Accessibility links

Breaking News

တရုတ္ႏုိင္ငံအတြင္းက လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြအတြက္ ေပးဆပ္မႈရွိရမည္ 


ရွင္ဂ်န္းျပည္နယ္က ဝီဂါ မြတ္ဆလင္လူနည္းစုတဦးႏွင့္ တရုတ္ လံုၿခံုေရးတပ္သားမ်ား (ဓါတ္ပံု-၂၀၁၃ ဇြန္လ)
ရွင္ဂ်န္းျပည္နယ္က ဝီဂါ မြတ္ဆလင္လူနည္းစုတဦးႏွင့္ တရုတ္ လံုၿခံုေရးတပ္သားမ်ား (ဓါတ္ပံု-၂၀၁၃ ဇြန္လ)

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

တရုတ္ျပည္သူ႔သမၼတႏိုင္ငံမွာ ၂၀၁၇ ခုနွစ္ကစၿပီး ရွင္ဂ်န္းျပည္နယ္မွာ ေနထိုင္ၾကတဲ့ ဝီဂါ၊ တိုင္းရင္းကာဇတ္ခ္၊ ကီရိဂ္ဇ္နဲ႔ တျခားမြတ္ဆလင္လူနည္းစုေတြအေပၚ ဖိႏွိပ္မႈေတြ အရွိန္ျမွင့္လုပ္ေဆာင္ေနပါတယ္။၂၀၁၆ ခုႏွစ္မွာ တရုတ္ကြန္ျမဴနစ္ပါတီကေန ပါတီအတြင္းေရးမွဴး ေပၚလစ္ဗ်ဴရိုအဖြဲ႔ဝင္ ခ်န္က်န္ေဂါင္း ကို ရွင္ဂ်န္း ဝီဂါ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအုပ္ခ်ဳပ္ေရးမွဴးအျဖစ္ခန္႔အပ္ခဲ့ၿပီးေနာက္ပိုင္း ဖိႏွိပ္မႈေတြတိုးလာခဲ့တာ သိသာပါတယ္။

တရုတ္ဗဟိုအစိုးရက တိုက္ရိုက္ထိန္းခ်ဳပ္ၿပီး၊ ရွင္ဂ်န္းျပည္နယ္ အစိုးရဌာနေတြအတြက္ လုပ္ငန္းမ်ိဳးစံု ကို ျဖည့္ဆည္းေပးေနတဲ့ XPCC ေခၚ ရွင္ဂ်န္းထုတ္ကုန္နဲ႔ ေဆာက္လုပ္ေရးတပ္ဖြဲ႔ ၊ စီးပြားေရနဲ႔ ျပည္သူ႔စစ္တပ္ဖြဲ႔ ရဲ႕ အႀကီးအကဲလည္းျဖစ္ပါတယ္။

ရွင္ဂ်န္းဝီဂါကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကို ခ်န္က်န္ေဂါင္းေရာက္ရွိၿပီး မၾကာခင္မွာဘဲ ဝီဂါနဲ႔ တျခားဘာသာဝင္ေတြ၊တိုင္းရင္းသားလူနည္းစုေတြကို ပစ္မွတ္ထားၿပီး၊ ေစာင့္ၾကည့္ေထာက္လွမ္းတာ၊ ဖမ္းဆီး ထိန္းသိမ္းတာေတြနဲ႔ ပညာေပးအစီအစဥ္ေတြကို စတင္အေကာင္အထည္ေဖၚခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ ဝီဂါေတြ၊ တိုင္းရင္းကာဇတ္ဇ္၊ ကီရစ္ဂ္ဇ္နဲ႔ တျခား တူရကီႏြယ္ဝင္ မြတ္ဆလင္အေတာ္မ်ားမ်ားကို မုတ္ဆိတ္ေမႊးထားတာ ဒါမွမဟုတ္ အရက္ေသာက္ဖို႔ျငင္းဆန္ေတြေၾကာင့္ ဖမ္းဆီးၿပီး ပညာေပး ထိန္းသိမ္းေရး စခန္းေတြမွာ အက်ဥ္းခ်ထားပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ သမၼတထရမ့္အစိုးရဟာ ကမၻာတဝန္း ဖိႏွိပ္ခံရသူေတြရဲ႕ လူ႔အခြင့္အေရးကို ခုခံကာကြယ္ဖို႔ သံဓိဌာန္ခ်မွတ္ထားပါတယ္။ရွင္ဂ်န္းျပည္သူေတြကို ရက္စက္စြာ မတရားဖိႏွိပ္ေနသူေတြကို အေမရိကန္ႏိုင္ငံျခားေရးဌာနနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနကေန ပိတ္ဆိုမႈေတြနဲ႔ ဒဏ္ခတ္ အေရးယူထားပါတယ္။ခ်န္ဂ်န္ေဂါင္း၊ ရွင္ဂ်န္း ျပည္သူ႔လံုၿခံဳေရးဌာနညႊန္ၾကားေရးမွဴး ဝမ္မင္ရွန္း၊ ရွင္ဂ်န္းပါတီဝင္ ရွဴဟိုင္လြန္း၊ လံုၿခံဳေရးအရာရွိေဟာင္း ေဟာင္လီယူဂၽြန္း၊ ရွင္ဂ်န္းကြန္ျမဴနစ္ပါတီအတြင္းေရးမွဴး ဂ်င္လံုးနဲ႔ ဒုအတြင္းေရးမွဴး ဖုံႀကိဳင္ရူး တို႔အျပင္ PSB နဲ႔ XPCC ရွင္ဂ်န္းကြန္ျမဴနစ္ပါတီကိုပါ ပိတ္ဆို႔မႈနဲ႔ ခတ္ထားပါတယ္။

ဘ႑ာေရးဌာနပိတ္ဆို႔မႈေတြဟာ၊ Global Magnitsky လူ႔အခြင့္အေရးတာဝန္ခံမႈ အက္ဥပေဒအရ အုပ္ခ်ဳပ္မႈအာဏာလုပ္ပိုင္ခြင့္ အမိန္႔ ၁၃၈၁၈ ထုတ္ျပန္ၿပီး အေကာင္အထည္ေဖၚတာျဖစ္ၿပီး၊ ဒဏ္ခတ္စာရင္းဝင္သူေတြအေနနဲ႔ အေမရိကန္ျပည္ေထာင္စုကို လာေရာက္ခြင့္မရွိပါဘူး။

အေမရိကန္ျပည္ေထာင္စုမွာ သူတို႔ပိုင္ဆိုင္မႈေတြရွိခဲ့ရင္လည္း ခ်ိတ္ပိတ္ခံရမွာျဖစ္ပါတယ္။ တရုတ္ျပည္သူအားလံုးရဲ႕ လူ႔အခြင့္အေရးကို ကာကြယ္ရာမွာ အေမရိကန္ျပည္ေထာင္စုက တျခားဘာႏိုင္ငံနဲ႔မွ မတူဘဲ အျပင္းထန္းဆံုးအေရးယူေနတာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ ရွင္ဂ်န္းျပည္နယ္ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈေတြ၊ တရုတ္ေတြက ဝီဂါနဲ႔ တျခားမြတ္ဆလင္လူနည္းစုေတြကို ဖိႏွိပ္ေနတာေတြဟာ ဒီရာစုႏွစ္ရဲ႕ အမည္းစက္ေတြဘဲျဖစ္ပါတယ္လို႔ ထုတ္ျပန္ခ်က္မွာေရးထားပါတယ္။

တရုတ္ျပည္သူ႔သမၼတႏိုင္ငံမွာ ဒီလူနည္းစုေတြကို ပစ္မွတ္ထားၿပီး ဖိႏွိပ္တာ၊ လူေတြမ်ားႀကီးကို ဥပေဒမဲ့ ထိန္းသိမ္းထားတာ၊ ေစာင့္ၾကည့္ေထာက္ခွမ္းတာ၊ အဓမၼအလုပ္ခိုင္းေစတာ၊ လူဦးေရ ထိန္းခ်ဳပ္တာ၊သေဘာဆႏၵမပါဘဲ ကိုယ္ေရးအခ်က္အလက္ေကာက္ယူတာနဲ႔ မ်ိဳးရိုးဗီဇ ခြဲျခမ္းစိတ္ျဖာတာေတြ၊ ဆက္လက္လုပ္ေဆာင္ေနတာေၾကာင့္ ခိုင္မာတဲ့တန္ဘိုးေပးဆပ္ခိုင္းတဲ့အေနနဲ႔ ကမၻာရဲ႕ ဒဏ္ခတ္ႀကိဳးပမ္းမႈကို သမၼတ ထရမ့္အစိုးရက ဦးေဆာင္ေနတာျဖစ္ပါတယ္။ ဒီကေန႔ က်ေနာ္တို႕ဟာ စံနမူနာထားရမယ့္ အေရးယူမႈေတြကို ဆက္လက္ မွတ္တမ္းတင္ေနပါတယ္လို႔ ၀န္ႀကီး Mike Pompeo ကမွတ္ခ်က္ခ်ထားပါတယ္။



................

တရုတ်နိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပေးဆပ်မှုရှိရမည်
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကစပြီး ရှင်ဂျန်းပြည်နယ်မှာ နေထိုင်ကြတဲ့ ဝီဂါ၊ တိုင်းရင်းကာဇတ်ခ်၊ ကီရိဂ်ဇ်နဲ့ တခြားမူဆလင်လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီကနေ ပါတီအတွင်းရေးမှူး ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ချန်ကျန်ဂေါင်း ကို ရှင်ဂျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ခဲ့ပြီးနောက်ပိုင်း ဖိနှိပ်မှုတွေတိုးလာခဲ့တာ သိသာပါတယ်။ တရုတ်ဗဟိုအစိုးရက တိုက်ရိုက်ထိန်းချုပ်ပြီး၊ ရှင်ဂျန်းပြည်နယ် အစိုးရဌာနတွေအတွက် လုပ်ငန်းမျိုးစုံ ကို ဖြည့်ဆည်းပေးနေတဲ့ XPCC ခေါ် ရှင်ဂျန်းထုတ်ကုန်နဲ့ ဆောက်လုပ်ရေးတပ်ဖွဲ့ ၊ စီးပွားရေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ရဲ့ အကြီးအကဲလည်းဖြစ်ပါတယ်။

ရှင်ဂျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ချန်ကျန်ဂေါင်းရောက်ရှိပြီး မကြာခင်မှာဘဲ ဝီဂါနဲ့ တခြားဘာသာဝင်တွေ၊ တိုင်းရင်းသားလူနည်းစုတွေကို ပစ်မှတ်ထားပြီး၊ စောင့်ကြည့်ထောက်လှမ်းတာ၊ ဖမ်းဆီး ထိန်းသိမ်းတာတွေနဲ့ ပညာပေးအစီအစဉ်တွေကို စတင်အကောင်အထည်ဖေါ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ဝီဂါတွေ၊ တိုင်းရင်းကာဇတ်ဇ်၊ ကီရစ်ဂ်ဇ်နဲ့ တခြား တူရကီနွယ်ဝင် မွတ်ဆလင်အတော်များများကို မုတ်ဆိတ်မွှေးထားတာ ဒါမှမဟုတ် အရက်သောက်ဖို့ငြင်းဆန်တွေကြောင့် ဖမ်းဆီးပြီး ပညာပေး ထိန်းသိမ်းရေး စခန်းတွေမှာ အကျဉ်းချထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ သမ္မတထရမ့်အစိုးရဟာ ကမ္ဘာတဝန်း ဖိနှိပ်ခံရသူတွေရဲ့ လူ့အခွင့်အရေးကို ခုခံကာကွယ်ဖို့ သံဓိဌာန်ချမှတ်ထားပါတယ်။ ရှင်ဂျန်းပြည်သူတွေကို ရက်စက်စွာ မတရားဖိနှိပ်နေသူတွေကို အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ပိတ်ဆိုမှုတွေနဲ့ ဒဏ်ခတ် အရေးယူထားပါတယ်။ ချန်ဂျန်ဂေါင်း၊ ရှင်ဂျန်း ပြည်သူ့လုံခြုံရေးဌာနညွှန်ကြားရေးမှူး ဝမ်မင်ရှန်း၊ ရှင်ဂျန်းပါတီဝင် ရှူဟိုင်လွန်း၊ လုံခြုံရေးအရာရှိဟောင်း ဟောင်လီယူဂျွန်း၊ ရှင်ဂျန်းကွန်မြူနစ်ပါတီအတွင်းရေးမှူး ဂျင်လုံးနဲ့ ဒုအတွင်းရေးမှူး ဖုံကြိုင်ရူး တို့အပြင် PSB နဲ့ XPCC ရှင်ဂျန်းကွန်မြူနစ်ပါတီကိုပါ ပိတ်ဆို့မှုနဲ့ ခတ်ထားပါတယ်။

ဘဏ္ဍာရေးဌာနပိတ်ဆို့မှုတွေဟာ၊ Global Magnitsky လူ့အခွင့်အရေးတာဝန်ခံမှု အက်ဥပဒေအရ အုပ်ချုပ်မှုအာဏာလုပ်ပိုင်ခွင့် အမိန့် ၁၃၈၁၈ ထုတ်ပြန်ပြီး အကောင်အထည်ဖေါ်တာဖြစ်ပြီး၊ ဒဏ်ခတ်စာရင်းဝင်သူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့်မရှိပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ သူတို့ပိုင်ဆိုင်မှုတွေရှိခဲ့ရင်လည်း ချိတ်ပိတ်ခံရမှာဖြစ်ပါတယ်။ တရုတ်ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ရာမှာ အမေရိကန်ပြည်ထောင်စုက တခြားဘာနိုင်ငံနဲ့မှ မတူဘဲ အပြင်းထန်းဆုံးအရေးယူနေတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တရုတ်ကွန်မြူနစ်ပါတီရဲ့ ရှင်ဂျန်းပြည်နယ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ တရုတ်တွေက ဝီဂါနဲ့ တခြားမွတ်ဆလင်လူနည်းစုတွေကို ဖိနှိပ်နေတာတွေဟာ ဒီရာစုနှစ်ရဲ့ အမည်းစက်တွေဘဲဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာရေးထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဒီလူနည်းစုတွေကို ပစ်မှတ်ထားပြီး ဖိနှိပ်တာ၊ လူတွေများကြီးကို ဥပဒေမဲ့ ထိန်းသိမ်းထားတာ၊ စောင့်ကြည့်ထောက်ခှမ်းတာ၊ အဓမ္မအလုပ်ခိုင်းစေတာ၊ လူဦးရေ ထိန်းချုပ်တာ၊ သဘောဆန္ဒမပါဘဲ ကိုယ်ရေးအချက်အလက်ကောက်ယူတာနဲ့ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာတာတွေ၊ ဆက်လက်လုပ်ဆောင်နေတာကြောင့် ခိုင်မာတဲ့တန်ဘိုးပေးဆပ်ခိုင်းတဲ့အနေနဲ့ ကမ္ဘာရဲ့ ဒဏ်ခတ်ကြိုးပမ်းမှုကို သမ္မတ ထရမ့်အစိုးရက ဦးဆောင်နေတာဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့ဟာ စံနမူနာထားရမယ့် အရေးယူမှုတွေကို ဆက်လက် မှတ်တမ်းတင်နေပါတယ်လို့ ဝန်ကြီး Mike Pompeo ကမှတ်ချက်ချထားပါတယ်။

XS
SM
MD
LG