Accessibility links

Breaking News

မဲေခါင္-အေမရိကန္ ပူးေပါင္းေဆာင္ရြက္ေရး


စက္တင္ဘဘာ ၁၁ ရက္ေန႔တုန္းက က်င္းပခဲ့တဲ့ မဲေခါင္-အေမရိကန္ ပူးေပါင္းေဆာင္ရြက္ေရး ေဆြးေႏြးပြဲ
စက္တင္ဘဘာ ၁၁ ရက္ေန႔တုန္းက က်င္းပခဲ့တဲ့ မဲေခါင္-အေမရိကန္ ပူးေပါင္းေဆာင္ရြက္ေရး ေဆြးေႏြးပြဲ

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ျပည္ေထာင္စုဟာ ျမန္မာ၊ ကေမၻာဒီးယား၊ လာအုိ၊ ထုိင္းနဲ႔ ဗီယက္နမ္ႏုိင္ငံတုိ႔ အပါအ၀င္ အာဆီယံအတြင္း၀န္ရုံးနဲ႔ ပူးေပါင္းၿပီး မဲေခါင္-အေမရိကန္ ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္ကုိ စက္တင္ဘာလ ၁၁ ရက္ေန႔က စတင္လုိက္ပါတယ္။

၂၀၀၉ ခုႏွစ္မွာ စတင္ခဲ့တဲ့ အေမရိကန္နဲ႔ မဲေခါင္ ေအာက္ပုိင္းေဒသႏုိင္ငံေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈကုိ တုိးခ်ဲ႕လုိက္တဲ့ ဒီပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္သစ္အရ မဲေခါင္ေဒသဟာ အေမရိကန္အတြက္ အေရးပါတယ္ဆုိတာကုိ ျပသလုိက္တာလည္း ျဖစ္ပါတယ္။

“လြန္ခဲ့တဲ့ (၇) ႏွစ္အတြင္း အေမရိကန္က ဒီေဒသအတြက္ေပးခဲ့တဲ့ အကူအညီ ေဒၚလာ ၃.၅ ဘီလီယံနဲ႔ ေကာင္းမြန္တဲ့ လုပ္ငန္းေတြအေပၚ အေျခခံၿပီး ဆက္လက္ ပူးေပါင္း ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္” လုိ႔ အေမရိကန္ႏုိင္ငံျခားေရးႀကီး Mike Pompeo ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

မဲေခါင္ေဒသအတြက္ အေမရိကန္ေဒၚလာ သန္း ၁၅၀ အကူအညီေပးသြားမယ္လုိ႔ မဲေခါင္-အေမရိကန္ ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္ရဲ႕ ပထမဆုံးစည္းေ၀းပြဲမွာ အေမရိကန္က ေၾကညာခဲ့ပါတယ္။ အဲဒီအထဲက ေဒၚလာ ၅၂ သန္းကုိ ကုိဗစ္-၁၉ တုိက္ဖ်က္ေရးအတြက္ အသုံးခ်မွာျဖစ္ၿပီး ေဒၚလာ ၅၅ သန္းကုိေတာ့ နယ္စပ္ျဖတ္ေက်ာ္ ရာဇ၀တ္မႈတုိက္ဖ်က္ေရး၊ ေဒၚလာ ၃၃ သန္းကုိေတာ့ ေရရွည္တည္တန္႔ၿပီး လုံၿခံဳတဲ့ ေလာင္စာစြမ္းအင္ေစ်းကြက္ ေပၚထြန္းလာေရးနဲ႔ က်န္တဲ့ ေဒၚလာ ၂ သန္းကုိေတာ့ လူေမွာင္ခုိကူးမႈ တုိက္ဖ်က္ေရးက႑မွာ အသုံးခ်သြားမွာ ျဖစ္ပါတယ္။

မဲေခါင္-အေမရိကန္ ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္ဟာ အဖြဲ႔၀င္ႏုိင္ငံေတြအတြင္း ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္၊ စီးပြားေရးအရ အမွီအခုိကင္းမႈ၊ ေကာင္းမြန္တဲ့အစုိးရေပၚထြန္းလာေရးနဲ႔ ေရရွည္တည္တန္႔တဲ့ ဖြံ႔ၿဖိဳးမႈ ရရွိေရးတုိ႔အတြက္ ရည္ရြယ္ လုပ္ေဆာင္တာ ျဖစ္ပါတယ္။

“ကၽြႏု္ပ္တုိ႔အေနနဲ႔ အေမရိကန္ ႏုိင္ငံတကာဖြံ႔ၿဖိဳးတုိးတက္ေရး၊ ဘ႑ာေရးပူးေပါင္းေဆာင္ရြက္မႈ (DFC) ကတဆင့္ အာဆီယံႏုိင္ငံေတြရဲ႕ အေျခခံအေဆာက္အအုံ ဖြံ႔ၿဖိဳးတုိးတက္ေရး အစီအစဥ္အတြက္ ေဒၚလာ ၁ ဘီလီယံ ေထာက္ပံ့ေပးခဲ့ၿပီးျဖစ္သလုိ လာမယ့္ ႏွစ္ေတြအတြင္းမွာလဲ ေနာက္ထပ္ ေဒၚလာ ၁ ဘီလီယံ ထပ္မံေထာက္ပံ့ေပးသြားဖုိ႔ စီစဥ္ထားပါတယ္” လုိ႔ ၀န္ႀကီး Pompeo ကေျပာပါတယ္။

ဒါေပမယ့္ “မဲေခါင္ေဒသရဲ႕ သဘာ၀အေနအထားနဲ႔ စီးပြားေရးအရ အမွီအခုိကင္းမႈကုိ ၿခိမ္းေျခာက္လာေနတဲ့ တရုတ္ကြန္ျမဴနစ္ပါတီအပါအ၀င္ လတ္တေလာ ႀကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြကုိ ရင္ဆုိင္ၾကဖုိ႔ လုိအပ္ေၾကာင္း” လည္း ၀န္ႀကီး Pompeo က သတိေပး ေျပာၾကားခဲ့ပါတယ္။

တရုတ္အစုိးရက ျမစ္အထက္ပုိင္းက ေရးစီးလမ္းေၾကာင္း ပိတ္ဆုိ႔မႈေတြလုပ္ခဲ့တဲ့အတြက္ သမုိင္း၀င္ မုိးေခါင္ေရရွားမႈဟာ ပုိဆုိးလာခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ data အခ်က္အလက္ေတြ ပြင့္လင္းျမင္သာမႈရွိေအာင္ ျဖန္႔ခ်ိေရး မဲေခါင္ျမစ္ေကာ္မရွင္ရဲ႕ ေတာင္းဆုိခ်က္မွာ ပူးေပါင္း ပါ၀င္ၿပီး ေဒသတြင္းႏုိင္ငံေတြနဲ႔အတူ ရပ္တည္ပါတယ္။

“တရုတ္ကြန္ျမဴနစ္ပါတီအေနနဲ႔ ေရနဲ႔ဆုိင္တဲ့ အခ်က္အလက္ေတြကုိ ျဖန္႔ခ်ိသြားမယ္ဆုိတဲ့ ေျပာဆုိခ်က္အတုိင္း လက္ေတြ႔က်င့္သုံးေအာင္ မဲေခါင္ေဒသတြင္း ႏုိင္ငံေတြက ေတာင္းဆုိၾကဖုိ႔ ကၽြႏု္ပ္တုိ႔ တုိက္တြန္းလုိပါတယ္။ အဲဒီအခ်က္အလက္ေတြကုိ အမ်ားျပည္သူ သိရွိသင့္ပါတယ္။ အဲဒီအခ်က္အလက္ေတြကုိ တႏွစ္ပတ္လုံး ထုတ္ျပန္ေပးေနသင့္ပါတယ္။ ၿပီးေတာ့ အဲဒီ အခ်က္အလက္ေတြကုိ တရုတ္အစုိးရအတြက္မဟုတ္ဘဲ မဲေခါင္ေဒသတြင္းႏုိင္ငံေတြရဲ႕ အက်ဳိးကုိေဆာင္ရြက္ေနတဲ့ မဲေခါင္ျမစ္ေကာ္မရွင္ကတဆင့္ ျဖန္႔ခ်ိသင့္ပါတယ္” လုိ႔ ၀န္ႀကီး Pompeo က ေျပာပါတယ္။

ဒါ့အျပင္ တရုတ္အစုိးရပုိင္ တရုတ္ဆက္သြယ္ေရးနဲ႔ ေဆာက္လုပ္ေရးကုမၸဏီရဲ႕ ေခါင္းပုံျဖတ္၊ လွ်ိဳ႕၀ွက္လြန္းလွတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြကုိလည္း အေမရိကန္ျပည္ေထာင္စုက စုိးရိမ္မိပါတယ္။ တျခား စုိးရိမ္မိတဲ့ အေၾကာင္းအရာေတြကေတာ့ တရုတ္ကြန္ျမဴနစ္ပါတီနဲ႔ ဆက္ႏြယ္မႈရွိတဲ့ စီးပြားေရးဇုံအတြင္းက အဖြဲ႔အစည္းေတြလုပ္ေဆာင္ေနတဲ့ လူေမွာင္ခုိကူးမႈ၊ မူးယစ္ေဆး၀ါး၊ ေတာရုိင္းတိရိစာၦန္ ေရာင္း၀ယ္မႈေတြဘဲ ျဖစ္ပါတယ္။

မဲေခါင္-အေမရိကန္ ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္ကတဆင့္ အဖြဲ႔၀င္ မိတ္ဖက္ႏုိင္ငံေတြရဲ႕ အက်ဳိးစီးပြားကုိ အေမရိကန္ျပည္ေထာင္စုက ခုခံကာကြယ္ေပးၿပီး ၿငိမ္းခ်မ္း၊ လုံၿခံဳၿပီး ႂကြယ္၀ခ်မ္းသာတဲ့ မဲေခါင္ေဒသျဖစ္လာေအာင္ ပူးေပါင္း ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းပါ ခင္ဗ်ား။

...............

မဲခေါင်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ အပါအဝင် အာဆီယံအတွင်းဝန်ရုံးနဲ့ ပူးပေါင်းပြီး မဲခေါင်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို စက်တင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်ပါတယ်။

၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ မဲခေါင် အောက်ပိုင်းဒေသနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လိုက်တဲ့ ဒီပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သစ်အရ မဲခေါင်ဒေသဟာ အမေရိကန်အတွက် အရေးပါတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ (၇) နှစ်အတွင်း အမေရိကန်က ဒီဒေသအတွက်ပေးခဲ့တဲ့ အကူအညီ ဒေါ်လာ ၃.၅ ဘီလီယံနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းတွေအပေါ် အခြေခံပြီး ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးကြီး Mike Pompeo ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မဲခေါင်ဒေသအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ အကူအညီပေးသွားမယ်လို့ မဲခေါင်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ရဲ့ ပထမဆုံးစည်းဝေးပွဲမှာ အမေရိကန်က ကြေညာခဲ့ပါတယ်။ အဲဒီအထဲက ဒေါ်လာ ၅၂ သန်းကို ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အသုံးချမှာဖြစ်ပြီး ဒေါ်လာ ၅၅ သန်းကိုတော့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး၊ ဒေါ်လာ ၃၃ သန်းကိုတော့ ရေရှည်တည်တန့်ပြီး လုံခြုံတဲ့ လောင်စာစွမ်းအင်ဈေးကွက် ပေါ်ထွန်းလာရေးနဲ့ ကျန်တဲ့ ဒေါ်လာ ၂ သန်းကိုတော့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးကဏ္ဍမှာ အသုံးချသွားမှာ ဖြစ်ပါတယ်။

မဲခေါင်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဟာ အဖွဲ့ဝင်နိုင်ငံတွေအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီးပွားရေးအရ အမှီအခိုကင်းမှု၊ ကောင်းမွန်တဲ့အစိုးရပေါ်ထွန်းလာရေးနဲ့ ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှု ရရှိရေးတို့အတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

“ကျွနု်ပ်တို့အနေနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု (DFC) ကတဆင့် အာဆီယံနိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အတွက် ဒေါ်လာ ၁ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သလို လာမယ့် နှစ်တွေအတွင်းမှာလဲ နောက်ထပ် ဒေါ်လာ ၁ ဘီလီယံ ထပ်မံထောက်ပံ့ပေးသွားဖို့ စီစဉ်ထားပါတယ်” လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

ဒါပေမယ့် “မဲခေါင်ဒေသရဲ့ သဘာဝအနေအထားနဲ့ စီးပွားရေးအရ အမှီအခိုကင်းမှုကို ခြိမ်းခြောက်လာနေတဲ့ တရုတ်ကွန်မြူနစ်ပါတီအပါအဝင် လတ်တလော ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြဖို့ လိုအပ်ကြောင်း” လည်း ဝန်ကြီး Pompeo က သတိပေး ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရက မြစ်အထက်ပိုင်းက ရေးစီးလမ်းကြောင်း ပိတ်ဆို့မှုတွေလုပ်ခဲ့တဲ့အတွက် သမိုင်းဝင် မိုးခေါင်ရေရှားမှုဟာ ပိုဆိုးလာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ data အချက်အလက်တွေ ပွင့်လင်းမြင်သာမှုရှိအောင် ဖြန့်ချိရေး မဲခေါင်မြစ်ကော်မရှင်ရဲ့ တောင်းဆိုချက်မှာ ပူးပေါင်း ပါဝင်ပြီး ဒေသတွင်းနိုင်ငံတွေနဲ့အတူ ရပ်တည်ပါတယ်။

“တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ရေနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဖြန့်ချိသွားမယ်ဆိုတဲ့ ပြောဆိုချက်အတိုင်း လက်တွေ့ကျင့်သုံးအောင် မဲခေါင်ဒေသတွင်း နိုင်ငံတွေက တောင်းဆိုကြဖို့ ကျွနု်ပ်တို့ တိုက်တွန်းလိုပါတယ်။ အဲဒီအချက်အလက်တွေကို အများပြည်သူ သိရှိသင့်ပါတယ်။ အဲဒီအချက်အလက်တွေကို တနှစ်ပတ်လုံး ထုတ်ပြန်ပေးနေသင့်ပါတယ်။ ပြီးတော့ အဲဒီ အချက်အလက်တွေကို တရုတ်အစိုးရအတွက်မဟုတ်ဘဲ မဲခေါင်ဒေသတွင်းနိုင်ငံတွေရဲ့ အကျိုးကိုဆောင်ရွက်နေတဲ့ မဲခေါင်မြစ်ကော်မရှင်ကတဆင့် ဖြန့်ချိသင့်ပါတယ်” လို့ ဝန်ကြီး Pompeo က ပြောပါတယ်။

ဒါ့အပြင် တရုတ်အစိုးရပိုင် တရုတ်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ခေါင်းပုံဖြတ်၊ လျှို့ဝှက်လွန်းလှတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း အမေရိကန်ပြည်ထောင်စုက စိုးရိမ်မိပါတယ်။ တခြား စိုးရိမ်မိတဲ့ အကြောင်းအရာတွေကတော့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွယ်မှုရှိတဲ့ စီးပွားရေးဇုံအတွင်းက အဖွဲ့အစည်းတွေလုပ်ဆောင်နေတဲ့ လူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါး၊ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်မှုတွေဘဲ ဖြစ်ပါတယ်။

မဲခေါင်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကတဆင့် အဖွဲ့ဝင် မိတ်ဖက်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို အမေရိကန်ပြည်ထောင်စုက ခုခံကာကွယ်ပေးပြီး ငြိမ်းချမ်း၊ လုံခြုံပြီး ကြွယ်ဝချမ်းသာတဲ့ မဲခေါင်ဒေသဖြစ်လာအောင် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းပါ ခင်ဗျား။

XS
SM
MD
LG