောပါတယ်။

XS
SM
MD
LG