Accessibility links

Breaking News

အီရန္က လူ႔အခြင့္အေရးခ်ဳိးေဖာက္သူေတြကုိ အေမရိကန္ ဆက္လက္ေဖာ္ထုတ္


အီရန္ႏိုင္ငံရဲ႕ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ Evin အက်ဥ္းေထာင္
အီရန္ႏိုင္ငံရဲ႕ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ Evin အက်ဥ္းေထာင္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အီရန္အစိုးရအာဏာရခဲ့တဲ့ ၁၉၇၉ ခုႏွစ္ကစၿပီး အီရန္ကေန ႏိုင္ငံေပါင္း ၄၀ ေက်ာ္မွာ လုပ္ႀကံသတ္ျဖတ္မႈေတြ၊ အၾကမ္းဖက္လုပ္ရပ္ႀကံစည္တာေတြနဲ႔ အၾကမ္းဖက္တိုက္ခိုက္တာေတြကို လုပ္ေဆာင္ခဲ့ၾကပါတယ္။ အီရန္အစိုးရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈနဲ႔ ေကာက္က်စ္မႈေတြဟာ ႏိုင္ငံတကာနယ္နမိတ္သတ္မွတ္ခ်က္မရွိပါဘူး လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာပါတယ္။

ၾသဂုတ္လ ၂၁ ရက္ေန႔ဟာ အၾကမ္းဖက္ဝါဒေၾကာင့္ နစ္နာခဲ့ၾကသူတြကို ဂုဏ္ျပဳတဲ့ ေအာက္ေမ့ဘြယ္ အထိမ္းအမွတ္ ႏွစ္ပတ္လည္ေန႔ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေန ဒုကၡေရာက္၊ နစ္နာခဲ့ၾကသူေတြကို ေအာက္ေမ့ ဂုဏ္ျပဳတဲ့အေနနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖါက္တဲ့ အီရန္ႏိုင္ငံသား ၁၄ ေယာက္ကို ပိတ္ဆို႔မႈနဲ႔ အေရးယူလိုက္ပါတယ္။ အဲဒီထဲက ၁၃ ေယာက္ဟာ ၁၉၉၀ ျပည့္ႏွစ္ကႀကိဳတင္ႀကံစည္ၿပီး ဆြစ္ဇာလန္ႏိုင္ငံမွာ ရက္စက္စြာတိုက္ခိုက္ခဲ့မႈ မွာ ပါဝင္ခဲ့သူ အီရန္အစိုးရတာဝန္ရွိသူေတြျဖစ္ပါတယ္။

အဲဒီ ၁၃ ေယာက္က သူတို႔အစိုးရရဲ႕ အဆင့္ျမင့္ဆံုးညႊန္ၾကားမႈအရ အီရန္သံတမန္ေတြအျဖစ္ အေယာင္ေဆာင္ခဲ့ၾကၿပီးက်ဴးလြန္ခဲ့ၾကတာျဖစ္ပါတယ္။ ဒီ အီရန္သူလွ်ိဳေတြရဲ႕ ျပည္ပမွာ ႀကံစည္က်ဴးလြန္ၾကတဲ့ အမႈေတြအနက္ အီရန္အစိုးရကို ဆန္႔က်င္ သူတေယာက္ကို ႏႈတ္ပိတ္တဲ့အေနနဲ႔ သတ္ခဲ့တာအပါအဝင္၊ျပည္ပမွာ အၾကမ္းဖက္မႈေတြ က်ဴးလြန္ခဲ့ၾကပါတယ္။

အီရန္အစိုးရက ျပည္ပေရာက္ အီရန္ႏိုင္ငံသားေတြကိုဘဲ အေၾကာက္တရားနဲ႔ အၾကမ္းဖက္ႏွိပ္ကြပ္ေနတာ မဟုတ္ဘူးလို႔ အေမရိကန္ႏိုင္ငံျခားဝန္ႀကီး Mike Pompeo ရဲ႕ အဲဒီ ေၾကညာခ်က္မွာ ေဖၚျပ ထားပါတယ္။အီရန္ႏိုင္ငံရဲ႕ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ Evin အက်ဥ္းေထာင္ ေထာင္မွဴး Hojatollah Khodaei Souri ကို လည္း အေမရိကန္က လူသိရွင္ၾကား ပိတ္ဆို႔မႈနဲ႔ ဒဏ္ခတ္လိုက္ပါတယ္။ အဲဒီ Evin ေထာင္မွာ ႏိုင္ငဲေရးအက်ဥ္းသားေတြကို ႏွစ္ရွည္လမ်ား မုဒိမ္းက်င့္တာအပါအဝင္၊ ရက္စက္စြာ၊ ႏွိပ္စက္တာ၊ ရိုက္ႏွက္တာေတြနဲ႕၊ ေဆးဝါးကုသခြင့္မေပးပါဘူး။ သက္ဆိုင္ရာအစိုးရေတြနဲ႔ အေပးအယူလုပ္ႏိုင္ေအာင္၊ႏိုင္ငံျခားသားေတြကိုလည္း ဓားစာခံေတြအျဖစ္ အဲဒီေထာင္မွာ ဖမ္းထားပါတယ္။

အခု အေမရိကန္က အေရးယူလိုက္တဲ့ အီရန္တာဝန္ရွိသူ ၁၄ ေယာက္ဟာ လူ႔အခြင့္အေရး အႀကီးအက်ယ္ခ်ိဳးေဖါက္ရာမွာ ပါဝင္ပတ္သက္ခဲ့တဲ့အတြက္ သူတို႔နဲ႔ သူတို႔ရဲက မိသားစုအရင္းအခ်ာေတြ အေမရိကန္ျပည္ေထာင္စုကို ဝင္ခြင့္မရွိေတာ့ပါဘူး။အီရန္အစၥလာမစ္သမၼတႏိုင္ငံရဲ႕ ႏွိပ္ကြပ္မႈဒဏ္ခဲခဲ့ရတဲ့ ကမၻာတဝန္းက နစ္နာခဲ့သူေတြကို ဒီအေရးယူမႈက ေထာက္ခံေၾကာင္း အမ်ာစကားပါးလိုက္တာျဖစ္ၿပီး၊ အၾကမ္းဖက္လုပ္ရပ္ေတြ ျပန္႔ပြားေအာင္လုပ္သူေတြကို တာဝန္ခံမႈရွိေစဖို႔ တြန္းအားေပးတာျဖစ္ေၾကာင္း အီရန္အေနနဲ႔ ကိုယ့္ျပည္သူေတြကို သိကၡာရွိစြာနဲ႔ ေလးစားစြာ ျပဳမူဆက္ဆံဖို႔ အေမရိကန္ျပည္ေထာင္စုက ဆက္လက္ ဖိအားေပးေနမယ္လို႔ဝန္ႀကီး Pompeo ကဆိုပါတယ္။

အီရန္ႏိုင္ငံရဲ႕ မေရမတြက္ႏိုင္ေလာက္ေအာင္မ်ားျပာတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္သူေတြ၊ တရားဥပေဒအရ အေရးယူတာကိုရင္ဆိုင္ၾကမယ့္ေန႔ကို အေမရိကန္ျပည္ေထာင္စုက ေရွ႕ရႈေနပါေၾကာင္း၊ အီရန္အစိုးရရဲ႕ ဖိႏွိပ္၊ အၾကမ္းဖက္မႈေၾကာင့္ျပည္တြင္းမွာ ျပည္ပမွာပါ၊ အသက္ဆံုးရံႈးခဲ့ၾကသူေတြရဲ႕ မိသားစုေတြနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြ ဘဝင္က်ေအာင္၊ ဒီအေရးယူမႈေတြက အတိုင္းအတာ တခုအေနနဲ႔စိတ္သက္သာရ ရေစလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

..............

အီရန်က လူ့အခွင့်အရေးချိုးဖောက်သူတွေကို အမေရိကန် ဆက်လက်ဖော်ထုတ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အီရန်အစိုးရအာဏာရခဲ့တဲ့ ၁၉၇၉ ခုနှစ်ကစပြီး အီရန်ကနေ နိုင်ငံပေါင်း ၄၀ ကျော်မှာ လုပ်ကြံသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်ကြံစည်တာတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ အီရန်အစိုးရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ကောက်ကျစ်မှုတွေဟာ နိုင်ငံတကာနယ်နမိတ်သတ်မှတ်ချက်မရှိပါဘူး လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့ဟာ အကြမ်းဖက်ဝါဒကြောင့် နစ်နာခဲ့ကြသူတွကို ဂုဏ်ပြုတဲ့ အောက်မေ့ဘွယ် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဒုက္ခရောက်၊ နစ်နာခဲ့ကြသူတွေကို အောက်မေ့ ဂုဏ်ပြုတဲ့အနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်တဲ့ အီရန်နိုင်ငံသား ၁၄ ယောက်ကို ပိတ်ဆို့မှုနဲ့ အရေးယူလိုက်ပါတယ်။ အဲဒီထဲက ၁၃ ယောက်ဟာ ၁၉၉၀ ပြည့်နှစ်ကကြိုတင်ကြံစည်ပြီး ဆွစ်ဇာလန်နိုင်ငံမှာ ရက်စက်စွာတိုက်ခိုက်ခဲ့မှု မှာ ပါဝင်ခဲ့သူ အီရန်အစိုးရတာဝန်ရှိသူတွေဖြစ်ပါတယ်။

အဲဒီ ၁၃ ယောက်က သူတို့အစိုးရရဲ့ အဆင့်မြင့်ဆုံးညွှန်ကြားမှုအရ အီရန်သံတမန်တွေအဖြစ် အယောင်ဆောင်ခဲ့ကြပြီးကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ ဒီ အီရန်သူလျှိုတွေရဲ့ ပြည်ပမှာ ကြံစည်ကျူးလွန်ကြတဲ့ အမှုတွေအနက် အီရန်အစိုးရကို ဆန့်ကျင် သူတယောက်ကို နှုတ်ပိတ်တဲ့အနေနဲ့ သတ်ခဲ့တာအပါအဝင်၊ပြည်ပမှာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။

အီရန်အစိုးရက ပြည်ပရောက် အီရန်နိုင်ငံသားတွေကိုဘဲ အကြောက်တရားနဲ့ အကြမ်းဖက်နှိပ်ကွပ်နေတာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားဝန်ကြီး Mike Pompeo ရဲ့ အဲဒီ ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။အီရန်နိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Evin အကျဉ်းထောင် ထောင်မှူး Hojatollah Khodaei Souri ကို လည်း အမေရိကန်က လူသိရှင်ကြား ပိတ်ဆို့မှုနဲ့ ဒဏ်ခတ်လိုက်ပါတယ်။ အဲဒီ Evin ထောင်မှာ နိုင်ငဲရေးအကျဉ်းသားတွေကို နှစ်ရှည်လများ မုဒိမ်းကျင့်တာအပါအဝင်၊ ရက်စက်စွာ၊ နှိပ်စက်တာ၊ ရိုက်နှက်တာတွေနဲ့၊ ဆေးဝါးကုသခွင့်မပေးပါဘူး။ သက်ဆိုင်ရာအစိုးရတွေနဲ့ အပေးအယူလုပ်နိုင်အောင်၊နိုင်ငံခြားသားတွေကိုလည်း ဓားစာခံတွေအဖြစ် အဲဒီထောင်မှာ ဖမ်းထားပါတယ်။

အခု အမေရိကန်က အရေးယူလိုက်တဲ့ အီရန်တာဝန်ရှိသူ ၁၄ ယောက်ဟာ လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖေါက်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် သူတို့နဲ့ သူတို့ရဲက မိသားစုအရင်းအချာတွေ အမေရိကန်ပြည်ထောင်စုကို ဝင်ခွင့်မရှိတော့ပါဘူး။အီရန်အစ္စလာမစ်သမ္မတနိုင်ငံရဲ့ နှိပ်ကွပ်မှုဒဏ်ခဲခဲ့ရတဲ့ ကမ္ဘာတဝန်းက နစ်နာခဲ့သူတွေကို ဒီအရေးယူမှုက ထောက်ခံကြောင်း အမျာစကားပါးလိုက်တာဖြစ်ပြီး၊ အကြမ်းဖက်လုပ်ရပ်တွေ ပြန့်ပွားအောင်လုပ်သူတွေကို တာဝန်ခံမှုရှိစေဖို့ တွန်းအားပေးတာဖြစ်ကြောင်း အီရန်အနေနဲ့ ကိုယ့်ပြည်သူတွေကို သိက္ခာရှိစွာနဲ့ လေးစားစွာ ပြုမူဆက်ဆံဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် ဖိအားပေးနေမယ်လို့ဝန်ကြီး Pompeo ကဆိုပါတယ်။

အီရန်နိုင်ငံရဲ့ မရေမတွက်နိုင်လောက်အောင်များပြာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်သူတွေ၊ တရားဥပဒေအရ အရေးယူတာကိုရင်ဆိုင်ကြမယ့်နေ့ကို အမေရိကန်ပြည်ထောင်စုက ရှေ့ရှုနေပါကြောင်း၊ အီရန်အစိုးရရဲ့ ဖိနှိပ်၊ အကြမ်းဖက်မှုကြောင့်ပြည်တွင်းမှာ ပြည်ပမှာပါ၊ အသက်ဆုံးရှုံးခဲ့ကြသူတွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဘဝင်ကျအောင်၊ ဒီအရေးယူမှုတွေက အတိုင်းအတာ တခုအနေနဲ့စိတ်သက်သာရ ရစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG