Accessibility links

Breaking News

ေတာင္တရုတ္ပင္လယ္ျပင္အတြင္း တရုတ္ရဲ႕ ဥပေဒမဲ့လုပ္ရပ္


Spratly ကၽြန္းေပၚတြင္ တရုတ္တို႔က ေဆာက္လုပ္ေရး လုပ္ငန္းမ်ား လုပ္ေနစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

၂၀၁၃ ခုႏွစ္ကစလို႔ တ႐ုတ္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္ထဲက လူမေနတဲ့ ကၽြန္းအမ်ားစုကုိေရာ၊ ေသာင္စြယ္ကၽြန္းႏုေတြနဲ႔ ေရေအာက္သယံဇာေတြကိုပါ သူတုိ႔ပုိင္အျဖစ္ သတ္မွတ္ႏိုင္ဖို႔ဆုိတဲ့ ဆႏၵနဲ႔ သိသိသာသာ တိုးျမွင့္လုပ္ေဆာင္လာပါတယ္။

" တ႐ုတ္အစိုးရဟာ ပိုင္နက္ေျမရဖို႔ ေဖၚထုတ္ရင္း၊ အျငင္းပြားဖြယ္ စစ္စခန္းေတြ တည္ေဆာက္ႏိုင္ဖို႔ သဘာဝဝန္းက်င္ကို ဖ်က္ဆီးခဲ့တယ္ .. ဒီလုပ္ရပ္က အစားထိုး ျပန္မရႏိုင္တဲ့ ေရေအာက္သႏၱာ ေက်ာက္တန္းေတြကို ပ်က္စီးသြားေစတယ္ "လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန အဆင့္ျမင့္အရာရွိတဦးက ၾသဂုတ္လ သတင္းစာရွင္းပြဲမွာ ေျပာခဲ့ပါတယ္။

တ႐ုတ္က သူ႔ရဲ႕ေရတပ္နဲ႔ အရပ္ဖက္ သေဘၤာေတြ ဆိုက္ကပ္ႏိုင္ဖို႔ အဲဒီပင္လယ္ျပင္ထဲမွာ ကၽြန္းအတုေတြ တိုးခ်ဲ႕တည္ေဆာက္လာသလို၊ ေတာင္တ႐ုတ္ပင္လယ္ ေရပိုင္နက္ကိစၥ အျငင္းလာပ ြားေနတဲ့ အာဆီယံႏိုင္ငံတခ်ဳိ႕ကိုလည္း တရုတ္စစ္တပ္ ေၾကာေထာက္ေနာက္ခံနဲ႔ အႏိုင္က်င့္ ၿခိမ္းေျခာက္မႈ မၾကာခဏ လုပ္ခဲ့ပါတယ္။

ကုလသမဂၢ ပင္လယ္ျပင္ဆုိင္ရာဥပေဒ ေနာက္ဆက္တဲြ အမွတ္(၇)အရ ဖဲြ႔စည္းခဲ့တဲ့ ၂၀၁၆ ခုံသမာဓိ႐ုံးတခုက တရုတ္ဟာ ကြန္ဗန္းရွင္းမွာ သတ္မွတ္ထားတဲ့ ေရပိုင္နက္ထက္ ေက်ာ္လ ြန္ၿပီး ေတာင္းဆုိပုိင္ခ ြင့္ မရွိဘူးလို႔ သတ္မွတ္ထားေပမဲ့လည္း တရုတ္တို႔က အခုလို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ေတာင္တရုတ္ပင္လယ္ဆိုင္ရာ အာဆီယံႏိုင္ငံေတြရဲ႕ ကမ္းလြန္သယံဇာတ ထုတ္ယူႏုိင္ခြင့္အေပၚ တ႐ုတ္အစိုးရက ခ်ဳပ္ခ်ယ္တားဆီးဖုိ႔ အခုလို ႏိုင္ထက္စီးနင္း နည္းဗ်ဴဟာနဲ႔ မ်က္ႏွာေျပာင္တုိက္ လုပ္လာတာကို လြန္စြာမွ စိုးရိမ္မိေၾကာင္း အေမရိကန္ျပည္ေထာင္စု ေျပာဆိုၿပီး ကုလသမဂၢရဲ႕ဆုံးျဖတ္ခ်က္ေပၚ အခိုင္အမာရပ္တည္ သြားမွာပါ။

ရွင္းေနတဲ့ အခ်က္တခုက စစ္စခန္း တိုးခ်ဲ႔တည္ေဆာက္ေရးမွာ တရုတ္အစိုးရပုိင္ ကုမၸဏီေတြ အဓိက ပါဝင္ေနတာပဲ ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ေတာင္တရုတ္ပင္လယ္ျပင္ အေရးမွာ ခုလို မတည္မၿငိမ္ျဖစ္ေစတဲ့ လုပ္ရပ္ထဲ ထဲထဲဝင္ဝင္ပါေနတဲ့ တရုတ္ႏိုင္ငံသားေတြကို ျပည္ဝင္ခြင့္ဗီဇာကန္႔သတ္ဖို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ဒဏ္ခတ္ခဲ့ပါတယ္။

တခ်ိန္ထဲမွာပဲ တရုတ္အစိုးရပုိင္ကုမၸဏီ ၂၄ ခုကိုလည္း အျငင္းပြားပင္လယ္ျပင္အေရးမွာ ပါဝင္ခဲ့မႈအတြက္ အေမရိကန္ ကုန္သြယ္ေရးဝန္ႀကီးဌာနရဲ႕ နာမည္ပ်က္စာရင္းထဲ ထည့္ခဲ့ၿပီး၊ အေမရိကန္ႏိုင္ငံထဲလာမယ့္ အဲဒီတရုတ္ကုမၸဏီေတြရဲ႕ ပို႔ကုန္ေတြ သြင္းကုန္ေတြ ၊ ဒီနုိင္ငံထဲမွာတင္ ကုမၸဏီအခ်င္းခ်င္း လႊဲေျပာင္းေပးမယ့္ ကိစၥေတြမွာ အထူးခြင့္ျပဳခ်က္လိုမယ္လုိ႔ ျပဌာန္းထားပါတယ္။

အလားတူ အေရးယူေဆာင္ရြက္ခ်က္ကို အျခားႏိုင္ငံေတြကလည္း စဥ္းစားဖို႔လိုၿပိး ၊ ဒါက သင့္ေတာ္တဲ့ ဆုံးျဖတ္ခ်က္လုိ႔ ျမင္တဲ့အေၾကာင္း၊ အျခားႏိုင္ငံေတြဟာ စီးပြားေရး ၊ ပညာဖလွယ္မႈ ၊ ျပည္ဝင္ခြင့္ဗီဇာနဲ႔ အျခားေသာ မ်ားေျမာင္တဲ့ကိစၥေတြမွာပါ တရုတ္နဲ႔ က်ယ္ျပန္တဲ့ ဆက္ဆံေရးအေပၚ အေလးထားၿပီး သူတို႔ႏိုင္ငံေတြရဲ႕မူဝါဒကို အေသခ်ာ ျပန္လည္ဆန္းစစ္ေနရတာကို အေမရိကန္က နားလည္ေၾကာင္းနဲ႔ ေတာင္တရုတ္ပင္လယ္အေရးမွာ တရုတ္အစိုးရရဲ႕ ဆုိးဝါးတဲ့လုပ္ရပ္ေတြ က်ယ္ျပန္႔ တုိးပြားလာတဲ့အခ်က္ကို အေမရိကန္က စိုးရိမ္ေၾကာင္း ႏိုင္ငံျခားေရးဌာန အရာရွိက ေျပာပါတယ္။

ရွင္းရွင္းလင္းလင္းသိေစခ်င္တာက တရုတ္ရဲ႕အိမ္နီးခ်င္ႏိုင္ငံေတြကုိေရာ ၊ အေမရိကန္နဲ႔ ကမၻာႀကီးရဲ႕ အက်ဳိးစီးပြားကိုပါ ဆန္႔က်င္လာမယ့္ တရုတ္ရဲ႕ ေနာက္ထပ္ စစ္ေရးတုိးခ်ဲ႕မႈနဲ႔ အႏိုင္က်င့္မႈေတြကုိ လက္ခံမွာမဟုတ္ပဲ၊ အေမရိကန္က အေရးယူေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္ခင္ဗ်ား။

..................

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ရဲ့ ဥပဒေမဲ့လုပ်ရပ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

၂၀၁၃ ခုနှစ်ကစလို့ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲက လူမနေတဲ့ ကျွန်းအများစုကိုရော၊ သောင်စွယ်ကျွန်းနုတွေနဲ့ ရေအောက်သယံဇာတွေကိုပါ သူတို့ပိုင်အဖြစ် သတ်မှတ်နိုင်ဖို့ဆိုတဲ့ ဆန္ဒနဲ့ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

" တရုတ်အစိုးရဟာ ပိုင်နက်မြေရဖို့ ဖေါ်ထုတ်ရင်း၊ အငြင်းပွားဖွယ် စစ်စခန်းတွေ တည်ဆောက်နိုင်ဖို့ သဘာဝဝန်းကျင်ကို ဖျက်ဆီးခဲ့တယ် .. ဒီလုပ်ရပ်က အစားထိုး ပြန်မရနိုင်တဲ့ ရေအောက်သန္တာ ကျောက်တန်းတွေကို ပျက်စီးသွားစေတယ် "လို့ အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတဦးက သြဂုတ်လ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်က သူ့ရဲ့ရေတပ်နဲ့ အရပ်ဖက် သင်္ဘောတွေ ဆိုက်ကပ်နိုင်ဖို့ အဲဒီပင်လယ်ပြင်ထဲမှာ ကျွန်းအတုတွေ တိုးချဲ့တည်ဆောက်လာသလို၊ တောင်တရုတ်ပင်လယ် ရေပိုင်နက်ကိစ္စ အငြင်းလာပ ွားနေတဲ့ အာဆီယံနိုင်ငံတချို့ကိုလည်း တရုတ်စစ်တပ် ကြောထောက်နောက်ခံနဲ့ အနိုင်ကျင့် ခြိမ်းခြောက်မှု မကြာခဏ လုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာဥပဒေ နောက်ဆက်တွဲ အမှတ်(၇)အရ ဖွဲ့စည်းခဲ့တဲ့ ၂၀၁၆ ခုံသမာဓိရုံးတခုက တရုတ်ဟာ ကွန်ဗန်းရှင်းမှာ သတ်မှတ်ထားတဲ့ ရေပိုင်နက်ထက် ကျော်လ ွန်ပြီး တောင်းဆိုပိုင်ခ ွင့် မရှိဘူးလို့ သတ်မှတ်ထားပေမဲ့လည်း တရုတ်တို့က အခုလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံနိုင်ငံတွေရဲ့ ကမ်းလွန်သယံဇာတ ထုတ်ယူနိုင်ခွင့်အပေါ် တရုတ်အစိုးရက ချုပ်ချယ်တားဆီးဖို့ အခုလို နိုင်ထက်စီးနင်း နည်းဗျူဟာနဲ့ မျက်နှာပြောင်တိုက် လုပ်လာတာကို လွန်စွာမှ စိုးရိမ်မိကြောင်း အမေရိကန်ပြည်ထောင်စု ပြောဆိုပြီး ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ပေါ် အခိုင်အမာရပ်တည် သွားမှာပါ။

ရှင်းနေတဲ့ အချက်တခုက စစ်စခန်း တိုးချဲ့တည်ဆောက်ရေးမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေ အဓိက ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တောင်တရုတ်ပင်လယ်ပြင် အရေးမှာ ခုလို မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်ထဲ ထဲထဲဝင်ဝင်ပါနေတဲ့ တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒဏ်ခတ်ခဲ့ပါတယ်။

တချိန်ထဲမှာပဲ တရုတ်အစိုးရပိုင်ကုမ္ပဏီ ၂၄ ခုကိုလည်း အငြင်းပွားပင်လယ်ပြင်အရေးမှာ ပါဝင်ခဲ့မှုအတွက် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ နာမည်ပျက်စာရင်းထဲ ထည့်ခဲ့ပြီး၊ အမေရိကန်နိုင်ငံထဲလာမယ့် အဲဒီတရုတ်ကုမ္ပဏီတွေရဲ့ ပို့ကုန်တွေ သွင်းကုန်တွေ ၊ ဒီနိုင်ငံထဲမှာတင် ကုမ္ပဏီအချင်းချင်း လွှဲပြောင်းပေးမယ့် ကိစ္စတွေမှာ အထူးခွင့်ပြုချက်လိုမယ်လို့ ပြဌာန်းထားပါတယ်။

အလားတူ အရေးယူဆောင်ရွက်ချက်ကို အခြားနိုင်ငံတွေကလည်း စဉ်းစားဖို့လိုပြိး ၊ ဒါက သင့်တော်တဲ့ ဆုံးဖြတ်ချက်လို့ မြင်တဲ့အကြောင်း၊ အခြားနိုင်ငံတွေဟာ စီးပွားရေး ၊ ပညာဖလှယ်မှု ၊ ပြည်ဝင်ခွင့်ဗီဇာနဲ့ အခြားသော များမြောင်တဲ့ကိစ္စတွေမှာပါ တရုတ်နဲ့ ကျယ်ပြန်တဲ့ ဆက်ဆံရေးအပေါ် အလေးထားပြီး သူတို့နိုင်ငံတွေရဲ့မူဝါဒကို အသေချာ ပြန်လည်ဆန်းစစ်နေရတာကို အမေရိကန်က နားလည်ကြောင်းနဲ့ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်အစိုးရရဲ့ ဆိုးဝါးတဲ့လုပ်ရပ်တွေ ကျယ်ပြန့် တိုးပွားလာတဲ့အချက်ကို အမေရိကန်က စိုးရိမ်ကြောင်း နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

ရှင်းရှင်းလင်းလင်းသိစေချင်တာက တရုတ်ရဲ့အိမ်နီးချင်နိုင်ငံတွေကိုရော ၊ အမေရိကန်နဲ့ ကမ္ဘာကြီးရဲ့ အကျိုးစီးပွားကိုပါ ဆန့်ကျင်လာမယ့် တရုတ်ရဲ့ နောက်ထပ် စစ်ရေးတိုးချဲ့မှုနဲ့ အနိုင်ကျင့်မှုတွေကို လက်ခံမှာမဟုတ်ပဲ၊ အမေရိကန်က အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG