Accessibility links

Breaking News

ကြန္ျဖဴးရွပ္ အင္စတီက်ဴ႔ အေမရိကန္ စင္တာကို တရုတ္အစိုးရရဲ႕ ျပည္ပမစ္ရွင္ အျဖစ္ အေမရိကန္ သတ္မွတ္


Iowa သကၠသိုလ္အတြင္း ကြန္ျဖဴးရွပ္ အင္စတီက်ဴ႔ လက္ကမ္းေၾကာ္ျငာစာတေစာင္
Iowa သကၠသိုလ္အတြင္း ကြန္ျဖဴးရွပ္ အင္စတီက်ဴ႔ လက္ကမ္းေၾကာ္ျငာစာတေစာင္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္တဝွမ္း စာသင္ေက်ာင္းေတြ၊ ေကာလိပ္နဲ႔ တကၠသိုလ္ေတြမွာ တရုတ္ဘာသာစကားနဲ႔ ယဥ္ေက်းမႈေရးရာေတြ သင္ေပးဖို႔ ကမ္းလွမ္းေနတာေတြဟာ တရုတ္ကြန္ျမဴနစ္ပါတီနဲ႔ အဆြယ္အပြားေတြရဲ႕ အသံုးခ်ခံျဖစ္ႏိုင္တယ္ဆိုတာ ေက်ာင္းသူေက်ာင္းသားေတြ သိရွိဖို႕လိုတဲ့ အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတိေပးထားပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေနCIUS - Confucius Institute U.S. Center လို႔ေခၚတဲ့ အေမရိကန္မွာရွိတဲ့ ကြန္ျဖဴးရွပ္စ္သိပၸံကို တရုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ ႏိုင္ငံျခားအဖြဲ႔အစည္းအျဖစ္ သတ္မွတ္လိုက္ပါတယ္။ ကြန္ျဖဴးရွပ္သိပၸံဟာ အေမရိကန္ေကာလိပ္ေက်ာင္းေတြ၊ အထက္တန္း၊ အလယ္တန္းနဲ႔ မူလတန္းေက်ာင္းေတြ မွာ တရုတ္ရဲ႕ ကမၻာတဝန္းဝါဒျဖန္႔ေရးနဲ႔ ဖ်က္လိုဖ်က္ဆီးလုပ္ဖို႔ စည္းရံုးလႈံ႔ေဆာ္တဲ့ ဌာနတခုျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေျပာဆိုလိုက္ပါတယ္။

ကြန္ျဖဴးရွပ္သိပၸံဟာ တရုတ္အစိုးရရဲ႔ အေထာက္အပံ့ရန္ပံုေငြနဲ႔ အဓိကလည္ပတ္ေနတာျဖစ္ၿပီး၊ တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ ကမၻာတဝန္းၾသဇာလႊမ္းမိုးေရးနဲ႔ ဝါဒျဖန္႔ေရး ယႏၱယားတခုျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဒီသတ္မွတ္ခ်က္ေၾကာင့္ ကြန္ျဖဴးရွပ္သိပၸံပိတ္ပစ္ရမွာမဟုတ္သလို၊ ေကာလိပ္နဲ႔ တကၠသိုလ္ေတြက သီးျခား ကြန္ျဖဴးရွပ္သိပၸံေတြကိုလည္း ပိတ္ဖို႔မလိုပါဘူး။ ကြန္ျဖဴးရွပ္သိပၸံဟာ ႏိုင္ငံျခားအဖြဲ႔အစည္းတရပ္အေနနဲ႔ ပြင့္လင္းျမင္သားမႈရွိေၾကာင္း လိုက္နာရမွာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုအတြင္း တရုတ္ႏိုင္ငံသားဝန္ထမ္းေတြခန္႔ထားမႈ၊ ရန္ပံုေငြသံုးစြဲမႈနဲ႔ လုပ္ငန္းေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ပံုမွန္ သတင္းပို႔ဖို႔ျဖစ္ပါတယ္။ ဒီလို သတင္းအခ်က္အလက္ေတြ အသိေပးျခင္းအားျဖင့္ ဝါဒျဖန္႔လႊမ္းမိုးတာေတြနဲ႔ တရုတ္အစိုးရ ေက်ာေထာက္ေနာက္ခံ အစီအစဥ္ေတြကို အေမရိကန္ေက်ာင္းေတြမွာ သင္ေပးသင့္မသင့္ စဥ္းစားဆံုးျဖတ္ႏိုင္မွာ ျဖစ္ပါတယ္။

NAS လို႔ေခၚတဲ့ အမ်ိဳးသားတတ္သိပညာရွင္မ်ားအသင္းရဲ႕ မွတ္တမ္းအရ အေမရိကန္ႏိုင္ငံတဝန္း ကြန္ျဖဴးရွပ္သိပၸံ ၇၅ ခုရွိပါတယ္။ ၁၂ တန္းအဆင့္ရွိတဲ့ အထက္တန္းေက်ာင္းမွာ ကြန္ျဖဴးရွပ္စ္သင္တန္းေပါင္း ၅၀၀ နီးပါး ဖြင့္လွစ္သင္ၾကားေပးေနပါတယ္တဲ့။ အဲဒီ သင္တန္းအမ်ားစုဟာ အေမရိကန္တကၠသိုလ္ႀကီးေတြရဲ႕ သင္တန္းခြဲေတြ ျဖစ္ပါတယ္။

ကြန္ျဖဴးရွပ္သိပၸံအေပၚ တရုတ္အစိုးရရဲ႕ ၾသဇာလႊမ္းမိုးမႈနဲ႔ တရုတ္ကြန္ျမဴနစ္ပါတီ အေတြးအေခၚ သက္ေရာက္မႈေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ေကာလိပ္၊ တကၠသိုလ္နဲ႔ေက်ာင္းေတြမွာ စိုးရိမ္စရာျဖစ္ခဲ့တာ ၾကာခဲ့ပါၿပီ။ ဥပမာ - ၂၀၁၇ ခုႏွစ္က အမ်ိဳးသားတတ္သိပညာရွင္မ်ားအဖြဲ႔ရဲ႕ ေလ့လာခ်က္အရ၊ ကြန္ျဖဴးရွပ္ သိပၸံကဆရာ၊ ဆရာမေတြဟာ သင္မယ့္ဘာသာရပ္ကို ကိုယ့္ဘာသာ ဆင္ဆာလုပ္ဖို႔ ဖိအားေပးခံရတာ၊ ကြန္ျဖဴးရွပ္သိပၸံနဲ႔ အိမ္ရွင္တကၠသိုလ္ၾကား စာခ်ဳပ္ေတြကို အမ်ားျပည္သူ သိခြင့္မေပးတာ၊ တကၠသိုလ္ေတြအေနနဲ႔ တရုတ္ႏိုင္ငံကို မေဝဖန္ရင္ ဘ႑ာေရးအရ အခြင့္အေရးပိုေပးတာ၊ ကြန္ျဖဴးရွပ္သိပၸံရဲ႕ စာတမ္းေတြ၊ သခၤန္းစာေတြဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့ ေခါင္းစဥ္ေတြကို ေရွာင္ၿပီး တရုတ္ႏိုင္ငံရဲ႕ သမိုင္းေတြကိုဘဲ ေရြးၿပီး မၾကာခဏ သင္ေပးေနတာေတြ႔ရတယ္လို႔ ဆိုပါတယ္။

တရုတ္ႏိုင္ငံဟာ အေမရိကန္လူ႕ေဘာင္အသိုင္းအဝိုင္းကို အႏွစ္ ၄၀ ေက်ာ္ၾကာ လြတ္လပ္စြာ တံခါးမရွိ ဒါးမရွိ ဝင္ေရာက္ႏိုင္ခ်ိန္မွာ တရုတ္ႏိုင္ငံမွာရွိေနတဲ့ အေမရိကန္ႏိုင္ငံသားေတြနဲ႔ တျခားႏိုင္ငံျခားသားေတြ ဟာ တရုတ္အသိုင္းအဝိုင္းနဲ႔ ဒီလို ဆက္ဆံခြင့္မရွိၾကပါဘူး။ဆက္ဆံေရးဟာ သိပ္ကို တဖက္ေစာင္းနင္း ျဖစ္ေနတယ္လို႔ အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသေရးရာ၊ အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး David Stilwell ကေျပာပါတယ္။

“က်ေနာ္တို႔ရဲ႕ ရည္မွန္းခ်က္က တရုတ္ႏိုင္ငံအေနနဲ႔ ပြင့္လင္းျမင္သာမႈနဲ႔ သတင္းအခ်က္အလက္ေတြကို လြတ္လပ္စြာ မွ်ေဝဖလွယ္ရယ္ဆိုတာ အေရးႀကီးေၾကာင္း နားလည္ဖို႔ ျဖစ္ပါတယ္။ ဒီလို နားလည္းမႈမရွိမျခင္း က်ေနာ္တို႔အေနနဲ႔ ကိုယ့္ကိုကိုယ္ ခုခံကာကြယ္ဖို႔ ေျခလွမ္းေတြ ဆက္လွမ္းေနမွာျဖစ္တယ္” လို႔ လက္ေထာက္ႏိုင္ငံျခားေရးႀကီး David Stilwell ကေျပာဆိုလိုက္ေၾကာင္းပါ။

.................

ကွန်ဖြူးရှပ် အင်စတီကျူ့ အမေရိကန် စင်တာကို တရုတ်အစိုးရရဲ့ ပြည်ပမစ်ရှင် အဖြစ် အမေရိကန် သတ်မှတ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်တဝှမ်း စာသင်ကျောင်းတွေ၊ ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှုရေးရာတွေ သင်ပေးဖို့ ကမ်းလှမ်းနေတာတွေဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ အဆွယ်အပွားတွေရဲ့ အသုံးချခံဖြစ်နိုင်တယ်ဆိုတာ ကျောင်းသူကျောင်းသားတွေ သိရှိဖို့လိုတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေCIUS - Confucius Institute U.S. Center လို့ခေါ်တဲ့ အမေရိကန်မှာရှိတဲ့ ကွန်ဖြူးရှပ်စ်သိပ္ပံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံခြားအဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ ကွန်ဖြူးရှပ်သိပ္ပံဟာ အမေရိကန်ကောလိပ်ကျောင်းတွေ၊ အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်းတွေ မှာ တရုတ်ရဲ့ ကမ္ဘာတဝန်းဝါဒဖြန့်ရေးနဲ့ ဖျက်လိုဖျက်ဆီးလုပ်ဖို့ စည်းရုံးလှုံ့ဆော်တဲ့ ဌာနတခုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောဆိုလိုက်ပါတယ်။

ကွန်ဖြူးရှပ်သိပ္ပံဟာ တရုတ်အစိုးရရဲ့ အထောက်အပံ့ရန်ပုံငွေနဲ့ အဓိကလည်ပတ်နေတာဖြစ်ပြီး၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကမ္ဘာတဝန်းသြဇာလွှမ်းမိုးရေးနဲ့ ဝါဒဖြန့်ရေး ယန္တယားတခုဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီသတ်မှတ်ချက်ကြောင့် ကွန်ဖြူးရှပ်သိပ္ပံပိတ်ပစ်ရမှာမဟုတ်သလို၊ ကောလိပ်နဲ့ တက္ကသိုလ်တွေက သီးခြား ကွန်ဖြူးရှပ်သိပ္ပံတွေကိုလည်း ပိတ်ဖို့မလိုပါဘူး။ ကွန်ဖြူးရှပ်သိပ္ပံဟာ နိုင်ငံခြားအဖွဲ့အစည်းတရပ်အနေနဲ့ ပွင့်လင်းမြင်သားမှုရှိကြောင်း လိုက်နာရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း တရုတ်နိုင်ငံသားဝန်ထမ်းတွေခန့်ထားမှု၊ ရန်ပုံငွေသုံးစွဲမှုနဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပုံမှန် သတင်းပို့ဖို့ဖြစ်ပါတယ်။ ဒီလို သတင်းအချက်အလက်တွေ အသိပေးခြင်းအားဖြင့် ဝါဒဖြန့်လွှမ်းမိုးတာတွေနဲ့ တရုတ်အစိုးရ ကျောထောက်နောက်ခံ အစီအစဉ်တွေကို အမေရိကန်ကျောင်းတွေမှာ သင်ပေးသင့်မသင့် စဉ်းစားဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

NAS လို့ခေါ်တဲ့ အမျိုးသားတတ်သိပညာရှင်များအသင်းရဲ့ မှတ်တမ်းအရ အမေရိကန်နိုင်ငံတဝန်း ကွန်ဖြူးရှပ်သိပ္ပံ ၇၅ ခုရှိပါတယ်။ ၁၂ တန်းအဆင့်ရှိတဲ့ အထက်တန်းကျောင်းမှာ ကွန်ဖြူးရှပ်စ်သင်တန်းပေါင်း ၅၀၀ နီးပါး ဖွင့်လှစ်သင်ကြားပေးနေပါတယ်တဲ့။ အဲဒီ သင်တန်းအများစုဟာ အမေရိကန်တက္ကသိုလ်ကြီးတွေရဲ့ သင်တန်းခွဲတွေ ဖြစ်ပါတယ်။

ကွန်ဖြူးရှပ်သိပ္ပံအပေါ် တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှုနဲ့ တရုတ်ကွန်မြူနစ်ပါတီ အတွေးအခေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကောလိပ်၊ တက္ကသိုလ်နဲ့ကျောင်းတွေမှာ စိုးရိမ်စရာဖြစ်ခဲ့တာ ကြာခဲ့ပါပြီ။ ဥပမာ - ၂၀၁၇ ခုနှစ်က အမျိုးသားတတ်သိပညာရှင်များအဖွဲ့ရဲ့ လေ့လာချက်အရ၊ ကွန်ဖြူးရှပ် သိပ္ပံကဆရာ၊ ဆရာမတွေဟာ သင်မယ့်ဘာသာရပ်ကို ကိုယ့်ဘာသာ ဆင်ဆာလုပ်ဖို့ ဖိအားပေးခံရတာ၊ ကွန်ဖြူးရှပ်သိပ္ပံနဲ့ အိမ်ရှင်တက္ကသိုလ်ကြား စာချုပ်တွေကို အများပြည်သူ သိခွင့်မပေးတာ၊ တက္ကသိုလ်တွေအနေနဲ့ တရုတ်နိုင်ငံကို မဝေဖန်ရင် ဘဏ္ဍာရေးအရ အခွင့်အရေးပိုပေးတာ၊ ကွန်ဖြူးရှပ်သိပ္ပံရဲ့ စာတမ်းတွေ၊ သင်္ခန်းစာတွေဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ ခေါင်းစဉ်တွေကို ရှောင်ပြီး တရုတ်နိုင်ငံရဲ့ သမိုင်းတွေကိုဘဲ ရွေးပြီး မကြာခဏ သင်ပေးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်လူ့ဘောင်အသိုင်းအဝိုင်းကို အနှစ် ၄၀ ကျော်ကြာ လွတ်လပ်စွာ တံခါးမရှိ ဒါးမရှိ ဝင်ရောက်နိုင်ချိန်မှာ တရုတ်နိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံခြားသားတွေ ဟာ တရုတ်အသိုင်းအဝိုင်းနဲ့ ဒီလို ဆက်ဆံခွင့်မရှိကြပါဘူး။ဆက်ဆံရေးဟာ သိပ်ကို တဖက်စောင်းနင်း ဖြစ်နေတယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ၊ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ကပြောပါတယ်။

“ကျနော်တို့ရဲ့ ရည်မှန်းချက်က တရုတ်နိုင်ငံအနေနဲ့ ပွင့်လင်းမြင်သာမှုနဲ့ သတင်းအချက်အလက်တွေကို လွတ်လပ်စွာ မျှဝေဖလှယ်ရယ်ဆိုတာ အရေးကြီးကြောင်း နားလည်ဖို့ ဖြစ်ပါတယ်။ ဒီလို နားလည်းမှုမရှိမခြင်း ကျနော်တို့အနေနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ ခြေလှမ်းတွေ ဆက်လှမ်းနေမှာဖြစ်တယ်” လို့ လက်ထောက်နိုင်ငံခြားရေးကြီး David Stilwell ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG