Accessibility links

Breaking News

USAID အကူအညီေပးေရးလုပ္ငန္းမ်ားနဲ႔ အေမရိကန္အစိုးရသေဘာထား


USAID အဖြဲ႔ရဲ့ အာဖရိကဆိုင္ရာ ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Christopher Maloney။ (ဓာတ္ပံု - USAID)
USAID အဖြဲ႔ရဲ့ အာဖရိကဆိုင္ရာ ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Christopher Maloney။ (ဓာတ္ပံု - USAID)

[Zawgyi/Unicode]

USAID အဖြဲ႔ရဲ့ အာဖရိကဆိုင္ရာ ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Christopher Maloney။ (ဓာတ္ပံု - USAID)
USAID အဖြဲ႔ရဲ့ အာဖရိကဆိုင္ရာ ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Christopher Maloney။ (ဓာတ္ပံု - USAID)

အေမရိကန္ ႏိုင္ငံတကာ ဖြံ႔ၿဖိဳးမႈ ေအဂ်င္စီ USAID ရဲ႕ ဖြံ႔ၿဖိဳးမႈဆိုင္ရာ ႀကိဳးပမ္းမႈထဲမွာ အဓိက ပန္းတိုင္ကေတာ့ ကိုယ္႔ေျခေထာက္ေပၚကိုယ္ရပ္ႏိုင္ေရး ျဖစ္ပါတယ္။

အေျခခံစဥ္းစားခ်က္က အေမရိကန္အစိုးရရဲ့ ဖြံၿဖိဳးေရးလုပ္ငန္းေတြအတြက္ ႏိုင္ငံျခားအေထာက္အပံ့ မရွိမျဖစ္လိုအပ္တာ မဟုတ္ေတာ့တဲ့ အခ်ိန္မ်ိဳးေရာက္ဖို႔ ျပင္ဆင္တာပါ။

“ဒီ ရည္မွန္းခ်က္က ႏိုင္ငံျခားအေထာက္အပံလိုအပ္မူကို အဆံုးသတ္ႏိုင္မဲ့၊ အႏၱိမ ရည္မွန္းခ်က္ရရွိေရးအတြက္ စဥ္းစားထားတဲ့ ခိုင္မာတဲ့ မူေဘာင္ျဖစ္တယ္။” လို႔ USAID အဖြဲ႔ရဲ့ အာဖရိကဆိုင္ရာ ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Chris Maloney က ဆိုပါတယ္။

သူက -

"က်ေနာ္ ကူညီေနတဲ့ ႏိုင္ငံတစ္ခုအတြက္ က်ေနာ္တို႔ ရဲ့ ႏိုင္ငံျခားအကူအညီ လိုအပ္မူကိုအဆံုးသတ္ဖို႔ဆိုရင္၊ အဲ့ဒိႏိုင္ငံကိုက ကိုယ့္ကိုယ္ကို ရပ္တည္ႏိုင္လာရမယ္လို႔ ဆိုလိုတာပါ။" လို႔ ေျပာသြားတာပါ။

USAID အဖြဲ႔အေနနဲ႔ ဒီ ကိုယ့္ဟာကိုယ္ရပ္တည္ေရးအေပၚ စဥ္းစားတြက္ခ်က္တာက တကယ့္ အတိအက် နည္းလမ္း ႏွစ္ ခုရွိပါတယ္။ တခုကေတာ့ ႏိုင္ငံတစ္ခုရဲ့ သံဓိဌာန္ခ်ထားမႈကို ဆန္းစစ္တာပါလို႔ ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Maloney က ဆိုပါတယ္။

"သံဓိဌာန္လို႔ ေျပာရမွာ က်ေနာ္ဆိုလိုတာက ခုလိုအေျခအေနမ်ိဳးေတြပါ။ ေပၚလစီေရြးခ်ယ္စရာေတြ၊ တရားဝင္မဟုတ္တဲ့ အလြတ္သေဘာ အစိုးရလုပ္ငန္းစဥ္ေတြ၊ ယဥ္ေက်းမႈ စံႏႈန္းေတြ၊ ႏိုင္ငံဖြံ႔ၿဖိဳးေရးအတြက္ ေရြးခ်ယ္ဆံုးျဖတ္ခရီးႏွင္ရာမွာ အေထာက္အကူူ (သို႔) အေႏွာင့္အယွက္ျဖစ္ေစတာေတြအေပၚမွာ သံဓိဌာန္ ခ်ထားတာပါ။" - လို႔ ေျပာသြားတာပါ။

ဒုတိယ ဆန္းစစ္တဲ့ အခ်က္ကတာ့ စြမ္းေဆာင္ရည္လုိ႔ ဆုိပါတယ္။

"ပညာေရးအဆင့္အတန္း၊ က်န္းမာေရး အဆင့္အတန္း၊ အစိုးရအေနနဲ႔ လက္ေတြ႔ဝန္ေဆာင္မူေပးႏိုင္စြမ္းအား၊ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြရဲ႕ အင္အားေတာင့္တင္းမႈ၊ စီးပြားေရးအေျခခံ အေဆာက္အဦး စတဲ့ စာရြက္ေပၚမွာ ခ်ေရးယုံနဲ႔တင္ အလြယ္တကူလုပ္လုိ႔မရႏုိင္တဲ့ ကိစၥရပ္မ်ဳိးကုိ ဆုိလုိတာျဖစ္ပါတယ္။"- လုိ႔ ေျပာပါတယ္။

USAID အေနနဲ႔ ယံုၾကည္ထားတာကေတာ့ ႏိုင္ငံတစ္ခုရဲ့ သံဓိဌာန္ျမွင့္တင္ေပးေရးနဲ႔ စြမ္းေဆာင္ရည္တည္ေဆာက္ေပးျခင္းျဖင့္ ဒီႏိုင္ငံအတြက္ ကိုယ္ပိုင္ရပ္တည္ႏိုင္ေရးခရီးစဥ္နဲ႔ ကိုယ့္ဖြံ႔ၿဖိဳးေရး ကိုယ္တိုင္လုပ္ႏိုင္တဲ့ အဆင့္ထိေရာက္ေအာင္ ခရီးဆက္ႏွင္သြားႏိုင္မယ္လို႔ပါပဲ။

ယာယီလက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Maloney ကဆက္ၿပီး -

"အဲ့ဒီေတာ့ ဒီ ကိုယ္ပိုင္ရပ္တည္ႏိုင္ေရးကို ခရီးစဥ္တစ္ခုလို စဥ္းစားခ်က္က ေနာက္ဆံုးေျပာရမယ္ဆိုရင္ေတာ့ ဖြံၿဖိဳးေရးလုပ္ငန္းႀကီး တစ္ခုလံုးအတြက္ ေကာင္းတာျဖစ္ေစခ်င္တာကို ေျပာသလိုေပါ့ေနာ္၊ က်ေနာ္တို႔ ႏိုင္ငံအေနနဲ႔ေတာ့ ကိုယ့္ႏိုင္ငံအေပၚအေျချပဳၿပီး အဲ့ဒီကိုေရာက္ဖို႔ အေသအခ်ာႀကိဳးပမ္းသြားမွာပါ။ ၿပီးေတာ့ အထူးသျဖင့္ အာဖရိကအတြက္ ဒီသံဓိဌန္၊ စြမ္းေဆာင္ရည္ေတြကို တကယ့္ အေလးအနက္ထား ဆန္းစစ္သြားၿပီး၊ ဒီ ႏွစ္ခ်က္လံုးအတြက္ တတ္ႏိုင္သမွ် အေကာင္းဆံုး ဘယ္လို ကူေပးသြားႏိုင္မလဲဆိုတာ အေျဖရွာသြားမွာပါ။" လို႔ ေျပာသြားတာပါ။

ႏိုင္ငံတစ္ခုအေနနဲ႔ ဒီ ကိုယ္ပိုင္ရပ္တည္ႏိုင္ေရးခရီးစဥ္မွာ ဘယ္လိုအေနအထားေရာက္ေနတယ္ဆုိတာကို သိခ်င္ရင္ေတာ့၊ ေနာက္ တျခားအိမ္နီးခ်င္းႏိုင္ငံေတြ ဒါမွမဟုတ္ - အျခားဖြံၿဖိဳးဆဲႏိုင္ငံေတြနဲ႔ ဒီကိစၥအေပၚ ယွဥ္ၾကည့္ခ်င္တယ္ဆိုရင္ေတာ့၊ USAID ရဲ႕ ႏိုင္ငံဆိုင္ရာ လမ္းျပေျမပံုေတြကို သြားၾကည့္လို႔ရႏုိင္ပါတယ္။ အဲဒီ ရွင္းရွင္းလင္းလင္း ျမင္ႏိုင္တဲ့ပံုေတြမွာ ႏိုင္ငံတစ္ခုရဲ႕ ဒီ သံဓိဌာန္နဲ႔ စြမ္းေဆာင္ရည္ေတြကို ၾကားေနမွ်တာတဲ့ အခ်က္အလက္ေတြကို ကိုးကားထားၿပီး၊ ႏိုင္ငံတစ္ခုရဲ့ ကိုယ္ပိုင္ရပ္တည္ႏိုင္ေရး အားေကာင္းမႈနဲ႔ အားနည္းမႈေတြကိုလည္း ဇယား (၁၇) ခုနဲ႔ ေဖာ္ျပထားပါတယ္။ ဝင္ေငြနိမ့္၊ ဒါမွမဟုတ္ အလယ္အလတ္ရွိတဲ့ ဘယ္ႏိုင္ငံမဆိုအတြက္ ဒီအခ်က္ေတြကို သိခ်င္ရင္ http://selfreliance.usaid.gov မွာ သြားၾကည့္ႏိုင္ပါတယ္ ခင္ဗ်ာ။

USAID အကူအညီပေးရေးလုပ်ငန်းများနဲ့ အမေရိကန်အစိုးရသဘောထား
please wait

No media source currently available

0:00 0:03:50 0:00

[Unicode Version]

USAID အကူအညီပေးရေးလုပ်ငန်းများနဲ့ အမေရိကန်အစိုးရသဘောထား

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ USAID ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကြိုးပမ်းမှုထဲမှာ အဓိက ပန်းတိုင်ကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ရေး ဖြစ်ပါတယ်။

အခြေခံစဉ်းစားချက်က အမေရိကန်အစိုးရရဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေအတွက် နိုင်ငံခြားအထောက်အပံ့ မရှိမဖြစ်လိုအပ်တာ မဟုတ်တော့တဲ့ အချိန်မျိုးရောက်ဖို့ ပြင်ဆင်တာပါ။

“ဒီ ရည်မှန်းချက်က နိုင်ငံခြားအထောက်အပံလိုအပ်မူကို အဆုံးသတ်နိုင်မဲ့၊ အန္တိမ ရည်မှန်းချက်ရရှိရေးအတွက် စဉ်းစားထားတဲ့ ခိုင်မာတဲ့ မူဘောင်ဖြစ်တယ်။” လို့ USAID အဖွဲ့ရဲ့ အာဖရိကဆိုင်ရာ ယာယီလက်ထောက်အုပ်ချုပ်ရေးမှူး Chris Maloney က ဆိုပါတယ်။

သူက -

"ကျနော် ကူညီနေတဲ့ နိုင်ငံတစ်ခုအတွက် ကျနော်တို့ ရဲ့ နိုင်ငံခြားအကူအညီ လိုအပ်မူကိုအဆုံးသတ်ဖို့ဆိုရင်၊ အဲ့ဒိနိုင်ငံကိုက ကိုယ့်ကိုယ်ကို ရပ်တည်နိုင်လာရမယ်လို့ ဆိုလိုတာပါ။" လို့ ပြောသွားတာပါ။

USAID အဖွဲ့အနေနဲ့ ဒီ ကိုယ့်ဟာကိုယ်ရပ်တည်ရေးအပေါ် စဉ်းစားတွက်ချက်တာက တကယ့် အတိအကျ နည်းလမ်း နှစ် ခုရှိပါတယ်။ တခုကတော့ နိုင်ငံတစ်ခုရဲ့ သံဓိဌာန်ချထားမှုကို ဆန်းစစ်တာပါလို့ ယာယီလက်ထောက်အုပ်ချုပ်ရေးမှူး Maloney က ဆိုပါတယ်။

"သံဓိဌာန်လို့ ပြောရမှာ ကျနော်ဆိုလိုတာက ခုလိုအခြေအနေမျိုးတွေပါ။ ပေါ်လစီရွေးချယ်စရာတွေ၊ တရားဝင်မဟုတ်တဲ့ အလွတ်သဘော အစိုးရလုပ်ငန်းစဉ်တွေ၊ ယဉ်ကျေးမှု စံနှုန်းတွေ၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ရွေးချယ်ဆုံးဖြတ်ခရီးနှင်ရာမှာ အထောက်အကူူ (သို့) အနှောင့်အယှက်ဖြစ်စေတာတွေအပေါ်မှာ သံဓိဌာန် ချထားတာပါ။" - လို့ ပြောသွားတာပါ။

ဒုတိယ ဆန်းစစ်တဲ့ အချက်ကတာ့ စွမ်းဆောင်ရည်လို့ ဆိုပါတယ်။

"ပညာရေးအဆင့်အတန်း၊ ကျန်းမာရေး အဆင့်အတန်း၊ အစိုးရအနေနဲ့ လက်တွေ့ဝန်ဆောင်မူပေးနိုင်စွမ်းအား၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အင်အားတောင့်တင်းမှု၊ စီးပွားရေးအခြေခံ အဆောက်အဦး စတဲ့ စာရွက်ပေါ်မှာ ချရေးယုံနဲ့တင် အလွယ်တကူလုပ်လို့မရနိုင်တဲ့ ကိစ္စရပ်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။"- လို့ ပြောပါတယ်။

USAID အနေနဲ့ ယုံကြည်ထားတာကတော့ နိုင်ငံတစ်ခုရဲ့ သံဓိဌာန်မြှင့်တင်ပေးရေးနဲ့ စွမ်းဆောင်ရည်တည်ဆောက်ပေးခြင်းဖြင့် ဒီနိုင်ငံအတွက် ကိုယ်ပိုင်ရပ်တည်နိုင်ရေးခရီးစဉ်နဲ့ ကိုယ့်ဖွံ့ဖြိုးရေး ကိုယ်တိုင်လုပ်နိုင်တဲ့ အဆင့်ထိရောက်အောင် ခရီးဆက်နှင်သွားနိုင်မယ်လို့ပါပဲ။

ယာယီလက်ထောက်အုပ်ချုပ်ရေးမှူး Maloney ကဆက်ပြီး -

"အဲ့ဒီတော့ ဒီ ကိုယ်ပိုင်ရပ်တည်နိုင်ရေးကို ခရီးစဉ်တစ်ခုလို စဉ်းစားချက်က နောက်ဆုံးပြောရမယ်ဆိုရင်တော့ ဖွံဖြိုးရေးလုပ်ငန်းကြီး တစ်ခုလုံးအတွက် ကောင်းတာဖြစ်စေချင်တာကို ပြောသလိုပေါ့နော်၊ ကျနော်တို့ နိုင်ငံအနေနဲ့တော့ ကိုယ့်နိုင်ငံအပေါ်အခြေပြုပြီး အဲ့ဒီကိုရောက်ဖို့ အသေအချာကြိုးပမ်းသွားမှာပါ။ ပြီးတော့ အထူးသဖြင့် အာဖရိကအတွက် ဒီသံဓိဌန်၊ စွမ်းဆောင်ရည်တွေကို တကယ့် အလေးအနက်ထား ဆန်းစစ်သွားပြီး၊ ဒီ နှစ်ချက်လုံးအတွက် တတ်နိုင်သမျှ အကောင်းဆုံး ဘယ်လို ကူပေးသွားနိုင်မလဲဆိုတာ အဖြေရှာသွားမှာပါ။" လို့ ပြောသွားတာပါ။

နိုင်ငံတစ်ခုအနေနဲ့ ဒီ ကိုယ်ပိုင်ရပ်တည်နိုင်ရေးခရီးစဉ်မှာ ဘယ်လိုအနေအထားရောက်နေတယ်ဆိုတာကို သိချင်ရင်တော့၊ နောက် တခြားအိမ်နီးချင်းနိုင်ငံတွေ ဒါမှမဟုတ် - အခြားဖွံဖြိုးဆဲနိုင်ငံတွေနဲ့ ဒီကိစ္စအပေါ် ယှဉ်ကြည့်ချင်တယ်ဆိုရင်တော့၊ USAID ရဲ့ နိုင်ငံဆိုင်ရာ လမ်းပြမြေပုံတွေကို သွားကြည့်လို့ရနိုင်ပါတယ်။ အဲဒီ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ပုံတွေမှာ နိုင်ငံတစ်ခုရဲ့ ဒီ သံဓိဌာန်နဲ့ စွမ်းဆောင်ရည်တွေကို ကြားနေမျှတာတဲ့ အချက်အလက်တွေကို ကိုးကားထားပြီး၊ နိုင်ငံတစ်ခုရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်ရေး အားကောင်းမှုနဲ့ အားနည်းမှုတွေကိုလည်း ဇယား (၁၇) ခုနဲ့ ဖော်ပြထားပါတယ်။ ဝင်ငွေနိမ့်၊ ဒါမှမဟုတ် အလယ်အလတ်ရှိတဲ့ ဘယ်နိုင်ငံမဆိုအတွက် ဒီအချက်တွေကို သိချင်ရင် http://selfreliance.usaid.gov မှာ သွားကြည့်နိုင်ပါတယ် ခင်ဗျာ။

XS
SM
MD
LG