Accessibility links

Breaking News

အီရန္အေပၚ ကုလ ျပန္အေရးယူဖုိ႔ အေမရိကန္ ဦးေဆာင္ႀကိဳးပမ္းေန


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က UN မွာ သတင္းစာရွင္းလင္းပြဲလုပ္စဥ္ (ၾသဂုတ္လ ၂၀ ရက္ေန႔ ၂၀၂၀)
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က UN မွာ သတင္းစာရွင္းလင္းပြဲလုပ္စဥ္ (ၾသဂုတ္လ ၂၀ ရက္ေန႔ ၂၀၂၀)

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

လံုၿခံဳေရးေကာင္စီဆံုးျဖတ္ခ်က္အမွတ္ ၂၂၃၁ အရ၊ ကုလသမဂၢရဲ႕ အီရန္ႏိုင္ငံအေပၚပိတ္ဆို႔မႈ အားလံုးရုပ္သိမ္းခဲ့တာကို အေမရိကန္ျပည္ေထာင္စုက ျပန္လည္အေရးယူဖို႔ ဦးေဆာင္ဦးရြက္ျပဳခဲ့ပါတယ္။ အီရန္ႏ်ဴးကလီယားအေရး ညွိႏိႈင္းတဲ့ JCPOA လို႔ေခၚတဲ့ အလံုးစံု ပူးတြဲအေရးယူေရးအစီအစဥ္ ကို ၂၀၁၅ ခုႏွစ္မွာ အၿပီးသတ္ခဲ့တာျဖစ္ပါတယ္။ ဒီလံုၿခံဳေရးေကာင္စီဆံုးျဖတ္ခ်က္ထဲမွာ အီရန္က JCPOA ညွိႏိႈင္းမႈပါ ကတိကဝတ္ကို ခ်ိဳးေဖာက္ခဲ့ရင္ အဖြဲ႔ဝင္ႏိုင္ငံေတြအေနနဲ႔ Snapback လို႔ေခၚတဲ့ ပိတ္ဆို႔မႈေတြနဲ႔ ခၽြင္းခ်က္မရွိ ျပန္အေရးယူပိုင္ခြင့္ရွိပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ဒီဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး လံုၿခံဳေရးေကာင္စီ ကို ၾသဂုတ္လ ၂၀ ရက္ေန႔က အေၾကာင္းၾကားခဲ့ပါတယ္။ ဒီ အေရးယူမႈက ရက္ ၃၀ အၾကာမွာ စတင္အႀကံဳးဝင္ သက္ေရာက္မွာျဖစ္ပါတယ္။ေအာက္တိုဘာလမွာ သက္တမ္းကုန္ဆံုးမယ့္ အီရန္ကို လက္နက္မေရာင္းဝယ္ေရး သေဘာတူညီခ်က္ကို လံုၿခံဳေရးေကာင္စီအေနနဲ႔ သက္တမ္းတိုးဖို႔ အေမရိကန္ျပည္ေထာင္စုက သံတမန္ေရးဘက္ေပါင္းစံုက ႀကိဳးစားတြန္းအားေပးခဲ့ၿပီးမွ ေနာက္ဆံုး ျပန္လည္အေရးယူဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

ကုလသမဂၢဌာနခ်ဳပ္မွာ သတင္းေထာက္ေတြနဲ႔ ေတြ႔ဆံုစဥ္ ဝန္ႀကီး Mike Pompeo က အမွာစကားကေတာ့ ရိုးရိုးေလးပါဘဲလို အခုလို ေျပာပါတယ္။

“ကမၻာမွာ အၾကမ္းဖက္ဝါဒကို အမ်ားဆံုးပံ့ပိုးေနတဲ့ ႏိုင္ငံကို ေလယာဥ္ေတြ၊ တင့္ကားေတြ၊ မစ္ဇိုင္းဒံုးလက္နက္ေတြနဲ႔ တျခားသမားရိုးက်လက္နက္ေတြ ေရာင္းဝယ္ေနတာကို အေမရိကန္က ဘယ္ေတာ့မွ ခြင့္ျပဳမွာမဟုတ္ပါဘူး။ ဒီ ကုလသမဂၢရဲ႔ ဆံုးျဖတ္ခ်က္အရ လက္နက္ေရာင္းဝယ္ တာေတြကို ဆက္ၿပီး ပိတ္ဆို႔ထားမွာျဖစ္ပါတယ္။"

ဒီျပန္လည္အေရးယူမႈဟာ အီရန္ႏိုင္ငံအေနနဲ႔ ပဲ့ထိန္းတပ္မစ္ဇိုင္းစမ္းသပ္တာေတြနဲ႔ ႏ်ဴကလီယား လက္နက္အစီအစဥ္မွာ အသံုးျပဳႏိုင္မယ့္ ႏ်ဴကလီယားသန္႔စင္တဲ့ လုပ္ငန္းလိုမ်ိဳး လႈပ္ရွားမႈေတြ မလုပ္ရေအာင္း တားျမစ္ ထားတာျဖစ္ပါတယ္။

အီရန္အစိုးရေျပာတဲ့ ၿငိမ္းခ်မ္းတဲ့ ႏ်ဴးကလီးယားအစီအစဥ္အတြက္ လုပ္ေနတာဆိုတဲ့ ယံုတမ္း စကားကို သမၼတထရမ့္နဲ႔ အေမရိကန္အစိုးရက လက္မခံဘဲ ပယ္ခ်ခဲ့ေၾကာင္းနဲ႔ အီရန္အေနနဲ႔ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္ဖို႔ ဘယ္ေတာ့မွ ခြင့္ျပဳမွာမဟုတ္ဘူးလို႔ ဝန္ႀကီး Mike Pompeo ကေျပာပါတယ္။

ပင္လယ္ေကြ႔ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရးေကာင္စီ အပါအဝင္ အီရန္ရဲ႕ အနီးကပ္ အေရွ႔အလယ္ပိုင္းေဒသက အိမ္နီးခ်င္းႏိုင္ငံေတြက အီရန္ရဲ႕ အႏၱရာယ္နဲ႔ လက္နက္ေရာင္းဝယ္ေရး ပိတ္ဆို႔မႈ သက္တမ္းတိုးဖို႔ လိုတဲ့အေၾကာင္း လံုၿခံဳေရးေကာင္စီကို သတိေပးခဲ့ၾကပါတယ္။ ဂ်ာမဏီ၊ ျပင္သစ္နဲ႔ ၿဗိတိန္တို႔က အီရန္လက္နက္အေရာင္းအဝယ္ပိတ္ဆို႔မႈ ရုပ္သိမ္းမွာကို မလိုလားဘူးလို႔ အလြတ္သေဘာေျပာဆိုၾကေပမဲ့ ဟန္႔တားဖို႔ေတာ့ ဘာမွမလုပ္ၾကတဲ့အတြက္ စိုးရိမ္မိတယ္လို႔ ဝန္ႀကီး Pompeo က အခုလိုေျပာပါတယ္။

“ေခါင္းေဆာင္ပိုင္းရဲ႕ ပ်က္ကြက္မႈကို အေမရိကန္က ပူးေပါင္းမွာ မဟုတ္ပါဘူး။ အေမရိကန္က ဦးေဆာင္မွာျဖစ္ပါတယ္။ အီရန္အေနနဲ႔ ပံုမွန္ႏိုင္ငံတႏိုင္ငံလို ျပဳမႈေအာင္နဲ႔ ေစ့စပ္ေဆြးေႏြးေရး စကားဝိုင္းမွာ ပါဝင္လာေအာင္ ဒီကေန႔ အေရးယူမႈေတြက ထပ္ေဆာင္းၿပီး ဖိအားေပးလိုက္တာ ျဖစ္ပါတယ္”လို႔ ဝန္ႀကီး Pompeo ကေျပာသြားတာပါ။

အီရန္ႏိုင္ငံသားေတြရဲ႕ ရန္လိုမႈကကင္းလြတ္ခ်င္ၾကတဲ့ ႏိုင္ငံအားလံုးရဲ႕ ျပည္သူေတြကို အကာအကြယ္ေပးဖို႔နဲ႔ အီရန္ရဲ႕ က်ယ္ေျပာလွတဲ့ ေကာက္က်စ္တဲ့အျပဳအမူေတြနဲ႔ ပတ္သက္ၿပီး ကိုင္တြယ္ရာမွာ ခိုင္မာတဲ့မူခ်မွတ္ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ က်ေနာ္တို႔နဲ႔အတူ လက္တြဲၾကပါလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေဆာ္ၾသလိုက္ေၾကာင္းပါ ခင္ဗ်ာ။

..............

အီရန်အပေါ် ကုလ ပြန်အရေးယူဖို့ အမေရိကန် ဦးဆောင်ကြိုးပမ်းနေ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၂၃၁ အရ၊ ကုလသမဂ္ဂရဲ့ အီရန်နိုင်ငံအပေါ်ပိတ်ဆို့မှု အားလုံးရုပ်သိမ်းခဲ့တာကို အမေရိကန်ပြည်ထောင်စုက ပြန်လည်အရေးယူဖို့ ဦးဆောင်ဦးရွက်ပြုခဲ့ပါတယ်။ အီရန်နျူးကလီယားအရေး ညှိနှိုင်းတဲ့ JCPOA လို့ခေါ်တဲ့ အလုံးစုံ ပူးတွဲအရေးယူရေးအစီအစဉ် ကို ၂၀၁၅ ခုနှစ်မှာ အပြီးသတ်ခဲ့တာဖြစ်ပါတယ်။ ဒီလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ထဲမှာ အီရန်က JCPOA ညှိနှိုင်းမှုပါ ကတိကဝတ်ကို ချိုးဖောက်ခဲ့ရင် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ Snapback လို့ခေါ်တဲ့ ပိတ်ဆို့မှုတွေနဲ့ ချွင်းချက်မရှိ ပြန်အရေးယူပိုင်ခွင့်ရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ ကို သြဂုတ်လ ၂၀ ရက်နေ့က အကြောင်းကြားခဲ့ပါတယ်။ ဒီ အရေးယူမှုက ရက် ၃၀ အကြာမှာ စတင်အကြုံးဝင် သက်ရောက်မှာဖြစ်ပါတယ်။အောက်တိုဘာလမှာ သက်တမ်းကုန်ဆုံးမယ့် အီရန်ကို လက်နက်မရောင်းဝယ်ရေး သဘောတူညီချက်ကို လုံခြုံရေးကောင်စီအနေနဲ့ သက်တမ်းတိုးဖို့ အမေရိကန်ပြည်ထောင်စုက သံတမန်ရေးဘက်ပေါင်းစုံက ကြိုးစားတွန်းအားပေးခဲ့ပြီးမှ နောက်ဆုံး ပြန်လည်အရေးယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဝန်ကြီး Mike Pompeo က အမှာစကားကတော့ ရိုးရိုးလေးပါဘဲလို အခုလို ပြောပါတယ်။

“ကမ္ဘာမှာ အကြမ်းဖက်ဝါဒကို အများဆုံးပံ့ပိုးနေတဲ့ နိုင်ငံကို လေယာဉ်တွေ၊ တင့်ကားတွေ၊ မစ်ဇိုင်းဒုံးလက်နက်တွေနဲ့ တခြားသမားရိုးကျလက်နက်တွေ ရောင်းဝယ်နေတာကို အမေရိကန်က ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒီ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ လက်နက်ရောင်းဝယ် တာတွေကို ဆက်ပြီး ပိတ်ဆို့ထားမှာဖြစ်ပါတယ်။"

ဒီပြန်လည်အရေးယူမှုဟာ အီရန်နိုင်ငံအနေနဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းစမ်းသပ်တာတွေနဲ့ နျူကလီယား လက်နက်အစီအစဉ်မှာ အသုံးပြုနိုင်မယ့် နျူကလီယားသန့်စင်တဲ့ လုပ်ငန်းလိုမျိုး လှုပ်ရှားမှုတွေ မလုပ်ရအောင်း တားမြစ် ထားတာဖြစ်ပါတယ်။

အီရန်အစိုးရပြောတဲ့ ငြိမ်းချမ်းတဲ့ နျူးကလီးယားအစီအစဉ်အတွက် လုပ်နေတာဆိုတဲ့ ယုံတမ်း စကားကို သမ္မတထရမ့်နဲ့ အမေရိကန်အစိုးရက လက်မခံဘဲ ပယ်ချခဲ့ကြောင်းနဲ့ အီရန်အနေနဲ့နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူးလို့ ဝန်ကြီး Mike Pompeo ကပြောပါတယ်။

ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အပါအဝင် အီရန်ရဲ့ အနီးကပ် အရှေ့အလယ်ပိုင်းဒေသက အိမ်နီးချင်းနိုင်ငံတွေက အီရန်ရဲ့ အန္တရာယ်နဲ့ လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့မှု သက်တမ်းတိုးဖို့ လိုတဲ့အကြောင်း လုံခြုံရေးကောင်စီကို သတိပေးခဲ့ကြပါတယ်။ ဂျာမဏီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့က အီရန်လက်နက်အရောင်းအဝယ်ပိတ်ဆို့မှု ရုပ်သိမ်းမှာကို မလိုလားဘူးလို့ အလွတ်သဘောပြောဆိုကြပေမဲ့ ဟန့်တားဖို့တော့ ဘာမှမလုပ်ကြတဲ့အတွက် စိုးရိမ်မိတယ်လို့ ဝန်ကြီး Pompeo က အခုလိုပြောပါတယ်။

“ခေါင်းဆောင်ပိုင်းရဲ့ ပျက်ကွက်မှုကို အမေရိကန်က ပူးပေါင်းမှာ မဟုတ်ပါဘူး။ အမေရိကန်က ဦးဆောင်မှာဖြစ်ပါတယ်။ အီရန်အနေနဲ့ ပုံမှန်နိုင်ငံတနိုင်ငံလို ပြုမှုအောင်နဲ့ စေ့စပ်ဆွေးနွေးရေး စကားဝိုင်းမှာ ပါဝင်လာအောင် ဒီကနေ့ အရေးယူမှုတွေက ထပ်ဆောင်းပြီး ဖိအားပေးလိုက်တာ ဖြစ်ပါတယ်”လို့ ဝန်ကြီး Pompeo ကပြောသွားတာပါ။

အီရန်နိုင်ငံသားတွေရဲ့ ရန်လိုမှုကကင်းလွတ်ချင်ကြတဲ့ နိုင်ငံအားလုံးရဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ အီရန်ရဲ့ ကျယ်ပြောလှတဲ့ ကောက်ကျစ်တဲ့အပြုအမူတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ရာမှာ ခိုင်မာတဲ့မူချမှတ်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့နဲ့အတူ လက်တွဲကြပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဆော်သြလိုက်ကြောင်းပါ ခင်ဗျာ။

XS
SM
MD
LG