Accessibility links

Breaking News

Hezbollah အတြက္ စီးပြားရွာေပးတဲ့ကုမၸဏီနဲ႔ တာ၀န္ရွိသူ ကန္ ဒဏ္ခတ္ အေရးယူ


Hezbollah အစြန္းေရာက္အဖြဲ႔အလံကို လက္ဘႏြန္ေတာင္ပိုင္းတြင္ေတြ႔ရစဥ္
Hezbollah အစြန္းေရာက္အဖြဲ႔အလံကို လက္ဘႏြန္ေတာင္ပိုင္းတြင္ေတြ႔ရစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အၾကမ္းဖက္လႈပ္ရွားမႈေတြကို ဟန္႔တားႏိုင္ဖို႔ အထိေရာက္ဆံုးနည္းလမ္းေတြထဲမွာ၊ သူတို႔ကို ဘ႑ာေငြေၾကး ေထာက္ပ့ံေနတဲ့ ကြန္ယက္ေတြကို ႏွိမ္နင္းတာက ထိေရာက္တဲ့ နည္းတခု ျဖစ္ပါတယ္။

အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနကေန လက္ဘႏြန္ႏိုင္ငံက Arch Consulting ကုမၼဏီနဲ႔ Meamar ေဆာက္လုပ္ေရးကုမၼဏီကို စက္တင္ဘာလကုန္ပိုင္းက ပိတ္ဆို႔မႈနဲ႔ အေရးယူလိုက္ပါတယ္။ အဲဒီကုမၼဏီေတြကို Hezbollah အစြန္းေရာက္အဖြဲ႔က ပိုင္ဆိုင္ၿပီး၊ ထိန္းခ်ဳပ္တာ၊ ဒါမွမဟုတ္ ညႊန္ၾကားေနတာျဖစ္လို႔ ပါဘဲ။ Hezbollah အဖြဲ႔ကို အေမရိကန္ျပည္ေထာင္စုက ႏိုင္ငံရပ္ျခားက အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္၊ အထူးသျဖင့္ ကမၻာ့အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္လည္း သတ္မွတ္ထားပါတယ္။

ဒီကုမၼဏီေတြနဲ႔ ပါဝင္ပတ္သက္ၿပီး၊ Hezbollah အဖြဲ႔မွာ တာဝန္ရွိသူလည္းျဖစ္တဲ့ ေစာ္ဘြား Sultan Khalifa As'ad ကိုပါ အေရးယူလိုက္ပါတယ္။ အုပ္ခ်ဳပ္မႈအာဏာအမိန္႔အမွတ္ ၁၃၂၂၄ ျပင္ဆင္ခ်က္အရ အေရးယူတာျဖစ္ပါတယ္။

Arch နဲ႔ Meamar ကုမၼဏီေတြဟာ Sultan Khalifah As'ad အဖြဲ႔ဝင္အျဖစ္ပါဝင္တဲ့ Hezbollah အလုပ္အမႈေဆာင္ေကာ္မတီအုပ္ခ်ဳပ္တဲ့ ကုမၼဏီအေတာ္မ်ားမ်ား အနက္ ကုမၼဏီ ၂ ခုျဖစ္ပါတယ္။ Arch နဲ႔ Meamar ကုမၼဏီေတြဟာ လုပ္ငန္းစတင္ခ်ိန္မွာကတည္းက Hezbollah နဲ႔ ပတ္သက္ခဲ့တာ အမွန္ပါဘဲ။Sultan Khalifah As'ad ဟာ Meamar ကုမၼဏီထူေထာင္သူတေယာက္အျဖစ္ လူသိရွင္ၾကား စာရင္းဝင္ျဖစ္ပါတယ္။ Hezbollah နဲ႔ ဆက္စပ္ေနတဲ့ ဒီကုမၼဏီမွတ္ပံုတင္စာရင္းမွာ ေနာက္ထပ္ လူတခ်ိဳ႕ရဲ႕ နာမည္ေတြ ပါဝင္ၿပီး အမ်ားျပည္သူအသိ ေၾကညာထားပါတယ္။

Arch Consulting အတိုင္ပင္ခံအဖြဲ႔ဟာလည္း၊ အေမရိကန္က အေရးယူထားၿပီးျဖစ္တဲ့၊ Hezbollah ရဲ႔ ပင္မေဆာက္လုပ္ေရးကုမၼဏီ - Jihad al-Bina ကုမၼဏီရဲ႕ အဖြဲ႔ခြဲျဖစ္ပါတယ္။ဒီေန႔ Arch အတိုင္ပင္ခံအဖြဲ႔ဟာ သီးျခားလြတ္လပ္တယ္လို႔ မည္ကာမတၱေျပာေနေပမဲ့၊ Jihad al-Bina အဖြဲ႔ကို အဓိက ရန္ပံုေငြပံ့ပိုးေပးေနတာျဖစ္ပါတယ္။၂၀၀၄ ခုႏွစ္ စည္ပင္ေရြးေကာက္ပြဲမွာ Hezbollah ေက်ာေထာက္ေနာက္ခံျပဳတဲ့ အမတ္ေလာင္းရဲ႕ နာမည္နဲ႔ Arch အတိုင္ပင္ခံကုမၼဏီကို မွတ္ပံုတင္ထား တာပါ။

အျပင္ပန္း အျမင္မွာေတာ့ Arch နဲ႔ Meamar ကုမၼဏီေတြရဲ႕ စီမံကိန္းေတြဟာ ပုဂၢလိကပိုင္ အျဖစ္ပံုေဖၚထားၿပီး၊ Hezbollah အဖြဲ႔က အျမတ္ထုတ္ အသံုးခ်ေနတာျဖစ္ပါတယ္။Hezbollah အတြက္ ရန္ပံုေငြေတာင့္တင္းေအာင္၊ ဒီကုမၼဏီ ၂ ခုက သူတို႔ဘဏ္စာရင္းနဲ႔ ေငြေျပာင္းေငြလႊဲလုပ္ေပးၾကပါတယ္။ ဒါတင္မကပါဘူး၊ အဂတိလိုက္စားတဲ့ တာဝန္ရွိသူေတြရဲ႕ ေငြစာရင္းေတြကိုပါ အသံုးခ်ေနပါတယ္။

ဥပမာ၊ Hezbollah အဖြဲ႔က လက္ဘႏြန္အစိုးရရဲ႕ ေဒၚလာသန္းခ်ီတန္တဲ့ ကန္ထရိုက္လုပ္ငန္းေတြ ရေအာင္၊ လက္ဘႏြန္ဝန္ႀကီးေဟာင္း Yusuf Finyanus နဲ႔ ပူးေပါင္းၿပီး၊ ကုမၼဏီရတဲ့အျမတ္ေငြထဲက တခ်ိဳ႕ ကို Hezbollah အမႈေဆာင္ေကာင္စီထံ ေပးပိုးခဲ့ပါတယ္။ Hezbollah အဖြဲ႔ကိုယ္စား၊ ဒီလိုလုပ္ရပ္ေတြနဲ႔ တျခားကိစၥေတြေၾကာင့္၊ Yusuf Finyanus ကို အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက စက္တင္ဘာလဆန္းပိုင္းက အေရးယူခဲ့ပါတယ္။

Hezbollah အဖြဲ႔က လက္ဘႏြန္ႏိုင္ငံစီးပြားေရးကို အျမတ္ထုတ္၊ အဂိတလိုက္စားတဲ့ လက္ဘႏြန္ တာဝန္ရွိသူေတြကို ႀကိဳးကိုင္၊ အစိုးရဲ႕ ကန္ထရိုက္ေတြရေအာင္လုပ္ၿပီး အၾကမ္းဖက္အဖြဲ႔ေတြကို ပံ့ပိုးေနေၾကာင္း၊လက္ဘႏြန္ျပည္သူေတြဟာ၊ သင့္တင့္တဲ့ ဝန္ေဆာင္မႈေတြ ခံစားခြင့္မရွိဘဲ၊ ဒုကၡေရာက္ ေနခ်ိန္မွာ သူတို႔ေခါင္းေဆာင္ေတြ ပိုၿပီးခ်မ္းသာေအာင္၊ လက္ဘႏြန္ႏိုင္ငံရဲ႕ အရင္းအျမစ္ေတြကို အလြဲသံုးစားလုပ္ေနၾကတဲ့ Hezbollah အဖြဲ႔နဲ႔ ေထာက္ခံသူေတြကို အေမရိကန္ျပည္ေထာင္စုက ပစ္မွတ္ထား အေရးယူဖို႔ သႏၷိ႒ာန္ခ်မွတ္ထားဆဲ ျဖစ္ပါတယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Steven Manuchin ကေျပာဆိုလိုက္ေၾကာင္းပါ။

................

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အကြမ်းဖက်လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းတွေထဲမှာ၊ သူတို့ကို ဘဏ္ဍာငွေကြေး ထောက်ပံ့နေတဲ့ ကွန်ယက်တွေကို နှိမ်နင်းတာက ထိရောက်တဲ့ နည်းတခု ဖြစ်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကနေ လက်ဘနွန်နိုင်ငံက Arch Consulting ကုမ္မဏီနဲ့ Meamar ဆောက်လုပ်ရေးကုမ္မဏီကို စက်တင်ဘာလကုန်ပိုင်းက ပိတ်ဆို့မှုနဲ့ အရေးယူလိုက်ပါတယ်။ အဲဒီကုမ္မဏီတွေကို Hezbollah အစွန်းရောက်အဖွဲ့က ပိုင်ဆိုင်ပြီး၊ ထိန်းချုပ်တာ၊ ဒါမှမဟုတ် ညွှန်ကြားနေတာဖြစ်လို့ ပါဘဲ။ Hezbollah အဖွဲ့ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံရပ်ခြားက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်၊ အထူးသဖြင့် ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်း သတ်မှတ်ထားပါတယ်။

ဒီကုမ္မဏီတွေနဲ့ ပါဝင်ပတ်သက်ပြီး၊ Hezbollah အဖွဲ့မှာ တာဝန်ရှိသူလည်းဖြစ်တဲ့ စော်ဘွား Sultan Khalifa As'ad ကိုပါ အရေးယူလိုက်ပါတယ်။ အုပ်ချုပ်မှုအာဏာအမိန့်အမှတ် ၁၃၂၂၄ ပြင်ဆင်ချက်အရ အရေးယူတာဖြစ်ပါတယ်။

Arch နဲ့ Meamar ကုမ္မဏီတွေဟာ Sultan Khalifah As'ad အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ Hezbollah အလုပ်အမှုဆောင်ကော်မတီအုပ်ချုပ်တဲ့ ကုမ္မဏီအတော်များများ အနက် ကုမ္မဏီ ၂ ခုဖြစ်ပါတယ်။ Arch နဲ့ Meamar ကုမ္မဏီတွေဟာ လုပ်ငန်းစတင်ချိန်မှာကတည်းက Hezbollah နဲ့ ပတ်သက်ခဲ့တာ အမှန်ပါဘဲ။Sultan Khalifah As'ad ဟာ Meamar ကုမ္မဏီထူထောင်သူတယောက်အဖြစ် လူသိရှင်ကြား စာရင်းဝင်ဖြစ်ပါတယ်။ Hezbollah နဲ့ ဆက်စပ်နေတဲ့ ဒီကုမ္မဏီမှတ်ပုံတင်စာရင်းမှာ နောက်ထပ် လူတချို့ရဲ့ နာမည်တွေ ပါဝင်ပြီး အများပြည်သူအသိ ကြေညာထားပါတယ်။

Arch Consulting အတိုင်ပင်ခံအဖွဲ့ဟာလည်း၊ အမေရိကန်က အရေးယူထားပြီးဖြစ်တဲ့၊ Hezbollah ရဲ့ ပင်မဆောက်လုပ်ရေးကုမ္မဏီ - Jihad al-Bina ကုမ္မဏီရဲ့ အဖွဲ့ခွဲဖြစ်ပါတယ်။ဒီနေ့ Arch အတိုင်ပင်ခံအဖွဲ့ဟာ သီးခြားလွတ်လပ်တယ်လို့ မည်ကာမတ္တပြောနေပေမဲ့၊ Jihad al-Bina အဖွဲ့ကို အဓိက ရန်ပုံငွေပံ့ပိုးပေးနေတာဖြစ်ပါတယ်။၂၀၀၄ ခုနှစ် စည်ပင်ရွေးကောက်ပွဲမှာ Hezbollah ကျောထောက်နောက်ခံပြုတဲ့ အမတ်လောင်းရဲ့ နာမည်နဲ့ Arch အတိုင်ပင်ခံကုမ္မဏီကို မှတ်ပုံတင်ထား တာပါ။

အပြင်ပန်း အမြင်မှာတော့ Arch နဲ့ Meamar ကုမ္မဏီတွေရဲ့ စီမံကိန်းတွေဟာ ပုဂ္ဂလိကပိုင် အဖြစ်ပုံဖေါ်ထားပြီး၊ Hezbollah အဖွဲ့က အမြတ်ထုတ် အသုံးချနေတာဖြစ်ပါတယ်။Hezbollah အတွက် ရန်ပုံငွေတောင့်တင်းအောင်၊ ဒီကုမ္မဏီ ၂ ခုက သူတို့ဘဏ်စာရင်းနဲ့ ငွေပြောင်းငွေလွှဲလုပ်ပေးကြပါတယ်။ ဒါတင်မကပါဘူး၊ အဂတိလိုက်စားတဲ့ တာဝန်ရှိသူတွေရဲ့ ငွေစာရင်းတွေကိုပါ အသုံးချနေပါတယ်။

ဥပမာ၊ Hezbollah အဖွဲ့က လက်ဘနွန်အစိုးရရဲ့ ဒေါ်လာသန်းချီတန်တဲ့ ကန်ထရိုက်လုပ်ငန်းတွေ ရအောင်၊ လက်ဘနွန်ဝန်ကြီးဟောင်း Yusuf Finyanus နဲ့ ပူးပေါင်းပြီး၊ ကုမ္မဏီရတဲ့အမြတ်ငွေထဲက တချို့ ကို Hezbollah အမှုဆောင်ကောင်စီထံ ပေးပိုးခဲ့ပါတယ်။ Hezbollah အဖွဲ့ကိုယ်စား၊ ဒီလိုလုပ်ရပ်တွေနဲ့ တခြားကိစ္စတွေကြောင့်၊ Yusuf Finyanus ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလဆန်းပိုင်းက အရေးယူခဲ့ပါတယ်။

Hezbollah အဖွဲ့က လက်ဘနွန်နိုင်ငံစီးပွားရေးကို အမြတ်ထုတ်၊ အဂိတလိုက်စားတဲ့ လက်ဘနွန် တာဝန်ရှိသူတွေကို ကြိုးကိုင်၊ အစိုးရဲ့ ကန်ထရိုက်တွေရအောင်လုပ်ပြီး အကြမ်းဖက်အဖွဲ့တွေကို ပံ့ပိုးနေကြောင်း၊လက်ဘနွန်ပြည်သူတွေဟာ၊ သင့်တင့်တဲ့ ဝန်ဆောင်မှုတွေ ခံစားခွင့်မရှိဘဲ၊ ဒုက္ခရောက် နေချိန်မှာ သူတို့ခေါင်းဆောင်တွေ ပိုပြီးချမ်းသာအောင်၊ လက်ဘနွန်နိုင်ငံရဲ့ အရင်းအမြစ်တွေကို အလွဲသုံးစားလုပ်နေကြတဲ့ Hezbollah အဖွဲ့နဲ့ ထောက်ခံသူတွေကို အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား အရေးယူဖို့ သန္နိဋ္ဌာန်ချမှတ်ထားဆဲ ဖြစ်ပါတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Manuchin ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG