Accessibility links

Breaking News

သမၼတ အာဆတ္ အစုိးရအေပၚ အေမရိကန္က ပိတ္ဆုိ႔အေရးယူမႈေတြ ထပ္မံခ်မွတ္ျခင္း


ဆီးရီးယားသမၼတ ဘရွာအယ္လ္အာဆတ္
ဆီးရီးယားသမၼတ ဘရွာအယ္လ္အာဆတ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဆီးရီးယားျပည္သူေတြအေပၚမေရတြက္ႏိုင္ေလာက္ေအာင္ ရက္ရက္စက္စက္ ႏွိပ္ကြပ္မႈေတြ က်ဴးလြန္ခဲ့တဲ့ ဆီးရီးယားသမၼတ ဘရွာအယ္လ္အာဆတ္အေနနဲ႔ တာဝန္ခံမႈရွိရမယ္ ဆိုတာကိုအေမရိကန္ျပည္ေထာင္စုက သႏၷိ႒ာန္ခ်မွတ္ထားဆဲျဖစ္ပါတယ္။ သူက်ဴးလြန္ခဲ့တဲ့အထဲမွာ တခ်ိဳ႕ စစ္ရာဇဝတ္မႈေျမာက္သလို၊ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့အဆင့္အထိ ျပစ္မႈ ေျမာက္ပါတယ္။ ဒါ့ေၾကာင့္ အေမရိကန္ႏိုင္ငံျခားဝန္ႀကီးဌာနနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနတို႕ကေန ဇူလိုင္လ ၂၉ ရက္ေန႔က ဆီဇာဆီးရီးယားအရပ္သားမ်ားအကာအကြယ္ေပးေရး အက္ဥပေဒအရ ဆီးရီးယားအရာရွိ ၁၄ ေယာက္နဲ႔ တျခားအာဏာပိုင္ေတြကို အေရးယူလိုက္ပါတယ္။

ရက္စက္မႈဒဏ္ခံစားခဲ့ရတဲ့ နစ္နာသူေတြအတြက္ အခုေနာက္ဆံုး ထုတ္ျပန္လိုက္တဲ့ အေရးယူစာရင္းမွ ဟာမာနဲ႔ မာရတ္အယ္လႏူမန္ တို႔ပါဝင္ၿပီး သူတို႔ဟာ အာဆတ္အစိုးရရဲ႕ အရက္စက္ဆံုးသူေတြအျဖစ္ နာမည္ဆိုးနဲ႔ေက်ာ္ၾကားပါတယ္။လြန္ခဲ့တဲ့ ၉ ႏွစ္ကအာဆတ္စစ္တပ္က ဟာမာၿမိဳ႕ကို ဝင္စီးတုန္းက ၿငိမ္းခ်မ္းစြာဆႏၵျပေနသူေတြ အမ်ားအျပားကို ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တာဟာ ေနာက္ထပ္ တုန္လႈတ္ေျခာက္ျခားမႈေတြရွိေနဦးမယ္ဆိုတဲ့ လကၡဏာဘဲျဖစ္ပါတယ္။မႏွစ္တုန္းကလည္း Ramadan ဝါေရွာင္အၿပီး အစ္ပြဲေတာ္ဆင္ႏႊဲဖို႔ မိသားစုေတြ ျပင္ဆင္ေနစဥ္မွာ အာဆတ္စစ္တပ္နဲ႔ မဟာမိတ္ေတြက မားရတ္အယ္လ္ႏူမန္ၿမိဳ႕က လူစည္ကားတဲ့ေဈးေပၚဗံုးႀကဲခ်လို႔ အျပစ္မဲ့ ဆီးရီးယားျပည္သူ ၄၂ ေယာက္ေသဆံုးခဲ့ပါတယ္။

အာဆတ္အစိုးရရဲ႕ စစ္တပ္က လူ႔အသက္ကို ပဓါန မထားဘဲ အရပ္သားေတြသိန္းနဲ႔ခ်ီၿပီး သတ္ခဲ့သလို ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြကို ဖမ္းဆီး၊ ႏွိပ္စက္တာ၊ ေက်ာင္းေတြ၊ ေဆးရံုေတြနဲ႔ ေဈးေတြကိုလည္း ဖ်က္ဆီးခဲ့ပါတယ္။

အေမရိကန္အာဏာပိုင္ေတြက EO အုပ္ခ်ဳပ္မႈအာဏာအမိန္႔ ၁၃၈၉၄ အရ ဇူဟဲေတာ္ဖစ္ခ္ အယ္လ္အာဆတ္နဲ႔ ဆီးရီးယားအာရပ္တပ္ရဲ႕ တပ္မ (၁)၊ ဇူဟဲေတာ္ဖစ္ခ္ အယ္လ္အာဆတ္ရဲ႕ အရြယ္ေရာက္သား ကာရမ္အယ္လ္အာဆတ္တို႔ကို အေရးယူပိတ္ဆို႔မႈနဲ႔ ဒဏ္ခတ္လိုက္ပါတယ္။ ဘရွာအယ္လအာဆတ္ရဲ႕ သား ဟာဖက္ဇ္အယ္လ္အာဆတ္ကိုလည္း အေမရိကန္က အလားတူအမိန္႔နဲ႔ အေရးယူလိုက္ပါတယ္။

ႏွိပ္ကြပ္မႈေၾကာင့္ေသဆံုးခဲ့ရသူေတြကို အမွတ္တရ ရွိေနခ်ိန္မွာ သူတို႔ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြအတြက္ ဘရွာအယ္လ္အာဆတ္နဲ႔ သူ႔အစိုးရ တာဝန္ခံမႈရွိေစဖို႔ အေမရိကန္ျပည္ေထာင္စုက ဆက္လက္ႀကိဳးစားေနမွာျဖစ္ပါတယ္။

အာဆတ္ရဲ႕ မလိုအပ္တဲ့ ရက္စက္တဲ့စစ္ပြဲအဆံုးသတ္ဖို႔ အခ်ိန္တန္ပါၿပီ။ဆီးရီးယားျပည္သူေတြအတြက္ ၿငိမ္းခ်မ္းေရးရဖို႔ ေသခ်ာတဲ့လမ္းေၾကာင္းကေတာ့ ႏိုင္ငံေရး အေျဖတရပ္ျဖစ္တဲ့ ကုလသမဂၢလံုၿခံဳေရးေကာင္စီဆံုးျဖတ္ခ်က္အမွတ္ ၂၂၅၄ ပဲျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ဆီဇာအက္ဥပေဒနဲ႔ တျခားဆီးရီးယားအာဏာပိုင္ေတြကို ဒဏ္ခတ္မႈေတြဟာ ဆီးရီးယား ျပည္သူေတြ ထိခိုက္နစ္နာေအာင္ မရည္ရြယ္ပါဘူး။ လူမႈေရးစာနာမႈအေထာက္အပံ့ေတြျဖန္႕ျဖဴးေရး ဒါမွမဟုတ္ ဆီးရီးယားအေရွ႕ေျမာက္ပိုင္းက လႈပ္ရွားမႈေတြမတည္မၿငိမ္ျဖစ္ေအာင္လည္း ျပစ္မွတ္ထားတာမဟုတ္ပါဘူး။

အေမရိကန္က လူလူခ်င္းစာနာမႈ အေထာက္အပံ့ေတြကို ဆက္လက္ပ့့ံပိုးေနၿပီး အာဆတ္အစိုးရ ထိန္းခ်ဳပ္တဲ့နယ္ေျမမွာေတာင္ကူညီေပးေနတာျဖစ္ပါတယ္။ ပဋိပကၡစတင္ကတည္းက အေမရိကန္အေနနဲ႔ ေဒၚလာ ၁၁.၁ ဘီလီယံ ေက်ာ္တန္းဖိုးရွိတဲ့ လူလူခ်င္းစာနာမႈ အေထာက္အပံ့ေတြကူညီခဲ့ၿပီး ဒီလိုပဲ ဆက္လက္ကူညီေနဦးမွာျဖစ္ပါတယ္။

ဟာမာနဲ႔ မားရတ္အယ္လႏူမန္ရဲ႕ ရက္စက္မႈဒဏ္ခံခဲ့ရသူေတြအတြက္ တရားမွ်တမႈေဆာင္က်ဥ္းေပးဖို႔နဲ႔ အာဆတ္အစိုးရရဲ႕ တျခားစစ္ရာဇဝတ္မႈေတြနဲ႔ လူသားမ်ိဳးႏြယ္စု အေပၚက်ဴးလြန္တဲ့ရာဇဝတ္မႈေတြအေပၚ တာဝန္ခံမႈရွိကိုရွိရမွာျဖစ္ပါတယ္။ အာဆတ္အစိုးရနဲ႔ သူ႔ကိုေထာက္ခံသူေတြအေနနဲ႔ ေရြးခ်ယ္စရာတခုပဲရွိပါတယ္။ ဆီးရီးယားျပည္သူေတြအတြက္ သိကၡာရွိရွိ၊ လူ႔အခြင့္အေရးကိုေလးစားလိုက္နာၿပီး၊ ဆီးရီးယားအက်ပ္အတည္းကို ေရရွည္တည္တ့့ံမယ့္ ႏိုင္ငံေရးအေျဖရွာဖို႔ ေနာက္ေၾကာင္းျပန္မလွည့္ေရွ႕ရႈၾကဖို႔နဲ႔၊ ဒါမွမဟုတ္ တားဆီးပိတ္ဆို႔တဲ့ ဒဏ္ခတ္မႈအသစ္ေတြနဲ႔ ရင္ဆိုင္ဖို႔ဘဲျဖစ္ပါတယ္။


.............

သမ္မတ အာဆတ် အစိုးရအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ခြင်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဆီးရီးယားပြည်သူတွေအပေါ်မရေတွက်နိုင်လောက်အောင် ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဆီးရီးယားသမ္မတ ဘရှာအယ်လ်အာဆတ်အနေနဲ့ တာဝန်ခံမှုရှိရမယ် ဆိုတာကိုအမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချမှတ်ထားဆဲဖြစ်ပါတယ်။ သူကျူးလွန်ခဲ့တဲ့အထဲမှာ တချို့ စစ်ရာဇဝတ်မှုမြောက်သလို၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့အဆင့်အထိ ပြစ်မှု မြောက်ပါတယ်။ ဒါ့ကြောင့် အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကနေ ဇူလိုင်လ ၂၉ ရက်နေ့က ဆီဇာဆီးရီးယားအရပ်သားများအကာအကွယ်ပေးရေး အက်ဥပဒေအရ ဆီးရီးယားအရာရှိ ၁၄ ယောက်နဲ့ တခြားအာဏာပိုင်တွေကို အရေးယူလိုက်ပါတယ်။

ရက်စက်မှုဒဏ်ခံစားခဲ့ရတဲ့ နစ်နာသူတွေအတွက် အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အရေးယူစာရင်းမှ ဟာမာနဲ့ မာရတ်အယ်လနူမန် တို့ပါဝင်ပြီး သူတို့ဟာ အာဆတ်အစိုးရရဲ့ အရက်စက်ဆုံးသူတွေအဖြစ် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။လွန်ခဲ့တဲ့ ၉ နှစ်ကအာဆတ်စစ်တပ်က ဟာမာမြို့ကို ဝင်စီးတုန်းက ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေ အများအပြားကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဟာ နောက်ထပ် တုန်လှုတ်ခြောက်ခြားမှုတွေရှိနေဦးမယ်ဆိုတဲ့ လက္ခဏာဘဲဖြစ်ပါတယ်။မနှစ်တုန်းကလည်း Ramadan ဝါရှောင်အပြီး အစ်ပွဲတော်ဆင်နွှဲဖို့ မိသားစုတွေ ပြင်ဆင်နေစဉ်မှာ အာဆတ်စစ်တပ်နဲ့ မဟာမိတ်တွေက မားရတ်အယ်လ်နူမန်မြို့က လူစည်ကားတဲ့ဈေးပေါ်ဗုံးကြဲချလို့ အပြစ်မဲ့ ဆီးရီးယားပြည်သူ ၄၂ ယောက်သေဆုံးခဲ့ပါတယ်။

အာဆတ်အစိုးရရဲ့ စစ်တပ်က လူ့အသက်ကို ပဓါန မထားဘဲ အရပ်သားတွေသိန်းနဲ့ချီပြီး သတ်ခဲ့သလို ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖမ်းဆီး၊ နှိပ်စက်တာ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဈေးတွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

အမေရိကန်အာဏာပိုင်တွေက EO အုပ်ချုပ်မှုအာဏာအမိန့် ၁၃၈၉၄ အရ ဇူဟဲတော်ဖစ်ခ် အယ်လ်အာဆတ်နဲ့ ဆီးရီးယားအာရပ်တပ်ရဲ့ တပ်မ (၁)၊ ဇူဟဲတော်ဖစ်ခ် အယ်လ်အာဆတ်ရဲ့ အရွယ်ရောက်သား ကာရမ်အယ်လ်အာဆတ်တို့ကို အရေးယူပိတ်ဆို့မှုနဲ့ ဒဏ်ခတ်လိုက်ပါတယ်။ ဘရှာအယ်လအာဆတ်ရဲ့ သား ဟာဖက်ဇ်အယ်လ်အာဆတ်ကိုလည်း အမေရိကန်က အလားတူအမိန့်နဲ့ အရေးယူလိုက်ပါတယ်။

နှိပ်ကွပ်မှုကြောင့်သေဆုံးခဲ့ရသူတွေကို အမှတ်တရ ရှိနေချိန်မှာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ဘရှာအယ်လ်အာဆတ်နဲ့ သူ့အစိုးရ တာဝန်ခံမှုရှိစေဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက်ကြိုးစားနေမှာဖြစ်ပါတယ်။

အာဆတ်ရဲ့ မလိုအပ်တဲ့ ရက်စက်တဲ့စစ်ပွဲအဆုံးသတ်ဖို့ အချိန်တန်ပါပြီ။ဆီးရီးယားပြည်သူတွေအတွက် ငြိမ်းချမ်းရေးရဖို့ သေချာတဲ့လမ်းကြောင်းကတော့ နိုင်ငံရေး အဖြေတရပ်ဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၂၅၄ ပဲဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဆီဇာအက်ဥပဒေနဲ့ တခြားဆီးရီးယားအာဏာပိုင်တွေကို ဒဏ်ခတ်မှုတွေဟာ ဆီးရီးယား ပြည်သူတွေ ထိခိုက်နစ်နာအောင် မရည်ရွယ်ပါဘူး။ လူမှုရေးစာနာမှုအထောက်အပံ့တွေဖြန့်ဖြူးရေး ဒါမှမဟုတ် ဆီးရီးယားအရှေ့မြောက်ပိုင်းက လှုပ်ရှားမှုတွေမတည်မငြိမ်ဖြစ်အောင်လည်း ပြစ်မှတ်ထားတာမဟုတ်ပါဘူး။

အမေရိကန်က လူလူချင်းစာနာမှု အထောက်အပံ့တွေကို ဆက်လက်ပံ့ပိုးနေပြီး အာဆတ်အစိုးရ ထိန်းချုပ်တဲ့နယ်မြေမှာတောင်ကူညီပေးနေတာဖြစ်ပါတယ်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်အနေနဲ့ ဒေါ်လာ ၁၁.၁ ဘီလီယံ ကျော်တန်းဖိုးရှိတဲ့ လူလူချင်းစာနာမှု အထောက်အပံ့တွေကူညီခဲ့ပြီး ဒီလိုပဲ ဆက်လက်ကူညီနေဦးမှာဖြစ်ပါတယ်။

ဟာမာနဲ့ မားရတ်အယ်လနူမန်ရဲ့ ရက်စက်မှုဒဏ်ခံခဲ့ရသူတွေအတွက် တရားမျှတမှုဆောင်ကျဉ်းပေးဖို့နဲ့ အာဆတ်အစိုးရရဲ့ တခြားစစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စု အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအပေါ် တာဝန်ခံမှုရှိကိုရှိရမှာဖြစ်ပါတယ်။ အာဆတ်အစိုးရနဲ့ သူ့ကိုထောက်ခံသူတွေအနေနဲ့ ရွေးချယ်စရာတခုပဲရှိပါတယ်။ ဆီးရီးယားပြည်သူတွေအတွက် သိက္ခာရှိရှိ၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီး၊ ဆီးရီးယားအကျပ်အတည်းကို ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေရှာဖို့ နောက်ကြောင်းပြန်မလှည့်ရှေ့ရှုကြဖို့နဲ့၊ ဒါမှမဟုတ် တားဆီးပိတ်ဆို့တဲ့ ဒဏ်ခတ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ဘဲဖြစ်ပါတယ်။

XS
SM
MD
LG