Accessibility links

Breaking News

ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ အေမရိကန္အစိုးရသေဘာထား


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အိုင္အိုဝါျပည္နယ္မွာ မၾကာေသးခင္က ဘာသာေရးလြတ္လပ္ခြင့္အေၾကာင္း ေျပာၾကားတာမွာ- ဘာသာေရးလြတ္လပ္ခြင့္ဟာ ကၽြႏု္ပ္တုိ႔ရဲ႕ ဖြဲ႔စည္းပံုအုပ္ခ်ဳပ္ပံု အေျခခံဥပေဒမွာ ေဖာ္ျပထားတဲ့ “ပထမဆံုး လြတ္လပ္ခြင့္ႀကီး” ျဖစ္တယ္လို႔ ေျပာၾကားလိုက္ၿပီး၊ "ကၽြန္ေတာ္တို႔ အစိုးရကို လမ္းျပေပးေနတဲ့ အဲဒီ ေမြးရာပါအခြင့္အေရးကုိ အထူး ေလးစားပါတယ္” လို႔ ေျပာပါတယ္။

ႏိုင္ငံအမ်ားအျပားမွာ ဘာသာေရးအရလြတ္လပ္ခြင့္ဟာ ၿခိမ္းေျခာက္ခံေနရတာပါ။ ဝန္ႀကီး Pompeo ကပဲ ကမာၻတဝွမ္း လူ (၅) ဦးမွာ (၄) ဦးက ဒီ ဘာသာေရးလြတ္လပ္ခြင့္ အျပည့္အဝ မခံစားၾကရဘူးလို႔ ေျပာပါတယ္။ မိမိတုိ႔ရဲ႕ ယုံၾကည္ခ်က္ကုိ လြတ္လပ္စြာ အသုံးခ်လုိတဲ့သူေတြရဲ႕ဘ၀ေတြ တုိးတက္လာဖုိ႔အတြက္ အေမရိကန္ျပည္ေထာင္စုဟာ အဲဒီအေျခခံ အခြင့္အေရးအေတြကုိ ခ်ဳိးေဖာက္တဲ့ႏုိင္ငံေတြကုိ ေဖာ္ထုတ္ ေျပာဆုိေနတာ အပါအ၀င္ နည္းလမ္းေပါင္းစုံကုိ အသုံးျပဳေနပါတယ္။

“တရုတ္ႏိုင္ငံဟာ သက္ဝင္ယံုၾကည္ကိုင္းရိႈင္းမူအေပၚ စစ္ဆင္ေရးလုပ္ေနတယ္လို႔ ကၽြန္ေတာ္တို႔ က်ယ္က်ယ္ေလာင္ေလာင္ ေျပာထားပါတယ္။ ဝီဂါလူမ်ိဳးေတြကို အစုလိုက္ ဖမ္းဆီး ထိန္းသိမ္းေနတာေတြ၊ ခရစ္ယာန္ဘုရားေက်ာင္းေတြမွာ ပညတ္ေတာ္ (၁၀) ပါး ေဖာ္ျပထားတာကို အေထြေထြအတြင္းေရးမွဴး Xi ရဲ့ စကားေတြနဲ႔ အစားထိုးဖို႔ ဘုရားတရားမဲ့ ဆံုးျဖတ္ ေနတာေတြကို အမ်ားသိေအာင္ ထုတ္ေဖာ္ ေျပာဆုိခဲ့ပါတယ္” လို႔ ဝန္ႀကီး Pompeo က ေျပာသြားတာပါ။

လြန္ခဲ့တဲ့ (၂) ႏွစ္အတြင္းမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနနဲ႔ ဘာသာေရးလြတ္လပ္ခြင့္ ျမွင့္တင္ေပးဖို႔ ဝန္ႀကီးအဆင့္ဘာသာေရးေဆြးေႏြးပြဲ (၂) ခု က်င္းပေပးခဲ့ပါတယ္။ အဲ့ဒီမွာ ဘာသာေရးလြပ္ခြင့္ရဲ့ အေျခခံအခြင့္အေရးေတြကို ကာကြယ္ေပးဖို႔ ေမွ်ာ္မွန္းခ်က္နဲ႔ ကမာၻတဝွမ္းက ႏိုင္ငံ့ေခါင္းေဆာင္ေတြနဲ႔ ဘာသာေရးေခါင္းေဆာင္ေတြ စုေဝးခဲ့ၾကပါတယ္။

အေမရိကန္ႏိုင္ငံအေနနဲ႔ ကမာၻတဝွမ္းက ျပည္သူေတြရဲ့ အေျခခံ လြတ္လပ္မူေတြကို ကာကြယ္ေပးဖို႔ အေလးအနက္ သႏၷိ႒ာန္ ခ်ထားပါတယ္။ ဝန္ႀကီး Pompeo ကပဲ ဒီ သႏၷိ႒ာန္ က ႏုိင္ငံကုိ တည္ေထာင္ခဲ့ၾကတဲ့ ဗိသုကာႀကီးေတြရဲ႕ ဂုဏ္ယူခဲ့တဲ့ သမိုင္းအေမြလည္းျဖစ္တယ္၊ သူတို႔အေနနဲ႔ လြတ္လပ္ေရးေၾကညာစာတမ္းနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒမွာပါတဲ့ သီးျခားခြဲထုတ္လို႔ မရႏိုင္တဲ့ ေမြးရာပါ သတ္သတ္မွတ္မွတ္ ရပိုင္ခြင့္ေတြကို အေမရိကန္ျပည္သူေတြအတြက္ အာမခံေပးႏိုင္မယ့္ သႏၷိ႒ာန္ အေပၚမွာ အေမရိကန္ႏိုင္ငံကို ထူေထာင္ခဲ့တာပါ လို႔ ဆက္ေျပာခဲ့ပါေသးတယ္။

ဝန္ႀကီး Pompeo ကပဲ၊ “က်ေနာ္တုိ႔ရဲ႕ ႏုိင္ငံျခားေရးမူ၀ါဒကုိ အဲဒီ ခံယူခ်က္ေပၚမွာ အေျခခံရမယ္” လို႔လည္း ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ “ဒီ သႏၷိ႒ာန္ ေၾကာင့္ပဲ၊ ကၽြန္ေတာ္တို႔ဟာ ကမာၻေပၚမွာ လြတ္လပ္မူအတြက္ ေတာက္ပတဲ့ ေရွ႕ေဆာင္လမ္းျပၾကယ္အျဖစ္ ရပ္တည္ႏိုင္တယ္၊ ကၽြန္ေတာ္တို႔ ႏိုင္ငံျခားေရးမူဝါဒ အိမ္ေတာ္ႀကီးကိုလည္း မာေက်ာတဲ့ ေက်ာက္စိုင္ခဲနဲ႔တူတဲ့ ကၽြန္ေတာ္တို႔ႏိုင္ငံထူေထာင္ခဲ့ခ်ိန္က အေျခခံခဲ့တဲ့ ဒီ စံႏႈန္းေတြအေပၚမွာပဲ တည္ေဆာက္ထားတာပါ” လို႔ သူက ဆက္ေျပာခဲ့ပါတယ္။

အမေရိကန်အစိုးရရဲ့ သဘောထား၊ အယ်ဒီတာ့အာဘော်
please wait

No media source currently available

0:00 0:02:48 0:00


...............

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အိုင်အိုဝါပြည်နယ်မှာ မကြာသေးခင်က ဘာသာရေးလွတ်လပ်ခွင့်အကြောင်း ပြောကြားတာမှာ- ဘာသာရေးလွတ်လပ်ခွင့်ဟာ ကျွနု်ပ်တို့ရဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ “ပထမဆုံး လွတ်လပ်ခွင့်ကြီး” ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး၊ "ကျွန်တော်တို့ အစိုးရကို လမ်းပြပေးနေတဲ့ အဲဒီ မွေးရာပါအခွင့်အရေးကို အထူး လေးစားပါတယ်” လို့ ပြောပါတယ်။

နိုင်ငံအများအပြားမှာ ဘာသာရေးအရလွတ်လပ်ခွင့်ဟာ ခြိမ်းခြောက်ခံနေရတာပါ။ ဝန်ကြီး Pompeo ကပဲ ကမ္ဘာတဝှမ်း လူ (၅) ဦးမှာ (၄) ဦးက ဒီ ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝ မခံစားကြရဘူးလို့ ပြောပါတယ်။ မိမိတို့ရဲ့ ယုံကြည်ချက်ကို လွတ်လပ်စွာ အသုံးချလိုတဲ့သူတွေရဲ့ဘဝတွေ တိုးတက်လာဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ အဲဒီအခြေခံ အခွင့်အရေးအတွေကို ချိုးဖောက်တဲ့နိုင်ငံတွေကို ဖော်ထုတ် ပြောဆိုနေတာ အပါအဝင် နည်းလမ်းပေါင်းစုံကို အသုံးပြုနေပါတယ်။

“တရုတ်နိုင်ငံဟာ သက်ဝင်ယုံကြည်ကိုင်းရှိုင်းမူအပေါ် စစ်ဆင်ရေးလုပ်နေတယ်လို့ ကျွန်တော်တို့ ကျယ်ကျယ်လောင်လောင် ပြောထားပါတယ်။ ဝီဂါလူမျိုးတွေကို အစုလိုက် ဖမ်းဆီး ထိန်းသိမ်းနေတာတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ပညတ်တော် (၁၀) ပါး ဖော်ပြထားတာကို အထွေထွေအတွင်းရေးမှူး Xi ရဲ့ စကားတွေနဲ့ အစားထိုးဖို့ ဘုရားတရားမဲ့ ဆုံးဖြတ် နေတာတွေကို အများသိအောင် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်” လို့ ဝန်ကြီး Pompeo က ပြောသွားတာပါ။

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့် မြှင့်တင်ပေးဖို့ ဝန်ကြီးအဆင့်ဘာသာရေးဆွေးနွေးပွဲ (၂) ခု ကျင်းပပေးခဲ့ပါတယ်။ အဲ့ဒီမှာ ဘာသာရေးလွပ်ခွင့်ရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ မျှော်မှန်းချက်နဲ့ ကမ္ဘာတဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုဝေးခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာတဝှမ်းက ပြည်သူတွေရဲ့ အခြေခံ လွတ်လပ်မူတွေကို ကာကွယ်ပေးဖို့ အလေးအနက် သန္နိဋ္ဌာန် ချထားပါတယ်။ ဝန်ကြီး Pompeo ကပဲ ဒီ သန္နိဋ္ဌာန် က နိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ ဗိသုကာကြီးတွေရဲ့ ဂုဏ်ယူခဲ့တဲ့ သမိုင်းအမွေလည်းဖြစ်တယ်၊ သူတို့အနေနဲ့ လွတ်လပ်ရေးကြေညာစာတမ်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ သီးခြားခွဲထုတ်လို့ မရနိုင်တဲ့ မွေးရာပါ သတ်သတ်မှတ်မှတ် ရပိုင်ခွင့်တွေကို အမေရိကန်ပြည်သူတွေအတွက် အာမခံပေးနိုင်မယ့် သန္နိဋ္ဌာန် အပေါ်မှာ အမေရိကန်နိုင်ငံကို ထူထောင်ခဲ့တာပါ လို့ ဆက်ပြောခဲ့ပါသေးတယ်။

ဝန်ကြီး Pompeo ကပဲ၊ “ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို အဲဒီ ခံယူချက်ပေါ်မှာ အခြေခံရမယ်” လို့လည်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် “ဒီ သန္နိဋ္ဌာန် ကြောင့်ပဲ၊ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ လွတ်လပ်မူအတွက် တောက်ပတဲ့ ရှေ့ဆောင်လမ်းပြကြယ်အဖြစ် ရပ်တည်နိုင်တယ်၊ ကျွန်တော်တို့ နိုင်ငံခြားရေးမူဝါဒ အိမ်တော်ကြီးကိုလည်း မာကျောတဲ့ ကျောက်စိုင်ခဲနဲ့တူတဲ့ ကျွန်တော်တို့နိုင်ငံထူထောင်ခဲ့ချိန်က အခြေခံခဲ့တဲ့ ဒီ စံနှုန်းတွေအပေါ်မှာပဲ တည်ဆောက်ထားတာပါ” လို့ သူက ဆက်ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြခဲ့တာပါ။

XS
SM
MD
LG