Accessibility links

Breaking News

အာဆီယံအေပၚထားတဲ့ အေမရိကန္ရဲ႕ ေရရွည္တည္တန္႔မယ္ သႏၷိ႒ာန္


အေမရိကန္နဲ႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ႏွစ္ပတ္လည္အစည္းအေဝးကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo - online က Video နဲ႔ ပါဝင္တက္ေရာက္
အေမရိကန္နဲ႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ႏွစ္ပတ္လည္အစည္းအေဝးကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo - online က Video နဲ႔ ပါဝင္တက္ေရာက္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ျပည္ေထာင္စုဟာ အာဆီယံႏိုင္ငံေတြနဲ႔ မိတ္ေဆြအျဖစ္ရပ္တည္ခဲ့တာ ၾကာခဲ့ပါၿပီ။ အေမရိကန္နဲ႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ႏွစ္ပတ္လည္အစည္းအေဝးကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo - online က Video နဲ႔ ပါဝင္တက္ေရာက္ခဲ့ၿပီး အေမရိကန္ရဲ႕ ရည္မွန္းခ်က္ဟာ အင္ဒို-ပစိဖိတ္ေဒသ အနာဂတ္ အတြက္အနီးကပ္မဟာမိတ္ေတြ အျဖစ္ ရပ္တည္ဖို႔ျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

အင္ဒို-ပစိဖိတ္ေဒသမွာ ဗဟိုအခ်က္အျခာက်တဲ့ မိတ္ဖက္ အာဆီယံႏိုင္ငံေတြရဲ႕ သာယာဝေျပာေရး အတြက္ ပံ့ပိုးေပးဖို႔ အေမရိကန္က သႏၷိ႒ာန္ခ်ထားတယ္လို႔ဆိုပါတယ္။

အေမရိကန္ကကမၻာတဝန္း COVID-19 ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ေဒၚလာဘီလီယံ ၂၀ ေက်ာ္ ပံ့ပိုးခဲ့တဲ့အနက္ ေဒၚလာ ၈၉ မီလီယံဟာ အာဆီယံႏိုင္ငံေတြကို ေထာက္ပ့ံေနတာျဖစ္ပါတယ္။ Ventilators အသက္ရွဴ အကူစက္ ၈၅၀ ကို အင္ဒိုနီးရွားႏိုင္ငံကို ေပးပို႔ခဲ့ၿပီး၊ ေနာက္ထပ္ ၁၅၀ ကိုလည္း လာမယ့္ သီတင္းပတ္ေတြအတြင္း ေပးပို႔ဖို႔ ခန္႔မွန္းထားပါတယ္။ အသက္ရွဴအကူစက္ ၁၀၀ ဖိလစ္ပိုင္ႏိုင္ငံကို ကတိေပးထားတဲ့အတိုင္း ေပးပို႔မွာျဖစ္တယ္လို႔ လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

အာဆီယံႏိုင္ငံေတြရဲ႕ အခ်ဳပ္အျခာအာဏာခိုင္ၿမဲေရးနဲ႔ ဖြံ႔ၿဖိဳးေရးအတြက္ အကူအညီေပးႏိုင္ဖို႔ ဦးစီးဦးေဆာင္မယ့္ အစီအစဥ္အသစ္ေတြကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အခုလို ေၾကညာလိုက္ပါတယ္။

“အာဆီယံရဲ႕ အင္ဒို-ပစိဖိတ္ေဒသ ေမွ်ာ္မွန္းခ်က္နဲ႔ အညီ၊ အနာဂတ္မွာ ပူးေပါင္းေဆာင္ရြက္ဖို႔ ၂၀၂၁ ကေန ၂၀၂၅ ခုႏွစ္အတြင္း အာဆီယံ-အေမရိကန္ လႈပ္ရွားမႈအစီအစဥ္ကို အတည္ျပဳႏိုင္လို႔ က်ေနာ္တို႔ ေက်နပ္ေၾကာင္း ပထမဆံုး ေျပာပါရေစ။ အာဆီယံႏိုင္ငံေတြရဲ႔ သာယာဝေျပာေရးနဲ႔ စည္းလံုးညီညြတ္ေရးအတြက္ သိပ္အေရးႀကီးတဲ့ မဲေခါင္ေဒသ ၅ ႏိုင္ငံနဲ႔၊ မဲေခါင္-အေမရိကန္ မိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္ရြက္ေရးကိုလည္း အခု စတင္လိုက္ပါၿပီ။ အေမရိကန္နဲ႔ အာဆီယံေခါင္းေဆာင္ေတြရဲ႕ လူ႔အရင္းအျမစ္ဖြံ႔ၿဖိဳးေရးအတြက္ ဦးစီးေဆာင္ရြက္မႈအသစ္ေတြ လုပ္ေဆာင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အတြက္လည္း က်ေနာ္တို႔ ဂုဏ္ယူပါတယ္။အေရွ႔ေတာင္အာရွ လူငယ္ေခါင္းေဆာင္ တကၠသိုလ္နဲ႔ ဗီယက္နမ္မွာ Fulbright တကၠသိုလ္ ထူေထာင္ဖို႔အတြက္ အေမရိကန္အစိုးရက ေဒၚလာ ၅ သန္း ပံ့ပိုးဖို႔ရည္ရြယ္ထားတယ္လို႔ ဝန္ႀကီး Pompeo ကေျပာလိုက္တာပါ”

ျပည္သူေတြဘဝတိုးတက္ေရးနဲ႔ ထုတ္လုပ္မႈစြမ္းအားျမင့္မားေရးအတြက္ အေမရိကန္-အာဆီယံ Smart Cities မိတ္ဖက္အစီအစဥ္အတြက္ ပံ့ပိုးခဲ့တဲ့ ေဒၚလာ ၁၃ သန္းအျပင္၊ အခု ပညာေရးအတြက္ ထပ္ၿပီး ပံ့ပိုးဖို႔ ရည္ရြယ္တာျဖစ္ပါတယ္။ ေနာက္ဆံုးေတာ့၊ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အာဆီယံႏိုင္ငံေတြ လတ္တေလာရင္ဆိုင္ေနရတဲ့ ကပ္ေရာဂါတိုက္ဖ်က္ေရးမွာေရာ၊ အနာဂတ္အတြက္ပါ တေပါင္းတည္း ကူညီဖို႔ ေနာက္ထပ္ အရင္းအျမစ္အသစ္ေတြ ပံ့ပိုးႏိုင္ေရး အာရံုစိုက္ေနပါတယ္လို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။

“အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အာဆီယံလူထုက်န္းမာေရး အေရးေပၚညွိႏိႈင္းမႈစနစ္ အတြက္ ေဒၚလာ တသန္းခြဲပံ့ပိုးခဲ့တာဟာ ေဒသတြင္း လူထုက်န္းမာေရးအေရးေပၚ အက်ပ္အတည္း တုန္႔ျပန္ႏိုင္ေရး အာဆီယံရဲ႕ စြမ္းရည္ကို ျမွင့္တင္ေပးတာျဖစ္ပါတယ္။ ပြင့္ပြင့္လင္းလင္ေျပာရရင္၊ ေနာက္ထပ္ ကပ္ေရာဂါကို ႀကိဳတင္ကာကြယ္ႏိုင္ဖို႔ ကူညီတာလည္းျဖစ္ပါတယ္။ COVID-19 ကပ္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရး၊ အေကာင္းဆံုးက်င့္သံုးရမယ့္ သိေကာင္းစရာအခ်က္ေတြကို မွ်ေဝဖို႔ အနာဂတ္က်န္းမားေရးအတြက္ ဝါရင့္ပညာရွင္ကြန္ယက္ကို ဖြဲ႔စည္းလိုက္ပါၿပီ။က်ေနာ္တို႔ရဲ႕ က်န္းမာေရးနဲ႔ လူမႈဝန္ထမ္းဝန္ႀကီးဌာနကလည္း အာဆီယံက်န္းမာေရးက႑နဲ႔ တရားဝင္ ဆက္သြယ္ေဆာင္ရြက္ဖို႔ ဆႏၵရွိပါတယ္လို႔ ဝန္ႀကီး Pompeo ကေျပာသြားတာပါ။”

“က်ေနာ္တို႔ရဲ႕ အာဆီယံေဒသက မိတ္ေဆြေတြကို အကူအညီေပးတဲ့ အေမရိကန္ရဲ႕ ေဆာင္ရြက္ခ်က္အတြက္ ဂုဏ္ယူပါတယ္။ ဆက္လက္ၿပီးလည္း အားကိုးအားထားျပဳႏိုင္ပါတယ္” လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Pompeo ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

................

အာဆီယံအပေါ်ထားတဲ့ အမေရိကန်ရဲ့ ရေရှည်တည်တန့်မယ် သန္နိဋ္ဌာန်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုဟာ အာဆီယံနိုင်ငံတွေနဲ့ မိတ်ဆွေအဖြစ်ရပ်တည်ခဲ့တာ ကြာခဲ့ပါပြီ။ အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နှစ်ပတ်လည်အစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo - online က Video နဲ့ ပါဝင်တက်ရောက်ခဲ့ပြီး အမေရိကန်ရဲ့ ရည်မှန်းချက်ဟာ အင်ဒို-ပစိဖိတ်ဒေသ အနာဂတ် အတွက်အနီးကပ်မဟာမိတ်တွေ အဖြစ် ရပ်တည်ဖို့ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသမှာ ဗဟိုအချက်အခြာကျတဲ့ မိတ်ဖက် အာဆီယံနိုင်ငံတွေရဲ့ သာယာဝပြောရေး အတွက် ပံ့ပိုးပေးဖို့ အမေရိကန်က သန္နိဋ္ဌာန်ချထားတယ်လို့ဆိုပါတယ်။

အမေရိကန်ကကမ္ဘာတဝန်း COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာဘီလီယံ ၂၀ ကျော် ပံ့ပိုးခဲ့တဲ့အနက် ဒေါ်လာ ၈၉ မီလီယံဟာ အာဆီယံနိုင်ငံတွေကို ထောက်ပံ့နေတာဖြစ်ပါတယ်။ Ventilators အသက်ရှူ အကူစက် ၈၅၀ ကို အင်ဒိုနီးရှားနိုင်ငံကို ပေးပို့ခဲ့ပြီး၊ နောက်ထပ် ၁၅၀ ကိုလည်း လာမယ့် သီတင်းပတ်တွေအတွင်း ပေးပို့ဖို့ ခန့်မှန်းထားပါတယ်။ အသက်ရှူအကူစက် ၁၀၀ ဖိလစ်ပိုင်နိုင်ငံကို ကတိပေးထားတဲ့အတိုင်း ပေးပို့မှာဖြစ်တယ်လို့ လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးနိုင်ဖို့ ဦးစီးဦးဆောင်မယ့် အစီအစဉ်အသစ်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အခုလို ကြေညာလိုက်ပါတယ်။

“အာဆီယံရဲ့ အင်ဒို-ပစိဖိတ်ဒေသ မျှော်မှန်းချက်နဲ့ အညီ၊ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ-အမေရိကန် လှုပ်ရှားမှုအစီအစဉ်ကို အတည်ပြုနိုင်လို့ ကျနော်တို့ ကျေနပ်ကြောင်း ပထမဆုံး ပြောပါရစေ။ အာဆီယံနိုင်ငံတွေရဲ့ သာယာဝပြောရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် သိပ်အရေးကြီးတဲ့ မဲခေါင်ဒေသ ၅ နိုင်ငံနဲ့၊ မဲခေါင်-အမေရိကန် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း အခု စတင်လိုက်ပါပြီ။ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ဦးစီးဆောင်ရွက်မှုအသစ်တွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အတွက်လည်း ကျနော်တို့ ဂုဏ်ယူပါတယ်။အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် တက္ကသိုလ်နဲ့ ဗီယက်နမ်မှာ Fulbright တက္ကသိုလ် ထူထောင်ဖို့အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၅ သန်း ပံ့ပိုးဖို့ရည်ရွယ်ထားတယ်လို့ ဝန်ကြီး Pompeo ကပြောလိုက်တာပါ”

ပြည်သူတွေဘဝတိုးတက်ရေးနဲ့ ထုတ်လုပ်မှုစွမ်းအားမြင့်မားရေးအတွက် အမေရိကန်-အာဆီယံ Smart Cities မိတ်ဖက်အစီအစဉ်အတွက် ပံ့ပိုးခဲ့တဲ့ ဒေါ်လာ ၁၃ သန်းအပြင်၊ အခု ပညာရေးအတွက် ထပ်ပြီး ပံ့ပိုးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ နောက်ဆုံးတော့၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနိုင်ငံတွေ လတ်တလောရင်ဆိုင်နေရတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးမှာရော၊ အနာဂတ်အတွက်ပါ တပေါင်းတည်း ကူညီဖို့ နောက်ထပ် အရင်းအမြစ်အသစ်တွေ ပံ့ပိုးနိုင်ရေး အာရုံစိုက်နေပါတယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံလူထုကျန်းမာရေး အရေးပေါ်ညှိနှိုင်းမှုစနစ် အတွက် ဒေါ်လာ တသန်းခွဲပံ့ပိုးခဲ့တာဟာ ဒေသတွင်း လူထုကျန်းမာရေးအရေးပေါ် အကျပ်အတည်း တုန့်ပြန်နိုင်ရေး အာဆီယံရဲ့ စွမ်းရည်ကို မြှင့်တင်ပေးတာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်ပြောရရင်၊ နောက်ထပ် ကပ်ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ကူညီတာလည်းဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ အကောင်းဆုံးကျင့်သုံးရမယ့် သိကောင်းစရာအချက်တွေကို မျှဝေဖို့ အနာဂတ်ကျန်းမားရေးအတွက် ဝါရင့်ပညာရှင်ကွန်ယက်ကို ဖွဲ့စည်းလိုက်ပါပြီ။ကျနော်တို့ရဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာနကလည်း အာဆီယံကျန်းမာရေးကဏ္ဍနဲ့ တရားဝင် ဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်လို့ ဝန်ကြီး Pompeo ကပြောသွားတာပါ။”

“ကျနော်တို့ရဲ့ အာဆီယံဒေသက မိတ်ဆွေတွေကို အကူအညီပေးတဲ့ အမေရိကန်ရဲ့ ဆောင်ရွက်ချက်အတွက် ဂုဏ်ယူပါတယ်။ ဆက်လက်ပြီးလည်း အားကိုးအားထားပြုနိုင်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG