Accessibility links

Breaking News

Belarus မွာ အတုိက္အခံေခါင္းေဆာင္ေတြ ျပန္ေပးဆြဲခံေနရ


Belarus မွာ အာဏာရွင္ Alexander Lukashenka ကို ဆႏၵျပေနသူမ်ား
Belarus မွာ အာဏာရွင္ Alexander Lukashenka ကို ဆႏၵျပေနသူမ်ား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

Belarus ႏုိင္ငံမွာ ၾသဂုတ္လ ၉ ရက္ေန႔ အာဏာရွင္ Alexander Lukashenka ကုိ မရုိးသားစြာ ျပန္လည္ ေရြးေကာက္တင္ေျမာက္ၿပီးေနာက္ပုိင္း ျဖစ္လာခဲ့တဲ့ ႏုိင္ငံေရးမတည္ၿငိမ္မႈေတြဟာ ဆက္လက္ ျဖစ္ပြားေနဆဲပါ။ Belarus မွာ လြတ္လပ္ၿပီး တရားမွ်တမႈရွိတဲ့ ေရြးေကာက္ပြဲေတြ က်င္းပႏုိင္ေရးနဲ႔ အာဏာ လြဲေျပာင္းေရးကိစၥေတြ ညွိႏႈိင္း ေဆာင္ရြက္ဖုိ႔ အတြက္ အတိုက္အခံ ႏုိင္ငံေရး အင္အားစုေတြက အမ်ိဳးသားညိွႏိႈင္းေဆာင္ရြက္ေရးေကာင္စီ NCC ကို ဖြဲ႔စည္းခဲ့ပါတယ္။ Lukashenka အစုိးရက ရုိးသားစြာ ညွိႏႈိင္း ေဆာင္ရြက္မယ့္အစား အတုိက္အခံ အမ်ိဳးသားညိွႏိႈင္းေဆာင္ရြက္ေရးေကာင္စီ အဖြဲ႔ဝင္ေတြကို ႏိုင္ငံေရး ရည္ရြယ္ခ်က္နဲ႔ စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ၿပီး သူတို႔ေတြကို ထိန္းသိမ္းဖမ္းဆီးတာ၊ ျပည္ႏွင္ဒဏ္ေပးတာနဲ႔ ျပန္ေပးဆြဲတာ စတာေတြ ျပဳလုပ္ခဲ့ပါတယ္။

အမ်ိဳးသားညိွႏိႈင္းေဆာင္ရြက္ေရးေကာင္စီအဖြဲ႔ဝင္ Maria Kolesnikova
အမ်ိဳးသားညိွႏိႈင္းေဆာင္ရြက္ေရးေကာင္စီအဖြဲ႔ဝင္ Maria Kolesnikova

စက္တင္ဘာ ၇ ရက္ေန႔က အမ်ိဳးသားညိွႏိႈင္းေဆာင္ရြက္ေရးေကာင္စီအဖြဲ႔ဝင္ Mariya Kalesnikava ကို Minsk ၿမိဳ႕မွာ ျပန္ေပးဆြဲခဲ့တာနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ Ivan Krautsou တုိင္းျပည္က ထြက္ေျပးသြားေအာင္ အဓမၼ လုပ္ေဆာင္ခဲ့တာေတြအေပၚ အေမရိကန္ အစိုးရအေနနဲ႔ အထူး စုိးရိမ္ပူပန္မႈ ျဖစ္ရပါတယ္။ NCC အဖြဲ႔ဝင္ တဦးျဖစ္သူ Maxim Znak ဟာလည္း ေနာက္တေန႔မွာ ဖမ္းဆီးထိန္းသိမ္းျခင္း ခံခဲ့ရပါတယ္။

မိမိတုိ႔ရဲ႕ ေခါင္းေဆာင္ကုိ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲေတြကတဆင့္ ေရြးခ်ယ္ တင္ေျမာက္ခြင့္ရွိတယ္ဆုိတဲ့ ကုိယ့္မွာရွိေနတဲ့ အခြင့္အေရးေတြနဲ႔အညီ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ ေတာင္းဆုိခဲ့ၾကတဲ့ အတုိက္အခံေခါင္းေဆာင္ Ms. Kalesnikava နဲ႔ Belarus ျပည္သူေတြကုိ အေမရိကန္ျပည္ေထာင္စုက ခ်ီးက်ဴး ဂုဏ္ျပဳပါတယ္။ ဆႏၵျပသူေတြကုိ ေန႔ခင္းေၾကာင္ေတာင္မွာ ရုိက္ႏွက္တာ၊ ေထာင္ေပါင္းမ်ားစြာ ဖမ္းဆီးခံၾကရတာနဲ႔ ျပန္ေပးဆြဲခံၾကရတာေတြ အပါအ၀င္ အစုိးရရဲ႕ အၾကမ္းဖက္ ဖိႏွိပ္မႈေတြကုိ ဆႏၵျပသူေတြ ရင္ဆုိင္ခဲ့ၾကရပါတယ္။

Belarus ႏုိင္ငံမွာ ျဖစ္ေနတဲ့ ဒီ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြမွာ ပါ၀င္သူေတြအေပၚ ပြင့္လင္း ျမင္သာစြာ အေရးယူႏုိင္ေရးကုိ အားေပးတဲ့အေနနဲ႔ ပစ္မွတ္ထား အေရးယူမႈေတြ လုပ္ေဆာင္ဖုိ႔ အေမရိကန္ျပည္ေထာင္စုနဲ႔ လုပ္ေဖာ္ကုိင္ဘက္၊ မဟာမိတ္ႏုိင္ငံေတြက စီစဥ္ေနပါတယ္။ Ms. Kalesnikava နဲ႔ မတရားစြာ ဖမ္းဆီးခံထားရသူေတြ ေဘးကင္း လုံၿခံဳမႈရွိေရးအတြက္ အေမရိကန္က Belarus အာဏာပုိင္ေတြကုိ ေတာင္းဆုိေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

Belarus အာဏာပုိင္ေတြအေနနဲ႔ ကုိယ့္ျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြ ရပ္တန္႔ၿပီး အေမရိကန္ႏုိင္ငံသား Vitali Shkliarov အပါအ၀င္ မတရားစြာ ဖမ္းဆီးခံထားရသူ အားလုံးကုိ လႊတ္ေပးဖုိ႔ အေမရိကန္ျပည္ေထာင္စုက ေတာင္းဆုိေၾကာင္း၊ ဒါ့အျပင္ စစ္မွန္တဲ့ Belarus လူမႈအသုိင္းအ၀ုိင္းကုိ ကုိယ္စားျပဳသူေတြနဲ႔ အဓိပၸါယ္ရွိတဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္ၾကဖုိ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike pompeo က ေတာင္းဆုိလုိက္ပါတယ္။

.............

Belarus မှာ အတိုက်အခံခေါင်းဆောင်တွေ ပြန်ပေးဆွဲခံနေရ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

Belarus နိုင်ငံမှာ သြဂုတ်လ ၉ ရက်နေ့ အာဏာရှင် Alexander Lukashenka ကို မရိုးသားစွာ ပြန်လည် ရွေးကောက်တင်မြောက်ပြီးနောက်ပိုင်း ဖြစ်လာခဲ့တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ ဆက်လက် ဖြစ်ပွားနေဆဲပါ။ Belarus မှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးနဲ့ အာဏာ လွဲပြောင်းရေးကိစ္စတွေ ညှိနှိုင်း ဆောင်ရွက်ဖို့ အတွက် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက အမျိုးသားညှိနှိုင်းဆောင်ရွက်ရေးကောင်စီ NCC ကို ဖွဲ့စည်းခဲ့ပါတယ်။ Lukashenka အစိုးရက ရိုးသားစွာ ညှိနှိုင်း ဆောင်ရွက်မယ့်အစား အတိုက်အခံ အမျိုးသားညှိနှိုင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်တွေကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး သူတို့တွေကို ထိန်းသိမ်းဖမ်းဆီးတာ၊ ပြည်နှင်ဒဏ်ပေးတာနဲ့ ပြန်ပေးဆွဲတာ စတာတွေ ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့က အမျိုးသားညှိနှိုင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင် Mariya Kalesnikava ကို Minsk မြို့မှာ ပြန်ပေးဆွဲခဲ့တာနဲ့ အမှုဆောင်အရာရှိချုပ် Ivan Krautsou တိုင်းပြည်က ထွက်ပြေးသွားအောင် အဓမ္မ လုပ်ဆောင်ခဲ့တာတွေအပေါ် အမေရိကန် အစိုးရအနေနဲ့ အထူး စိုးရိမ်ပူပန်မှု ဖြစ်ရပါတယ်။ NCC အဖွဲ့ဝင် တဦးဖြစ်သူ Maxim Znak ဟာလည်း နောက်တနေ့မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။

မိမိတို့ရဲ့ ခေါင်းဆောင်ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကတဆင့် ရွေးချယ် တင်မြောက်ခွင့်ရှိတယ်ဆိုတဲ့ ကိုယ့်မှာရှိနေတဲ့ အခွင့်အရေးတွေနဲ့အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြတဲ့ အတိုက်အခံခေါင်းဆောင် Ms. Kalesnikava နဲ့ Belarus ပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူး ဂုဏ်ပြုပါတယ်။ ဆန္ဒပြသူတွေကို နေ့ခင်းကြောင်တောင်မှာ ရိုက်နှက်တာ၊ ထောင်ပေါင်းများစွာ ဖမ်းဆီးခံကြရတာနဲ့ ပြန်ပေးဆွဲခံကြရတာတွေ အပါအဝင် အစိုးရရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို ဆန္ဒပြသူတွေ ရင်ဆိုင်ခဲ့ကြရပါတယ်။

Belarus နိုင်ငံမှာ ဖြစ်နေတဲ့ ဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်သူတွေအပေါ် ပွင့်လင်း မြင်သာစွာ အရေးယူနိုင်ရေးကို အားပေးတဲ့အနေနဲ့ ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ လုပ်ဖော်ကိုင်ဘက်၊ မဟာမိတ်နိုင်ငံတွေက စီစဉ်နေပါတယ်။ Ms. Kalesnikava နဲ့ မတရားစွာ ဖမ်းဆီးခံထားရသူတွေ ဘေးကင်း လုံခြုံမှုရှိရေးအတွက် အမေရိကန်က Belarus အာဏာပိုင်တွေကို တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Belarus အာဏာပိုင်တွေအနေနဲ့ ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အမေရိကန်နိုင်ငံသား Vitali Shkliarov အပါအဝင် မတရားစွာ ဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုကြောင်း၊ ဒါ့အပြင် စစ်မှန်တဲ့ Belarus လူမှုအသိုင်းအဝိုင်းကို ကိုယ်စားပြုသူတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike pompeo က တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG