Accessibility links

Breaking News

ေမြးရာပါအခြင့္အေရးနဲ႔ သူ႔ရဲ႕ အေရးပါမႈ


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ႏိုင္ငံကို ထူေထာင္ခဲ့သူေတြကလြတ္လပ္ေရးေၾကညာစာတမ္းမွာ ေမြးရာပါအခြင့္အေရးေတြဆိုတာ ဘဝ၊ လြတ္ေျမာက္မႈ၊ နဲ႔ စိတ္ခ်မ္းသာမႈနည္းလမ္းရွာေဖြတာေတြ လည္းပါဝင္တယ္လို႔ အဓိပၸါယ္ဖြင့္ဆိုခဲ့ပါတယ္။ ဒီအခြင့္အေရးေတြဟာ လူအားလံုးရဲ႕ ေမြးရာပါျဖစ္သလို၊ ဒီေန႔ က်ေနာ္တို႔ေျပာေနၾကတဲ့ လူ႔အခြင့္အေရးကို ဆိုလိုတာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ မူဝါဒစီမံေရး ဝန္ထမ္းေရးရာ ညႊန္ၾကားေရးမွဴး Peter Berkowitz ကေျပာပါတယ္။

ဒီအခြင့္အေရးေတြဟာ ျပည္တြင္းက အေမရိကန္ႏိုင္ငံသားေတြအတြက္ပဲ အကာအကြယ္ေပးေနတာမဟုတ္ဘဲ၊ ျပည္ပအတြက္ မြန္ျမတ္တဲ့ ႏိုင္ငံျခားေရးမူဝါဒအတြက္ အေျခခံတဲ့မူေတြျဖစ္ပါတယ္လို႔ Mr. Berkowitz က အခုလိုေျပာပါတယ္။

"၁၉၄၈ ခုနွစ္က ကုလသမဂၢ လူ႔အခြင့္အေရးေၾကညာစာတမ္း အတည္ျပဳႏိုင္ေရး ႀကိဳးပမ္းမႈကို က်ေနာ္တို႔က ဒီအခြင့္အေရးေတြကို လိုက္နာတဲ့ေနရာမွာ စံျပအျဖစ္နဲ႔ ဦးေဆာင္ခဲ့ပါတယ္။ ႏိုင္ငံေရးပါတီႀကီး ႏွစ္ခုစလံုးရဲ႕ သမၼတေတြကလည္း လူ႔အခြင့္အေရးအတြက္ ရြပ္ရြပ္ခၽြံခၽြံ ေဆာင္ရြက္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံကို ထူေထာင္ခဲ့သူေတြရဲ႕ သႏၷိ႒ာန္ထဲမွာ လူသားအားလံုးရဲ႕ ေမြးရာပါ အခြင့္အေရးေတြကို သိကၡာရွိစြာ ေလးစားလိုက္နာၾကဖို႔ ပါဝင္ပါတယ္၊"

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေမြးရာပါလူ႔အခြင့္အေရးနဲ႔ ပတ္သက္တဲ့ေကာ္မရွင္ကို မႏွစ္က ဖြဲ႔စည္းေပးခဲ့ရာမွာ အထူးလုပ္ပိုင္ခြင့္တရပ္ကိုပါ ထည့္သြင္းခဲ့တယ္လို႔ Mr. Berkowitz ကေျပာပါတယ္။

" ဝန္ႀကီး Pompeo က ေကာ္မရွင္အဖြဲ႔ဝင္ေတြကိုႏိုင္ငံျခားေရးမူဝါဒထဲမွာ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ သံသယရွိစရာမလိုတဲ့ သႏၷိ႒ာန္ခ်မွတ္ထားရဲ႔လား၊ ဆိုတာကို ျပန္လည္ေဖၚထုတ္၊ စံုစမ္းစစ္ေဆးဖို႔ တာဝန္ေပး လိုက္ပါတယ္။ က်ေနာ္တို႔ ၁၉၄၈ ခုႏွစ္က လက္မွတ္ေရးထိုးခဲ့တဲ့ လူ႔အခြင့္အေရးေၾကညာစာတမ္းပါ၊ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္ရဲ႕ ေမးခြန္းထုတ္စရာမလိုတဲ့ သႏၷိ႒ာန္ကို နားလည္သေဘာေပါက္ေအာင္ ကူညီေရး၊ အေမရိကန္လြတ္လပ္ေရးေၾကညာစာတမ္း၊ အေမရိကန္ဖြဲ႔စည္းပံု အေျခခံဥပေဒ၊ အေမရိကန္ဖြဲ႔စည္းပံုရဲ႕ အစဥ္အလာေတြဟာ အေမရိကန္ရဲ႕ အေျခခံ အုတ္ျမစ္စာတမ္းေတြ ျဖစ္တယ္ဆိုတာကို ျပန္လည္ေဖၚထုတ္ေပးဖို႔ျဖစ္ပါတယ္။"

အေမရိကန္ျပည္ေထာင္စုနဲ႔ ႏိုင္ငံတႏိုင္ငံခ်င္းစီနဲ႔ ဆက္ဆံေရးမွာ ဒီေမြးရာပါအခြင့္အေရးေတြဟာ တိုက္ရိုက္ အက်ိဳးသက္ေရာက္မႈရွိပါတယ္လို႔ Mr. Berkowitz ကေျပာပါတယ္။

" က်ေနာ္တို႔ ေတြ႔ျမင္ေနၾကရတဲ့အတိုင္းပါဘဲ။ ဥပမာ၊ တရုတ္ျပည္မွာ ဝီဂါမူဆလင္ေတြကို ပညာေပး ထိန္းသိမ္းေရး စခန္းေတြမွာ အက်ဥ္းခ်ထားတာနဲ႔ ပတ္သက္လို႔ ဝန္ႀကီး Pompeo က ထပ္ခါတလဲလဲ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ ၁၉၈၀ ျပည့္ႏွစ္ေတြတုန္းကလည္း ဆိုဗီယက္ျပည္ေထာင္စုက အတိုက္အခံ ေတြကို Gulags လို႔ေခၚတဲ့ အက်ဥ္းေထာင္ေတြထဲမွာ ႏွိပ္စက္ခဲ့တာေတြအေပၚ သမၼတ Ronald Reagan က ေျပာင္ေျပာင္တင္းတင္း ကန္႔ကြက္ရႈတ္ခ်ခဲ့တာပါ။ ကိုယ္ျပည္သူေတြကို ဖိႏွိပ္တဲ့ အီရန္ အစၥလာမ္မစ္ သမၼတႏိုင္ငံကိုလည္း က်ေနာ္တို႔အစိုးရက အေရးယူေနတာ သိတဲ့အတိုင္းပါပဲ။”

လူ႔အခြင့္အေရးကိစၥရပ္ေတြဟာ အေမရိကန္ႏိုင္ငံျခားေရးမူဝါဒရဲ႕ တခုတည္းေသာရပ္တည္ခ်က္ မဟုတ္ပါဘူး။ အလံုးစံုပါဝင္တဲ့ အေမရိကန္ႏိုင္ငံျခားေရးမူဝါဒရဲ႕ မရွိမျဖစ္ အဓိကက်တဲ့ အစိတ္အပိုင္းျဖစ္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ မူဝါဒစီမံေရး ဝန္ထမ္းေရးရာ ညႊန္ၾကားေရးမွဴး Peter Berkowitz ကေျပာဆိုလိုက္ေၾကာင္းပါ ခင္ဗ်ား။

...............

မွေးရာပါအခွင့်အရေးနဲ့ သူ့ရဲ့ အရေးပါမှု

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်နိုင်ငံကို ထူထောင်ခဲ့သူတွေကလွတ်လပ်ရေးကြေညာစာတမ်းမှာ မွေးရာပါအခွင့်အရေးတွေဆိုတာ ဘဝ၊ လွတ်မြောက်မှု၊ နဲ့ စိတ်ချမ်းသာမှုနည်းလမ်းရှာဖွေတာတွေ လည်းပါဝင်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီအခွင့်အရေးတွေဟာ လူအားလုံးရဲ့ မွေးရာပါဖြစ်သလို၊ ဒီနေ့ ကျနော်တို့ပြောနေကြတဲ့ လူ့အခွင့်အရေးကို ဆိုလိုတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မူဝါဒစီမံရေး ဝန်ထမ်းရေးရာ ညွှန်ကြားရေးမှူး Peter Berkowitz ကပြောပါတယ်။

ဒီအခွင့်အရေးတွေဟာ ပြည်တွင်းက အမေရိကန်နိုင်ငံတွေအတွက်ပဲ အကာအကွယ်ပေးနေတာမဟုတ်ဘဲ၊ ပြည်ပအတွက် မွန်မြတ်တဲ့ နိုင်ငံခြားရေးမူဝါဒအတွက် အခြေခံတဲ့မူတွေဖြစ်ပါတယ်လို့ Mr. Berkowitz က အခုလိုပြောပါတယ်။

"၁၉၄၈ ခုနှစ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုနိုင်ရေး ကြိုးပမ်းမှုကို ကျနော်တို့က ဒီအခွင့်အရေးတွေကို လိုက်နာတဲ့နေရာမှာ စံပြအဖြစ်နဲ့ ဦးဆောင်ခဲ့ပါတယ်။ နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးရဲ့ သမ္မတတွေကလည်း လူ့အခွင့်အရေးအတွက် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကို ထူထောင်ခဲ့သူတွေရဲ့ သန္နိဋ္ဌာန်ထဲမှာ လူသားအားလုံးရဲ့ မွေးရာပါ အခွင့်အရေးတွေကို သိက္ခာရှိစွာ လေးစားလိုက်နာကြဖို့ ပါဝင်ပါတယ်၊"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မွေးရာပါလူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကော်မရှင်ကို မနှစ်က ဖွဲ့စည်းပေးခဲ့ရာမှာ အထူးလုပ်ပိုင်ခွင့်တရပ်ကိုပါ ထည့်သွင်းခဲ့တယ်လို့ Mr. Berkowitz ကပြောပါတယ်။

" ဝန်ကြီး Pompeo က ကော်မရှင်အဖွဲ့ဝင်တွေကိုနိုင်ငံခြားရေးမူဝါဒထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ သံသယရှိစရာမလိုတဲ့ သန္နိဋ္ဌာန်ချမှတ်ထားရဲ့လား၊ ဆိုတာကို ပြန်လည်ဖေါ်ထုတ်၊ စုံစမ်းစစ်ဆေးဖို့ တာဝန်ပေး လိုက်ပါတယ်။ ကျနော်တို့ ၁၉၄၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ လူ့အခွင့်အရေးကြေညာစာတမ်းပါ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မေးခွန်းထုတ်စရာမလိုတဲ့ သန္နိဋ္ဌာန်ကို နားလည်သဘောပေါက်အောင် ကူညီရေး၊ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း၊ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အမေရိကန်ဖွဲ့စည်းပုံရဲ့ အစဉ်အလာတွေဟာ အမေရိကန်ရဲ့ အခြေခံ အုတ်မြစ်စာတမ်းတွေ ဖြစ်တယ်ဆိုတာကို ပြန်လည်ဖေါ်ထုတ်ပေးဖို့ဖြစ်ပါတယ်။"

အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတနိုင်ငံချင်းစီနဲ့ ဆက်ဆံရေးမှာ ဒီမွေးရာပါအခွင့်အရေးတွေဟာ တိုက်ရိုက် အကျိုးသက်ရောက်မှုရှိပါတယ်လို့ Mr. Berkowitz ကပြောပါတယ်။

" ကျနော်တို့ တွေ့မြင်နေကြရတဲ့အတိုင်းပါဘဲ။ ဥပမာ၊ တရုတ်ပြည်မှာ ဝီဂါမူဆလင်တွေကို ပညာပေး ထိန်းသိမ်းရေး စခန်းတွေမှာ အကျဉ်းချထားတာနဲ့ ပတ်သက်လို့ ဝန်ကြီး Pompeo က ထပ်ခါတလဲလဲ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေတုန်းကလည်း ဆိုဗီယက်ပြည်ထောင်စုက အတိုက်အခံ တွေကို Gulags လို့ခေါ်တဲ့ အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ခဲ့တာတွေအပေါ် သမ္မတ Ronald Reagan က ပြောင်ပြောင်တင်းတင်း ကန့်ကွက်ရှုတ်ချခဲ့တာပါ။ ကိုယ်ပြည်သူတွေကို ဖိနှိပ်တဲ့ အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံကိုလည်း ကျနော်တို့အစိုးရက အရေးယူနေတာ သိတဲ့အတိုင်းပါဘဲ။”

လူ့အခွင့်အရေးကိစ္စရပ်တွေဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ တခုတည်းသောရပ်တည်ချက် မဟုတ်ပါဘူး။ အလုံးစုံပါဝင်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ မရှိမဖြစ် အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မူဝါဒစီမံရေး ဝန်ထမ်းရေးရာ ညွှန်ကြားရေးမှူး Peter Berkowitz ကပြောဆိုလိုက်ကြောင်းပါ ခင်ဗျား။

XS
SM
MD
LG