Accessibility links

Breaking News

အမ်ဳိးသမီးေတြ မဲေပးခြင့္ရတဲ့ ႏွစ္ ၁၀၀ ျပည့္


အေမရိကန္ျပည္ေထာင္စုမွာ အမ်ိဳးသမီးေတြ မဲေပးခြင့္ရေရး ႏွစ္၂၀၀ ေလာက္ကတည္းက တိုက္ပြဲ၀င္ခဲ့ပံု
အေမရိကန္ျပည္ေထာင္စုမွာ အမ်ိဳးသမီးေတြ မဲေပးခြင့္ရေရး ႏွစ္၂၀၀ ေလာက္ကတည္းက တိုက္ပြဲ၀င္ခဲ့ပံု

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ၾသဂုတ္လ ၁၆ ရက္ေန႔ဟာ အေမရိကန္ျပည္ေထာင္စု ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ခ်က္ အမွတ္ ၁၉ ကိုအတည္ျပဳခဲ့တဲ့ ရာျပည့္အထိမ္းအမွတ္ေန႔ ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု ဒါမွမဟုတ္ ဘယ္ျပည္နယ္ကမဆို လိင္-က်ားမခြဲျခားမႈကို အေျခခံၿပီး ႏိုင္ငံသားေတြရဲ႕ မဲေပးပိုင္ခြင့္ကို မျငင္းပယ္ဖို႔ ဒါမွမဟုတ္ ေသးသိမ္ေအာင္မလုပ္ဖို႔ ဒီျပင္ဆင္ခ်က္ ၁၉ ကေန ျပဌာန္းခဲ့တာပါ။ အဲဒီေန႔က အေမရိကန္အမ်ိဳးသမီး ၂၆ သန္းဟာ သူတို႔ႏိုင္ငံ အနာဂတ္အတြက္ ဆံုးျဖတ္ၾကရာမွာ ပါဝင္ကူညီႏိုင္ခြင့္ ရရွိခဲ့ၾကပါတယ္။

အမ်ိဳးသမီးေတြ မဲေပးပိုင္ခြင့္လႈပ္ရွားမႈကို ၁၈၄၈ ခုႏွစ္က က်င္းပတဲ့ ပထမအႀကိမ္ အမ်ိဳးသမီးအခြင့္ေရး ညီလာခံကေန တရားဝင္စတင္ခဲ့ၾကပါတယ္။ အဲဒီကေန အႏွစ္ ၇၀အတြင္း အမ်ိဳးသမီးမဲေပးခြင့္လႈပ္ရွားသူ အမ်ိဳးသမီးေတြေရာ အမ်ိဳးသားေတြပါ အမ်ိဳးသမီးေတြ တရားဝင္မဲေပးခြင့္ အတြက္ ျဖစ္ႏိုင္တဲ့ဘက္ေပါင္းစံုက ႀကိဳးစားခဲ့ၾကပါတယ္။

နွစ္ရွည္လမ်ား အခ်ိန္ယူရသလို၊ သိပ္လက္ဝင္လွတဲ့ အမ်ိဳးသမီးေတြမဲေပးခြင့္ အာမခံခ်က္အတြက္ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအတြက္ သူတို႔ေတြ စည္းရံုးလႈံ႔ေဆာ္ခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာဘဲ တခ်ိဳ႕အမ်ိဳးသမီးေတြက တရားမဝင္မဲေပးခဲ့ၾကလို႔ တရားစြဲခံၾကရၿပီး၊ တရားသူႀကီးေတြက သူတို႔ဘက္က လိုက္ၿပီး ဆံုးျဖတ္ေပးလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ခဲ့ၾကတာေတြရွိပါတယ္။

သူတို႔အမႈရံႈးတဲ့အခါ ျပည္နယ္အဆင့္ကို အယူခံတက္ၾကပါတယ္။ ဖြဲ႔စည္းပံုျပင္ဆင္ခ်က္ ၁၉ အတည္ျပဳျပဌာန္းၿပီးတဲ့ေနာက္ပိုင္း အမ်ိဳးသမီးေတြမဲေပးခြင့္ရၾကၿပီးျဖစ္လို႔၊ ျပည္နယ္အားလံုးရဲ႕ ထက္ဝက္၊ အထူးသျဖင့္ အေနာက္ဘက္က ျပည္နယ္ေတြမွာ သူတို႔အမႈႏိုင္ၾကပါတယ္။

ဒီလႈပ္ရွားမႈစည္းရံုးေရးက တျဖည္းျဖည္းနဲ႔ ေနာက္ဆံုး ၁၉၁၉ ခုႏွစ္ ဇြန္လမွာ ကြန္ကရက္လႊတ္ေတာ္မွာ မဲခြဲၾကပါတယ္။ အဲဒီတုန္းက အေမရိကန္ျပည္ေထာင္စုမွာ ၄၈ ျပည္နယ္ဘဲ ရွိေသးေတာ့ ဒီျပင္ဆင္ခ်က္အတည္ျပဳဖို႔၄၈ ျပည္နယ္ရဲ႕ ေထာက္ခံ မဲ ၄ ပံု ၃ ပံု လိုအပ္ပါတယ္။Tennessee ျပည္နယ္က ဖြဲ႔စည္းပံုျပင္ခ်က္အမွတ္ ၁၉ ကို ၁၉၂၀ ျပည့္ႏွစ္ ၾသဂုတ္လ ၁၈ ရက္ေန႔က်မွ ေနာက္ဆံုးအေနနဲ႔ အတည္ျပဳခဲ့ပါတယ္။

အမ်ိဳးသမီးေတြ မဲေပးပိုင္ခြင့္လႈပ္ရွားမႈ ေခါင္းေဆာင္ေတြထဲက တေယာက္ျဖစ္တဲ့ Susan B. Anthony ၁၈၇၃ ခုႏွစ္က သူေျပာခဲ့တဲ့ေက်ာ္ၾကားတဲ့ မိန္႔ခြန္းထဲမွာ အေမရိကန္ ဖြဲ႔စည္းပံုအေျခခံဟာ အမ်ိဳးသမီးေတြရဲ႕ စြမ္းရည္ျမင့္မားေရးအတြက္ တရားမွ်တမႈကို ေဆာင္က်ဥ္းေပးႏိုင္တယ္လို႔ အစခ်ီထားပါတယ္။

အေမရိကန္ျပည္သူေတြျဖစ္တဲ့ ကၽြႏု္ပ္တို႔ဟာ ပိုၿပီးျပည္႔စံုတဲ့ ျပည္ေထာင္စုႀကီးတရပ္ဖြဲ႔စည္းႏိုင္ေရး၊ တရားမွ်တေရး၊ ျပည္တြင္းေအးခ်မ္းသာယာေရး ေသခ်ာေအာင္၊ အေထြေထြဝန္ေဆာင္မႈ တိုးတက္ေအာင္၊ ကိုယ္တိုင္ လြတ္လပ္မႈအတြက္ ေကာင္းခ်ီးမဂၤလာေတြနဲ႔ သာယာဝေျပာေရးအတြက္ အေမရိကန္ဖဲြ႔စည္းပံုအေျခခံဥပေဒကို ေရးဆြဲအတည္ျပဳျပဌာန္းၾကပါစို႔ လို႔ေဆာ္ၾသခဲ့တာပါ။

ကၽြႏ္ုပ္တို႔လို႔ဆိုတဲ့ေနရာမွာ ျပည္သူေတြပါ၊ ကၽြႏု္ပ္တို႔ ဆိုတဲ့ လူျဖဴအမ်ိဳးသားေတြပဲ မဟုတ္ပါဘူး။ ကၽြႏု္ပ္တို႔ ဆိုတဲ့ အမ်ိဳးသားေတြပဲပါတဲ့ ႏိုင္ငံသားေတြပဲမဟုတ္ပါဘူး။ ဒါေပမဲ့ ဒီျပည္ေထာင္စုႀကီးကို ထူေထာင္ၾကတဲ့ ျပည္သူအားလံုးျဖစ္တဲ့ကၽြႏု္ပ္တို႔ပါလို႔ ဆိုပါတယ္။

လြတ္ေျမာက္မႈေကာင္းခ်ီးမဂၤလာေတြကို စြန္႔လႊတ္ဖို႔မဟုတ္ဘဲ လံုၿခံဳစိတ္ခ်ရေအာင္ ပိုက္ေထြးၾကဖို႔ဆိုတာ ကၽြႏု္ပ္တို႔ရဲ႕ ထက္ဝက္အတြက္ဘဲမဟုတ္သလို ကၽြႏ္ုပ္တို႔အနာဂတ္ရဲ႕ ထက္ဝက္အတြက္လည္း မဟုတ္ပါဘူး၊ အမ်ိဳးသမီးေတြနဲ႔ အမ်ိဳးသားေတြပါဝင္တဲ့ ျပည္သူလူထု တရပ္လံုးအတြက္ ျဖစ္ပါတယ္လို႔ အမ်ိဳးသမီးေတြ မဲေပးခြင့္ရေရးတိုက္ပြဲဝင္ခဲ့တဲ့ ေခါင္းေဆာင္တဦးျဖစ္သူ Susan B. Anthony က ေျပာၾကားခဲ့ေၾကာင္းပါရွင္။


................

အမျိုးသမီးတွေမဲပေးခွင့်ရတဲ့ နှစ် ၁၀၀ ပြည့်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

သြဂုတ်လ ၁၆ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၁၉ ကိုအတည်ပြုခဲ့တဲ့ ရာပြည့်အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ဘယ်ပြည်နယ်ကမဆို လိင်-ကျားမခွဲခြားမှုကို အခြေခံပြီး နိုင်ငံသားတွေရဲ့ မဲပေးပိုင်ခွင့်ကို မငြင်းပယ်ဖို့ ဒါမှမဟုတ် သေးသိမ်အောင်မလုပ်ဖို့ ဒီပြင်ဆင်ချက် ၁၉ ကနေ ပြဌာန်းခဲ့တာပါ။ အဲဒီနေ့က အမေရိကန်အမျိုးသမီး ၂၆ သန်းဟာ သူတို့နိုင်ငံ အနာဂတ်အတွက် ဆုံးဖြတ်ကြရာမှာ ပါဝင်ကူညီနိုင်ခွင့် ရရှိခဲ့ကြပါတယ်။

အမျိုးသမီးတွေ မဲပေးပိုင်ခွင့်လှုပ်ရှားမှုကို ၁၈၄၈ ခုနှစ်က ကျင်းပတဲ့ ပထမအကြိမ် အမျိုးသမီးအခွင့်ရေး ညီလာခံကနေ တရားဝင်စတင်ခဲ့ကြပါတယ်။ အဲဒီကနေ အနှစ် ၇၀အတွင်း အမျိုးသမီးမဲပေးခွင့်လှုပ်ရှားသူ အမျိုးသမီးတွေရော အမျိုးသားတွေပါ အမျိုးသမီးတွေ တရားဝင်မဲပေးခွင့် အတွက် ဖြစ်နိုင်တဲ့ဘက်ပေါင်းစုံက ကြိုးစားခဲ့ကြပါတယ်။

နှစ်ရှည်လများ အချိန်ယူရသလို၊ သိပ်လက်ဝင်လှတဲ့ အမျိုးသမီးတွေမဲပေးခွင့် အာမခံချက်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သူတို့တွေ စည်းရုံးလှုံ့ဆော်ခဲ့ကြပါတယ်။ တချိန်တည်းမှာဘဲ တချို့အမျိုးသမီးတွေက တရားမဝင်မဲပေးခဲ့ကြလို့ တရားစွဲခံကြရပြီး၊ တရားသူကြီးတွေက သူတို့ဘက်က လိုက်ပြီး ဆုံးဖြတ်ပေးလိမ့်မယ်လို့လည်း မျှော်လင့်ခဲ့ကြတာတွေရှိပါတယ်။

သူတို့အမှုရှုံးတဲ့အခါ ပြည်နယ်အဆင့်ကို အယူခံတက်ကြပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ချက် ၁၉ အတည်ပြုပြဌာန်းပြီးတဲ့နောက်ပိုင်း အမျိုးသမီးတွေမဲပေးခွင့်ရကြပြီးဖြစ်လို့၊ ပြည်နယ်အားလုံးရဲ့ ထက်ဝက်၊ အထူးသဖြင့် အနောက်ဘက်က ပြည်နယ်တွေမှာ သူတို့အမှုနိုင်ကြပါတယ်။

ဒီလှုပ်ရှားမှုစည်းရုံးရေးက တဖြည်းဖြည်းနဲ့ နောက်ဆုံး ၁၉၁၉ ခုနှစ် ဇွန်လမှာ ကွန်ကရက်လွှတ်တော်မှာ မဲခွဲကြပါတယ်။ အဲဒီတုန်းက အမေရိကန်ပြည်ထောင်စုမှာ ၄၈ ပြည်နယ်ဘဲ ရှိသေးတော့ ဒီပြင်ဆင်ချက်အတည်ပြုဖို့၄၈ ပြည်နယ်ရဲ့ ထောက်ခံ မဲ ၄ ပုံ ၃ ပုံ လိုအပ်ပါတယ်။Tennessee ပြည်နယ်က ဖွဲ့စည်းပုံပြင်ချက်အမှတ် ၁၉ ကို ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့ကျမှ နောက်ဆုံးအနေနဲ့ အတည်ပြုခဲ့ပါတယ်။

အမျိုးသမီးတွေ မဲပေးပိုင်ခွင့်လှုပ်ရှားမှု ခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ Susan B. Anthony ၁၈၇၃ ခုနှစ်က သူပြောခဲ့တဲ့ကျော်ကြားတဲ့ မိန့်ခွန်းထဲမှာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဟာ အမျိုးသမီးတွေရဲ့ စွမ်းရည်မြင့်မားရေးအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်တယ်လို့ အစချီထားပါတယ်။

အမေရိကန်ပြည်သူတွေဖြစ်တဲ့ ကျွနု်ပ်တို့ဟာ ပိုပြီးပြည့်စုံတဲ့ ပြည်ထောင်စုကြီးတရပ်ဖွဲ့စည်းနိုင်ရေး၊ တရားမျှတရေး၊ ပြည်တွင်းအေးချမ်းသာယာရေး သေချာအောင်၊ အထွေထွေဝန်ဆောင်မှု တိုးတက်အောင်၊ ကိုယ်တိုင် လွတ်လပ်မှုအတွက် ကောင်းချီးမင်္ဂလာတွေနဲ့ သာယာဝပြောရေးအတွက် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြဌာန်းကြပါစို့ လို့ဆော်သြခဲ့တာပါ။

ကျွန်ုပ်တို့လို့ဆိုတဲ့နေရာမှာ ပြည်သူတွေပါ၊ ကျွနု်ပ်တို့ ဆိုတဲ့ လူဖြူအမျိုးသားတွေပဲ မဟုတ်ပါဘူး။ ကျွနု်ပ်တို့ ဆိုတဲ့ အမျိုးသားတွေပဲပါတဲ့ နိုင်ငံသားတွေပဲမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပြည်ထောင်စုကြီးကို ထူထောင်ကြတဲ့ ပြည်သူအားလုံးဖြစ်တဲ့ကျွနု်ပ်တို့ပါလို့ ဆိုပါတယ်။

လွတ်မြောက်မှုကောင်းချီးမင်္ဂလာတွေကို စွန့်လွှတ်ဖို့မဟုတ်ဘဲ လုံခြုံစိတ်ချရအောင် ပိုက်ထွေးကြဖို့ဆိုတာ ကျွနု်ပ်တို့ရဲ့ ထက်ဝက်အတွက်ဘဲမဟုတ်သလို ကျွန်ုပ်တို့အနာဂတ်ရဲ့ ထက်ဝက်အတွက်လည်း မဟုတ်ပါဘူး၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေပါဝင်တဲ့ ပြည်သူလူထု တရပ်လုံးအတွက် ဖြစ်ပါတယ်လို့ အမျိုးသမီးတွေ မဲပေးခွင့်ရရေးတိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်သူ Susan B. Anthony က ပြောကြားခဲ့ကြောင်းပါရှင်။

XS
SM
MD
LG