Accessibility links

Breaking News

ရုရွားအတိုက္အခံေခါင္းေဆာင္ အဆိပ္ခတ္ခံရမႈ မျဖစ္မေန စံုစမ္းစစ္ေဆးရမည္


ရုရွားအတိုက္အခံေခါင္းေဆာင္Navalny
ရုရွားအတိုက္အခံေခါင္းေဆာင္Navalny

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ရုရွားအတိုက္အခံေခါင္းေဆာင္ Alexei Navalny ဟာ ေဆးသြင္းၿပီး တမင္ေမ့ေမ်ာေအာင္ ကုသေပးထားရာကေနျပန္လည္ ႏိုးထလာၿပီး ႏႈတ္အမူအရာနဲ႔ လႈံေဆာ္မႈေတြကို ျပန္ၿပီးတံု႔ျပန္ႏိုင္ၿပီလို႔ကုသေပးေနတဲ့ဆရာဝန္ေတြကေျပာလိုက္တာဟာ ႀကိဳဆိုရမယ့္ သတင္းေကာင္းျဖစ္ပါတယ္။ ဒါေပမယ့္ သူဆိုးရြားစြာ အဆိပ္သင့္ခံခဲ့ရတဲ့ အက်ိဳးဆက္ေတြကို ဘယ္ေလာက္အထိ ၾကာေအာင္ခံစားရမွာလဲဆိုတာကေတာ့ ခန္႔မွန္းႏိုင္ဖို႔ကေစာလြန္းတယ္လို႔ Charite ေဆးရုံရဲ႕ ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။

Mr. Navalny ဟာ ၾသဂုတ္လ ၂၀ ရက္ေန႔က ရုရွားႏိုင္ငံ ဆိုက္ေဘးရီးယားကေန ေမာ္စကိုၿမိဳ႕ကိုေလယာဥ္နဲ႔ ခရီးသြားေနစဥ္ ေနမေကာင္းျဖစ္ခဲ့တာေၾကာင့္ ရုရွားဆရာဝန္ေတြနဲ႔ သူ႔မိသားစုရဲ႕ေတာင္းဆိုခ်က္အရ သူ႔ကို ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႔ ကို ပိုဖို႔ ခြင့္ျပဳခဲ့ပါတယ္။ ရုရွားသမၼတ Vladimir Putin ကိုျပင္းျပင္းထန္ထန္ေဝဖန္တဲ့ Mr.Navalny ဟာ ဒီအဆိပ္က ရုရွားႏိုင္ငံက ထုတ္လုပ္တဲ့ အာရုံေၾကာထိခိုက္ ေစတဲ့ Novichok အမ်ိဳးအစား ဓာတုအဆိပ္ မိခဲ့တာျဖစ္တယ္လို႔ဘာလင္ၿမိဳ႕က ဂ်ာမန္ဆရာဝန္ေတြက အေသအခ်ာေျပာပါတယ္။

ဂ်ာမန္ေဆးဝါးကြ်မ္းက်င္သူေတြ႔ရဲ႕ေတြ႔ရွိခ်က္ေတြကို ေၾကညာခဲ့ၿပီးေနာက္ ရုရွားႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး John Sullivan က ၿပီးျပည့္စံုတဲ့ ပြင့္လင္းျမင္သာမႈရွိတဲ့ စံုစမ္းစစ္ေဆးမႈေတြကို က်ယ္က်ယ္ပ်ံ႔ပ်ံ႔ ခ်က္ခ်င္း ေဆာင္ရြက္ဖို႔ ရွရွားအာဏာပိုင္ေတြကို ေတာင္းဆိုလိုက္ပါတယ္။ရူရွားအာဏာပိုင္ေတြအေနနဲ႔ဒီလုပ္ရပ္ရဲ႕ ေနာက္ကြယ္ကေနႀကိဳးကိုင္သူကို အေရးယူရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အိမ္ျဖဴေတာ္ေျပာခြင့္ရပုဂၢိဳလ္ Kayleigh McEnany က Mr.Navalny ရဲ႕အဆိပ္သင့္မႈက လံုးဝ အျပစ္တင္ရႈတ္ခ်စရာျဖစ္တယ္လို႔ အခုလိုေျပာဆိုလိုက္ပါတယ္။

“အရင္တုန္းကလည္း ရုရွားက အာရံုေၾကာထိခ်ုက္ေစတဲ့ ဓါတုအဆိပ္ေတြ သံုးဖူးပါတယ္။ သက္ေသအေထာက္အထားေတြကို ေျခရာခံၿပီး ဘယ္ေနရာဘဲျဖစ္ျဖစ္၊ သူတို႔ရဲ႕ မေကာင္းႀကံတဲ့ လႈပ္ရွားမႈမွန္သမွ်အတြက္ ေငြေၾကးပံ့ပိုးတာေတြကို ပိတ္ဆို႔ဖို႔နဲ႔ ရုရွားႏိုင္ငံကတာဝန္ခံဖို႔အတြက္ က်မတို႔ရဲ႕ မဟာမိတ္ေတြနဲ႔အတူ ပူးေပါင္းေဆာင္ရြက္သြားမွာပါ။ ရုရွားျပည္သူေတြအေနနဲ႔ လက္စားေျခခံရမွာကိုေၾကာက္ဖို႔မလိုဘဲ သူတို႔ရဲ႕အျမင္ေတြကို ၿငိမ္းခ်မ္းစြာ ထုတ္ေဖၚခြင့္ရွိပါတယ္။ ဓါတုအဆိပ္သံုးၿပီး တုန္႔ျပန္တာေတြ၊ မလုပ္သင့္တာကေတာ့ အေသအခ်ာပါဘဲ။"

NATO - ေျမာက္ Atlantic စစ္စာခ်ဳပ္အဖြဲ႔ႀကီးရဲ႕ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က Mr. Navalny ကို ဆိုးရြားစြာ တိုက္ခိုက္ခဲ့မႈအေပၚ အားလံုးတညီတညြတ္တည္း တံု႔ျပန္ၾကဖို႔ လိုအပ္တယ္လို႔ အေလးအနက္ေျပာဆိုလိုက္ပါတယ္။ ဒီလုပ္ႀကံဖို႔ ႀကိဳးပမ္းမႈအတြက္ တာဝန္ရွိသူေတြကိုရွာေဖြေဖၚထုတ္ဖို႔ ဘက္မလိုက္တဲ့ ႏိုင္ငံတကာစံုစမ္းစစ္ေဆးေရးမွာ ရုရွားႏိုင္ငံ ပူးေပါင္းပါဝင္ဖို႔လည္း Mr. Stoltenberg က တိုက္တြန္းပါတယ္။

ရုရွားႏိုင္ငံအေနနဲ႔ ဓါတုလက္နက္သေဘာတူစာခ်ဳပ္ကို လက္မွတ္ထိုးတဲ့ ကတိကဝတ္နဲ႔အညီ က်ဴးလြန္သူေတြကို အေရးယူႏိုင္ဖို႔၊ အဆိပ္ခတ္လုပ္ႀကံမႈကို ပြင့္လင္းျမင္သာစြာ၊ စံုစမ္းစစ္ေဆးပါရန္ G-7 စက္မႈ ၇ ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြကလည္း စာေရးသား တိုက္တြန္းလိုက္ပါတယ္။

အတိုက္အခံေခါင္းေဆာင္ Navalny ကို တိုက္ခိုက္မႈဟာ ရုရ်ားႏိုင္ငံရဲ႕ ဒီမိုကေရစီေရးနဲ႔ အမ်ားပါဝင္တဲ့ ႏိုင္ငံေရးလုပ္ငန္းစဥ္အတြက္ ေနာက္ထပ္နစ္နာမႈတရပ္ျဖစ္ၿပီး၊ Mr. Navalny ကို ဆိုးရြားစြာ အဆိပ္ခတ္မႈနဲ႔ ပတ္သက္ၿပီး ရုရွားႏိုင္ငံရဲ႕ တုန္႔ျပန္မႈကို ေစာင့္ၾကည့္ေနမွာျဖစ္တယ္လို႔ G-7 စက္မႈ ၇ ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။

G-7 ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔အတူ၊ ဒီတိုက္ခိုက္မႈဟာ ဒီလိုဓါတုလက္နက္ေတြအသံုးျပဳတာကို ပိတ္ပင္ကာကြယ္တဲ့ ႏိုင္ငံတကာစည္းမ်ဥ္းေတြ ေဖာက္ဖ်က္တာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

....................

ရုရှားအတိုက်အခံခေါင်းဆောင် အဆိပ်ခတ်ခံရမှု မဖြစ်မနေ စုံစမ်းစစ်ဆေးရမည်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ ဆေးသွင်းပြီး တမင်မေ့မျောအောင် ကုသပေးထားရာကနေပြန်လည် နိုးထလာပြီး နှုတ်အမူအရာနဲ့ လှုံဆော်မှုတွေကို ပြန်ပြီးတုံ့ပြန်နိုင်ပြီလို့ကုသပေးနေတဲ့ဆရာဝန်တွေကပြောလိုက်တာဟာ ကြိုဆိုရမယ့် သတင်းကောင်းဖြစ်ပါတယ်။ဒါပေမယ့် သူဆိုးရွားစွာ အဆိပ်သင့်ခံခဲ့ရတဲ့ အကျိုးဆက်တွေကို ဘယ်လောက်အထိ ကြာအောင်ခံစားရမှာလဲဆိုတာကတော့ ခန့်မှန်းနိုင်ဖို့ကစောလွန်းတယ်လို့ Charite ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

Mr. Navalny ဟာ သြဂုတ်လ ၂၀ ရက်နေ့က ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားကနေ မော်စကိုမြို့ကိုလေယာဉ်နဲ့ ခရီးသွားနေစဉ် နေမကောင်းဖြစ်ခဲ့တာကြောင့် ရုရှားဆရာဝန်တွေနဲ့ သူ့မိသားစုရဲ့တောင်းဆိုချက်အရ သူ့ကို ဂျာမနီနိုင်ငံ ဘာလင်မြို့ ကို ပိုဖို့ ခွင့်ပြုခဲ့ပါတယ်။ ရုရှားသမ္မတ Vladimir Putin ကိုပြင်းပြင်းထန်ထန်ဝေဖန်တဲ့ Mr.Navalny ဟာ ဒီအဆိပ်က ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ အာရုံကြောထိခိုက် စေတဲ့ Novichok အမျိုးအစား ဓာတုအဆိပ် မိခဲ့တာဖြစ်တယ်လို့ဘာလင်မြို့က ဂျာမန်ဆရာဝန်တွေက အသေအချာပြောပါတယ်။

ဂျာမန်ဆေးဝါးကျွမ်းကျင်သူတွေ့ရဲ့တွေ့ရှိချက်တွေကို ကြေညာခဲ့ပြီးနောက် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Sullivan က ပြီးပြည့်စုံတဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကျယ်ကျယ်ပျံ့ပျံ့ ချက်ချင်း ဆောင်ရွက်ဖို့ ရှရှားအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ရူရှားအာဏာပိုင်တွေအနေနဲ့ဒီလုပ်ရပ်ရဲ့ နောက်ကွယ်ကနေကြိုးကိုင်သူကို အရေးယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Kayleigh McEnany က Mr.Navalny ရဲ့အဆိပ်သင့်မှုက လုံးဝ အပြစ်တင်ရှုတ်ချစရာဖြစ်တယ်လို့ အခုလိုပြောဆိုလိုက်ပါတယ်။

“အရင်တုန်းကလည်း ရုရှားက အာရုံကြောထိချုက်စေတဲ့ ဓါတုအဆိပ်တွေ သုံးဖူးပါတယ်။ သက်သေအထောက်အထားတွေကို ခြေရာခံပြီး ဘယ်နေရာဘဲဖြစ်ဖြစ်၊ သူတို့ရဲ့ မကောင်းကြံတဲ့ လှုပ်ရှားမှုမှန်သမျှအတွက် ငွေကြေးပံ့ပိုးတာတွေကို ပိတ်ဆို့ဖို့နဲ့ ရုရှားနိုင်ငံကတာဝန်ခံဖို့အတွက် ကျမတို့ရဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ရုရှားပြည်သူတွေအနေနဲ့ လက်စားခြေခံရမှာကိုကြောက်ဖို့မလိုဘဲ သူတို့ရဲ့အမြင်တွေကို ငြိမ်းချမ်းစွာ ထုတ်ဖေါ်ခွင့်ရှိပါတယ်။ ဓါတုအဆိပ်သုံးပြီး တုန့်ပြန်တာတွေ၊ မလုပ်သင့်တာကတော့ အသေအချာပါဘဲ။"

NATO - မြောက် Atlantic စစ်စာချုပ်အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က Mr. Navalny ကို ဆိုးရွားစွာ တိုက်ခိုက်ခဲ့မှုအပေါ် အားလုံးတညီတညွတ်တည်း တုံ့ပြန်ကြဖို့ လိုအပ်တယ်လို့ အလေးအနက်ပြောဆိုလိုက်ပါတယ်။ ဒီလုပ်ကြံဖို့ ကြိုးပမ်းမှုအတွက် တာဝန်ရှိသူတွေကိုရှာဖွေဖေါ်ထုတ်ဖို့ ဘက်မလိုက်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးမှာ ရုရှားနိုင်ငံ ပူးပေါင်းပါဝင်ဖို့လည်း Mr. Stoltenberg က တိုက်တွန်းပါတယ်။

ရုရှားနိုင်ငံအနေနဲ့ ဓါတုလက်နက်သဘောတူစာချုပ်ကို လက်မှတ်ထိုးတဲ့ ကတိကဝတ်နဲ့အညီ ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့၊ အဆိပ်ခတ်လုပ်ကြံမှုကို ပွင့်လင်းမြင်သာစွာ၊ စုံစမ်းစစ်ဆေးပါရန် G-7 စက်မှု ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း စာရေးသား တိုက်တွန်းလိုက်ပါတယ်။

အတိုက်အခံခေါင်းဆောင် Navalny ကို တိုက်ခိုက်မှုဟာ ရုရျားနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ အများပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်အတွက် နောက်ထပ်နစ်နာမှုတရပ်ဖြစ်ပြီး၊ Mr. Navalny ကို ဆိုးရွားစွာ အဆိပ်ခတ်မှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ တုန့်ပြန်မှုကို စောင့်ကြည့်နေမှာဖြစ်တယ်လို့ G-7 စက်မှု ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

G-7 နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ၊ ဒီတိုက်ခိုက်မှုဟာ ဒီလိုဓါတုလက်နက်တွေအသုံးပြုတာကို ပိတ်ပင်ကာကွယ်တဲ့ နိုင်ငံတကာစည်းမျဉ်းတွေ ဖောက်ဖျက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG