Accessibility links

Breaking News

Houston ၿမိဳ႕က တရုတ္ေကာင္စစ္၀န္ရုံးကုိ အေမရိကန္အစုိးရ ပိတ္လုိက္ျခင္း 


Houston ၿမိဳ႕က တရုတ္ေကာင္စစ္၀န္ရုံး
Houston ၿမိဳ႕က တရုတ္ေကာင္စစ္၀န္ရုံး

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

တရုတ္ျပည္သူ႔သမၼတႏုိင္ငံအေနနဲ႔ သူ႔ရဲ႕ ရာဇ၀တ္လုပ္ရပ္ေတြ၊ အႏုိင္က်င့္တဲ့လုပ္ရပ္ေတြနဲ႔ ယုတ္မာတဲ့ လုပ္ရပ္ေတြကုိ ရပ္တန္႔ဖုိ႔ အေမရိကန္ ျပည္ေထာင္စုက ႏွစ္အေတာ္ၾကာ ေမတၱာရပ္ခံခဲ့ပါတယ္။ တရုတ္အစုိးရဘက္က အဲဒီ ေတာင္းဆုိခ်က္ကုိ ႏွစ္ေပါင္းမ်ားစြာ လုိက္နာ ေဆာင္ရြက္ေပးျခင္း မရွိခဲ့ပါဘူး။

အဲဒီ ေတာင္းဆုိခ်က္ကုိ လုိက္နာျခင္းမရွိတဲ့အတြက္ေရာ၊ Texas ျပည္နယ္၊ Houston ၿမိဳ႕ အနီး၀န္းက်င္မွာရွိတဲ့ သုေတသနဌာနေတြက ေဆးဘက္ဆုိင္ရာ သုေတသနေတြကုိ တရားမ၀င္ ခုိးယူတာ၊ အဲဒီ အနီး၀န္းက်င္မွာရွိတဲ့ ပါေမာကၡေတြနဲ႔ ဘာသာရပ္ဆုိင္ရာ ကၽြမ္းက်င္သူ ၅၀ ေက်ာ္အေနနဲ႔ သူတုိ႔မွာရွိထားတဲ့ သုေတသနအခ်က္အလက္ေတြ တရုတ္ သုေတသနဌာနေတြကုိ လြဲေျပာင္းေပးဖုိ႔ ေတာင္းဆုိတာ၊ တရုတ္အစုိးရက ႏုိင္ငံေရးၿပိဳင္ဘက္ေတြလုိ႔ သတ္မွတ္ထားတဲ့ အေမရိကန္ႏုိင္ငံသား တရုတ္လူမ်ဳိးေတြအေနနဲ႔ ျပည္မႀကီးကုိ ျပန္လာဖုိ႔ ဖိအားေပး လုပ္ေဆာင္တာေတြေၾကာင့္ Houston ၿမိဳ႕မွာရွိတဲ့ တရုတ္ေကာင္စစ္၀န္ရုံးကုိ ပိတ္ပစ္လုိက္ပါတယ္။

Houston ၿမိဳ႕မွာရွိတဲ့ တရုတ္ေကာင္စစ္၀န္ရုံးဟာ သံတမန္အဖြဲ႔အစည္းတခုအေနနဲ႔ အေမရိကန္က သည္းခံ ခြင့္လြတ္ေပးႏုိင္တဲ့ လုပ္ပုိင္ခြင့္ကုိ ေက်ာ္လြန္ လုပ္ေဆာင္ေနပါတယ္။ Houston ၿမိဳ႕က တရုတ္ေကာင္စစ္၀န္ရုံးကုိ ပိတ္ခုိင္းလုိက္ျခင္းဟာ တရုတ္ ကြန္ျမဴနစ္ပါတီရဲ႕ ရန္မူတဲ့ လုပ္ရပ္ေတြအေပၚ အေမရိကန္အစုိးရက တန္ျပန္ေဆာင္ရြက္တဲ့ ေနာက္ဆုံး လုပ္ရပ္ေတြထဲက တခုျဖစ္ပါတယ္။

အေမရိကန္ရဲ႕ လြတ္လပ္ၿပီး ပြင့္လင္းတဲ့ လူမႈအသုိင္း၀ုိင္းကုိ တရုတ္တုိ႔က ႏွစ္ေပါင္းမ်ားစြာ အခြင့္ေကာင္းယူ လုပ္ေဆာင္ခဲ့ေပမယ့္ အေမရိကန္ သံတမန္ေတြကုိေတာ့ အလားတူ တံု႔ျပန္မႈမ်ဳိး ျပဳလုပ္ခြင့္ မေပးခဲ့ပါဘူး။ ဒါေပမယ့္ သူတုိ႔ကုိ လက္သင့္ခံ ႀကိဳဆုိထားတဲ့ တုိင္းျပည္ေတြေပၚ တရုတ္တုိ႔က အခြင့္ေကာင္းယူေနတာ အေမရိကန္တခုထဲေတာ့ မဟုတ္ပါဘူး။ တကယ္ေတာ့ ဉာဏမူပုိင္ခြင့္ကုိ ခုိးယူျခင္းဟာ တကမၻာလုံးကုိ ၿခိမ္းေနတဲ့ အႏၱရာယ္ျဖစ္ပါတယ္။ အေမရိကန္၊ ၾသစေတးလ်၊ ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီ၊ ဂ်ပန္၊ Lithuania ၊ နယ္သာလန္၊ စပိန္၊ ေတာင္ကုိရီးယား၊ ဆြီဒင္နဲ႔ United Kingdom တုိ႔က အဆင့္ျမင့္နည္းပညာအသုံးျပဳတဲ့ ကုမၸဏီေတြထံကေန ၁၀ ႏွစ္ၾကာေလာက္ Hacking လုပ္တယ္ဆုိတဲ့ စြပ္စြဲခ်က္ မၾကာေသးခင္က အေမရိကန္ တရားေရးဌာနက Li Xiaoyu နဲ႔ Dong Jiazhi တုိ႔ ၂ ဦးအေပၚ စြဲခ်က္ ၁၁ ခ်က္ တင္ခဲ့ပါတယ္။

စြဲခ်က္အသစ္ တခုထြက္လာတုိင္း တရုတ္ကြန္ျမဴနစ္ပါတီဟာ သူ႔ရဲ႕ စီးပြားေရးနဲ႔ သံတမန္ ဆက္ဆံေရးမွာ အသာစီးရႏုိင္ဖုိ႔ ကမၻာတ၀ွမ္း တရားမ၀င္တဲ့လုပ္ရပ္ေတြ၊ တိတ္တိတ္ပုန္းလုပ္ရပ္ေတြ၊ အၾကပ္ကုိင္တာေတြနဲ႔ အက်င့္ပ်က္ျခစားတဲ့လုပ္ရပ္ေတြကုိ ဘယ္လုိ လုပ္ေဆာင္ေနတယ္ဆုိတာ ေပၚလြင္လာေနပါတယ္။

တရုတ္ျပည္သူ႔သမၼတႏုိင္ငံအေပၚ အေမရိကန္ႏုိင္ငံျခားေရးဌာနက မၾကာေသးခင္က ခ်မွတ္ခဲ့တဲ့ လုပ္ေဆာင္မႈေတြဟာ တရုတ္-အေမရိကန္ ဆက္ဆံေရးမွာ မွ်တမႈ၊ အျပန္အလွန္ ေလးစားမႈ စတဲ့ အေျခခံအုတ္ျမစ္ေကာင္းေတြ ရွိလာေရးအတြက္ လုပ္ေဆာင္ျခင္း ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုအတြင္းမွာ တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ လုပ္ေဆာင္မႈေတြဟာ လက္ခံႏုိင္စရာမရွိတဲ့အတြက္ “ေတာ္ေလာက္ၿပီ” လုိ႔ သမၼတ Trump ကလည္း ေျပာၾကားခဲ့ပါတယ္။ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo ကလည္း မၾကာေသးခင္က ဥေရာပတုိက္ကုိ သြားခဲ့တဲ့ ခရီးစဥ္အတြင္း ဒီကိစၥကုိ ေျပာၾကားခဲ့ပါတယ္။

“တရုတ္ကြန္ျမဴနစ္ပါတီအေနနဲ႔ ဘယ္လုိ ျပဳမူ လုပ္ေဆာင္သင့္တယ္ဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေတြကုိ က်ေနာ္တုိ႔ဘက္ ခ်မွတ္ေနတာပါ၊ သူတုိ႔ဘက္က အဲဒါကုိ လုိက္နာျခင္းမရွိရင္ အေမရိကန္ျပည္သူေတြ အပါအ၀င္ လုံၿခံဳေရး၊ အမ်ဳိးသားအက်ဳိးစီးပြား၊ တုိင္းျပည္စီးပြားေရးနဲ႔ အလုပ္အကုိင္ေတြကုိ အကာကြယ္ေပးဖုိ႔အတြက္ က်ေနာ္တုိ႔ဘက္က လုပ္သင့္တာကုိ လုပ္ရပါလိမ့္မယ္” လုိ႔ ၀န္ႀကီး Pompeo က ေျပာၾကားခဲ့ပါတယ္။


..............

Houston မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို အမေရိကန်အစိုးရ ပိတ်လိုက်ခြင်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ သူ့ရဲ့ ရာဇဝတ်လုပ်ရပ်တွေ၊ အနိုင်ကျင့်တဲ့လုပ်ရပ်တွေနဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စုက နှစ်အတော်ကြာ မေတ္တာရပ်ခံခဲ့ပါတယ်။ တရုတ်အစိုးရဘက်က အဲဒီ တောင်းဆိုချက်ကို နှစ်ပေါင်းများစွာ လိုက်နာ ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါဘူး။

အဲဒီ တောင်းဆိုချက်ကို လိုက်နာခြင်းမရှိတဲ့အတွက်ရော၊ Texas ပြည်နယ်၊ Houston မြို့ အနီးဝန်းကျင်မှာရှိတဲ့ သုတေသနဌာနတွေက ဆေးဘက်ဆိုင်ရာ သုတေသနတွေကို တရားမဝင် ခိုးယူတာ၊ အဲဒီ အနီးဝန်းကျင်မှာရှိတဲ့ ပါမောက္ခတွေနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ၅၀ ကျော်အနေနဲ့ သူတို့မှာရှိထားတဲ့ သုတေသနအချက်အလက်တွေ တရုတ် သုတေသနဌာနတွေကို လွဲပြောင်းပေးဖို့ တောင်းဆိုတာ၊ တရုတ်အစိုးရက နိုင်ငံရေးပြိုင်ဘက်တွေလို့ သတ်မှတ်ထားတဲ့ အမေရိကန်နိုင်ငံသား တရုတ်လူမျိုးတွေအနေနဲ့ ပြည်မကြီးကို ပြန်လာဖို့ ဖိအားပေး လုပ်ဆောင်တာတွေကြောင့် Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်လိုက်ပါတယ်။

Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးဟာ သံတမန်အဖွဲ့အစည်းတခုအနေနဲ့ အမေရိကန်က သည်းခံ ခွင့်လွတ်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်နေပါတယ်။ Houston မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းလိုက်ခြင်းဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ရန်မူတဲ့ လုပ်ရပ်တွေအပေါ် အမေရိကန်အစိုးရက တန်ပြန်ဆောင်ရွက်တဲ့ နောက်ဆုံး လုပ်ရပ်တွေထဲက တခုဖြစ်ပါတယ်။

အမေရိကန်ရဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ လူမှုအသိုင်းဝိုင်းကို တရုတ်တို့က နှစ်ပေါင်းများစွာ အခွင့်ကောင်းယူ လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန် သံတမန်တွေကိုတော့ အလားတူ တုံ့ပြန်မှုမျိုး ပြုလုပ်ခွင့် မပေးခဲ့ပါဘူး။ ဒါပေမယ့် သူတို့ကို လက်သင့်ခံ ကြိုဆိုထားတဲ့ တိုင်းပြည်တွေပေါ် တရုတ်တို့က အခွင့်ကောင်းယူနေတာ အမေရိကန်တခုထဲတော့ မဟုတ်ပါဘူး။ တကယ်တော့ ဉာဏမူပိုင်ခွင့်ကို ခိုးယူခြင်းဟာ တကမ္ဘာလုံးကို ခြိမ်းနေတဲ့ အန္တရာယ်ဖြစ်ပါတယ်။ အမေရိကန်၊ သြစတေးလျ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဂျပန်၊ Lithuania ၊ နယ်သာလန်၊ စပိန်၊ တောင်ကိုရီးယား၊ ဆွီဒင်နဲ့ United Kingdom တို့က အဆင့်မြင့်နည်းပညာအသုံးပြုတဲ့ ကုမ္ပဏီတွေထံကနေ ၁၀ နှစ်ကြာလောက် Hacking လုပ်တယ်ဆိုတဲ့ စွပ်စွဲချက် မကြာသေးခင်က အမေရိကန် တရားရေးဌာနက Li Xiaoyu နဲ့ Dong Jiazhi တို့ ၂ ဦးအပေါ် စွဲချက် ၁၁ ချက် တင်ခဲ့ပါတယ်။

စွဲချက်အသစ် တခုထွက်လာတိုင်း တရုတ်ကွန်မြူနစ်ပါတီဟာ သူ့ရဲ့ စီးပွားရေးနဲ့ သံတမန် ဆက်ဆံရေးမှာ အသာစီးရနိုင်ဖို့ ကမ္ဘာတဝှမ်း တရားမဝင်တဲ့လုပ်ရပ်တွေ၊ တိတ်တိတ်ပုန်းလုပ်ရပ်တွေ၊ အကြပ်ကိုင်တာတွေနဲ့ အကျင့်ပျက်ခြစားတဲ့လုပ်ရပ်တွေကို ဘယ်လို လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်လာနေပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက မကြာသေးခင်က ချမှတ်ခဲ့တဲ့ လုပ်ဆောင်မှုတွေဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ မျှတမှု၊ အပြန်အလှန် လေးစားမှု စတဲ့ အခြေခံအုတ်မြစ်ကောင်းတွေ ရှိလာရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်းမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ လုပ်ဆောင်မှုတွေဟာ လက်ခံနိုင်စရာမရှိတဲ့အတွက် “တော်လောက်ပြီ” လို့ သမ္မတ Trump ကလည်း ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း မကြာသေးခင်က ဥရောပတိုက်ကို သွားခဲ့တဲ့ ခရီးစဉ်အတွင်း ဒီကိစ္စကို ပြောကြားခဲ့ပါတယ်။

“တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဘယ်လို ပြုမူ လုပ်ဆောင်သင့်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ကျနော်တို့ဘက် ချမှတ်နေတာပါ၊ သူတို့ဘက်က အဲဒါကို လိုက်နာခြင်းမရှိရင် အမေရိကန်ပြည်သူတွေ အပါအဝင် လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွား၊ တိုင်းပြည်စီးပွားရေးနဲ့ အလုပ်အကိုင်တွေကို အကာကွယ်ပေးဖို့အတွက် ကျနော်တို့ဘက်က လုပ်သင့်တာကို လုပ်ရပါလိမ့်မယ်” လို့ ဝန်ကြီး Pompeo က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG