Accessibility links

Breaking News

Serbia နဲ႔ Kosovo ၾကားက သမုိင္း၀င္သေဘာတူညီခ်က္


Serbia သမၼတ Aleksandar Vucic နဲ႔ Kosovo ၀န္ႀကီးခ်ဳပ္ Avdullah Hoti ရဲ႕ အိမ္ျဖဴေတာ္မွာက်င္ပတဲ့ လက္မွတ္ထုိးပြဲ အခမ္းအနား (စက္တင္ဘာ ၄ ရက္ေန႔၊ ၂၀၂၀)
Serbia သမၼတ Aleksandar Vucic နဲ႔ Kosovo ၀န္ႀကီးခ်ဳပ္ Avdullah Hoti ရဲ႕ အိမ္ျဖဴေတာ္မွာက်င္ပတဲ့ လက္မွတ္ထုိးပြဲ အခမ္းအနား (စက္တင္ဘာ ၄ ရက္ေန႔၊ ၂၀၂၀)

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ႏွစ္ႏုိင္ငံအၾကား တင္းမာမႈေတြရွိေနတဲ့ၾကားကဘဲ Serbia နဲ႔ Kosovo တုိ႔ဟာ စီးပြားေရးအရ ဆက္ဆံေရးေတြ စတင္ဖုိ႔ ရဲ၀ံ့တဲ့ ေျခလွမ္းေတြကုိ လွမ္းလုိက္ၾကပါၿပီ။ အေမရိကန္ျပည္ေထာင္စုရဲ႕ ၾကား၀င္ ေစ့စပ္ေပးမႈအရ စီးပြားေရးဆုိင္ရာ က်ယ္ျပန္႔တဲ့ကိစၥရပ္ေတြကုိ ပူးေပါင္း ေဆာင္ရြက္ၾကဖုိ႔ ကတိျပဳထားတဲ့ သေဘာတူညီခ်က္ကုိ စက္တင္ဘာလ ၄ ရက္ေန႔မွာ လက္မွတ္ေရးလုိက္ပါၿပီ။

အတူလက္တြဲ လုပ္ေဆာင္ၾကဖုိ႔ Serbia သမၼတ Aleksandar Vucic နဲ႔ Kosovo ၀န္ႀကီးခ်ဳပ္ Avdullah Hoti ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ေဒသတြင္းအတြက္သာမကဘဲ တကမၻာလုံးအတြက္ ပုိၿပီး ေဘးကင္းလုံၿခံဳမႈ ျဖစ္ေစေၾကာင္း အိမ္ျဖဴေတာ္မွာက်င္ပတဲ့ လက္မွတ္ထုိးပြဲ အခမ္းအနားမွာ သမၼတ Donald Trump က ေျပာၾကားခဲ့ပါတယ္။

“အၾကမ္းဖက္မႈေတြ၊ စိတ္မခ်မ္းေျမ့ဖြယ္ရာ သမုိင္းေၾကာင္းေတြ၊ မေအာင္ျမင္တဲ့ ေစ့စပ္ညွိႏႈိင္းမႈေတြ ႀကံဳေတြ႔ရၿပီးတဲ့ေနာက္ အဲဒီ ကြဲျပားမႈေတြ ေပါင္းစည္းႏုိင္ေအာင္ က်ေနာ့္အစုိးရအဖြဲ႔က နည္းလမ္းသစ္ကုိ အဆုိျပဳခဲ့ပါတယ္။ အလုပ္အကုိင္ အခြင့္အလန္း ဖန္တီးေရးနဲ႔ စီးပြားေရး တုိးတက္မႈေတြကုိ အာရုံစုိက္ၿပီး ႏွစ္ႏုိင္ငံအၾကား ထူးျခားတဲ့ သေဘာတူညီမႈ ရယူႏုိင္ခဲ့ပါတယ္။ ဒီကိစၥ ေအာင္ျမင္စြာ လုပ္ေဆာင္ႏုိင္ခဲ့တဲ့ ဒီ ေခါင္းေဆာင္ ႏွစ္ဦးကုိ က်ေနာ္တုိ႔ ခ်ီးက်ဴး ဂုဏ္ျပဳပါတယ္။ သူတုိ႔ႏုိင္ငံသားေတြက သူတုိ႔အေပၚ ပုိၿပီး ဂုဏ္ယူမယ္ဆုိတဲ့အခ်က္က ပုိအေရးႀကီးမယ္ထင္ပါတယ္။ ဒါဟာ သမုိင္း၀င္ေန႔ တေန႔ပါ။”

၁၉၉၀ ခုႏွစ္ေတြအတြင္း Yugoslavia ႏုိင္ငံ ၿပိဳကြဲသြားၿပီး ေနာက္ဆက္တြဲျဖစ္ေပၚခဲ့တဲ့ Balkan စစ္ပြဲအၿပီး ၂၀၀၈ ခုႏွစ္မွာ Serbia ထဲက Kosovo ခြဲထြက္ၿပီး သီးျခား လြတ္လပ္တဲ့ႏုိင္ငံအျဖစ္ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီ ခြဲထြက္မႈကုိ Serbia ဘက္က အသိအမွတ္ မျပဳပါဘူး။ လြန္ခဲ့တဲ့ အႏွစ္ ၂၀ အတြင္း ဒီ ႏွစ္ႏုိင္ငံအၾကား ႏုိင္ငံေရးအေရ သေဘာတူညီခ်က္ ရႏုိင္ေရး အေနာက္ႏုိင္ငံေတြက ႀကိဳးစားခဲ့ၾကေပမယ့္ ခုခ်ိန္ထိ မေအာင္ျမင္ေသးပါဘူး။ ေရွ႕မတုိး ေနာက္မဆုပ္ျဖစ္ေနတဲ့ အေျခအေနကေန ေျပာင္းလဲႏုိင္ဖုိ႔ သမၼတ Trump အေနက သႏၷိ႒ာန္ ခ်ထားတယ္လုိ႔ Serbia နဲ႔ Kosovo ဆုိင္ရာ အေမရိကန္ အထူးသံတမန္ Richard Grenell က ေျပာပါတယ္။

“အစပုိင္းမွာ သမၼတ Trump ေျပာခဲ့တာက - စီးပြားေရးအရ ဖြံ႔ၿဖိဳးလာေအာင္ သူတုိ႔ကုိ ေျပာျပမယ္၊ စက္မႈလုပ္ငန္းေတြ တုိးတက္လာေအာင္ လုပ္ျပမယ္။ ေျပာင္းျပန္ ျပန္စၾကရေအာင္။ စီးပြားေရးအရ ဘယ္လုိလုပ္မယ္ဆုိတာကုိ အရင္ခ်ျပၾကမယ္။ ၿပီးေတာ့ - စီးပြားေရးတုိးတက္မႈနဲ႔ အလုပ္အကုိင္ဖန္တီးမႈေတြက ႏုိင္ငံေရးအရ ညွိႏႈိင္းမရႏုိင္တာေတြကုိ ေျပာင္းလဲေပးႏုိင္မလား ဆုိတာကုိ အရင္ၾကည့္ၾကရေအာင္။ အဲဒီလုိ ျဖစ္မျဖစ္ဆုိတာကေတာ့ မသိႏုိင္ေသးပါဘူး။”

Serbia နဲ႔ Kosovo အၾကား အေမရိကန္က ၾကား၀င္ညွိႏုိင္ေပးခဲ့တဲ့ စီးပြားေရး ဆက္ဆံမႈ သေဘာတူညီခ်က္အရ ႏွစ္ဘက္ စီးပြားေရး တုိးတက္မႈနဲ႔ အလုပ္အကုိင္ဖန္တီးေပးမႈေတြကေန သိသာထင္ရွားတဲ့ ပူးေပါင္း ေဆာင္ရြက္မႈေတြ ျဖစ္ေပၚလာမယ္ဆုိတာကုိ လက္ေတြ႔ ျပႏုိင္ေရး ျဖစ္ပါတယ္။ ဒီ သမုိင္း၀င္ သေဘာတူညီခ်က္အရ ႏွစ္ႏုိင္ငံနယ္စပ္ ျဖတ္ေက်ာ္မႈေတြ ျဖစ္ထြန္းလာၿပီး တဘက္နဲ႔ တဘက္ ဘဲြ႔လက္မွတ္ အေထာက္အထားေတြနဲ႔ လုိင္စင္ေတြကုိ အသိအမွတ္ျပဳဖုိ႔ တြန္းအားေပးရာလည္း ေရာက္ပါတယ္။

ဒါ့အျပင္ Serbia နဲ႔ Kosovo တုိ႔ဟာ အရွိန္ေကာင္းလာေနတဲ့ အေရွ႕အလယ္ပုိင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ပါ၀င္လာျခင္း ျဖစ္ပါတယ္။ Kosovo နဲ႔ အစၥေရးအၾကား သံတမန္ဆက္ဆက္ေရးေတြ ထူေထာင္ဖုိ႔ သေဘာတူခဲ့ၾကၿပီး ျဖစ္ပါတယ္။ Serbia ကလည္း သူတုိ႔ရဲ႕ သံရုံးကုိ Jerusalem ကုိ ေျပာင္းေရြ႕မယ္လုိ႔ ကတိျပဳထားပါတယ္။ ဒါေတြဟာ ဥေရာပနဲ႔ အေရွ႕အလယ္ပုိင္းႏုိင္ငံေတြအၾကားက ဆက္ဆံေရး ပုိမုိ ခုိင္မာအားေကာင္းေစဖုိ႔ အေရးပါတဲ့ ေျခလွမ္းေတြ ျဖစ္ပါတယ္။

Serbia နဲ႔ Kosovo အၾကား အတိတ္က နာက်ဥ္ ခံစားမႈေတြရွိခဲ့ၾကတယ္ဆုိတာကုိ အိမ္ျဖဴေတာ္အခမ္းအနားမွာ သမၼတ Trump က အသိအမွတ္ ျပဳေျပာၾကားခဲ့ေပမယ့္ ေတာက္ပတဲ့ အနာဂတ္ ရွိေနတယ္လုိ႔ ေျပာပါတယ္။ “ဒီ ႏွစ္ႏုိင္ငံဟာ အင္မတန္ ေကာင္းမြန္တဲ့ ဆက္ဆံေရးကုိ တည္ေဆာက္ႏုိင္ၾကမွာပါ၊ စီးပြားေရးက သူတုိ႔ ႏွစ္ႏုိင္ငံကုိ ေပါင္းစည္းေပးမွာ ျဖစ္ပါတယ္” လုိ႔ သမၼတ Trump က ေျပာၾကားခဲ့ပါတယ္။

........................

Serbia နဲ့ Kosovo ကြားက သမိုင်းဝင်သဘောတူညီချက်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

နှစ်နိုင်ငံအကြား တင်းမာမှုတွေရှိနေတဲ့ကြားကဘဲ Serbia နဲ့ Kosovo တို့ဟာ စီးပွားရေးအရ ဆက်ဆံရေးတွေ စတင်ဖို့ ရဲဝံ့တဲ့ ခြေလှမ်းတွေကို လှမ်းလိုက်ကြပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ စီးပွားရေးဆိုင်ရာ ကျယ်ပြန့်တဲ့ကိစ္စရပ်တွေကို ပူးပေါင်း ဆောင်ရွက်ကြဖို့ ကတိပြုထားတဲ့ သဘောတူညီချက်ကို စက်တင်ဘာလ ၄ ရက်နေ့မှာ လက်မှတ်ရေးလိုက်ပါပြီ။

အတူလက်တွဲ လုပ်ဆောင်ကြဖို့ Serbia သမ္မတ Aleksandar Vucic နဲ့ Kosovo ဝန်ကြီးချုပ် Avdullah Hoti ရဲ့ ဆုံးဖြတ်ချက်ဟာ ဒေသတွင်းအတွက်သာမကဘဲ တကမ္ဘာလုံးအတွက် ပိုပြီး ဘေးကင်းလုံခြုံမှု ဖြစ်စေကြောင်း အိမ်ဖြူတော်မှာကျင်ပတဲ့ လက်မှတ်ထိုးပွဲ အခမ်းအနားမှာ သမ္မတ Donald Trump က ပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေ၊ စိတ်မချမ်းမြေ့ဖွယ်ရာ သမိုင်းကြောင်းတွေ၊ မအောင်မြင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ကြုံတွေ့ရပြီးတဲ့နောက် အဲဒီ ကွဲပြားမှုတွေ ပေါင်းစည်းနိုင်အောင် ကျနော့်အစိုးရအဖွဲ့က နည်းလမ်းသစ်ကို အဆိုပြုခဲ့ပါတယ်။ အလုပ်အကိုင် အခွင့်အလန်း ဖန်တီးရေးနဲ့ စီးပွားရေး တိုးတက်မှုတွေကို အာရုံစိုက်ပြီး နှစ်နိုင်ငံအကြား ထူးခြားတဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ ဒီကိစ္စ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့ ဒီ ခေါင်းဆောင် နှစ်ဦးကို ကျနော်တို့ ချီးကျူး ဂုဏ်ပြုပါတယ်။ သူတို့နိုင်ငံသားတွေက သူတို့အပေါ် ပိုပြီး ဂုဏ်ယူမယ်ဆိုတဲ့အချက်က ပိုအရေးကြီးမယ်ထင်ပါတယ်။ ဒါဟာ သမိုင်းဝင်နေ့ တနေ့ပါ။”

၁၉၉၀ ခုနှစ်တွေအတွင်း Yugoslavia နိုင်ငံ ပြိုကွဲသွားပြီး နောက်ဆက်တွဲဖြစ်ပေါ်ခဲ့တဲ့ Balkan စစ်ပွဲအပြီး ၂၀၀၈ ခုနှစ်မှာ Serbia ထဲက Kosovo ခွဲထွက်ပြီး သီးခြား လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ခွဲထွက်မှုကို Serbia ဘက်က အသိအမှတ် မပြုပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ဒီ နှစ်နိုင်ငံအကြား နိုင်ငံရေးအရေ သဘောတူညီချက် ရနိုင်ရေး အနောက်နိုင်ငံတွေက ကြိုးစားခဲ့ကြပေမယ့် ခုချိန်ထိ မအောင်မြင်သေးပါဘူး။ ရှေ့မတိုး နောက်မဆုပ်ဖြစ်နေတဲ့ အခြေအနေကနေ ပြောင်းလဲနိုင်ဖို့ သမ္မတ Trump အနေက သန္နိဋ္ဌာန် ချထားတယ်လို့ Serbia နဲ့ Kosovo ဆိုင်ရာ အမေရိကန် အထူးသံတမန် Richard Grenell က ပြောပါတယ်။

“အစပိုင်းမှာ သမ္မတ Trump ပြောခဲ့တာက - စီးပွားရေးအရ ဖွံ့ဖြိုးလာအောင် သူတို့ကို ပြောပြမယ်၊ စက်မှုလုပ်ငန်းတွေ တိုးတက်လာအောင် လုပ်ပြမယ်။ ပြောင်းပြန် ပြန်စကြရအောင်။ စီးပွားရေးအရ ဘယ်လိုလုပ်မယ်ဆိုတာကို အရင်ချပြကြမယ်။ ပြီးတော့ - စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်ဖန်တီးမှုတွေက နိုင်ငံရေးအရ ညှိနှိုင်းမရနိုင်တာတွေကို ပြောင်းလဲပေးနိုင်မလား ဆိုတာကို အရင်ကြည့်ကြရအောင်။ အဲဒီလို ဖြစ်မဖြစ်ဆိုတာကတော့ မသိနိုင်သေးပါဘူး။”

Serbia နဲ့ Kosovo အကြား အမေရိကန်က ကြားဝင်ညှိနိုင်ပေးခဲ့တဲ့ စီးပွားရေး ဆက်ဆံမှု သဘောတူညီချက်အရ နှစ်ဘက် စီးပွားရေး တိုးတက်မှုနဲ့ အလုပ်အကိုင်ဖန်တီးပေးမှုတွေကနေ သိသာထင်ရှားတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာမယ်ဆိုတာကို လက်တွေ့ ပြနိုင်ရေး ဖြစ်ပါတယ်။ ဒီ သမိုင်းဝင် သဘောတူညီချက်အရ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်မှုတွေ ဖြစ်ထွန်းလာပြီး တဘက်နဲ့ တဘက် ဘွဲ့လက်မှတ် အထောက်အထားတွေနဲ့ လိုင်စင်တွေကို အသိအမှတ်ပြုဖို့ တွန်းအားပေးရာလည်း ရောက်ပါတယ်။

ဒါ့အပြင် Serbia နဲ့ Kosovo တို့ဟာ အရှိန်ကောင်းလာနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။ Kosovo နဲ့ အစ္စရေးအကြား သံတမန်ဆက်ဆက်ရေးတွေ ထူထောင်ဖို့ သဘောတူခဲ့ကြပြီး ဖြစ်ပါတယ်။ Serbia ကလည်း သူတို့ရဲ့ သံရုံးကို Jerusalem ကို ပြောင်းရွေ့မယ်လို့ ကတိပြုထားပါတယ်။ ဒါတွေဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေအကြားက ဆက်ဆံရေး ပိုမို ခိုင်မာအားကောင်းစေဖို့ အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။

Serbia နဲ့ Kosovo အကြား အတိတ်က နာကျဉ် ခံစားမှုတွေရှိခဲ့ကြတယ်ဆိုတာကို အိမ်ဖြူတော်အခမ်းအနားမှာ သမ္မတ Trump က အသိအမှတ် ပြုပြောကြားခဲ့ပေမယ့် တောက်ပတဲ့ အနာဂတ် ရှိနေတယ်လို့ ပြောပါတယ်။ “ဒီ နှစ်နိုင်ငံဟာ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ကြမှာပါ၊ စီးပွားရေးက သူတို့ နှစ်နိုင်ငံကို ပေါင်းစည်းပေးမှာ ဖြစ်ပါတယ်” လို့ သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG